Solskjaer

သရဲနီဂႏၱ၀င္ ရုိင္ယန္ဂစ္က အိုလီဂန္နာ ဆုိးရွား အေနနဲ႕ ခါးသီးျပိဳင္ဘက္ လီဗာပူး အသင္းရဲ႕ နည္းျပ ယာဂန္ကေလာ့ ကို ဥပမာ ယူကာ မန္ခ်က္စတာယူႏိုက္တက္ အသင္းကို တုိးတက္ေအာင္ လုပ္သြားဖို႕ အတြက္ တုိက္တြန္းလုိက္ ပါတယ္။ ေ၀းလ္ေတာင္ပံ ကစားသမားေဟာင္းက သူ႕ရဲ႕ အသင္းေဖာ္ေဟာင္း ျဖစ္သူ အေနနဲ႕ အုိးထရပ္ဖို႕ဒ္မွာ အရာအားလံုးကို ေန႕ခ်င္းညခ်င္း ေျပာင္းလဲေအာင္ လုပ္ႏိုင္မယ္လို႕ သူ မေမွ်ာ္လင့္ ထားဘူးလို႕လည္း ဆုိခဲ့ပါတယ္။

အဲဒီအစား ဂစ္က ဆုိးရွားအေနနဲ႕ လီဗာပူး အသင္းမွာ ကေလာ့ ရဲ႕ ေအာင္ျမင္မွဳ ေတြကို အတုယူ သင့္တယ္လို႕ ယံုၾကည္ ထားပါတယ္။ ဂ်ာမန္နည္းျပဟာ လြန္ခဲ့တဲ့ ၂၀၁၅ ခုႏွစ္က အေျခအေနဆုိးနဲ႕ ၾကံဳေတြ႕ ေနရတဲ့ လီဗာပူး အသင္းကို ဘရန္ဒန္ေရာ္ဂ်ာထံမွ လက္လႊဲ ရယူခဲ့ကာ ကလပ္ အသင္းဟာ အဆိုပါ ရာသီမွာ အဆင့္ ၈ ေနရာနဲ႕ အဆံုးသတ္ခဲ့ ပါတယ္။ ဒါေပမယ့္ ကေလာ့ဟာ အဆုိပါ ရာသီမွာ လိဂ္ဖလား ဖိုင္နယ္ နဲ႕ ယူရိုပါလိဂ္ ဖိုင္နယ္ေတြ ပို႕ေဆာင္ ေပးခဲ့ပါတယ္။

ဒါေပမယ့္ ကေလာ့ဟာ ေနာက္ထပ္ ၂ ရာသီမွာ လီဗာပူး ကုိ ခ်န္ပီယံလိဂ္ ၀င္ခြင့္ ရေအာင္ ပဲ့ကိုင္ေပး ခဲ့ျပီး ျပီးခဲ့တဲ့ ရာသီ ကေတာ့ လီဗာပူးဟာ ခ်န္ပီယံလိဂ္ မွာ ဗို္လ္စြဲ ခဲ့သလို ၊ ပရီးမီးယားလိဂ္ မွာလည္း ရမွတ္ ၉၇ မွတ္ထိ ရယူ ႏုိင္ခဲ့တဲ့ အထိ ေအာင္ျမင္ ခဲ့ပါတယ္။ ဂစ္က ယူႏိုက္တက္ အေနနဲ႕ ဆုိးရွား ရဲ႕ လက္ေအာက္မွာ ဒီလို ဥပမာကုိ ရယူကာ လုပ္ေဆာင္ သင့္တယ္လို႕ ယံုၾကည္ ေနျပီး ယူႏို္က္တက္ ရဲ႕ လူငယ္ၾကယ္ပြင့္ေတြဟာ ကလပ္ အသင္းကို ေအာင္ျမင္မွဳေတြ ေပးစြမ္း ႏိုင္စြမ္း ရွိတယ္လို႕ ေထာက္ခံ သြားပါတယ္။

