Arsenal

* အာဆင်နယ် အသင်းဟာ နယူးကာဆယ် အသင်း နဲ့ နောက်ဆုံး ယှဉ်ပြိုင် ကစားခဲ့တဲ့ ၁၃ ပွဲမှာ ၁၂ ပွဲ အထိ အနိုင် ရထားပြီး ၁ ပွဲသာ ရှုံးနိမ့် ခဲ့ပါတယ် ။ အာဆင်နယ် အသင်းဟာ ၂၀၁၈ ခုနှစ် ၊ ဧပြီလတုန်းက နယူးကာဆယ် အသင်းအိမ်ကွင်း စိန့်ဂျိမ်းစ်ပါ့ခ် မှာ သွားရောက် ကစားစဉ်တုန်းက ၂-၁ နဲ့ ရှုံးနိမ့် ခဲ့တာပါ ။

* ပရီးမီးယားလိဂ် ရာသီ အဖွင့် ပွဲစဉ်မှာ နယူးကာဆယ် အသင်း နဲ့ အာဆင်နယ် အသင်း ထိပ်တိုက် တွေ့ဆုံခဲ့တဲ့ နောက်ဆုံး အကြိမ်ဟာ ၂၀၁၀-၂၀၁၁ ခုနှစ်တုန်းက ဖြစ်ပါတယ် ။ စိန့်ဂျိမ်းစ်ပါ့ခ် မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အဆိုပါ ရာသီ အဖွင့်ပွဲမှာတုန်းကတော့ ဂိုးမရှိ သရေ ကျခဲ့ပါတယ် ။

* အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ပရီးမီးယားလိဂ် အဝေးကွင်း ပွဲစဉ်တွေမှာ Clean-Sheet တစ်ပွဲသာ ရယူ နိုင်ခဲ့ပါတယ် ။ အာဆင်နယ် အသင်းထက် အဝေးကွင်း ပေးဂိုး ပိုများခဲ့တဲ့ အသင်းဆိုလို့ ဘန်လေ ၊ ဘုန်းမောက် ၊ ဟက်ဒါဖီးလ် ၊ ဖူလ်ဟမ် လေးသင်းသာ ရှိပါတယ် ။

* အာဆင်နယ် အသင်း ရဲ့ ပြိုင်ပွဲစုံမှာ နောက်ဆုံး ရရှိခဲ့တဲ့ ၁၇ ဂိုး မှာ ၁၃ ဂိုးဟာ အူဘာမီယန်း ( ၉ ဂိုး ) နဲ့ လာကာဇက် ( ၄ ဂိုး ) တို့က သွင်းယူ ပေးခဲ့တာပါ ။အာဆင်နယ် နဲ့ နယူးကာဆယ် တို့ဟာ သမိုင်းတစ်လျှောက် ပြိုင်ပွဲစုံ ၁၈၂ ကြိမ် ထိပ်တိုက် တွေ့ဆုံခဲ့ဖူးပြီး အာဆင်နယ် အသင်းက ၇၇ ပွဲ အနိုင်ရထားကာ ၃၈ ပွဲသရေ ၊ ၆၇ ပွဲ ရှုံး နိမ့် ထားပါတယ် ။

* ယနေ့ည မြန်မာစံတော်ချိန် ၇:၃၀ မှာ ကစားမယ့် နယူးကာဆယ် အသင်း နဲ့ အာဆင်နယ် အသင်း ပွဲကို အင်္ဂလန် ဒိုင်လူကြီး မာတင် အက်ကင်ဆန် တာဝန်ယူ ကိုင်တွယ် သွားမှာပါ ။ အက်ကင်ဆန် ကိုင်တွယ်တဲ့ ပရီးမီးယားလိဂ် အဝေးကွင်း ၂၁ ပွဲ မှာ အာဆင်နယ် အသင်းဟာ ၅ ပွဲသာ အနိုင်ရထားပြီး ၅ ပွဲသရေ ၊ ၁၁ ပွဲ အထိ ရှုံးပွဲ ကြုံ တွေ့ ထားပါတယ် ။

* အာဆင်နယ် အသင်း နည်းပြ အမ်မရီ က အန်ခီးတီးယား ကို လိဒ်ယူနိုက်တက် အသင်းထံ အငှား ချလိုက်တာဟာ ပုံမှန် ပွဲထွက် ကစားခွင့် ရဖို့ နဲ့ ခြေစွမ်းပိုင်း ပိုမို တိုးတက်လာစေဖို့ အတွက် ရည်ရွယ်ကြောင်း ရှင်းလင်း ပြောကြား လိုက်ပါတယ် ။

