Lacazette

အဂၤလန္ ပရီးမီးယားလိဂ္ ျပိဳင္ပြဲျကီးရဲ႕ အဖြင့္ပြဲစဥ္ေတြကို အခုအပတ္ အတြင္း စတင္ေနခဲ႔တာျဖစ္ျပီး တတိယ ေန႔ အျဖစ္ယေန႔ မွာ ဆက္လက္ ကစားသြားျကေတာ့မွာျဖစ္ပါတယ္။အေစာပိုင္းေန႔ေတြမွာ ကစားသြားျကတဲ႔ ပြဲစဥ္ေတြမွာေတာ့ ခ်န္ပီယံဆု အတြက္ ေရပန္း အစားဆံုး ၂သင္းျဖစ္တဲ႔ မန္စီးတီးနဲ႔ လီဗာပူး တိုု႔ ဂိုးျပတ္ႏိုင္ပြဲေတြရရွိခဲ႔ျကပါတယ္။

အလယ္အလတ္ အသင္းေတြျဖစ္တဲ႔ ဘန္ေလ နဲ႕ ဘရိုက္တန္တို႕လည္း ဂိုးျပတ္ႏိုင္ပြဲေတြရရွိခဲ႔ျကပါတယ္။စပါးအသင္းကလည္း တန္းတက္ဗီလာအသင္းရဲ႕ ဦးေဆာင္ဂိုးေျကာင့္ ရုန္းကန္ခဲ႔ရေပမယ့္အန္ဒြန္ဘီလီ၊ ဟယ္ရီကိန္းတို႔ရဲ႕ ဂိုးေတြေျကာင့္ ဒုတိယပိုင္းမွာျပန္လာႏိုင္ခဲ႔ပါတယ္။

ပရီးမီးယားလိဂ္ ပြဲစဥ္တစ္ရဲ႕ ေနာက္ဆံုုးေန႔ျဖစ္တဲ႕ ယေန႔မွာေတာ့ ပြဲျကီးပြဲေကာင္းေတြ ဆက္လက္ကစားသြားဖို႔ရွိေနတာျဖစ္ပါတယ္။ည၇:၃၀ အခ်ိန္မွာလက္စတာအသင္းနဲ႔ ဝုဗ္လ္ အသင္းတို႔ ရဲ႕ ပြဲေကာင္း ရွိေနျပီး နယူးကာဆယ္နဲ႔ အာဆင္နယ္တို႔ရဲ႕ စိန္႔ဂ်ိန္းစ္ပါတ္ တိုိုက္ပြဲကလည္းရွိေနတာျဖစ္ပါတယ္။

အခုအပတ္ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆံုး ပြဲစဥ္အျဖစ္ေတာ့ ည၁၀ နာရီမွာ ကစားသြားမယ့္ ယူႏိုက္တက္အသင္းနဲ႔ခ်ဲဆီးလ္ အသင္းတို႕ရဲ႕ ပြဲစဥ္ကရွိေနတာျဖစ္ပါတယ္။အာဆင္နယ္ အသင္းရဲ႕ နည္းျပျကီး အူႏိုင္း အမ္မရီ အေနနဲ႔ ကေတာ့ယေန႔ည ပြဲစဥ္မွာ သူ႔ရဲ႕ လူစာရင္းကို အေျပာင္းအလဲေတြ နဲ႔ ပြဲထြက္လာရဖို႔ရွိေနပါတယ္။

အေျကာင္းကေတာ့ အဆိုပါ နယူးကာဆယ္နဲ႕ ပြဲစဥ္ကို အာဆင္နယ္အသင္းသား ၁၂ ေယာက္ေလာက္အထိလြဲေခ်ာ္ဖို႔ရွိေနတာေျကာင့္ျဖစ္ပါတယ္။အဂၤလန္ အေရွ႔ေျမာက္ပိုင္းမွာကစားမယ့္ အဆိုပါ ပြဲစဥ္ကို အဓိကကစားသမားေတြျဖစ္တဲ႕အိုေဇးလ္နဲ႕ ကိုလာစီနက္စ္တို႔လိုက္ပါလာမွာမဟုတ္ဘူးလို႔သိရပါတယ္။သူတို႔ဟာမျကာေသးမီကျဖစ္ခဲ႔တဲ႔ ရည္ရြက္ခ်က္ရွိရွိတိုက္ခိုက္ခံခဲ႔ရမွဳအတြက္စံုစမ္းစစ္ေဆးခံေနရတာျဖစ္ပါတယ္။