ဂစ္က “ယာဂန္ကေလာ့ဟာ ေန႕ခ်င္းညခ်င္းပဲ လီဗာပူးကို အရမ္း ေကာင္းတဲ့ အသင္း ျဖစ္ေစ ခဲ့တာ မဟုတ္ပါဘူး။ ဒါေပမယ့္ ကၽြန္ေတာ္တုိ႕ အေနနဲ႕ ကေလာ့ ရဲ႕ လက္ေအာက္မွာ တုိးတက္မွဳေတြကို ႏွစ္တုိင္း ႏွစ္တုိင္ ျမင္ေနရပါတယ္။ ဒါဟာ တစ္ျဖည္းျဖည္း တုိးတက္ လာခဲ့တာ ျဖစ္ျပီး ယူႏုိ္က္တက္ ပရိတ္သတ္ တစ္ဦး အေနနဲ႕ ဒါမ်ိဳးကို ျမင္ခ်င္ေနမယ္လို႕ ကၽြန္ေတာ္ ယူဆ ပါတယ္။

ဒီႏွစ္မွာ ငါတို႕ ပရီးမီးယားလိဂ္ ဖလား ရယူ သြားမယ္လို႕ ေျပာမေန သင့္ပါဘူး။ ဒါေပမယ့္ ကိုုယ့္ရဲ႕အသင္း တုိးတက္မွဳကို စျမင္လာရျပီ ၊ ဒီကစားသမား ေတြနဲ႕ အတူ culture အေျပာင္းအလဲ ျဖစ္လာျပီ ဆုိမွာ ဘာျဖစ္လာမလဲ ဆုိတာ ၾကည့္ခ်င္ ပါတယ္။

ကၽြန္ေတာ္တုိ႕ အားလံုး အုိလီ ကို ေအာင္ျမင္ ေစခ်င္ပါတယ္။ ဒါေပမယ့္ သူ ဒီလို မျဖစ္ခဲ့ဘူး ဆုိရင္ေတာင္ ကၽြန္ေတ္ာ ကေတာ့ အိုလီဟာ ကလပ္ အသင္းကို သူလႊဲေျပာင္း ရယူ ခဲ့တဲ့ အခ်ိန္ကထက္ ေကာင္းမြန္တဲ့ အေျခအေနမွာ ခ်န္ထားခဲ့ ႏုိင္ပါလိမ့္မယ္။

ဒီ ၂ ႏွစ္ ၃ ႏွစ္ အတြင္းမွာ ဒီကစားသမား ေတြထဲက တစ္ခ်ိဳ႕ဟာ တကယ့္ ထိပ္တန္း ကစားသမားေတြ ျဖစ္လာ ပါလိမ့္မယ္။ သူတုိ႕ဟာ အခု အခ်ိန္ကတည္းက ကစားသမားေကာင္းေတြ ရွိေနျပီး သားပါ။ ဒါေပမယ့္ လာမည့္ ႏွစ္အနည္းငယ္ အတြင္း သူတုိ႕ဟာ ထိပ္တန္း ကစားသမားေတြ ျဖစ္လာ ပါလိမ့္မယ္။

ဒီႏွစ္ပိုင္းအတြင္းမွာ အိုလီ ေအာင္ျမင္မွဳ ရမလား ဆိုတာ ကေတာ့ ကၽြန္ေတ္ာလည္း မသိပါဘူး။ ဒါေပမယ့္ ေမဆင္ ဂရင္း၀ုဒ္ နဲ႕ တာဟစ္ေခ်ာင္ တုိ႕လို ကစားသမား ေတြကို စင္တင္ ေပးျခင္း အားျဖင့္ ကလပ္ဟာ ခုိင္မာတဲ့ အနာဂတ္ေပၚမွာ ရပ္တည္ ေနမွာပါ။’ လို႕ ဆုိလိုက္ ပါတယ္။

