အာဆင္နယ္ အသင္းဟာ ပရီးမီးယားလိဂ္ အေျပာင္းအေရႊ႕ ပိတ္ခါနီးမွာ လူငယ္ တုိက္စစ္မွဴ း အန္ခီတီးယား ကုိ ခ်န္ပီယံရွစ္ ကလပ္ လိဒ္ယူႏုိက္တက္ အသင္းထံ တစ္ရာသီ အငွားခ် ထားလုိက္ေၾကာင္း ေၾကညာလုိက္ပါတယ္ ။

အဂၤလန္ လူငယ္ တုိက္စစ္မွဴ းေလး အန္ခီတီးယားဟာ အာဆင္နယ္ အသင္းရဲ႕ ရာသီၾကိဳ ေျခစမ္းပြဲေတြမွာ သုံးဂုိး အထိ သြင္းယူ ႏုိင္ခဲ့ျပီး အေကာင္းဆုံး ကစားသမားဆုကုိလည္း ႏွစ္ၾကိမ္တုိင္တုိင္ ဆြတ္ခူး ရရွိ ခဲ့ပါတယ္ ။

အေစာပုိင္းတုန္းက နည္းျပ အူႏုိင္း အမ္မရီ ဟာ အန္ခီတီးယား ကုိ အသင္းၾကီးမွာ အူဘာမီယန္း ၊ လာကာဇက္ တုိ႔ရဲ႕ အရန္ အျဖစ္ အခြင့္အေရး ေပးသြားမယ္လုိ႕ ဆုိထားခဲ့ျပီး ၊ အေျပာင္းအေရႊ႕ပိတ္ခါနီးမွာမွ လိဒ္ယူႏုိက္တက္ ထံ အငွား ခ်လုိက္တာေၾကာင့္ ပရိသတ္ေတြအတြက္ အံ့ၾသသင့္စရာ ျဖစ္ခဲ့ရပါတယ္ ။

အသက္ ၂၀ အရြယ္သာ ရွိေသးတဲ့ အန္ခီတီးယား ဟာ ျပီးခဲ့တဲ့ ရာသီက အာဆင္နယ္ အသင္းၾကီး အတြက္ ကုိးပြဲ ပါဝင္ ကစားခြင့္ ရခဲ့ျပီး တစ္ဂုိး သြင္းယူ နုိင္ခဲ့သလုိ ယူ-၂၃ အသင္း အတြက္လည္း ၁၀ပြဲ ကစားရာမွာ ၉ ဂုိး အထိ သြင္းယူ နုိင္ခဲ့ပါတယ္ ။

အန္ခီတီးယား ကုိ အငွား ေခၚယူဖုိ႕ ကမ္းလွမ္းခဲ့တဲ့ အသင္း အေရအတြက္ဟာ ၂၀ ေက်ာ္ ရွိတယ္လုိ႔ သိရျပီး အရင္တုန္းက ပရီးမီးယားလိဂ္ ျပိဳင္ပြဲမွာ အစဥ္အလာေကာင္းေတြ ပုိင္ဆုိင္ခဲ့ဖူးတဲ့ လိဒ္ယူႏုိက္တက္ ကုိ အငွား နဲ႔ ေျပာင္းေရႊ႕ သြားခဲ့တာလည္း ျဖစ္ပါတယ္ ။

နည္းျပ အမ္မရီက အန္ခီးတီးယား ကုိ အငွားခ်ဖုိ႔ ဆုံးျဖတ္ခ်က္ ခ်ခဲ့တာနဲ႔ ပတ္သက္ျပီး ” က်ြန္ေတာ္တုိ႔ အီဝုိဘီ ကုိ အဲဗာတန္ အသင္းထံ ေရာင္းခ်ဖုိ႔ ဆုံးျဖတ္ လုိက္ပါတယ္ ။ သူက ျပီးခဲ့တဲ့ ရာသီက အသင္းအတြက္ အေရးပါတဲ့ ကစားသမား တစ္ဦးပါ ၊ ဒါေပမယ့္ က်ြန္ေတာ္တုိ႔ အေနနဲ႔ မတူညီတဲ့ ကစားသမားေတြနဲ႔လည္း အသင္းကုိ ဟန္ခ်က္ညီညီ တည္ေဆာက္ႏုိင္ဖုိ႔ လုိအပ္ပါတယ္ ။ ”

