Agureo

ပရီးမီးယားလိဂ္ ရဲ႕ လက္ရွိ ခ်န္ပီယံ မန္ခ်က္ စတာ စီးတီး ဟာ ယမန္ေန႔ ညက ရာသီ သစ္ အတြက္ အဖြင့္ ပြဲကို လန္ဒန္ ၿမဳိ႕ခံ ၀က္စ္ဟမ္း အသင္း ရဲ႕ ကြင္းမွာ သြားေရာက္ ကစား ခဲ့ၿပီး ဂုိးျပတ္ ႏုိင္ပြဲ ကို ေဖာ္ေဆာင္ ႏုိင္ ခဲ့ ပါတယ္ ။ စိးတိး အတြက္ စတာလင္ က ဟက္ထရစ္ သြင္းယူ ခဲ့သလို ေပးဂုိးလည္း မရွိ ခဲ့တာ ေၾကာင့္ စေနေန႔ ညပိုင္း ပြဲစဥ္ ေတြ အၿပီး မွာ အမွတ္ေပး ဇယား ကို ဦးေဆာင္ ထားႏုိင္ ခဲ့ ပါတယ္ ။

စီးတီး ဟာ ပထမပုိင္း မွာ ဂါဘရီ ရယ္ေဂ်ဆူး ရဲ႕ သြင္းဂုိး နဲ႔ ဦးေဆာင္ ထားနုိင္ ခဲ့ၿပီး ဒုတိယ ပုိင္း မွာေတာ့ စတာလင္ ရဲ႕ ဟက္ထရစ္ ၊ အေဂြရို ရဲ႕ ပင္နယ္တီ ဂုိးေတြ နဲ႔ အတူ အိမ္ရွင္ ဘက္ကို ဂုိးမိုး ရြာကာ ႏုိင္ပြဲ နဲ႔ ရာသိသစ္ ကို ဖြင့္လွစ္ ႏုိင္ ခဲ့ ပါတယ္ ။

စီးတီး နည္းျပ ဂြာဒီယိုလာ ကေတာ့ ဟက္ထရစ္ ရွင္ စတာလင္ ကို ခ်ီးက်ဳး ခဲ့ၿပီး လီဗာပူး နဲ႔ ပြဲတုန္းက အားနည္းခ်က္ ေတြ ကို ေကာင္းေကာင္ သင္ခန္းစာ ယူႏုိင္ခဲ့ တယ္လုိ႔ ဆုိသြား ခဲ့ ပါတယ္ ။ ၿပီးခဲ့တဲ့ အပတ္ က ကစားခဲ့ တဲ့ ကြန္ျမဴနတီဒိုင္းပြဲ မွာ စတာလင္ ဟာ လီဗာပူး ဂုိး သမား နဲ႔ တစ္ဦးခ်င္း အခြင့္ အေရး ၂ ႀကိမ္ ရခဲ့ ေပမယ့္ အသံုးမခ် ႏုိင္ ခဲ့ ပါဘူး ။ ဒါေပမယ့္ ယမန္ေန႔ ညကပြဲ မွာေတာ့ စတာလင္ ဟာ ဟက္ထရစ္ ရယူႏုိင္ ခဲ့ ပါတယ္ ။

“စတာလင္ မွာ တကယ္ ထူးကဲတဲ့ အရည္ အေသြး ေတြ ရွိ ပါတယ္ ။ သူ႔ရဲ႕ ဒုတိယ ဂုိးမွာ ေဘာလံုး ထိန္းခ်က္ က သိပ္ မေကာင္း ပါဘူး ။ ဒါေပမယ့္ အဆံုးသတ္ ကေတာ့ လွပ ပါတယ္ ။ တတိယ ဂုိး ကေတာ့ တကယ္ ေကာင္းတဲ့ ဂိုးပါ”

