ဆီဘယ္ေလာ့စ္

အာဆင္နယ္ အသင္း နည္းျပ အူႏုိင္း အမ္မရီ ဟာ ရီးရဲလ္မက္ဒရစ္ အသင္းကေန တစ္ရာသီ အငွား နဲ႔ ေျပာင္းေရႊ႕ ေရာက္ရွိလာတဲ့ ဆီဘယ္ေလာ့ ရဲ႕ စိတ္ဓတ္ ၾကံ႕ခုိင္မႈ အေပၚ ထုတ္ေဖာ္ ခ်ီးက်ဴ း သြားခဲ့ပါတယ္ ။ စပိန္ ကြင္းလယ္လူ ဆီဘာေလာစ့္ ဟာ သူ႔ရဲ႕ပထမဦးဆုံး ပြဲဦးထြက္ကုိ လုိင္ယြန္ အသင္းနဲ႔ ပြဲမွာ လူစားဝင္ ကစားခြင့္ရခဲ့ျပီး ေျခစြမ္းျပ ကစားႏုိင္ခဲ့တာေၾကာင့္ ပရိသတ္ေတြရဲ႕ အားေပး ခ်ီးက်ဴ းမႈကုိ ရရွိခဲ့ပါတယ္ ။

ဂန္းနားတုိ႔ဟာ ဆီဘယ္ေလာစ့္ ကုိ ကာဇုိလာ လုိ ထြန္းေတာက္လာမယ့္ ကစားသမားလုိ႔ ခ်ီးက်ဴ း ခဲ့ၾကျပီး စပိန္သား ကုိ အျပီးသတ္ ဝယ္ယူဖုိ႔ တုိက္တြန္းမႈေတြလည္း ရွိေနပါတယ္ ။ ဆီဘယ္ေလာစ့္ ကေတာ့ ကာဇုိလာ ရဲ႕ ေျခရာကုိ နင္းႏုိင္ဖုိ႔ ၾကိဳးစားသြားမွာ ျဖစ္ေၾကာင္း နဲ႕အာဆင္နယ္ အသင္းနဲ႔ အတူ သမုိင္း မွတ္တုိင္သစ္ တစ္ခု စုိက္ထူ ခ်င္ေၾကာင္း ဆုိထားပါတယ္ ။

ဆီဘယ္ေလာ့စ္ ဟာ ျပီးခဲ့တဲ့ တစ္ပတ္တုန္းက ကစားခဲ့တဲ့ ဘာစီလုိနာ အသင္းနဲ႔ ပြဲမွာ ေျခခ်င္းဝတ္ ဒဏ္ရာ ရရွိခဲ့ေပမယ့္ ေနာက္တစ္ရက္မွာပဲ အသင္း နဲ႔ ေလ့က်င့္ခန္း ဆင္းဖုိ႔ လာေရာက္ခဲ့တာေၾကာင့္ အံ့ၾသသင့္ခဲ့ မိေၾကာင္း အူႏုိင္း အမ္မရီက Sky Sports နဲ႔ အင္တာဗ်ဴ းမွာ ေျပာၾကား သြားခဲ့ပါတယ္ ။

အမ္မရီ က ” ဆီဘယ္ေလာစ့္ က စိတ္ဓတ္ပုိင္း ဆုိင္ရာ အရမ္း ၾကံ႕ခုိင္ပါတယ္ ။ ျပီးခဲ့တဲ့ တနဂၤေႏြတုန္းက သူ႔ရဲ႕ ေျခခ်င္းဝတ္ကုိ အေနာက္ကေန ကန္ခံလုိက္ရတာကုိ ေတြ႕ရေတာ့ က်ေနာ္ျဖင့္ က်ဴ ိးသြားေလာက္ျပီလုိ႔ ထင္မိတာပါ ။ ”

” တနလၤာေန႔လည္း က်ေရာ ပုံမွန္အတုိင္း ေလ့က်င့္ခန္း လာဆင္းပါတယ္ ။ သူက ‘ က်ေနာ္ ဘာမွမျဖစ္ဘူး ။ သက္သာတယ္ ။ ေလ့က်င့္ခန္း ဆင္းမယ္ ။ ‘ လုိ႕ ေျပာပါတယ္ ။ ေလ့က်င့္ခန္း ဆင္းတဲ့ ေန႔တုိင္း သူ႔ရဲ႕ ရည္မွန္းၾကီးဘယ္ေလာက္ၾကီးတယ္ ၊ ပြဲထြက္ခြင့္ ဘယ္ေလာက္ ဆာေလာင္ ေနသလဲဆုိတာကုိ ျပသႏုိင္သူပါ ။ အသင္းမွာ ဆီဘယ္ေလာ့စ္ လုိ ကစားသမားမ်ဴ ိး လုိအပ္တယ္လုိ႔ ထင္ပါတယ္ ။ ” လုိ႔ ေျပာၾကား သြားခဲ့ပါတယ္ ။