ယူႏုိက္တက္ဟာ ၎တုိ႕ရဲ႕ ဒီရာသီ ပရီးမီးယားလိဂ္ အဖြင့္ပြဲစဥ္ အျဖစ္ ယေန႕ည အိုးထရပ္ဖို႕ဒ္မွာ ခ်ဲလ္ဆီး အသင္းကို လက္ခံ ကစား သြားရမွာ ျဖစ္ပါတယ္။

SM

Unicode

မန်ယူနိုက်တက် မှာ အောင်မြင်မှု ရဖို့အတွက် အိုလီဂန်နာဆိုးရှား ဥပမာ ယူရမယ့် ပရီးမီးယားလိဂ် နည်းပြကို ထုတ်ဖော်လိုက်တဲ့ ရိုင်ယန်ဂစ်

သရဲနီဂန္တဝင် ရိုင်ယန်ဂစ်က အိုလီဂန်နာ ဆိုးရှား အနေနဲ့ ခါးသီးပြိုင်ဘက် လီဗာပူး အသင်းရဲ့ နည်းပြ ယာဂန်ကလော့ ကို ဥပမာ ယူကာ မန်ချက်စတာယူနိုက်တက် အသင်းကို တိုးတက်အောင် လုပ်သွားဖို့ အတွက် တိုက်တွန်းလိုက် ပါတယ်။ ဝေးလ်တောင်ပံ ကစားသမားဟောင်းက သူ့ရဲ့ အသင်းဖော်ဟောင်း ဖြစ်သူ အနေနဲ့ အိုးထရပ်ဖို့ဒ်မှာ အရာအားလုံးကို နေ့ချင်းညချင်း ပြောင်းလဲအောင် လုပ်နိုင်မယ်လို့ သူ မမျှော်လင့် ထားဘူးလို့လည်း ဆိုခဲ့ပါတယ်။

အဲဒီအစား ဂစ်က ဆိုးရှားအနေနဲ့ လီဗာပူး အသင်းမှာ ကလော့ ရဲ့ အောင်မြင်မှု တွေကို အတုယူ သင့်တယ်လို့ ယုံကြည် ထားပါတယ်။ ဂျာမန်နည်းပြဟာ လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်က အခြေအနေဆိုးနဲ့ ကြုံတွေ့ နေရတဲ့ လီဗာပူး အသင်းကို ဘရန်ဒန်ရော်ဂျာထံမှ လက်လွှဲ ရယူခဲ့ကာ ကလပ် အသင်းဟာ အဆိုပါ ရာသီမှာ အဆင့် ၈ နေရာနဲ့ အဆုံးသတ်ခဲ့ ပါတယ်။ ဒါပေမယ့် ကလော့ဟာ အဆိုပါ ရာသီမှာ လိဂ်ဖလား ဖိုင်နယ် နဲ့ ယူရိုပါလိဂ် ဖိုင်နယ်တွေ ပို့ဆောင် ပေးခဲ့ပါတယ်။

ဒါပေမယ့် ကလော့ဟာ နောက်ထပ် ၂ ရာသီမှာ လီဗာပူး ကို ချန်ပီယံလိဂ် ၀င်ခွင့် ရအောင် ပဲ့ကိုင်ပေး ခဲ့ပြီး ပြီးခဲ့တဲ့ ရာသီ ကတော့ လီဗာပူးဟာ ချန်ပီယံလိဂ် မှာ ဗို်လ်စွဲ ခဲ့သလို ၊ ပရီးမီးယားလိဂ် မှာလည်း ရမှတ် ၉၇ မှတ်ထိ ရယူ နိုင်ခဲ့တဲ့ အထိ အောင်မြင် ခဲ့ပါတယ်။ ဂစ်က ယူနိုက်တက် အနေနဲ့ ဆိုးရှား ရဲ့ လက်အောက်မှာ ဒီလို ဥပမာကို ရယူကာ လုပ်ဆောင် သင့်တယ်လို့ ယုံကြည် နေပြီး ယူနို်က်တက် ရဲ့ လူငယ်ကြယ်ပွင့်တွေဟာ ကလပ် အသင်းကို အောင်မြင်မှုတွေ ပေးစွမ်း နိုင်စွမ်း ရှိတယ်လို့ ထောက်ခံ သွားပါတယ်။

