Messi

ယေန႔ နံနက္အေစာပိုင္းမွာ ကစားသြားခဲ႕တဲ႔ ေျခစမ္းပြဲစဥ္မွာ ဘာစီလိုနာ အသင္းက နာပိုလီအသင္းကို၄-၀ ဂိုးနဲ႔ အႏိုင္ရခဲ႕ပါတယ္။ဘာစီလိုနာအသင္းအတြက္ ဂိုးေတြကိုေတာ့ ဆြာရက္ဇ္၊ ဂရစ္ဇ္မန္း နဲ႔ ဒမ္ဘီလီ တို႔က သြင္းယူေပးခဲ႔ျကတာ ျဖစ္ပါတယ္။

ဘာစီလိုနာ အသင္းဟာ သူတို႔ရဲ႕ အဓိက တိုက္စစ္ ကစားသမား မက္ဆီ ဒဏ္ရာေျကာင့္ မပါဝင္ႏိုင္ခဲ႕ေပမယ့္ နာပိုလီ အသင္းနဲ႔ေျခစမ္းပြဲ ၂ပြဲဆက္တိုက္ အႏိုင္ရခဲ႕ျပီး ရဂိုး၆ဂိုး နဲ႔ ေပးဂိုးတဂိုးသာရွိခဲ႔တာျဖစ္ပါတယ္။ဒီအာဂ်င္တီးနားသားဟာ လတ္တေလာမွာ ေျခသလံုးသားဒဏ္ရာေျကာင့္ အနားယူေနရာတာလည္းျဖစ္ပါတယ္။

ဘာစီလိုနာ အသင္းဟာ လာမယ့္ ေသာျကာ ေန႔ မွာေတာ့ လာလီဂါ ရာသီသစ္ အဖြင့္ ပြဲစဥ္အျဖစ္ ဘီဘာအို အသင္းနဲ႔ရင္ဆိုင္သြားရဖို႔ရွိေနတာျဖစ္ျပီး ထိုပြဲအမီ မက္ဆီ ဒဏ္ရာကေန ျပန္သက္သာလာတာကို ေစာင့္ေနရတာ အေတာ္ေလးခက္ခဲတယ္လို႕ နည္းျပျကီး ဗယ္ဗာဒီကဝန္ခံသြားခဲ႕ပါတယ္။

မက္ဆီဟာ အာဆင္နယ္ အသင္းကို အႏိုင္ရခဲ႕တဲ႔ ဂ်ိဳအန္ဂန္ပါ ဖလားျပိဳင္ပြဲမွာပါဝင္ကစားခဲ႔ေပမယ့္ ဘာစီလိုနာ အသင္းရဲ႕ အေမရိကန္ ေျမေျခစမ္းခရီးစဥ္ကိုေတာ့ လိုက္ပါႏိုင္ခဲ႔ျခင္း မရွိတာျဖစ္ပါတယ္။နာပိုလီနဲ႕ ပြဲစဥ္၂ပြဲလံုးကို လြဲေခ်ာ္ထားခဲဲ့ရတဲ႔ မက္ဆီဟာ ဘီဘာအိုနဲ႔ ပြဲစဥ္ကိုပါ လြဲေခ်ာ္သြားမယ့္ပံုမွာရွိေနတာျဖစ္ပါတယ္။

မက္ဆီရဲ႕ အေျခအေနနဲ႔ ပတ္သက္ျပီး နာပိုလီနဲ႔ ပဲြျပီးအင္တာဗ်ဴးတခုမွာ ဗယ္ဗာဒီက – ” သူ( မက္ဆီ ) ဟာ အခုဆိုရင္ ဒဏ္ရာကေန ျပန္ျပီးနလန္ထ အေျခအေန မွာရွိေနျပီျဖစ္ပါတယ္။ဒါေပမယ့္ လာလီဂါ ပြဲစဥ္ေတြ ျပန္စတင္တဲ႕ အခါ သူပါဝင္ဖို႔ အသင့္ျဖစ္ေနမွာလားဆိုတာေတာ့ က်ြန္ေတာ္မသိပါဘူူး။သူ႔ရဲ႕အေျခအေနကို ျကည့္ရတာ အေတာ္ေလးကို ခက္ခဲပါတယ္ ဗ်ာ ” လို႔ေျပာသြားခဲ႔တာျဖစ္ပါတယ္။