အသက္ ၂၂ ႏွစ္ အရြယ္သာ ရွိေသးတဲ့ ဆီဘယ္ေလာ့ ဟာ စပိန္ ယူ-၂၁ အသင္းကုိ ယူရုိ ယူ-၂၁ ခ်န္ပီယံ ျဖစ္ေအာင္ ဦးေဆာင္ ကစား နုိင္ခဲ့ပီး ႏွစ္ဂုိး သြင္းယူကာ ဂုိးဖန္တီးမႈ ႏွစ္ၾကိမ္ ျပဳ လုပ္ နုိင္ခဲ့ပါတယ္ ။ ဆီဘယ္ေလာ့ ဟာ ပုိလန္ ယူ-၂၁ အသင္းကုိ ငါးဂုိးျပတ္ အနုိင္ရတဲ့ပြဲမွာလည္း ဖရီးကေန တစ္ဆင့္ သြင္းဂုိး တစ္ဂုိး ရယူနုိင္ခဲ့ပါေသးတယ္ ။

ဆီဘယ္ေလာစ့္ ဟာ ပေရာ္ဖက္ရွင္နယ္ ကစားသမား ဘဝကုိ ရီးရဲလ္ ဘက္တစ္ အသင္းမွာ စတင္ခဲ့ပါတယ္ ။၂၀၁၇ ခုႏွစ္မွာ ဆီဘယ္ေလာစ့္ ဟာ ဘက္တစ္ အသင္းကေန ရီးရဲလ္မက္ဒရစ္ အသင္းကုိ ေျပာင္းေရႊ႕ခဲ့ျပီး ဘာေနဗ်ဴ းမွာ ပုံမွန္ ပြဲထြက္ခြင့္ မရရွိတာေၾကာင့္ အာဆင္နယ္ အသင္းကုိ တစ္ရာသီအငွားနဲ႔ ေျပာင္းေရႊ႕လာတာလည္း ျဖစ္ပါတယ္ ။

အာဆင္နယ္ အသင္းဟာ ပရီးမီးယားလိဂ္ အဖြင့္ပြဲစဥ္ အျဖစ္ ယေန႔ ျမန္မာ စံေတာ္ခ်ိန္ ည ၇: ၃၀ မွာ နယူးကာဆယ္ အသင္း အိမ္ကြင္း စိန္႔ဂ်ိမ္းပ့ါခ္မွာ သြားေရာက္ ယွဥ္ျပိဳင္ ကစားရမွာလည္း ျဖစ္ပါတယ္ ။ ဆီဘယ္ေလာစ့္ ဟာ ယေန႔ည အာဆင္နယ္ အသင္းရဲ႕ပြဲထြက္ လူစာရင္းမွာ ပါဝင္လာဖြယ္ ရွိေနပါတယ္ ။

SPORTS MYANMAR

Unicode

ကစားသမားသစ် ဆီဘယ်လော့စ် ရဲ့ စိတ်ဓတ်ခိုင်မာမှုကို ချီးကျူ းလိုက်တဲ့ #အူနိုင်း အမ်မရီ
============================

အာဆင်နယ် အသင်း နည်းပြ အူနိုင်း အမ်မရီ ဟာ ရီးရဲလ်မက်ဒရစ် အသင်းကနေ တစ်ရာသီ အငှား နဲ့ ပြောင်းရွှေ့ ရောက်ရှိလာတဲ့ ဆီဘယ်လော့ ရဲ့ စိတ်ဓတ် ကြံ့ခိုင်မှု အပေါ် ထုတ်ဖော် ချီးကျူ း သွားခဲ့ပါတယ် ။ စပိန် ကွင်းလယ်လူ ဆီဘာလောစ့် ဟာ သူ့ရဲ့ပထမဦးဆုံး ပွဲဦးထွက်ကို လိုင်ယွန် အသင်းနဲ့ ပွဲမှာ လူစားဝင် ကစားခွင့်ရခဲ့ပြီး ခြေစွမ်းပြ ကစားနိုင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ အားပေး ချီးကျူ းမှုကို ရရှိခဲ့ပါတယ် ။

ဂန်းနားတို့ဟာ ဆီဘယ်လောစ့် ကို ကာဇိုလာ လို ထွန်းတောက်လာမယ့် ကစားသမားလို့ ချီးကျူ း ခဲ့ကြပြီး စပိန်သား ကို အပြီးသတ် ဝယ်ယူဖို့ တိုက်တွန်းမှုတွေလည်း ရှိနေပါတယ် ။ ဆီဘယ်လောစ့် ကတော့ ကာဇိုလာ ရဲ့ ခြေရာကို နင်းနိုင်ဖို့ ကြိုးစားသွားမှာ ဖြစ်ကြောင်း နဲ့အာဆင်နယ် အသင်းနဲ့ အတူ သမိုင်း မှတ်တိုင်သစ် တစ်ခု စိုက်ထူ ချင်ကြောင်း ဆိုထားပါတယ် ။

