Neymar

ပြင်သစ် လီဂူး ပြိုင်ပွဲကြီးရဲ့ ပွဲစဉ် ၁ ကို အခုအပတ်မှာ စတင်ကစားနေပြီ ဖြစ်ပြီး လက်ရှိချန်ပီယံ PSG အသင်းကတော့ နီမက်စ် နဲ့ စတင်ကစားရမှာဖြစ်ပါတယ်။အဆိုပါ ပွဲစဉ်ကို အသင်းရဲ့ အဓိက တိုက်စစ် မှူးတ ဦးဖြစ်တဲ့ နေမာ က ပါဝင် ဦးမှာ မဟုတ် ဘူး လို့ PSGအားကစား ဒါရိုက်တာ လီယိုနာဒိုက အတည်ပြုခဲ့ပါတယ်။

အကြောင်း ကတော့ နေမာ ရဲ့ အပြောင်း အရွှေ့ကိစ္စတွေ အတွက် အရေးပါတဲ့ ဆွေးနွေးမှုတွေပြုလုပ်နေတာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။အသက် ၂၇ နှစ် အရွယ် ဒီဘရာဇီးလ်သားဟာ ပဲရစ်မြေက နေထွက်ခွာဖို့ အတော်လေး သတင်းကြီးနေခဲ့တာ ဖြစ်ပြီး ရီးရဲလ် အသင်းက တနှစ်လုပ်ခ ယူရိုသန်း ၄၀နဲ့ ၅နှစ်စာချုပ်ကမ်းလှမ်းလိုက်တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေတာဖြစ်ပါတယ်။

မီဒီယာ တွေ့ဆုံပွဲတခုမှာလီယိုနာဒိုက –
” နေမာ အတွက် ညှိနှိုင်း မှုတွေဟာ ပိုပြီး အရေးပါတဲ့ အနေအထားကို ရောက်လာနေပြီဖြစ်ပါတယ်။ဒါပေမယ့် အခုထိဘာသဘောတူညီ မှု မှတော့မရသေးပါဘူး။သူဟာ ရုပ်ပိုင်းဆိုင်ရာအားဖြင့် ကောင်းကောင်းမွန်မွန်ရှိနေပါတယ်။ဒါပေမယ့် ဆွေးနွေး စရာကိစ္စ တခုရှိလို့ ပွဲကိုတော့ ခေါ်မလာခဲ့ပါဘူး။အနာဂတ်ကို ရှင်းရှင်း လင်းလင်းသိရဖို့က လူတိုင်းအတွက်အရေးကြီးပါတယ်။အခုကိစ္စကတော့သူ ဒီမှာ ဆက်နေ မနေ ဆုံးဖြတ်ဖို့ဖြစ်ပါတယ် ” လို့ပြောခဲ့တာဖြစ်ပါတယ်။

နီမက်စ် နဲ့ ပွဲကြို မီဒီယာ တွေ့ဆုံပွဲမှာလည်း နည်းပြ တူချယ်က – ” နေမာဟာ ဒီနေ့ လေ့ကျင့်ခန်း အစီ အစဉ်ကို လုပ်ဆောင်ထားခဲ့ခြင်း မရှိပါဘူး။ဒါကြောင့် မနက်ဖြန်မှာ သူပါဝင်နိုင်မှာ မဟုတ်ပါဘူး။သူဟာ တကိုယ်တည်း လေ့ကျင့်ခန်း တွေကို သာ လုပ်ဆောင်နေသေးတာဖြစ်ပါတယ်။အထူးသဖြင့်တော့ အားကစားခန်းမထဲ မှာဖြစ်ပါတယ်။သူဟာ အခုမှ ဒဏ်ရာကနေ ပြန်လာတာဖြစ်ပြီး ကွင်းတွင်းမှာ လေ့ကျင့်မှုတွေစတင် လုပ်ဆောင်နေတာဖြစ်ပါတယ်။

ဒါပေမယ့် တပတ်လုံး အပြည့်တော့ အသင်းလိုက်လေ့ကျင့်ခန်းတွေမှာ ပါဝင်လုပ်ဆောင်ထားနိုင် ခြင်း မရှိသေးပါဘူး။ မနက်ဖြန် ပွဲစဉ် အတွက် သူအဆင်သင့် မရှိထားသေးပါဘူး ” လို့ပြောသွားခဲ့ပါတယ်။

အခုပွဲမှာ ဟာရဲယား နဲ့ ကင်ပန်ဘီ တို့လည်း လွဲချော်ဖို့ရှိနေတာဖြစ်ပြီး တူချယ်ကတော့နေမာရဲ့ အပြောင်းအရွှေ့အကြောင်းကို ပြောကြားလိုခြင်း မရှိပုံပါပဲ။တူချယ်ကဆက်လက်ပြီး –
” အပြောင်း အရွှေ့ဈေးကွက် အကြောင်းကို ကျွန်တော် အများကြီး တွေးလို့ မဖြစ်ပါဘူး။ဒီလို လုပ်လိုက်ရင် စိတ်ပျက်မိသွားပါလိမ့်မယ်။

အသင်းအတွက် အာရုံစိုက်ထားရမယ်ဆိုပြီးပဲ သင်ယူလေ့လာထားခဲ့ရတာဖြစ်ပါတယ်။ဘာကြောင့်လည်းဆိုတော့ အသင်းသားတွေဟာကျွန်တော့်ရဲ့ စွမ်းအင်တွေနဲ့ အာရုံစိုက်မှုတွေကို လိုအပ်နေကြသူတွေဖြစ်လို့ ပါပဲ ” လို့ပြောခဲ့ပါတယ်။

SM