ခံစစ္ကစားသမား သစ္ျဖစ္သူ တီယာေနး က ေပါင္ျခံ ဒဏ္ရာရွိေနသလို အျခားသူေတြျဖစ္တဲ႔ ဆီဘယ္ေလာ့စ္( ေျခက်င္းဝတ္ )၊ ေဒးဗစ္လုဇ္ (ျကံ့ခိုင္မွဳမျပည့္ ) ၊ နီကိုလက္စ္ပီပီ(ျကံ့ခိုင္မွဳမျပည့္ )တိုကလည္း အခုပြဲစဥ္ကိုလြဲေခ်ာ္ဖြယ္ရွိေနတာျဖစ္ပါတယ္။

လိုင္ယြန္ကို အေရးနိမ့္ခဲ႔တဲ႔ အမ္းမရိတ္ဖလားပြဲစဥ္မွာ ေျခက်င္းဝတ္ဒဏ္ရာ ရရွိခဲ႔တဲ႕ လာကာဇက္ကလည္း ေလ့က်င့္ေရးကြင္းကို ျပန္လာႏိုင္ျပီျဖစ္ေပမယ့္ အခုပြဲစဥ္ကိုပါဝင္ ႏိူင္ဖြယ္ မရွိတာျဖစ္ပါတယ္။

မာဗရိုပန္းေနာ့စ္ နဲ႔ စမစ္ရိုဝီ တို႔က ေပါင္ျခံ ဒဏ္ရာျပသနာေတြျကံုေနရျပီး၊ ဘယ္လာရင္ နဲ႔ ေရာ့ဒ္ဟိုဒင္း တို႔ကေတာ့ဒူးဒဏ္ရာေတြရင္ဆိုင္ေနရပါတယ္။သူတို႔ အျပင္ ျကံ့ခိုင္မွဳပိုင္းဆိုင္ရာ ျပသနာရွိေနတဲ႔ အယ္နန္နီ ကလည္း ယေန႔ ညပြဲစဥ္ကို လြဲေခ်ာ္သြားဖြယ္ရွိေနတာျဖစ္ပါတယ္။

အာဆင္နယ္ အသင္းဟာ နယူးကာဆယ္ အသင္းနဲ႔ ထိပ္တိုက္ရင္ဆိုင္ထားခဲ႔ရတဲ့ပြဲေတြမွာ အျပတ္အသတ္ အသာရထားခဲ႔တာျဖစ္ျပီး ေနာက္ဆံုး ၁၃ပြဲမွာ တပြဲသာရွံုးနိမ့္ထားခဲ႕ပါတယ္။ဒါ့အျပင္ ၁၂ပြဲအထိအႏိုင္ရရွိထားတာျဖစ္ပါတယ္။

SM

Unicode

စိန့်ဂျိန်းစ်ပါတ်ပွဲစဉ်ကို အာဆင်နယ်ကစားသမား ၁၂ယောက်လောက်အထိလွဲချော်ဖွယ်ရှိနေ
=====================================

အင်္ဂလန် ပရီးမီးယားလိဂ် ပြိုင်ပွဲကြီးရဲ့ အဖွင့်ပွဲစဉ်တွေကို အခုအပတ် အတွင်း စတင်နေခဲ့တာဖြစ်ပြီး တတိယ နေ့ အဖြစ်ယနေ့ မှာ ဆက်လက် ကစားသွားကြတော့မှာဖြစ်ပါတယ်။အစောပိုင်းနေ့တွေမှာ ကစားသွားကြတဲ့ ပွဲစဉ်တွေမှာတော့ ချန်ပီယံဆု အတွက် ရေပန်း အစားဆုံး ၂သင်းဖြစ်တဲ့ မန်စီးတီးနဲ့ လီဗာပူး တိုု့ ဂိုးပြတ်နိုင်ပွဲတွေရရှိခဲ့ကြပါတယ်။

အလယ်အလတ် အသင်းတွေဖြစ်တဲ့ ဘန်လေ နဲ့ ဘရိုက်တန်တို့လည်း ဂိုးပြတ်နိုင်ပွဲတွေရရှိခဲ့ကြပါတယ်။စပါးအသင်းကလည်း တန်းတက်ဗီလာအသင်းရဲ့ ဦးဆောင်ဂိုးကြောင့် ရုန်းကန်ခဲ့ရပေမယ့်အန်ဒွန်ဘီလီ၊ ဟယ်ရီကိန်းတို့ရဲ့ ဂိုးတွေကြောင့် ဒုတိယပိုင်းမှာပြန်လာနိုင်ခဲ့ပါတယ်။