ဆီဘယ်လော့စ် ဟာ ပြီးခဲ့တဲ့ တစ်ပတ်တုန်းက ကစားခဲ့တဲ့ ဘာစီလိုနာ အသင်းနဲ့ ပွဲမှာ ခြေချင်းဝတ် ဒဏ်ရာ ရရှိခဲ့ပေမယ့် နောက်တစ်ရက်မှာပဲ အသင်း နဲ့ လေ့ကျင့်ခန်း ဆင်းဖို့ လာရောက်ခဲ့တာကြောင့် အံ့သြသင့်ခဲ့ မိကြောင်း အူနိုင်း အမ်မရီက Sky Sports နဲ့ အင်တာဗျူ းမှာ ပြောကြား သွားခဲ့ပါတယ် ။

အမ်မရီ က ” ဆီဘယ်လောစ့် က စိတ်ဓတ်ပိုင်း ဆိုင်ရာ အရမ်း ကြံ့ခိုင်ပါတယ် ။ ပြီးခဲ့တဲ့ တနင်္ဂနွေတုန်းက သူ့ရဲ့ ခြေချင်းဝတ်ကို အနောက်ကနေ ကန်ခံလိုက်ရတာကို တွေ့ရတော့ ကျနော်ဖြင့် ကျူ ိးသွားလောက်ပြီလို့ ထင်မိတာပါ ။ ”

” တနင်္လာနေ့လည်း ကျရော ပုံမှန်အတိုင်း လေ့ကျင့်ခန်း လာဆင်းပါတယ် ။ သူက ‘ ကျနော် ဘာမှမဖြစ်ဘူး ။ သက်သာတယ် ။ လေ့ကျင့်ခန်း ဆင်းမယ် ။ ‘ လို့ ပြောပါတယ် ။ လေ့ကျင့်ခန်း ဆင်းတဲ့ နေ့တိုင်း သူ့ရဲ့ ရည်မှန်းကြီးဘယ်လောက်ကြီးတယ် ၊ ပွဲထွက်ခွင့် ဘယ်လောက် ဆာလောင် နေသလဲဆိုတာကို ပြသနိုင်သူပါ ။ အသင်းမှာ ဆီဘယ်လော့စ် လို ကစားသမားမျူ ိး လိုအပ်တယ်လို့ ထင်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

အသက် ၂၂ နှစ် အရွယ်သာ ရှိသေးတဲ့ ဆီဘယ်လော့ ဟာ စပိန် ယူ-၂၁ အသင်းကို ယူရို ယူ-၂၁ ချန်ပီယံ ဖြစ်အောင် ဦးဆောင် ကစား နိုင်ခဲ့ပီး နှစ်ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု နှစ်ကြိမ် ပြု လုပ် နိုင်ခဲ့ပါတယ် ။ ဆီဘယ်လော့ ဟာ ပိုလန် ယူ-၂၁ အသင်းကို ငါးဂိုးပြတ် အနိုင်ရတဲ့ပွဲမှာလည်း ဖရီးကနေ တစ်ဆင့် သွင်းဂိုး တစ်ဂိုး ရယူနိုင်ခဲ့ပါသေးတယ် ။

ဆီဘယ်လောစ့် ဟာ ပရော်ဖက်ရှင်နယ် ကစားသမား ဘဝကို ရီးရဲလ် ဘက်တစ် အသင်းမှာ စတင်ခဲ့ပါတယ် ။၂၀၁၇ ခုနှစ်မှာ ဆီဘယ်လောစ့် ဟာ ဘက်တစ် အသင်းကနေ ရီးရဲလ်မက်ဒရစ် အသင်းကို ပြောင်းရွှေ့ခဲ့ပြီး ဘာနေဗျူ းမှာ ပုံမှန် ပွဲထွက်ခွင့် မရရှိတာကြောင့် အာဆင်နယ် အသင်းကို တစ်ရာသီအငှားနဲ့ ပြောင်းရွှေ့လာတာလည်း ဖြစ်ပါတယ် ။

အာဆင်နယ် အသင်းဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် အဖြစ် ယနေ့ မြန်မာ စံတော်ချိန် ည ရ: ၃၀ မှာ နယူးကာဆယ် အသင်း အိမ်ကွင်း စိန့်ဂျိမ်းပ့ါခ်မှာ သွားရောက် ယှဉ်ပြိုင် ကစားရမှာလည်း ဖြစ်ပါတယ် ။ ဆီဘယ်လောစ့် ဟာ ယနေ့ည အာဆင်နယ် အသင်းရဲ့ပွဲထွက် လူစာရင်းမှာ ပါဝင်လာဖွယ် ရှိနေပါတယ် ။

SPORTS MYANMAR