” အန္ခီတီးယား လည္း ဒီလုိပါပဲ ။ က်ြန္ေတာ္ရဲ႕ပထမ ဆုံးျဖတ္ခ်က္ က သူ႔ကုိ အငွား မခ်ဖုိ႔ ပါ ၊ ဒါေပမယ့္ သူနဲ႔ စကားေျပာၾကည့္တဲ့ အခါမွာ ဘယ္ႏွစ္ပြဲေလာက္ ကစားခြင့္ ေပးႏုိင္မလဲ ဆုိတာ က်ေနာ့္ကုိေမးပါတယ္ ။ က်ေနာ္က ‘ ငါ မင္းကုိ ဒီႏွစ္မွာ မိနစ္ေတြ အမ်ားၾကီး ကစားခြင့္ေပးမွာပါ ။ ဒါေပမယ့္ လိဒ္အသင္းနဲ႔ သာ ပုံမွန္ ပြဲထြက္ ကစားရင္ မင္းရဲ႕ ေျခစြမ္းပုိင္း ပုိမုိ တုိးတက္လာမွာပါ ။ ‘ လုိ႔ ေျပာျဖစ္ပါတယ္ ။ ”

” အန္ခီတီးယား နဲ႔ ပတ္သက္ျပီး က်ြန္ေတာ္တုိ႔ရဲ႕ အဓိက ရည္မွန္းခ်က္ က သူ အဲ့မွာ ပြဲထြက္ ကစားခြင့္ရျပီး အသင္းၾကီးကုိ ျပန္လာဖုိ႔ပါ ။ သူက အသင္းရဲ႕ အနာဂတ္ အစီအစဥ္မွာ ပါဝင္တဲ့ ကစားသမား တစ္ဦးလည္း ျဖစ္ပါတယ္ ။ တျခားလူငယ္ ကစားသမားေတြလည္း တူတူပါပဲ ။ ” လုိ႔ ေျပာၾကား သြားခဲ့ပါတယ္ ။

SPORTS MYANMAR

Unicode

ခြေစမ်းပွဲတွေမှာ ဂိုးမြူ းခဲ့တဲ့ အန်ခီတီးယား ကို ဘာကြောင့် အငှားချလိုက်တာလဲဆိုတာ ရှင်းပြလိုက်တဲ့ #အမ်မရီ
============================

အာဆင်နယ် အသင်းဟာ ပရီးမီးယားလိဂ် အပြောင်းအရွှေ့ ပိတ်ခါနီးမှာ လူငယ် တိုက်စစ်မှူ း အန်ခီတီးယား ကို ချန်ပီယံရှစ် ကလပ် လိဒ်ယူနိုက်တက် အသင်းထံ တစ်ရာသီ အငှားချ ထားလိုက်ကြောင်း ကြေညာလိုက်ပါတယ် ။

အင်္ဂလန် လူငယ် တိုက်စစ်မှူ းလေး အန်ခီတီးယားဟာ အာဆင်နယ် အသင်းရဲ့ ရာသီကြို ခြေစမ်းပွဲတွေမှာ သုံးဂိုး အထိ သွင်းယူ နိုင်ခဲ့ပြီး အကောင်းဆုံး ကစားသမားဆုကိုလည်း နှစ်ကြိမ်တိုင်တိုင် ဆွတ်ခူး ရရှိ ခဲ့ပါတယ် ။

