Maguire

တစ်ချိန် က မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဈေး အကြီးဆုံး ဗဟို ခံစစ် ကစားသမား ဖြစ်ခဲ့ ဖူးသူ ရီယို ဖာဒီနန် က လက်ရှိ ကမ္ဘာ့ ပြောင်းရွှေ့ကြေး အမြင့်ဆုံး ကစားသမား ဖြစ်သူ မက်ဂွားယား အနေ နဲ့ ယူနိုက်တက် အသင်း ခေါင်းဆောင် တာဝန် ထက် သူ့ရဲ့ ပြောင်းရွှေ့ ကြေး ဖိအား ကို အရင် ဖြေရှင်း သင့်ကြောင်း အကြံပြု စကား ပြောကြား သွားခဲ့ ပါတယ် ။

မက်ဂွားယား ဟာ ဒီနွေ အပြောင်း အရွှေ့ အတွင်း လက်စတာ စီးတီး အသင်းမှ မန်ချက်စတာ ယူနိုက်တက် အသင်း ဆီ ကမ္ဘာ့ စံချိန်တင် ပြောင်းရွှေ့ကြေး တစ်ရပ် ဖြစ်တဲ့ ပေါင် သန်း 80 နဲ့ ရောက်ရှိ လာခဲ့ သူ ဖြစ်တာ ကြောင့် ပြောင်းရွှေ့ ကြေးနဲ့ ထိုက်တန် တဲ့ ခြေစွမ်း ပြသ နိုင်ဖို့ ဆိုတဲ့ ဖိအား တွေကို ကြုံတွေ့ ရဖို့ ရှိနေ ပါတယ် ။

ဒါ့ကြောင့် တစ်ချိန် က ဈေး အကြီးဆုံး နောက်ခံလူ တစ်ဦး ဖြစ်ခဲ့ ဖူးတဲ့ ယူနိုက်တက် ဂန္ဓဝင် ဖာဒီနန် က ဘယ်လို ဖိအား တွေ သက်ရောက် လာမလဲ ဆိုတာ သိရှိ နေသူ ဖြစ်ပြီး အဲ့ဒီ ဖိအား တွေကို အရင် ဖြေရှင်း ပြီးမှ နောက်ထပ် ကဏ္ဍ သစ် ဆီကို ဆက်သွား ခြင်းက ကစားသမား အတွက် ပိုကောင်း လိမ့်မယ် လို့ အကြံပြု သွားခဲ့ တာပဲ ဖြစ်ပါတယ် ။

 

” ဒါဟာ ကြီးမား တဲ့ ဖိအား တွေအောက် ကျရောက် ခြင်း ပါပဲ ။ ကျွန်တော် ယူနိုက်တက် ဆီကို စတင် ရောက်ရှိ ခဲ့စဉ် တုန်းက အကြောင်း အရာ တွေကို မှတ်မိ ပါ သေးတယ် ။ ကျွန်တော် အသင်း ရဲ့ လေ့ကျင့်ရေး ကွင်းမှာ ပြောင်းရွှေ့ကြေး အကြောင်း ကိုပဲ စဉ်းစား နေမိ ခဲ့ ပါတယ် ”

” ကျွန်တော် တို့ အသင်း ခေါင်းဆောင် တစ်ဦး ဖြစ်နိုင် ဖို့ ဦးစွာ ကျော်ဖြတ် ရမှာ က အဲ့ဒီ ပြသနာ ပါပဲ ။ ပထမ ဆုံး အနေ နဲ့ သူဟာ ဖိအား တွေကို ကျော်ဖြတ် ဖို့ အတွက် ခြေစွမ်း ပြနိုင် ဖို့ လိုအပ်တယ် ဆိုတာ တွေးတော ရမှာ ပါပဲ ။ အသင်း ခေါင်းဆောင် တာဝန် ကိုတော့ ဘေးဖယ် ထားလိုက် ပါတယ် ။ ဦးစွာ ခြေစွမ်း ပြနိုင် ဖို့ပဲ ကြိုးစား ရ ပါ့မယ် ”

