ေဆာင္းနက္စ္

မန္ခ်က္စတာ ယူနုိက္တက္ အသင္း ဟာ ခ်န္ပီယံ လိဂ္ ျပိဳင္ပြဲ မွာ ပါဝင္ မေန ရျခင္း အဓိက အေၾကာင္း အရင္း က တုိက္စစ္မွဴး ( ေဟာင္း ) လူကာကူ နဲ့ ကြင္းလယ္လူ ေပါလ္ ေပါ့ဂ္ဘာ တို့ ေၾကာင့္ ျဖစ္တယ္ လို့ ဂေရမီ ေဆာင္းနက္စ္ က ေဝဖန္ ထုုိးႏွက္ သြားခဲ့ လိုက္ ပါတယ္ ။

လူကာကူ ဟာ အေျပာင္း အေရႊ့ ေနာက္ဆံုး ရက္မွာ အင္တာ မီလန္ အသင္း ဆီ ေျပာင္းေရႊ့ သြားခဲ့ သူ ျဖစ္ျပီး ေပါ့ဂ္ဘာ ကေတာ့ အေျပာင္း အေရႊ့ မပိတ္သိမ္း မီ အသင္း ေျပာင္းဖုိ့ အတြက္ ေရပန္းစား ေနသူ တစ္ဦး ပဲ ျဖစ္ ပါတယ္ ။

ယူနုိက္တက္ ဟာ ျပီးခဲ့တဲ့ ေဘာလံုး ရာသီ တုန္းက အမွတ္ေပး ဇယား အဆင့္ 6 ေနရာ နဲ့သာ ရာသီ ကုန္ဆံုး ခဲ့ရ ျပီး ဒီ အတြက္ ဂေရမီ ေဆာင္းနက္စ္ က လူကာကူ နဲ့ ေပါ့ဂ္ဘာ တုိ့က အဓိက တရားခံ ျဖစ္ၾက တယ္လို့ ဆုိသြား ခဲ့လိုက္ ပါတယ္ ။

” အကယ္လို့ က်ြန္ေတာ္ သာ ယူနုိက္တက္ အဝတ္ လဲခန္း ထဲ မွာ ထိုင္ေန သူ တစ္ဦး ဆုိရင္ လူကာကူ ထြက္ခြာ သြားတာ နဲ့ ပတ္သက္ လို့ ေပ်ာ္ရႊင္ ေနမိ မွာပါ ။ ဒါ့အျပင္ တုိက္ပြဲ ဝင္လိုစိတ္ မရွိရင္ က်ြန္ေတာ့္ ေပါ့ဂ္ဘာ ကိုလည္း အသင္း မွာ ရွိေစ လိုမွာ မဟုတ္ ပါဘူး ။ သူ့ကို လည္း ထြက္ခြာ ေစခ်င္ မိမွာပါ ”

” ယူနုိက္တက္ တုိ့ လက္ရွိ ျဖစ္ေပၚ ေနတဲ့ ျပသနာ ေတြ အတြက္ သူတုိ့ ေတြဟာ တာဝန္ ရွိၾက ပါတယ္ ။ လက္ရွိ အခ်ိန္ မွာ ေျပာရမယ္ ဆုိရင္ ေတာ့ အသင္း သား အားလံုး ကိုယ္စီ တာဝန္ ရွိ ၾကတာ ေပါ့ဗ်ာ ”

” အဲ့တာ ေတြကို ေဘးဖယ္ ထားလိုက္ ပါ ၊ ယူနုိက္တက္ တုိ့ ခ်န္ပီယံ လိဂ္ ျပိဳင္ပြဲ မွာ မပါဝင္ ခဲ့ ရတဲ့ အတြက္ အားလံုး က ကိုယ္စီ တာဝန္ ရွိၾက ပါတယ္ ”

” ရီးယဲ မက္ဒရစ္ အသင္း ဟာ ေပါ့ဂ္ဘာ ရဲ့ ေျခစြမ္း အေပၚ မသကၤာ တာေၾကာင့္ ေစ်းနည္းနည္း နဲ့ ရယူ ခ်င္ ေနတာ ပါ ။ အင္တာ ကလည္း လူကာကူ အတြက္ ယူနုိက္တက္ က ေတာင္းဆုိ ခဲ့တဲ့ ေငြေၾကး ကို မေပးလို ခဲ့ ပါဘူး ။ လူကာကူ က ယူနုိက္တက္ မွာ ဘာမွ ထူးတာ မလုပ္ ခဲ့ဘူး ေလ ”