“ၿပီးခဲ့တဲ့ အပတ္ တုန္းက အဲလစ္ဆြန္ နဲ႔ ရင္ဆုိင္ အေတြ႕ မွာ စတာလင္ အမွားေတြ လုပ္ခဲ့ ပါတယ္ ။ ဒါကို သင္ခန္းစာ ယူႏုိင္ခဲ့ ၿပီး ဒီပဲြ မွာ သူ ဂုိးေတြ သြင္းႏုိင္ ခဲ့ ပါတယ္ ။ ဒါဟာ ၂၃-၂၄ ႏွစ္ အရြယ္ ကစား သမား တစ္ဦး အတြက္ သိပ္ကို ေကာင္းတဲ့ အခ်က္ပါပဲ ။ လာမယ့္ ပြဲေတြ မွာ စတာလင္ အေနနဲ႔ ပိုၿပီး တိက် လာဖို႔ ၊ ပိုၿပီး အဆံုးသတ္ ေကာင္းလာ ဖို႔ ကို ကြ်န္ေတာ္ ေမွ်ာ္လင့္ ထားပါတယ္” လို႔ ဂြာဒီယိုလာ က ဆုိသြားခဲ့ ပါတယ္ ။

ဂြာဒီယိုလာ ဟာ ပြဲၿပီး ဆံုးခ်ိန္ မွာ အသင္းရဲ႕ တုိက္စစ္မႈး ဆာဂ်ီယို အေဂြရုိ နဲ႔ တစ္ဦးခ်င္း စကား ေျပာဆို ေနခဲ့ တာ ကိုလည္း သတင္း သမားေတြ ျမင္ေတြ႕ ခဲ့ရ ပါတယ္ ။ အေဂြရို ဟာ ဟက္ထရစ္ ရလု ျဖစ္ေနတဲ့ စတာလင္ ကို ပင္နယ္တီ ေပးမကန္ ခဲ့ဘဲ အသင္းရဲ႕ ပထမ ဦးစားေပး ပင္နယ္တီ ကန္သြင္းသူ ပီပီ ပင္နယ္တီ ကို တာ၀န္ယူ ခဲ့ ပါတယ္ ။

အေဂြရို ရဲ႕ပင္နယ္တီ ကို ၀က္စ္ဟမ္း ဂုိး သမား ပုတ္ထုတ္ ႏုိင္ခဲ့ ေပမယ့္ ဒီကလန္ ရုိက္စ္ ရဲ႕ ဧရိယာ အတြင္း အ၀င္ေစာမႈ ေၾကာင့္ ေနာက္တစ္ႀကိမ္ ျပန္ကန္ ေစခဲ့ ရာမွာေတာ့ အာဂ်င္တိုက္စစ္မႈး ဟာ ပစ္မွတ္ ကို ထိမွန္ ေအာင္ ကန္သြင္း ႏုိင္ခဲ့ ပါတယ္ ။

အဆိုပါ ပင္နယ္တီ ျဖစ္ရပ္ ဟာ စတာလင္ အတြက္ စိတ္ခု စရာ ျဖစ္ခ့ဲၿပီး ဟက္ထရစ္ ရခ်ိန္ မွာ ျပသခဲ့တဲ့ အမူ အရာ အရ အေဂြရို အေပၚ စိတ္ခု ခဲ့တယ္လို႔ သံုးသပ္မႈ ေတြ ရွိလာခဲ့ ပါတယ္ ။ ဂြာဒီယိုလာ ကေတာ့ ပင္နယ္တီ ကိစၥ အတြက္ စိတ္ဆိုးခဲ့ ပံု မေပၚ ေပမယ့္ အေဂြရို ကို ပြဲ အၿပီး မွာ သြားေရာက္ ေတြ႕ဆံု ၿပီး ကြင္းထဲ က ကိစၥ ေတြ အတြက္ ေဆြးေႏြး ေျပာဆို ခဲ့ပံု ရတယ္ လို႔ သတင္း ေတြ မွာ ေဖာ္ျပ လာခဲ့ ပါတယ္ ။