” အသင်း ရဲ့ လေ့ကျင့်ရေး အစီအစဉ် တိုင်းမှာ ပေါင် သန်း 80 တန် ကစားသမား ဟာ ထိုက်တန်မှု ရှိရဲ့ လား ဆိုတာ ကို တွေး နေကြ ပါ လိမ့်မယ် ။ ဒါ့ကြောင့် ပထမဆုံး အနေ နဲ့ ကျွန်တော် ပြောချင် တာ ကတော့ သူနဲ့ ဘုတ် အဖွဲ့ဝင် တွေရဲ့ ပုခုံး အထက် မှာ ရှိတဲ့ ပြောင်းရွှေ့ကြေး ဖိအား တွေကို လျော့ချ သွားဖို့ ပါပဲ ” လို့ ဖာဒီနန် က အကြံပြု သွားခဲ့ လိုက် ပါတယ် ။

ယူနိုက်တက် ဟာ ဒီနွေ အပြောင်း အရွှေ့ အတွင်း ဒန်နီယယ် ဂျိမ်းစ် နဲ့ အာရွန် ဝမ် ဘစ်ဆာကာ တို့ကို ခေါ်ယူ ထားခဲ့ ပါသေးတယ် ။ ဖာဒီနန် ကတော့ ငယ်ရွယ် တဲ့ ဗြိတိန် နိုင်ငံသား တွေကို ခေါ်ယူ ပြီး ယူနိုက်တက် ရဲ့ DNA ကို ရရှိအောင် ပြန်လည် လုပ်ဆောင် နေတဲ့ အပေါ် ကျေနပ် နေခဲ့ ပါတယ် ။

” ဒီ ရာသီ က မှန်ကန် တဲ့ လမ်းကြောင်း တစ်ခု အပေါ် တက်လှမ်း သွားဖို့ လို့ ကျွန်တော် မျှော်လင့် ထားခဲ့ ပါတယ် ။ မီဒီယာ ၊ မန်နေဂျာ နဲ့ ကစားသမား တွေကို ကြည့်ပြီး အသင်း က ပိုပြီး ကျစ်လျစ် လာတယ် ၊ တောင့်တင်း လာတယ် လို့ ခံစား နေရ ပါတယ် ။ ကစားသမား တွေ ကလည်း ဆိုးလ်ရှား ဘာတွေ အလိုရှိ နေလဲ ဆိုတာ သိရှိ ကြတယ် လေ ”

” ကျွန်တော် တို့ တုန်းက အသင်း နဲ့ မကိုက်ညီဘူး ဆိုတဲ့ အဓိပ္ပါယ် ကို မသိ ခဲ့ရ ပါဘူး ။ ကျွန်တော် တို့ တုန်းက အသင်း ဆီ ရောက်တဲ့ ပထမနေ့ ကတည်းက အသင်း နဲ့ သင့်တော် ကိုက်ညီ တဲ့ ကစားသမား ဖြစ်အောင် ၊ မန်နေဂျာ အလိုကျ ဖြစ်အောင် လုပ်ဆောင် ပြရ ပါတယ် ”

” လက်ရှိ အပြောင်း အရွှေ့ နဲ့ ပတ်သက် လို့ ယူနိုက်တက် တို့ လုပ်ဆောင် နေတဲ့ အရာ တွေက မှန်ကန် တဲ့ လမ်းကြောင်း ပေါ်ကို ဦးတည် နေတယ် လို့ ခံစား နေရ ပါတယ် ။ သူတို့ တွေက ငယ်ရွယ် ပြီး ဆာလောင် မှု အပြည့် ရှိတဲ့ ကစားသမား တွေပါ ။ ယူနိုက်တက် မှာ ဗြိတိန် သားတွေ ရှိခဲ့ ကြတဲ့ ပုံစံ မျိုးပေါ့ ” လို့ ဖာဒီနန် က ပြောကြား သွားခဲ့ ပါတယ် ။

#Sports_Myanmar