” သူတုိ့ ေတြက စီနီယာ ကစားသမား ေတြ အျဖစ္ ဒါကို တာဝန္ မယူ ၾကဘူး ဆုိရင္ ဒီ အျပစ္ ေတြကို ရပ္ရွ္ဖုိ႔ ( 21 နွစ္ ) ဟာ ခံယူ ရပါ လိမ့္မယ္ ။ သူဟာ အဲ့တာ ေတြ ခံယူ ဖုိ့ အတြက္ အဆင္သင့္ မျဖစ္ ေသးဘူး လို့ က်ြန္ေတာ္ ထင္ ပါတယ္ ”

” ရပ္ရွ္ဖုိ့ အတြက္ အခ်ိန္ ေတြ အမ်ားၾကီး ရွိေန ပါ ေသးတယ္ ။ ဒါေပမယ့္ ျပီးခဲ့တဲ့ ေဘာလံုး ရာသီ တုန္းက 10 ဂိုးေလာက္ သြင္းယူ ခဲ့တာ ထက္ တစ္ ရာသီ ဂိုး 20 ေလာက္ သြင္းတဲ့ ၊ ပိုျပီး ေျခစြမ္း တည္ျငိမ္ တဲ့ ရပ္ရွ္ဖုိ့ ကို က်ြန္ေတာ္ တုိ့ ေစာင့္ၾကည့္ ေနၾက ပါတယ္ ”

” တစ္ကယ့္ ေတာ့ သူ့လို ကစားသမား ေလး တစ္ဦး က ယူနုိက္တက္ လို ၾကီးမားတဲ့ အသင္း အတြက္ တစ္ကယ့္ ကို အေရး ၾကီးတဲ့ တာဝန္ ေတြ ထမ္းေဆာင္ ဖုိ႔ ၊ ဂိုးေတြ သြင္းယူ ေပးဖုိ႔ ၊ ျခားနားခ်က္ ေတြ လုပ္ေဆာင္ ေပးသြားဖုိ့ သင့္ေတာ္ တဲ့ ကစား သမား တစ္ဦး မဟုတ္ဖူး လို့ ထင္ ပါတယ္ ”

” ဖာဂီ ရဲ့ လက္ေအာက္ မွာ ဆုိရင္ အဲ့တာ မ်ိဳးေတြ ျဖစ္ပြား မွာ မဟုတ္ ပါဘူး ။ ဒါေပမယ့္ ရပ္ရွ္ဖုိ့ က သူ့ရဲ့ အသက္ အရြယ္ အရ ၊ ေျခစြမ္း ပိုင္း အရ ဆုိရင္ ေတာ့ အသင္း စာရင္း ထဲ ပါဝင္ သင့္တဲ့ ကစားသမား ျဖစ္ေန ပါျပီ ။ ဒါေပမယ့္ အဓိက တာဝန္ ေတြ ထမ္းေဆာင္ ရမယ့္ ကစားသမား တစ္ဦး ေတာ့ မျဖစ္သင့္ေသး ပါဘူး ”

” သူနဲ့ ပတ္သက္လို့ ကေတာ့ တုိက္စစ္မွဴး ေနရာ ထက္ ေတာင္ပံ တုိက္စစ္ အျဖစ္ ကစား ေနပံု ကို ျမင္ေတြ့ ရတာ ဟာ ပိုျပီး ေကာင္းမြန္ လွ ပါတယ္ ။ တုိက္စစ္ သီးသန္း ကစား ရတဲ့ ေနရာ က ေျခစြမ္း ျပ ကစား နုိင္ဖုိ့ တစ္ကယ္ ပဲ ခက္ခဲ တဲ့ ေနရာ တစ္ခု ပါပဲ ”

” သူ့ ဆီမွာ ဂိုး ဧရိယာ အတြင္း အဂူရို လို ေျခစြမ္း မ်ိဳး ရွိ မေန ပါဘူး ။ ဒါေပမယ့္ သူ ေလ့လာ လို့ ရနုိင္ ပါ ေသးတယ္ ။ တစ္ခါ တေလ က်ရင္ သူဟာ ဂိုးေပါက္ အေရွ့ အံ့ဖြယ္ ေတြ လုပ္ျပ တက္ေပမယ့္ တစ္ခါ တရံ မွာေတာ့ ဂိုးသမား ေရွ့ေမွာက္ မွာ က်ရွံဳး သြားတက္ ပါတယ္ ”

” ဒါေပမယ့္ သူ့ဆီ မွာ တစ္ကယ့္ ကို ေကာင္းမြန္ တဲ့ အလား အလာ ေတြ ရွိေန ပါတယ္ ။ အကယ္လို့ သူ့ကို အခ်ိန္ ထပ္ ေပးမယ္ ဆုိရင္ သူဟာ ဂိုးေပါက္ အေရွ့ မွာ ယံုၾကည္ မွဳ အျပည့္ နဲ့ ဂိုးသြင္း ေသခ်ာ တဲ့ ေျခစြမ္း မွန္ တုိက္စစ္ ကစားသမား တစ္ဦး ျဖစ္လာ ပါ လိမ့္မယ္ ” လို့ ဂေရမီ ေဆာင္းနက္စ္ က ဆုိသြား ခဲ့လိုက္ ပါတယ္ ။