ပရီးမီးယားလိဂ် ပွဲစဉ်တစ်ရဲ့ နောက်ဆုုံးနေ့ဖြစ်တဲ့ ယနေ့မှာတော့ ပွဲကြီးပွဲကောင်းတွေ ဆက်လက်ကစားသွားဖို့ရှိနေတာဖြစ်ပါတယ်။ညရ:၃၀ အချိန်မှာလက်စတာအသင်းနဲ့ ဝုဗ်လ် အသင်းတို့ ရဲ့ ပွဲကောင်း ရှိနေပြီး နယူးကာဆယ်နဲ့ အာဆင်နယ်တို့ရဲ့ စိန့်ဂျိန်းစ်ပါတ် တိိုုက်ပွဲကလည်းရှိနေတာဖြစ်ပါတယ်။

အခုအပတ် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ပွဲစဉ်အဖြစ်တော့ ည၁၀ နာရီမှာ ကစားသွားမယ့် ယူနိုက်တက်အသင်းနဲ့ချဲဆီးလ် အသင်းတို့ရဲ့ ပွဲစဉ်ကရှိနေတာဖြစ်ပါတယ်။အာဆင်နယ် အသင်းရဲ့ နည်းပြကြီး အူနိုင်း အမ်မရီ အနေနဲ့ ကတော့ယနေ့ည ပွဲစဉ်မှာ သူ့ရဲ့ လူစာရင်းကို အပြောင်းအလဲတွေ နဲ့ ပွဲထွက်လာရဖို့ရှိနေပါတယ်။

အကြောင်းကတော့ အဆိုပါ နယူးကာဆယ်နဲ့ ပွဲစဉ်ကို အာဆင်နယ်အသင်းသား ၁၂ ယောက်လောက်အထိလွဲချော်ဖို့ရှိနေတာကြောင့်ဖြစ်ပါတယ်။အင်္ဂလန် အရှေ့မြောက်ပိုင်းမှာကစားမယ့် အဆိုပါ ပွဲစဉ်ကို အဓိကကစားသမားတွေဖြစ်တဲ့အိုဇေးလ်နဲ့ ကိုလာစီနက်စ်တို့လိုက်ပါလာမှာမဟုတ်ဘူးလို့သိရပါတယ်။သူတို့ဟာမကြာသေးမီကဖြစ်ခဲ့တဲ့ ရည်ရွက်ချက်ရှိရှိတိုက်ခိုက်ခံခဲ့ရမှုအတွက်စုံစမ်းစစ်ဆေးခံနေရတာဖြစ်ပါတယ်။

ခံစစ်ကစားသမား သစ်ဖြစ်သူ တီယာနေး က ပေါင်ခြံ ဒဏ်ရာရှိနေသလို အခြားသူတွေဖြစ်တဲ့ ဆီဘယ်လော့စ်( ခြေကျင်းဝတ် )၊ ဒေးဗစ်လုဇ် (ကြံ့ခိုင်မှုမပြည့် ) ၊ နီကိုလက်စ်ပီပီ(ကြံ့ခိုင်မှုမပြည့် )တိုကလည်း အခုပွဲစဉ်ကိုလွဲချော်ဖွယ်ရှိနေတာဖြစ်ပါတယ်။

လိုင်ယွန်ကို အရေးနိမ့်ခဲ့တဲ့ အမ်းမရိတ်ဖလားပွဲစဉ်မှာ ခြေကျင်းဝတ်ဒဏ်ရာ ရရှိခဲ့တဲ့ လာကာဇက်ကလည်း လေ့ကျင့်ရေးကွင်းကို ပြန်လာနိုင်ပြီဖြစ်ပေမယ့် အခုပွဲစဉ်ကိုပါဝင် နိူင်ဖွယ် မရှိတာဖြစ်ပါတယ်။

မာဗရိုပန်းနော့စ် နဲ့ စမစ်ရိုဝီ တို့က ပေါင်ခြံ ဒဏ်ရာပြသနာတွေကြံုနေရပြီး၊ ဘယ်လာရင် နဲ့ ရော့ဒ်ဟိုဒင်း တို့ကတော့ဒူးဒဏ်ရာတွေရင်ဆိုင်နေရပါတယ်။သူတို့ အပြင် ကြံ့ခိုင်မှုပိုင်းဆိုင်ရာ ပြသနာရှိနေတဲ့ အယ်နန်နီ ကလည်း ယနေ့ ညပွဲစဉ်ကို လွဲချော်သွားဖွယ်ရှိနေတာဖြစ်ပါတယ်။

အာဆင်နယ် အသင်းဟာ နယူးကာဆယ် အသင်းနဲ့ ထိပ်တိုက်ရင်ဆိုင်ထားခဲ့ရတဲ့ပွဲတွေမှာ အပြတ်အသတ် အသာရထားခဲ့တာဖြစ်ပြီး နောက်ဆုံး ၁၃ပွဲမှာ တပွဲသာရှံုးနိမ့်ထားခဲ့ပါတယ်။ဒါ့အပြင် ၁၂ပွဲအထိအနိုင်ရရှိထားတာဖြစ်ပါတယ်။

SM