အစောပိုင်းတုန်းက နည်းပြ အူနိုင်း အမ်မရီ ဟာ အန်ခီတီးယား ကို အသင်းကြီးမှာ အူဘာမီယန်း ၊ လာကာဇက် တို့ရဲ့ အရန် အဖြစ် အခွင့်အရေး ပေးသွားမယ်လို့ ဆိုထားခဲ့ပြီး ၊ အပြောင်းအရွှေ့ပိတ်ခါနီးမှာမှ လိဒ်ယူနိုက်တက် ထံ အငှား ချလိုက်တာကြောင့် ပရိသတ်တွေအတွက် အံ့သြသင့်စရာ ဖြစ်ခဲ့ရပါတယ် ။

အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ အန်ခီတီးယား ဟာ ပြီးခဲ့တဲ့ ရာသီက အာဆင်နယ် အသင်းကြီး အတွက် ကိုးပွဲ ပါဝင် ကစားခွင့် ရခဲ့ပြီး တစ်ဂိုး သွင်းယူ နိုင်ခဲ့သလို ယူ-၂၃ အသင်း အတွက်လည်း ၁၀ပွဲ ကစားရာမှာ ၉ ဂိုး အထိ သွင်းယူ နိုင်ခဲ့ပါတယ် ။

အန်ခီတီးယား ကို အငှား ခေါ်ယူဖို့ ကမ်းလှမ်းခဲ့တဲ့ အသင်း အရေအတွက်ဟာ ၂၀ ကျော် ရှိတယ်လို့ သိရပြီး အရင်တုန်းက ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အစဉ်အလာကောင်းတွေ ပိုင်ဆိုင်ခဲ့ဖူးတဲ့ လိဒ်ယူနိုက်တက် ကို အငှား နဲ့ ပြောင်းရွှေ့ သွားခဲ့တာလည်း ဖြစ်ပါတယ် ။

နည်းပြ အမ်မရီက အန်ခီးတီးယား ကို အငှားချဖို့ ဆုံးဖြတ်ချက် ချခဲ့တာနဲ့ ပတ်သက်ပြီး ” ကျွန်တော်တို့ အီဝိုဘီ ကို အဲဗာတန် အသင်းထံ ရောင်းချဖို့ ဆုံးဖြတ် လိုက်ပါတယ် ။ သူက ပြီးခဲ့တဲ့ ရာသီက အသင်းအတွက် အရေးပါတဲ့ ကစားသမား တစ်ဦးပါ ၊ ဒါပေမယ့် ကျွန်တော်တို့ အနေနဲ့ မတူညီတဲ့ ကစားသမားတွေနဲ့လည်း အသင်းကို ဟန်ချက်ညီညီ တည်ဆောက်နိုင်ဖို့ လိုအပ်ပါတယ် ။ ”

” အန်ခီတီးယား လည်း ဒီလိုပါပဲ ။ ကျွန်တော်ရဲ့ပထမ ဆုံးဖြတ်ချက် က သူ့ကို အငှား မချဖို့ ပါ ၊ ဒါပေမယ့် သူနဲ့ စကားပြောကြည့်တဲ့ အခါမှာ ဘယ်နှစ်ပွဲလောက် ကစားခွင့် ပေးနိုင်မလဲ ဆိုတာ ကျနော့်ကိုမေးပါတယ် ။ ကျနော်က ‘ ငါ မင်းကို ဒီနှစ်မှာ မိနစ်တွေ အများကြီး ကစားခွင့်ပေးမှာပါ ။ ဒါပေမယ့် လိဒ်အသင်းနဲ့ သာ ပုံမှန် ပွဲထွက် ကစားရင် မင်းရဲ့ ခြေစွမ်းပိုင်း ပိုမို တိုးတက်လာမှာပါ ။ ‘ လို့ ပြောဖြစ်ပါတယ် ။ ”

” အန်ခီတီးယား နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ အဓိက ရည်မှန်းချက် က သူ အဲ့မှာ ပွဲထွက် ကစားခွင့်ရပြီး အသင်းကြီးကို ပြန်လာဖို့ပါ ။ သူက အသင်းရဲ့ အနာဂတ် အစီအစဉ်မှာ ပါဝင်တဲ့ ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ် ။ တခြားလူငယ် ကစားသမားတွေလည်း တူတူပါပဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SPORTS MYANMAR