ဂစ်က “ယာဂန်ကလော့ဟာ နေ့ချင်းညချင်းပဲ လီဗာပူးကို အရမ်း ကောင်းတဲ့ အသင်း ဖြစ်စေ ခဲ့တာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ အနေနဲ့ ကလော့ ရဲ့ လက်အောက်မှာ တိုးတက်မှုတွေကို နှစ်တိုင်း နှစ်တိုင် မြင်နေရပါတယ်။ ဒါဟာ တစ်ဖြည်းဖြည်း တိုးတက် လာခဲ့တာ ဖြစ်ပြီး ယူနို်က်တက် ပရိတ်သတ် တစ်ဦး အနေနဲ့ ဒါမျိုးကို မြင်ချင်နေမယ်လို့ ကျွန်တော် ယူဆ ပါတယ်။

ဒီနှစ်မှာ ငါတို့ ပရီးမီးယားလိဂ် ဖလား ရယူ သွားမယ်လို့ ပြောမနေ သင့်ပါဘူး။ ဒါပေမယ့် ကိုုယ့်ရဲ့အသင်း တိုးတက်မှုကို စမြင်လာရပြီ ၊ ဒီကစားသမား တွေနဲ့ အတူ culture အပြောင်းအလဲ ဖြစ်လာပြီ ဆိုမှာ ဘာဖြစ်လာမလဲ ဆိုတာ ကြည့်ချင် ပါတယ်။

ကျွန်တော်တို့ အားလုံး အိုလီ ကို အောင်မြင် စေချင်ပါတယ်။ ဒါပေမယ့် သူ ဒီလို မဖြစ်ခဲ့ဘူး ဆိုရင်တောင် ကျွန်တေ်ာ ကတော့ အိုလီဟာ ကလပ် အသင်းကို သူလွှဲပြောင်း ရယူ ခဲ့တဲ့ အချိန်ကထက် ကောင်းမွန်တဲ့ အခြေအနေမှာ ချန်ထားခဲ့ နိုင်ပါလိမ့်မယ်။

ဒီ ၂ နှစ် ၃ နှစ် အတွင်းမှာ ဒီကစားသမား တွေထဲက တစ်ချို့ဟာ တကယ့် ထိပ်တန်း ကစားသမားတွေ ဖြစ်လာ ပါလိမ့်မယ်။ သူတို့ဟာ အခု အချိန်ကတည်းက ကစားသမားကောင်းတွေ ရှိနေပြီး သားပါ။ ဒါပေမယ့် လာမည့် နှစ်အနည်းငယ် အတွင်း သူတို့ဟာ ထိပ်တန်း ကစားသမားတွေ ဖြစ်လာ ပါလိမ့်မယ်။

ဒီနှစ်ပိုင်းအတွင်းမှာ အိုလီ အောင်မြင်မှု ရမလား ဆိုတာ ကတော့ ကျွန်တေ်ာလည်း မသိပါဘူး။ ဒါပေမယ့် မေဆင် ဂရင်းဝုဒ် နဲ့ တာဟစ်ချောင် တို့လို ကစားသမား တွေကို စင်တင် ပေးခြင်း အားဖြင့် ကလပ်ဟာ ခိုင်မာတဲ့ အနာဂတ်ပေါ်မှာ ရပ်တည် နေမှာပါ။’ လို့ ဆိုလိုက် ပါတယ်။

ယူနိုက်တက်ဟာ ၎င်းတို့ရဲ့ ဒီရာသီ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် အဖြစ် ယနေ့ည အိုးထရပ်ဖို့ဒ်မှာ ချဲလ်ဆီး အသင်းကို လက်ခံ ကစား သွားရမှာ ဖြစ်ပါတယ်။

SM