ကိုစီရယ်နီ

၂၀၀၅ ခုနှစ် နွေရာသီ ဟာ ကျွန်တော့ ရဲ့ ဘ၀ မှာ အရေးပါ ဆုံးသော အခိုက်အတန့် တစ်ခု ဖြစ်ခဲ့ ပါတယ် ။ ဆောက်သမ်တန် ရဲ့ တန်းဆင်းမှု နဲ့ အတူ စိန့်မေရီ ကို စွန့်ခွာ ဖို့ အချိန် ရောက်လာပြီ ဆိုတာ ကျွန်တော် နားလည် ခဲ့ ပါတယ် ။ ပိုကောင်းတဲ့ အခွင့် အရေးတွေ ၊ စိန်ခေါ်မှုတွေ ဆီ ကျွန်တော် သွားဖို့ ပြင်ဆင် ခဲ့ ပါတယ် ။ အဲ့ဒီ အချိန် မှာ လီဗာပူး က ကမ်းလှမ်း လာခဲ့ တာပါပဲ ။

သူတို့ ဟာ ချန်ပီယံ လိဂ် ကို ပူပူနွေးနွေး ရယူ ထားခဲ့ ပါတယ် ။ ကျွန်တော် ကလည်း အင်္ဂလန် လက်ရွေးစင် ဖြစ်ကာစ ပါ ။ ပရီးမီး ယားလိဂ် မှာ ဆက်ရှိ နေရမယ့် အခွင့် အရေး ကို ကျွန်တော် လက်လွတ် မခံ ချင်ခဲ့ ပါဘူး ။ ဒါကြောင့် အသင်းပြောင်းချင် ကြောင်း ဆောက်သမ်တန် ကို အသိပေး ခဲ့ ပါတယ် ။

ဘာတွေ ဆက်ဖြစ်တယ် ထင်လဲဗျ ။ စိတ်မပါတဲ့ ဆွေးနွေး မှုတွေ ပဲ ကျွန်တော့ ဆီ ပြန်ရောက် လာခဲ့ ပါတယ် ။ အသင်း ဥက္ကဌ ဟောင်း ရောဘတ် လိုဝီ ဆိုရင် ကျွန်တော့ ဖုန်းကို ကိုင်တောင် မကိုင်တော့ ပါဘူး ။ ဘယ်လောက် အထိ စိတ်ပျက် ရတယ် ဆိုတာ ခင်ဗျား တို့ တွေးကြည့် လို့ရနိုင် ပါတယ် ။

ဒါပေမယ့် ဒီလို ဖြစ်ရပ်တွေ အတွက် ကျွန်တော့ဘက် က ဘယ်လို ပုန်ကန် တုန့်ပြန်မှုမှ မလုပ်ခဲ့ ပါဘူး ။ ကလပ် အသင်း ဘက်က မကြည်ပေမယ့် ကျွန်တော် ကတော့ ကိုယ့်ရဲ့ အဆင့်အတန်း ကို နှိမ့်ချ ပစ်ဖို့ စိတ်ကူး မရှိခဲ့ ပါဘူး ။ အသင်းရဲ့ ရာသီကြို လေ့ကျင့်ခန်း ကို သွားဆင်းတယ် ၊ သူများတွေ လိုပဲ ကြိုးစား ကစားပေး ခဲ့တယ် ၊ အသင်း ၀န်ထမ်းတွေ ၊ အသင်းဖော်တွေ ၊ နည်းပြ အဖွဲ့တွေ နဲ့ လည်း အရင်တုန်းကလို ဆက်ဆံရေးကောင်းတွေ တည်ဆောက် နိုင်ခဲ့ ပါတယ် ။

ရောဘတ် ရဲ့ အိမ်ကိုလည်း ခဏခဏ သွား ဆွေးနွေး ခဲ့ရ ပါတယ် ။ နောက်ဆုံး မှာတော့ ဇူလိုင် ၂၀ ရက်နေ့ မှာ ကျွန်တော် လီဗာပူး ကို ရောက်လာခဲ့ ပါတော့တယ် ။ ဒါဟာ အပြောင်း အရွှေ့ ရာသီ ရောက်တိုင်း ကျွန်တော် ပြောပြ ချင်နေတဲ့ ဇာတ်လမ်း တစ်ပုဒ် ပါ ။ အထူး သဖြင့် အခုခေတ် လိုမျိုး မှာပေါ့ ။

ကစား သမား တစ်ယောက် ဟာ အသင်း ပြောင်းခွင့် ရှိပါတယ် ။ ဒါပေမယ့် ပွင့်လင်း ရမယ် ၊ ပရော်ဖက်ရှင်နယ် ဆန် ရမယ် ၊ ရိုးသား ရပါမယ် ။ ပြီးခဲ့တဲ့ ရက် သတ္တပတ် တွေ တုန်းက ဖြစ်ခဲ့တဲ့ ကိစ္စ တွေ က ကျွန်တော့ အမြင်နဲ့ ပြောရရင် လေးစားမှု ကင်းမဲ့ တဲ့ ကိစ္စ တွေ ပါပဲ ။

လောရင့် ကိုစီရယ်နီ ကိုပဲ ဥပမာ ပေးကြရ အောင် ။ ဘော့ဒိုး ကို သူ ပြောင်းသွား ပါတယ် ။ ဒါက ကိစ္စ မရှိ ပါဘူး ။ ဒါပေမယ့် အသင်း မပြောင်းခင် လုပ်သွားတဲ့ ပုံစံ ကတော့ တကယ့်ကို ကျက်သရေ ယုတ်တဲ့ လုပ်ရပ် လို့ ကျွန်တော် ပြောချင် ပါတယ် ။ သူက အာဆင်နယ် မှာ ၉ နှစ် တောင် နေပြီးပါပီ ။ ကပ္ပတိန် လက်ပတ် ကိုလည်း ဆင်မြန်း ထားတာပါ ။ ဒါကို သူ ဘယ်လို ပုံစံမျိုးနဲ့ ဖျက်ဆီး ပစ်ခဲ့ တာလဲ . . .

