ရီးရဲယ် မက်ဒရစ် အသင်း နည်းပြ ယူလန် လိုပီတီဂီ က ဂါရက် ဘေး ရဲ့ ခြေစွမ်း ဟာ အများကြီး ပိုကောင်း လာအုံး မှာ ဖြစ်တယ် လို့ ဆိုလိုက်ပြီး ဥရောပ ချန်ပီယံ အသင်း ဟာ ခရစ်စတီယာနို ရော်နယ်ဒို အသင်း ကနေ ထွက်ခွာ သွားပြီး နောက်ပိုင်း ဝေးလ် လက်ရွေးစင် အပေါ် ပိုမို အားထား သွားရန် အာရုံစိုက် ထား ပါတယ် ။

တော့တင်ဟမ် အသင်း ကနေ ပြောင်းရွေ့ လာခဲ့တဲ့ ဘေးဟာ ပြီးခဲ့တဲ့ ၅ ရာသီ ဘာနေဗျူး မှာ ဘလွန်းဒီအော ငါးဆုရှင် ရော်နယ်ဒို ရဲ့ အရိပ်အောက် ကျရောက် နေတာကြောင့် ၎င်းရဲ့ အနာဂတ် အတွက် ၂၀၁၇ – ၁၈ ဘောလုံး ရာသီ မှာ ရီးရဲယ်မက်ဒရစ် ကနေ ထွက်ခွာဖို့ ရှိနေကြောင်း လေသံ ပြု ခဲ့ ပါသေးတယ်။ ဒါ့အပြင် ဘေးဟာ ပြီးခဲ့တဲ့ မေလ ၂၆ ရက် နေ့ ကစား ခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ မှာ ရီးရဲယ်မက်ဒရစ် ရဲ့ ပွဲထွက် ကစား သမား အဖြစ် ၀င် ကစားခွင့် မရ ခဲ့ပေမယ့်လည်း လူစားဝင် လာပြီး နောက် အသင်း အတွက် အလွန် အရေး ပါတဲ့ အနိုင် ဂိုး ၂ ဂိုး ကို သွင်းယူ ပေးခဲ့ ပါတယ်။

သို့ပေမယ့်လည်း ရော်နယ်ဒို ဟာ ယခု နွေရာသီ အပြောင်း အရွေ့ မှာ ရီးရဲယ် ကနေ အီတလီ အင်အားကြီး ကလပ် ဂျုဗင်တပ် အသင်း ကို ပြောင်းရွေ့ကြေး ယူရို ၁၁၂ သန်း နဲ့ ပြောင်းသွား ခဲ့ပါတယ်။ လူတော်တော် များများ က ဘေးဟာ မက်ဒရစ် ကလပ် ရဲ့ တိုက်စစ် တာဝန် ကို ပခုံး ထမ်းသွားဖို့ မျှော်လင့် နေပြီး နည်းပြသစ် လိုပီတီဂီ ကလည်း အသက် ၂၉ နှစ် အရွယ် ဘေးဟာ ဒီတာဝန် ထမ်းရွက် နိုင်မယ်လို့ ယုံကြည် နေပါတယ်။

Atletico Madrid’s Spanish midfielder Saul Niguez (L), Atletico Madrid’s Montenegrin defender Stefan Savic (R) and Real Madrid’s Welsh forward Gareth Bale (C) vie for the ball during the UEFA Super Cup football match Atletico de Madrid vs Real Madrid CF at the Lillekula Stadium in Tallinn, Estonia, on August 15, 2018. / AFP PHOTO / Raigo PAJULA

ရီးရဲယ်မက်ဒရစ် ဟာ မနေ့ညက အက်သလက်တီကို မက်ဒ၇စ် အသင်း ကို ဥရောပ စူပါ ဖလား မှာ ၄ ဂိုး ၂ ဂိုး နဲ့ ရှုံးနိမ့် ခဲ့ပေမယ့်လည်း ဘေးဟာ တော်ဝင်အသင်း အတွက် အားကိုးလောက်တဲ့ ခြေစွမ်း ကို ပြသ နိုင်ခဲ့ ပါတယ်။

လိုပီတီဂီ က “ဘေးဟာ အရမ်း ကောင်းအောင် ကစား ခဲ့ပါတယ်။ ဒါပေမယ့် သူဟာ ဒီထက် အများကြီး ပိုကောင်း လာအုံးမယ်လို့ ကျွန်တော် မျှော်လင့် ထားပါတယ်။ ရာသီ တစ်ခု ရဲ့ ဒီလို အချိန်မှာ ကစားသမား တွေဟာ ကြံ့ခိုင်မှု ပိုင်း ဆိုင်ရာ အကောင်းဆုံး အနေ အထား မှာ ရှိမနေ တာဟာ သာမန် ကိစ္စ ပါပဲ။ ဒါ့ကြောင့် ဘေး အပါအ၀င် အခြား အသင်း သား တွေ ဆီက အများကြီး လာအုံး မယ်ဆိုတာ ကျွန်တော်တို့ သိ နေပါတယ်။

ကျွန်တော်တို့ ဟာ သူ့ရဲ့ ခြေစွမ်း အတွက် ပျော်ရွှင် မိပါတယ်။ သူဟာ လာမည့် ပွဲစဉ် တွေမှာ ပွဲတစ်ပွဲကို အဆုံး အဖြတ် ပေးနိုင်လောက် တဲ့ အနေ အထား ကို တိုးတက် လာအုံး မယ်လို့ မျှော်လင့် ထားပါတယ်။” လို့ ပြောသွား ပါတယ်။

ဘေးဟာ ရာသီ ကြို ခြေစမ်း ပွဲတွေ မှာလည်း ရီးရဲယ် အတွက် ဂိုးတွေ သွင်းယူ ပေးခဲ့ပြီး သူဟာ ဥရောပ ချန်ပီယံ အသင်း အတွက် အဓိက နေရာ ကနေ ပါဝင် ပေးဖို့ အဆင်သင့် ဖြစ်နေ ပြီလို့ ဆိုသွား ပါတယ်။ ဘေးဟာ အက်သလက်တီကို နဲ့ စူပါဖလား မှာ ဘန်ဇီးမား ရဲ့ ချေပဂိုး အတွက် ဂိုးဖန်တီးပေး နိုင်ခဲ့ပြီး ဘေးရဲ့ ဖန်တီးမှု စွမ်းရည် တွေဟာ ၎င်းရဲ့ အဆုံးသတ် စွမ်းရည် တွေလိုပဲ အရေးပါ လာမှာ ဖြစ်ပါတယ်။

ဘေးဟာ ပြီးခဲ့တဲ့ နှစ်တွေ အတွင်း ကြံ့ခိုင်မှု ပြသနာ တွေနဲ့ ရင်ဆိုင် ခဲ့ရကာ ပုံစံကောင်း ပျောက်ခဲ့ တာကြောင့် မေးခွန်း ထုတ်ခံ ရမှု တွေ ရှိနေ ခဲ့ပြီး စီရော်နယ်ဒို ခေတ်လွန် ရီးရဲယ် မှာ သက်သေ ပြစရာ တွေ အများကြီး ရှိနေ ပါသေးတယ်။