#Sports_Myanmar

Unicode

ချဲလ်ဆီးနဲ့ ပွဲစဉ် မတိုင်မီ ယူနိုက်တက် ကစားသမား နှစ်ဦး အပေါ် ပေါက်ကွဲလိုက်တဲ့ #ဆောင်းနက်စ်

==================

မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ချန်ပီယံ လိဂ် ပြိုင်ပွဲ မှာ ပါဝင် မနေ ရခြင်း အဓိက အကြောင်း အရင်း က တိုက်စစ်မှူး ( ဟောင်း ) လူကာကူ နဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဂ်ဘာ တို့ ကြောင့် ဖြစ်တယ် လို့ ဂရေမီ ဆောင်းနက်စ် က ဝေဖန် ထုုိးနှက် သွားခဲ့ လိုက် ပါတယ် ။

လူကာကူ ဟာ အပြောင်း အရွှေ့ နောက်ဆုံး ရက်မှာ အင်တာ မီလန် အသင်း ဆီ ပြောင်းရွှေ့ သွားခဲ့ သူ ဖြစ်ပြီး ပေါ့ဂ်ဘာ ကတော့ အပြောင်း အရွှေ့ မပိတ်သိမ်း မီ အသင်း ပြောင်းဖို့ အတွက် ရေပန်းစား နေသူ တစ်ဦး ပဲ ဖြစ် ပါတယ် ။

ယူနိုက်တက် ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက အမှတ်ပေး ဇယား အဆင့် 6 နေရာ နဲ့သာ ရာသီ ကုန်ဆုံး ခဲ့ရ ပြီး ဒီ အတွက် ဂရေမီ ဆောင်းနက်စ် က လူကာကူ နဲ့ ပေါ့ဂ်ဘာ တို့က အဓိက တရားခံ ဖြစ်ကြ တယ်လို့ ဆိုသွား ခဲ့လိုက် ပါတယ် ။

” အကယ်လို့ ကျွန်တော် သာ ယူနိုက်တက် အဝတ် လဲခန်း ထဲ မှာ ထိုင်နေ သူ တစ်ဦး ဆိုရင် လူကာကူ ထွက်ခွာ သွားတာ နဲ့ ပတ်သက် လို့ ပျော်ရွှင် နေမိ မှာပါ ။ ဒါ့အပြင် တိုက်ပွဲ ဝင်လိုစိတ် မရှိရင် ကျွန်တော့် ပေါ့ဂ်ဘာ ကိုလည်း အသင်း မှာ ရှိစေ လိုမှာ မဟုတ် ပါဘူး ။ သူ့ကို လည်း ထွက်ခွာ စေချင် မိမှာပါ ”

” ယူနိုက်တက် တို့ လက်ရှိ ဖြစ်ပေါ် နေတဲ့ ပြသနာ တွေ အတွက် သူတို့ တွေဟာ တာဝန် ရှိကြ ပါတယ် ။ လက်ရှိ အချိန် မှာ ပြောရမယ် ဆိုရင် တော့ အသင်း သား အားလုံး ကိုယ်စီ တာဝန် ရှိ ကြတာ ပေါ့ဗျာ ”

” အဲ့တာ တွေကို ဘေးဖယ် ထားလိုက် ပါ ၊ ယူနိုက်တက် တို့ ချန်ပီယံ လိဂ် ပြိုင်ပွဲ မှာ မပါဝင် ခဲ့ ရတဲ့ အတွက် အားလုံး က ကိုယ်စီ တာဝန် ရှိကြ ပါတယ် ”

” ရီးယဲ မက်ဒရစ် အသင်း ဟာ ပေါ့ဂ်ဘာ ရဲ့ ခြေစွမ်း အပေါ် မသင်္ကာ တာကြောင့် စျေးနည်းနည်း နဲ့ ရယူ ချင် နေတာ ပါ ။ အင်တာ ကလည်း လူကာကူ အတွက် ယူနိုက်တက် က တောင်းဆို ခဲ့တဲ့ ငွေကြေး ကို မပေးလို ခဲ့ ပါဘူး ။ လူကာကူ က ယူနိုက်တက် မှာ ဘာမှ ထူးတာ မလုပ် ခဲ့ဘူး လေ ”