မက္ဆီရဲ႕ အေနအထားအေပၚ ဗယ္ဗာဒီက စိတ္ပ်က္ေနေပမယ့္ ဘာစီလိုနာကစားသမားဘဝ အဖြင့္ဂိုးရရွိသြားခဲ႔တဲ႔ဂရစ္ဇ္မန္းနဲ႔ ပတ္သက္ျပီး ေက်နပ္ေနပံုပါပဲ။ဒီအေျကာင္းနဲ့ပတ္သက္ျပီးဗယ္ဗာဒီက –

” တိုက္စစ္မွဴးေတြကိုတြန္းအားျဖစ္ေစတာကေတာ့ သူတို႔ရတဲ႔ အခြင့္အေရးေတြ နဲ႔ သြင္းဂိုးေတြျဖစ္ပါတယ္။ဂိုးေတြနဲ႔ သူတို႔နဲ႔ ရင္းႏွီးတဲ႔ ဆက္ဆံေရးမ်ိဳးရွိထားတာတကယ္ေကာင္းပါတယ္။သူဟာဂိုးရဖို႕ အပိုင္အခြင့္အေရးမ်ိဳး အေစာပိုင္းတုန္းကလည္း ရခဲ႔ပါေသးတယ္။

သူအပါအဝင္တိုက္စစ္ မွဴးေတြ အားလံုး ဂိုးသြင္းယူႏိုင္ခဲ႔တာေျကာင့္ လည္း က်ြန္ေတာ္ ေက်နပ္ေပ်ာ္ရႊင္ေနမိပါတယ္။ဘာေျကာင့္လည္း ဆိုေတာ့ သူ႔ရဲ႕ေရြ႕လ်ားမွဳေတြက က်ြန္ေတာ္တို႔ကို
တိုက္စစ္မွာအမ်ားျကီးေပးစြမ္းလို႔ျဖစ္ပါတယ္။သူကစားတဲ႕ ပံုစံကိုျမင္ရတာတကယ္အေပါင္းလကၡဏာဆန္ပါတယ္ “လို႔ေျပာခဲ႔ပါတယ္။

SM

Unicode

“မက်ဆီဒဏ်ရာကနေပြန်လာမယ့်အချိန်ကို စောင့်နေရတာခက်ခဲလွန်းတယ်လို့ဝန်ခံလိုက်တဲ့ #ဗယ်ဗာဒီ
====================================

ယနေ့ နံနက်အစောပိုင်းမှာ ကစားသွားခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာ ဘာစီလိုနာ အသင်းက နာပိုလီအသင်းကို၄-၀ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ဘာစီလိုနာအသင်းအတွက် ဂိုးတွေကိုတော့ ဆွာရက်ဇ်၊ ဂရစ်ဇ်မန်း နဲ့ ဒမ်ဘီလီ တို့က သွင်းယူပေးခဲ့ကြတာ ဖြစ်ပါတယ်။

ဘာစီလိုနာ အသင်းဟာ သူတို့ရဲ့ အဓိက တိုက်စစ် ကစားသမား မက်ဆီ ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့ပေမယ့် နာပိုလီ အသင်းနဲ့ခြေစမ်းပွဲ ၂ပွဲဆက်တိုက် အနိုင်ရခဲ့ပြီး ရဂိုး၆ဂိုး နဲ့ ပေးဂိုးတဂိုးသာရှိခဲ့တာဖြစ်ပါတယ်။ဒီအာဂျင်တီးနားသားဟာ လတ်တလောမှာ ခြေသလုံးသားဒဏ်ရာကြောင့် အနားယူနေရာတာလည်းဖြစ်ပါတယ်။