အသင်း ခေါင်းဆောင် တစ်ယောက် ဆိုတာ တာဝန်ယူမှု အပြည့် ရှိရ ပါမယ် ။ အာဆင်နယ် ၀တ်စုံ ကို ချွတ်ပြီး ဘော့ဒိုး ၀တ်စုံ ကို ပြသတဲ့ အကွက် ကလည်း တကယ်ကို လေးစားမှု ကင်းမဲ့ တဲ့ လုပ်ရပ် ပါ ။ ပြင်သစ် ကလပ် ရဲ့ အစီအစဉ် ဆိုရင်တောင် သူ့မှာ ငြင်းပိုင်ခွင့် ရှိပါတယ် ။ ဒီလုပ်ရပ် ဟာ အီးမရိတ် မှာ နေခဲ့တဲ့ သူ့ရဲ့ ၉ နှစ်တာ အချိန်တွေ ကို ဖျက်ဆီး ပစ်ခဲ့တာပါပဲ ။ အာဆင်နယ် ကွင်းမှာ သူ့အတွက် လက်ခုပ်သံတွေ ရှိတော့မှာ မဟုတ်ပါဘူး ။

လူကာကူ ရဲ့ ကိစ္စ ကလည်း ထူးမခြား နားပါပဲ ။ မန်ချက်စတာ ယူနိုက်တက် အတွက် သူ ဘာမှ မရယူပေး နိုင်သေး ပါဘူး ။ ဒီလိုမျိုး အသင်း ဆီကနေ လစာ ရနေသေးတဲ့ အချိန် မှာ အန်ဒါလက်ခ်ျ အသင်း ၀တ်စုံနဲ့ လေ့ကျင့် နေတယ် ဆိုတာ တကယ် စည်းဖောက်တဲ့ ကိစ္စ ပါပဲ ။ အင်တာ ကို သာ မပြောင်းဖြစ်ခဲ့ရင် သူ့ရဲ့ ဒီရာသီ အနေအထားကို ကျွန်တော် တကယ် စိုးရိမ် မိပါတယ် ။

အခု ကျွန်တော် စိတ်ဝင် စား နေတဲ့သူက ဇာဟာ ပါ ။ သူ အသင်းပြောင်းချင် နေတာ အရမ်းကို သိသာ ပါတယ် ။ ဒါပေမယ့် ပဲလေ့စ် က ပိတ်ဆို့ ခဲ့ ပါတယ် ။ သူ ဘယ်လောက် စိတ်ပျက် ရမလဲ ဆိုတာ ကျွန်တော် ကောင်းကောင်း သဘောပေါက် ပါတယ် ။ ဒါကို သူ ဘယ်လို တုန့်ပြန် မလဲ ၊ မနှစ်တုန်းက လို ခြေစွမ်းမျိုး ပြန် ပြပြီး ဇန်န၀ါရီမှာ အသင်းပြောင်းခွင့် ရအောင် ကြိုးစား မလား ၊ ဒါမှမဟုတ် စိတ်မပါ လက်မပါ ကစားပြီး ပဲလေ့စ် ပရိသတ်တွေ ရဲ့ ရင်ထဲ ကနေ ထွက်သွား မလား ၊ ကျွန်တော် စောင့်ကြည့် နေမှာပါ ။

ကျွန်တော့ ဘ၀ တစ်လျောက် မှာ ကလပ် အသင်းတွေ အများကြီး ကစားခဲ့ ဖူးပါတယ် ။ အသင်းတိုင်း နဲ့ တည့်အောင် နေနိုင် ခဲ့ ပါတယ် ။ စပါး ကနေ စတုတ် ကို ရောင်းထုတ် ခဲ့တုန်းက ကျွန်တော် တော်တော် စိတ်ညစ် ခဲ့ရ တာပါ ။ ဒါပေမယ့် ကျွန်တော် ပုန်ကန် တာမျိုး မရှိခဲ့ ပါဘူး ။ ဒန်နီရယ် လီဗိုင်း နဲ့ သွားတွေ့တယ် ၊ ကျွန်တော့ရဲ့ မကျေနပ်ချက် တွေ ကို ပြောခဲ့ တယ် ၊ ပြီးတော့ စတုတ် ကို သွားခဲ့ တယ် ၊ ဒါပါပဲ ၊ အသင်း ပရိသတ်တွေ နဲ့ ဘာပြဿနာ မှ မတက်ခဲ့ သလို တက်စရာ လည်း အကြောင်း ကို မရှိပါဘူး ။ အခုချိန် အထိ ကျွန်တော် ကစားခဲ့ သမျှ အသင်းတိုင်း ကို ကျွန်တော် ချစ်မြတ်နိုးနေ ဆဲပါ ။

ပီတာ ခရော့

Daily Mail သတင်းဌာန တွင်ဖော်ပြခဲ့သည့် အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှုးဟောင်း ပီတာ ခရော့ ၏ ဆောင်းပါး မှ ထုတ်နှုတ် ဖော်ပြသည်

SPORTS MYANMAR