” သူတို့ တွေက စီနီယာ ကစားသမား တွေ အဖြစ် ဒါကို တာဝန် မယူ ကြဘူး ဆိုရင် ဒီ အပြစ် တွေကို ရပ်ရှ်ဖို့ ( 21 နှစ် ) ဟာ ခံယူ ရပါ လိမ့်မယ် ။ သူဟာ အဲ့တာ တွေ ခံယူ ဖို့ အတွက် အဆင်သင့် မဖြစ် သေးဘူး လို့ ကျွန်တော် ထင် ပါတယ် ”

” ရပ်ရှ်ဖို့ အတွက် အချိန် တွေ အများကြီး ရှိနေ ပါ သေးတယ် ။ ဒါပေမယ့် ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက 10 ဂိုးလောက် သွင်းယူ ခဲ့တာ ထက် တစ် ရာသီ ဂိုး 20 လောက် သွင်းတဲ့ ၊ ပိုပြီး ခြေစွမ်း တည်ငြိမ် တဲ့ ရပ်ရှ်ဖို့ ကို ကျွန်တော် တို့ စောင့်ကြည့် နေကြ ပါတယ် ”

” တစ်ကယ့် တော့ သူ့လို ကစားသမား လေး တစ်ဦး က ယူနိုက်တက် လို ကြီးမားတဲ့ အသင်း အတွက် တစ်ကယ့် ကို အရေး ကြီးတဲ့ တာဝန် တွေ ထမ်းဆောင် ဖို့ ၊ ဂိုးတွေ သွင်းယူ ပေးဖို့ ၊ ခြားနားချက် တွေ လုပ်ဆောင် ပေးသွားဖို့ သင့်တော် တဲ့ ကစား သမား တစ်ဦး မဟုတ်ဖူး လို့ ထင် ပါတယ် ”

” ဖာဂီ ရဲ့ လက်အောက် မှာ ဆိုရင် အဲ့တာ မျိုးတွေ ဖြစ်ပွား မှာ မဟုတ် ပါဘူး ။ ဒါပေမယ့် ရပ်ရှ်ဖို့ က သူ့ရဲ့ အသက် အရွယ် အရ ၊ ခြေစွမ်း ပိုင်း အရ ဆိုရင် တော့ အသင်း စာရင်း ထဲ ပါဝင် သင့်တဲ့ ကစားသမား ဖြစ်နေ ပါပြီ ။ ဒါပေမယ့် အဓိက တာဝန် တွေ ထမ်းဆောင် ရမယ့် ကစားသမား တစ်ဦး တော့ မဖြစ်သင့်သေး ပါဘူး ”

” သူနဲ့ ပတ်သက်လို့ ကတော့ တိုက်စစ်မှူး နေရာ ထက် တောင်ပံ တိုက်စစ် အဖြစ် ကစား နေပုံ ကို မြင်တွေ့ ရတာ ဟာ ပိုပြီး ကောင်းမွန် လှ ပါတယ် ။ တိုက်စစ် သီးသန်း ကစား ရတဲ့ နေရာ က ခြေစွမ်း ပြ ကစား နိုင်ဖို့ တစ်ကယ် ပဲ ခက်ခဲ တဲ့ နေရာ တစ်ခု ပါပဲ ”

” သူ့ ဆီမှာ ဂိုး ဧရိယာ အတွင်း အဂူရို လို ခြေစွမ်း မျိုး ရှိ မနေ ပါဘူး ။ ဒါပေမယ့် သူ လေ့လာ လို့ ရနိုင် ပါ သေးတယ် ။ တစ်ခါ တလေ ကျရင် သူဟာ ဂိုးပေါက် အရှေ့ အံ့ဖွယ် တွေ လုပ်ပြ တက်ပေမယ့် တစ်ခါ တရံ မှာတော့ ဂိုးသမား ရှေ့မှောက် မှာ ကျရှုံး သွားတက် ပါတယ် ”

” ဒါပေမယ့် သူ့ဆီ မှာ တစ်ကယ့် ကို ကောင်းမွန် တဲ့ အလား အလာ တွေ ရှိနေ ပါတယ် ။ အကယ်လို့ သူ့ကို အချိန် ထပ် ပေးမယ် ဆိုရင် သူဟာ ဂိုးပေါက် အရှေ့ မှာ ယုံကြည် မှု အပြည့် နဲ့ ဂိုးသွင်း သေချာ တဲ့ ခြေစွမ်း မှန် တိုက်စစ် ကစားသမား တစ်ဦး ဖြစ်လာ ပါ လိမ့်မယ် ” လို့ ဂရေမီ ဆောင်းနက်စ် က ဆိုသွား ခဲ့လိုက် ပါတယ် ။

#Sports_Myanmar