ဘာစီလိုနာ အသင်းဟာ လာမယ့် သောကြာ နေ့ မှာတော့ လာလီဂါ ရာသီသစ် အဖွင့် ပွဲစဉ်အဖြစ် ဘီဘာအို အသင်းနဲ့ရင်ဆိုင်သွားရဖို့ရှိနေတာဖြစ်ပြီး ထိုပွဲအမီ မက်ဆီ ဒဏ်ရာကနေ ပြန်သက်သာလာတာကို စောင့်နေရတာ အတော်လေးခက်ခဲတယ်လို့ နည်းပြကြီး ဗယ်ဗာဒီကဝန်ခံသွားခဲ့ပါတယ်။

မက်ဆီဟာ အာဆင်နယ် အသင်းကို အနိုင်ရခဲ့တဲ့ ဂျိုအန်ဂန်ပါ ဖလားပြိုင်ပွဲမှာပါဝင်ကစားခဲ့ပေမယ့် ဘာစီလိုနာ အသင်းရဲ့ အမေရိကန် မြေခြေစမ်းခရီးစဉ်ကိုတော့ လိုက်ပါနိုင်ခဲ့ခြင်း မရှိတာဖြစ်ပါတယ်။နာပိုလီနဲ့ ပွဲစဉ်၂ပွဲလုံးကို လွဲချော်ထားခဲဲ့ရတဲ့ မက်ဆီဟာ ဘီဘာအိုနဲ့ ပွဲစဉ်ကိုပါ လွဲချော်သွားမယ့်ပုံမှာရှိနေတာဖြစ်ပါတယ်။

မက်ဆီရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး နာပိုလီနဲ့ ပွဲပြီးအင်တာဗျူးတခုမှာ ဗယ်ဗာဒီက – ” သူ( မက်ဆီ ) ဟာ အခုဆိုရင် ဒဏ်ရာကနေ ပြန်ပြီးနလန်ထ အခြေအနေ မှာရှိနေပြီဖြစ်ပါတယ်။ဒါပေမယ့် လာလီဂါ ပွဲစဉ်တွေ ပြန်စတင်တဲ့ အခါ သူပါဝင်ဖို့ အသင့်ဖြစ်နေမှာလားဆိုတာတော့ ကျွန်တော်မသိပါဘူူး။သူ့ရဲ့အခြေအနေကို ကြည့်ရတာ အတော်လေးကို ခက်ခဲပါတယ် ဗျာ ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

မက်ဆီရဲ့ အနေအထားအပေါ် ဗယ်ဗာဒီက စိတ်ပျက်နေပေမယ့် ဘာစီလိုနာကစားသမားဘဝ အဖွင့်ဂိုးရရှိသွားခဲ့တဲ့ဂရစ်ဇ်မန်းနဲ့ ပတ်သက်ပြီး ကျေနပ်နေပုံပါပဲ။ဒီအကြောင်းနဲ့ပတ်သက်ပြီးဗယ်ဗာဒီက –

” တိုက်စစ်မှူးတွေကိုတွန်းအားဖြစ်စေတာကတော့ သူတို့ရတဲ့ အခွင့်အရေးတွေ နဲ့ သွင်းဂိုးတွေဖြစ်ပါတယ်။ဂိုးတွေနဲ့ သူတို့နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးမျိုးရှိထားတာတကယ်ကောင်းပါတယ်။သူဟာဂိုးရဖို့ အပိုင်အခွင့်အရေးမျိုး အစောပိုင်းတုန်းကလည်း ရခဲ့ပါသေးတယ်။

သူအပါအဝင်တိုက်စစ် မှူးတွေ အားလုံး ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် လည်း ကျွန်တော် ကျေနပ်ပျော်ရွှင်နေမိပါတယ်။ဘာကြောင့်လည်း ဆိုတော့ သူ့ရဲ့ရွေ့လျားမှုတွေက ကျွန်တော်တို့ကို
တိုက်စစ်မှာအများကြီးပေးစွမ်းလို့ဖြစ်ပါတယ်။သူကစားတဲ့ ပုံစံကိုမြင်ရတာတကယ်အပေါင်းလက္ခဏာဆန်ပါတယ် “လို့ပြောခဲ့ပါတယ်။

SM