Rashford

သူတို့ တွေဟာ ပွဲစဉ် တွေမှာ အံ့အား သင့်ဖွယ်ရာ တွေကို ဘယ်လို လုပ်ဆောင် ကြ သလဲ ဆိုတာ ကို သိရှိ နားလည် နိုင်ရေး အတွက် ကမ္ဘာ့ အကောင်းဆုံး ကစားသမား အချို့ ရဲ့ ဘောလုံး စကေး ဗွီဒီယိုဖိုင် တွေကို သူဟာ အခုထိ စောင့်ကြည့် လေ့လာ နေဆဲ ဖြစ်ကြောင်း ယူနိုက်တက် တိုက်စစ်မှူး ရပ်ရှ်ဖို့ က ဖွင့်ဟ သွားလိုက် ပါတယ် ။

ရပ်ရှ်ဖို့ ဟာ ကလပ် အသင်း နဲ့ အတူ ချန်ပီယံ လိဂ် ပြိုင်ပွဲ မှာ ဝင်ရောက် ကစား နိုင်ခဲ့ သလို နိုင်ငံ့ အသင်း အတွက် လည်း ကမ္ဘာ့ ဖလား ပြိုင်ပွဲ မှာ ပါဝင် ကစား ပေး ခဲ့သူ ဖြစ် ပါတယ် ။ ဒါပေမယ့် သူ့ အတွက် ငယ်စဉ် တုန်းက ရော်နယ်ဒို ( ဘရာဇီး ) ဟာ စိတ်ဓါတ် ခွန်အား ဖြစ် စေခဲ့ သလို မျိုး မက်ဆီ ၊ စီ ရော်နယ်ဒို နဲ့ နေမာ တို့ဟာ လည်း စိတ်ဓါတ် ခွန်အား ဖြစ်စေ ကြကြောင်း ရပ်ရှ်ဖို့ က ဖွင့်ဟ ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ဒါ့အပြင် 2016 တုန်းက စီနီယာ ကစားသမား ဘဝ စတင် ဖို့ တာစူ နေ ခဲ့တဲ့ အချိန် မက်ဆီ ကို ပြိုင်ဖက် အဖြစ် ရာသီ ကြို ပွဲစဉ် မှာ ရင်ဆိုင် ကစား ခဲ့ ရခြင်း က တစ်ကယ့် ကို ခမ်းနား ကောင်းမွန် တဲ့ အတွေ့ အကြုံ ကောင်း တွေကို ရရှိ စေခဲ့ ကြောင်း ရပ်ရှ်ဖို့ က ဆက်လက် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” ကျွန်တော် ဟာ ကစားသမား အတော် များများ ရဲ့ ဗွီဒီယိုဖိုင် တွေကို စောင့်ကြည့် လေ့လာ နေဆဲ ပါပဲ ။ ရော်နယ်ဒို ၊ မက်ဆီ နဲ့ နေမာ တို့ပေါ့ ။ အကယ်လို့ ဒီ တစ်ပါတ် မှာ သူတို့ ထူးခြား တာ တစ်ခုခု လုပ်ဆောင် ထားတယ် ဆိုရင် သူတို့ ဘယ်လို လုပ်ခဲ့ ကြ သလဲ ကျွန်တော် သိချင်စိတ် ပြင်းပြ နေတက် ပါတယ် ”

” မက်ဆီ ရဲ့ သဘာဝ စွမ်းရည် တွေက တစ်ကယ့် ကို ရူးသွပ် ဖွယ်ရာ ပါပဲ ။ သူ့ကို စောင့်ကြည့် ရတာ ဟာ တစ်ကယ် ပဲ ကောင်းမွန် လှ သလို သူ့ရဲ့ နေရာ လွတ် ရှာဖွေ အသုံးပြု မှု တွေက လည်း ကျွန်တော့် ကို ဆွဲဆောင် လှ ပါတယ် ”