* အာဆင်နယ် အသင်း ဂန္တဝင် ဂိုးသမား ဒေးဗစ်ဆီမန်း က ကော့စီရယ်နီ အနေနဲ့ အသင်းက ထွက်ခွာချင်တယ်ဆိုရင် တာဝန်ရှိသူတွေနဲ့ အေးဆေး ညှိနှိုင်းသင့်ကြောင်း နဲ့ အခုလို ပုန်ကန်တာမျိုး မလုပ်သင့်ကြောင်း ဆိုပါတယ် ။ ဒါ့အပြင် ဆီးမန်း က ကော့စီရယ်နီ အနေနဲ့ ဘော်ဒိုး အသင်း ကစားသမား အဖြစ် မိတ်ဆက်စဉ် သူ့ရဲ့ အပြုအမှုဟာ အကျဉ်းတန်ကြောင်း ဝေဖန်လိုက်ပါတယ် ။

* အာဆင်နယ် အသင်း နဲ့ စာချူ ပ် သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့တဲ့ နောက်ခံလူ မွန်ရီရဲလ် ကို ခေါ်ယူဖို့ စပိန် လာလီဂါ ကလပ် ဆိုစီဒက် အသင်းက စိတ်ဝင်စား နေတယ်လို့ ကတ်တလန် အခြေစိုက် သတင်းတွေမှာ ဖော်ပြ နေကြပါတယ် ။

* အိုဇေးလ် ရဲ့အိမ်နားမှာ တွေ့ရတဲ့ မသင်္ကာဖွယ် သံသယ ရှိသူ နှစ်ဦးကို ဖမ်းဆီး ထိန်းသိမ်းထားလို်က်ပြီ ဖြစ်ကြောင်း မက်ထရိုပိုလီတန် ရဲတပ်ဖွဲ့က ထုတ်ပြန် ကြေညာ လိုက်ပါတယ် ။ အဆိုပါ သံသယ ရှိသူ နှစ်ဦးကို စက်တင်ဘာလ ၆ ရက်နေ့မှာ တရားရုံးတင် စစ်ဆေးမယ်လို့ သိရပါတယ် ။

* အာဆင်နယ် အသင်း နည်းပြ အူနိုင်း အမ်မရီ ဟာ ရီးရဲလ်မက်ဒရစ် အသင်းကနေ တစ်ရာသီ အငှား နဲ့ ပြောင်းရွှေ့ ရောက်ရှိလာတဲ့ ဆီဘယ်လော့ ရဲ့ စိတ်ဓတ် ကြံ့ခိုင်မှု အပေါ် ထုတ်ဖော် ချီးကျူး သွားခဲ့ပါတယ် ။ဆီဘယ်လော့စ် ဟာ ပြီးခဲ့တဲ့ တစ်ပတ်တုန်းက ကစားခဲ့တဲ့ ဘာစီလိုနာ အသင်းနဲ့ ပွဲမှာ ခြေချင်းဝတ် ဒဏ်ရာ ရရှိခဲ့ပေမယ့် နောက်တစ်ရက်မှာပဲ အသင်း နဲ့ လေ့ကျင့်ခန်း ဆင်းဖို့ လာရောက်ခဲ့တာကြောင့် အံ့သြသင့်ခဲ့ မိကြောင်း အူနိုင်း အမ်မရီက Sky Sports နဲ့ အင်တာဗျူးမှာ ပြောကြား သွားခဲ့ပါတယ် ။

* လန်ဒန် ကော်နေး လေ့ကျင့်ရေး ကွင်းမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ယူ-၁၈ ပွဲမှာ အာဆင်နယ် ယူ-၁၈ အသင်းဟာ ချဲလ်ဆီး ယူ-၁၈ အသင်းကို နှစ်ဂိုး တစ်ဂိုး နဲ့ ရှုံးနိမ့် သွားခဲ့ပါတယ် ။ အာဆင်နယ် ယူ-၁၈ အတွက် တစ်လုံးတည်းသော သွင်းဂိုးကို ပလိန်ဂ်ျ က သွင်းယူ ပေးခဲ့တာပါ ။

* နယူးကာဆယ် အသင်း နဲ့ ပွဲအတွက် အာဆင်နယ် အသင်းရဲ့ ဖြစ်နိုင်ဖွယ် ပွဲထွက်လူစာရင်း
———————————————————
ဂိုး – လီနို ။
နောက်တန်း – မိတ်လန်နိုင်းလ်စ် ၊ ချိန်ဘာ ၊ ဆိုကရက်တစ် ၊ မွန်ရီရဲလ် ။
အလယ်တန်း – ရှာကာ ၊ ဂွမ်ဒူဇီ ၊ ဆီဘယ်လော့ ။
ရှေ့တန်း – နယ်လ်ဆင် ၊အူဘာမီယန်း ၊ မီခီတာရန်း ။

SPORTS MYANMAR