မန္ခ်က္ စတာ စီးတီး ဟာ လာမယ့္ ပိတ္ရက္ မွာေတာ့ ပြဲစဥ္ ( ၂ ) အျဖစ္ ေတာ့တင္ဟမ္ ေဟာ့စပါး အသင္း ကို အိမ္ကြင္း မွာ လက္ခံ ကစား ရမွာပဲ ျဖစ္ ပါတယ္ ။

SPORTS MYANMAR

Unicode

စတာလင် ကို ချီးကျုး ခဲ့ပြီး အဂွေရို ကို ဆုံးမခဲ့ပုံရတဲ့ ပက်ဂွာဒီယိုလာ

================================================

ပရီးမီးယားလိဂ် ရဲ့ လက်ရှိ ချန်ပီယံ မန်ချက် စတာ စီးတီး ဟာ ယမန်နေ့ ညက ရာသီ သစ် အတွက် အဖွင့် ပွဲကို လန်ဒန် မြို့ခံ ၀က်စ်ဟမ်း အသင်း ရဲ့ ကွင်းမှာ သွားရောက် ကစား ခဲ့ပြီး ဂိုးပြတ် နိုင်ပွဲ ကို ဖော်ဆောင် နိုင် ခဲ့ ပါတယ် ။ စိးတိး အတွက် စတာလင် က ဟက်ထရစ် သွင်းယူ ခဲ့သလို ပေးဂိုးလည်း မရှိ ခဲ့တာ ကြောင့် စနေနေ့ ညပိုင်း ပွဲစဉ် တွေ အပြီး မှာ အမှတ်ပေး ဇယား ကို ဦးဆောင် ထားနိုင် ခဲ့ ပါတယ် ။

စီးတီး ဟာ ပထမပိုင်း မှာ ဂါဘရီ ရယ်ဂျေဆူး ရဲ့ သွင်းဂိုး နဲ့ ဦးဆောင် ထားနိုင် ခဲ့ပြီး ဒုတိယ ပိုင်း မှာတော့ စတာလင် ရဲ့ ဟက်ထရစ် ၊ အဂွေရို ရဲ့ ပင်နယ်တီ ဂိုးတွေ နဲ့ အတူ အိမ်ရှင် ဘက်ကို ဂိုးမိုး ရွာကာ နိုင်ပွဲ နဲ့ ရာသိသစ် ကို ဖွင့်လှစ် နိုင် ခဲ့ ပါတယ် ။

စီးတီး နည်းပြ ဂွာဒီယိုလာ ကတော့ ဟက်ထရစ် ရှင် စတာလင် ကို ချီးကျုး ခဲ့ပြီး လီဗာပူး နဲ့ ပွဲတုန်းက အားနည်းချက် တွေ ကို ကောင်းကောင် သင်ခန်းစာ ယူနိုင်ခဲ့ တယ်လို့ ဆိုသွား ခဲ့ ပါတယ် ။ ပြီးခဲ့တဲ့ အပတ် က ကစားခဲ့ တဲ့ ကွန်မြူနတီဒိုင်းပွဲ မှာ စတာလင် ဟာ လီဗာပူး ဂိုး သမား နဲ့ တစ်ဦးချင်း အခွင့် အရေး ၂ ကြိမ် ရခဲ့ ပေမယ့် အသုံးမချ နိုင် ခဲ့ ပါဘူး ။ ဒါပေမယ့် ယမန်နေ့ ညကပွဲ မှာတော့ စတာလင် ဟာ ဟက်ထရစ် ရယူနိုင် ခဲ့ ပါတယ် ။

“စတာလင် မှာ တကယ် ထူးကဲတဲ့ အရည် အသွေး တွေ ရှိ ပါတယ် ။ သူ့ရဲ့ ဒုတိယ ဂိုးမှာ ဘောလုံး ထိန်းချက် က သိပ် မကောင်း ပါဘူး ။ ဒါပေမယ့် အဆုံးသတ် ကတော့ လှပ ပါတယ် ။ တတိယ ဂိုး ကတော့ တကယ် ကောင်းတဲ့ ဂိုးပါ”

“ပြီးခဲ့တဲ့ အပတ် တုန်းက အဲလစ်ဆွန် နဲ့ ရင်ဆိုင် အတွေ့ မှာ စတာလင် အမှားတွေ လုပ်ခဲ့ ပါတယ် ။ ဒါကို သင်ခန်းစာ ယူနိုင်ခဲ့ ပြီး ဒီပွဲ မှာ သူ ဂိုးတွေ သွင်းနိုင် ခဲ့ ပါတယ် ။ ဒါဟာ ၂၃-၂၄ နှစ် အရွယ် ကစား သမား တစ်ဦး အတွက် သိပ်ကို ကောင်းတဲ့ အချက်ပါပဲ ။ လာမယ့် ပွဲတွေ မှာ စတာလင် အနေနဲ့ ပိုပြီး တိကျ လာဖို့ ၊ ပိုပြီး အဆုံးသတ် ကောင်းလာ ဖို့ ကို ကျွန်တော် မျှော်လင့် ထားပါတယ်” လို့ ဂွာဒီယိုလာ က ဆိုသွားခဲ့ ပါတယ် ။

ဂွာဒီယိုလာ ဟာ ပွဲပြီး ဆုံးချိန် မှာ အသင်းရဲ့ တိုက်စစ်မှုး ဆာဂျီယို အဂွေရို နဲ့ တစ်ဦးချင်း စကား ပြောဆို နေခဲ့ တာ ကိုလည်း သတင်း သမားတွေ မြင်တွေ့ ခဲ့ရ ပါတယ် ။ အဂွေရို ဟာ ဟက်ထရစ် ရလု ဖြစ်နေတဲ့ စတာလင် ကို ပင်နယ်တီ ပေးမကန် ခဲ့ဘဲ အသင်းရဲ့ ပထမ ဦးစားပေး ပင်နယ်တီ ကန်သွင်းသူ ပီပီ ပင်နယ်တီ ကို တာဝန်ယူ ခဲ့ ပါတယ် ။

အဂွေရို ရဲ့ပင်နယ်တီ ကို ၀က်စ်ဟမ်း ဂိုး သမား ပုတ်ထုတ် နိုင်ခဲ့ ပေမယ့် ဒီကလန် ရိုက်စ် ရဲ့ ဧရိယာ အတွင်း အဝင်စောမှု ကြောင့် နောက်တစ်ကြိမ် ပြန်ကန် စေခဲ့ ရာမှာတော့ အာဂျင်တိုက်စစ်မှုး ဟာ ပစ်မှတ် ကို ထိမှန် အောင် ကန်သွင်း နိုင်ခဲ့ ပါတယ် ။

အဆိုပါ ပင်နယ်တီ ဖြစ်ရပ် ဟာ စတာလင် အတွက် စိတ်ခု စရာ ဖြစ်ခဲ့ပြီး ဟက်ထရစ် ရချိန် မှာ ပြသခဲ့တဲ့ အမူ အရာ အရ အဂွေရို အပေါ် စိတ်ခု ခဲ့တယ်လို့ သုံးသပ်မှု တွေ ရှိလာခဲ့ ပါတယ် ။ ဂွာဒီယိုလာ ကတော့ ပင်နယ်တီ ကိစ္စ အတွက် စိတ်ဆိုးခဲ့ ပုံ မပေါ် ပေမယ့် အဂွေရို ကို ပွဲ အပြီး မှာ သွားရောက် တွေ့ဆုံ ပြီး ကွင်းထဲ က ကိစ္စ တွေ အတွက် ဆွေးနွေး ပြောဆို ခဲ့ပုံ ရတယ် လို့ သတင်း တွေ မှာ ဖော်ပြ လာခဲ့ ပါတယ် ။

မန်ချက် စတာ စီးတီး ဟာ လာမယ့် ပိတ်ရက် မှာတော့ ပွဲစဉ် ( ၂ ) အဖြစ် တော့တင်ဟမ် ဟော့စပါး အသင်း ကို အိမ်ကွင်း မှာ လက်ခံ ကစား ရမှာပဲ ဖြစ် ပါတယ် ။

SPORTS MYANMAR