” ကျွန်တော် ဘာစီလိုနာ အသင်းနဲ့ ရာသီ ကြို ပွဲစဉ် မှာ ကစား ခဲ့ ရတာ ကို မှတ်မိ နေပါ သေးတယ် ။ သူတို့ အသင်း ကို ကြည့် ရတာ မက်ဆီ ဘေးနား မှာ အချိန် မှန်မှန် အလုပ် လုပ်နေ ကြတဲ့ နာရီ တွေလို ပါပဲ ”

” မက်ဆီ ဟာ ဘောလုံး ရှိတဲ့ အချိန် မှာ ဘာတွေ လုပ်လဲ ဆိုတာ ကပဲ အရေး ပါတာ မဟုတ် ပါဘူး ၊ သူ့ရဲ့ နေရာ ယူပုံ တွေ ကလည်း လူကို ‘ wow ‘ ဖြစ်စေ ခဲ့ ပါတယ် ။ သူဟာ ဘောလုံး ကို မထိပဲ ပွဲစဉ် အပေါ် အကျိုး သက်ရောက် မှု ရှိအောင် လုပ်ဆောင် နိုင်ခြင်း က တစ်ကယ့် ကို စပါယ်ရှယ် ပါပဲ ” လို့ ရပ်ရှ်ဖို့ က ဆိုသွား ခဲ့လိုက် ပါတယ် ။

ဒါ့အပြင် ရပ်ရှ်ဖို့ က သူ ငယ်စဉ် ကတည်းက ဘရာဇီး သား နှစ်ဦး ဟာ သူ ဘောလုံး ကောင်းကောင်း ကစား နိုင်ဖို့ အတွက် စိတ်ဓါတ် ခွန်အား တွေ ဖြစ်စေ ခဲ့ ကြကြောင်း ၊ သူဟာ You Tube မှ တစ်ဆင့် အဆိုပါ ဘရာဇီး သားတွေ ရဲ့ လုပ်ဆောင်ချက် တွေကို အမြဲလို စောင့်ကြည့် ခဲ့ကြောင်း ရပ်ရှ်ဖို့ က ဆိုသွား ခဲ့လိုက် ပါတယ် ။

” ကျွန်တော် ငယ်စဉ် တုန်းက ဆိုရင် You Tube ပေါ်က ပွဲစဉ် တွေကို များသော အားဖြင့် ကြည့်ရှု ဖြစ် ပါတယ် ။ ပြီးရင် ကျွန်တော် အဲ့တာ ကြည့်ပြီး တာနဲ့ အိမ် အပြင် ထွက် ၊ လေ့ကျင့် တော့တာ ပါပဲ ။ ကျွန်တော် ရော်နယ်ဒင်ဟိုရဲ့ အလန်းစား စကေး တွေကို လည်း စွဲစွဲလန်းလန်း စောင့်ကြည့် ခဲ့ ပါတယ် ”

” ဒါပေမယ့် ကျွန်တော် ငယ်ငယ် လေး တုန်းက တော့ ရော်နယ်ဒို ( ဘရာဇီး ) ကို ပိုပြီး စောင့်ကြည့် ဖြစ်ခဲ့ ပါတယ် ။ ရော်နယ်ဒို ဟာ ကျွန်တော့် ကို ဘောလုံး ပွဲတွေ ချစ် မြတ်နိုး အောင် လုပ်ဆောင် ပေးခဲ့ ပါတယ် ”

” လူတွေ သာမန် အားဖြင့် မလုပ်ဆောင် နိုင်တဲ့ အရာ တွေကို လုပ်ချင်စိတ် ဖြစ်ပေါ် လာအောင် ကျွန်တော့် ကို တက်ကြွ စေခဲ့ ပါတယ် ။ တစ်ကယ်ပါ ၊ ဒါတွေ က ဇာတ်ညွှန်း တွေ မဟုတ် ရ ပါဘူး ” လို့ ရပ်ရှ်ဖို့ က အဆုံးသတ် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar