အခုနှစ်အတွက် ဘလွန်းဒီအောဆုကြီးကို ရရှိဖို့ ရေပန်း အစားဆုံးကစားသမား တွေထဲက တဦးအဖြစ်တော့ လီဗာပူး ခံစစ် မှူး ဗန်ဒိုက်က ရှိနေတာဖြစ်ပါတယ်။ဒါပေမယ့် ကာယကံရှင်ကစားသမား ကတော့ အသင်းမှာရှိနေတဲ့ လူငယ်တွေရဲ့ စံပြနမူနာကစားသမား တဦးအဖြစ် ရှိနေနိုင်ဖို့ကိုပဲအာရုံစိုက်နေပါတယ်။

ဗန်ဒိုက်ဟာ လက်စတာအသင်းကနေ ယူနိုက်တက် ကိုပြောင်းရွှေ့ကြေး ပေါင်သန်း ၈၀ နဲ့ပြောင်းလာခဲ့တဲ့ မက်ဂွိုင်းယား မတိုင် မီက ကမ္ဘာ့ဈေးအကြီးဆုံး ခံစစ်ကစားသမား အဖြစ်ရပ်တည်နေခဲ့သေးတာဖြစ်ပါတယ်။အဆိုပါ တန်ကြေးနဲ့ ထိုက်တန် လွန်း မကတန်လွန်းသူဖြစ်တယ်ဆိုတာကိုလည်း ယမန်နှစ် ပြိုင်ပွဲစုံမှာပြသခဲ့တဲ့ သူ့ရဲ့ ခြေစွမ်းတွေက သက်သေပဲဖြစ်ပါတယ်။

ဗန်ဒိုက်ဟာ လီဗာပူး အသင်းကို ရမှတ်၉၇မှတ်နဲ့ ပရီးမီးယားလိဂ်မှာ ဒုတိယနေရာရရှိအောင်ပေးဂိုးအနည်းဆုံးနဲ့ စွမ်းဆောင်ပေးနိုင်ခဲ့သလို ၂၀၀၅ နောက်ပိုင်းချန်ပီယံလိဂ်မှာ ဗိုလ်စွဲနိုင်အောင်ကူညီပေးနိုင်ခဲ့ပါတယ်။ဒါ့အပြင် ဟော်လန် အသင်းကို ဦးဆောင်ပြီး UEFA NATIONS LEAGUE မှာ ဒုတိယဆုရရှိစေခဲ့ပါတယ်။

Netherlands’ defender Virgil van Dijk walks past the trophy after the UEFA Nations League final football match between Portugal and The Netherlands at the Dragao Stadium in Porto on June 9, 2019. (Photo by GABRIEL BOUYS / AFP)

အခုလို စွမ်းဆောင်ပေးနိုင်ခဲ့မှုတွေကြောင့်လည်း ၂၀၀၆ ခုနှစ်မှာ ဘလွန်းဒီအောဆုရခဲ့တဲ့ ကန်နဗာရို နောက်ပိုင်း ဒီဆုကို ပြန်ရရှိမယ့် ပထမဆုံး ခံစစ်မှူး အဖြစ် အများရဲ့ တစ်ပေးခြင်းခံထားခဲ့ရတာဖြစ်ပါတယ်။ဒါပေမယ့် ဗန်ဒိုက်ကတော့ အခုလို ရလဒ်မျိုးထွက်နေတဲ့ အပေါ်ဘာမှ မှတ်ချက်ပေးစရာမရှိဘူးလို့ဆိုလိုက်ပြီး ပိုတိုးတက်ဖို့ကိုပဲ အာရုံစိုက်ထားတယ်လို့ဆိုပါတယ်။

အင်တာဗျူးတခုမှာ ဗန်ဒိုက်က – ” ဘလွန်းဒီအော အတွက် ရေပန်းစားနေသူတွေထဲ မှာ တဦးအပါအဝင်ဖြစ်နေခွင့်ရတာကတော့ ကျေနပ်ပျော်ရွှင်စရာပေါ့ဗျာ။ဒါပေမယ့် ကျွန်တော်စိတ်လွှမ်းမိုးနိုင်တာဆိုလို့ ပွဲတွေမှာ ကောင်းကောင်းကစားဖို့ပဲဖြစ်ပါတယ်။

ကျွန်တော့်အတွက် မဲ တခုမှမရရင်တောင် မဲလာပေးသူတွေက အခြေအနေအချိန်အခါနဲ့ သင့်တော်မယ့်သူကိုရွေးချယ်ကြမယ်ဆိုတာကျိန်းသေပါတယ်။ကျွန်တော့်ကို ရွေးလိုက်ကြရင်တော့အတော်လေးကို ဂုဏ်ယူမိမှာဖြစ်ပါတယ်။ဒါပေမယ့် အရွေးမခံရရင်လည်း ကမ္ဘာကြီးက မပြီးဆုံးသေးပါဘူး။

လူတိုင်းကတော့ ကိုယ့်အမြင်နဲ့ ကိုယ်ရှိကြပါတယ်။ဒါပေမယ့် ကျွန်တော်ကလည်း စိတ်ခံစားချက် ကောင်းကောင်းရှိနေပါတယ်။ကျွန်တော်ဆက်ပြီး ကောင်းအောင်လုပ်နိုင်ပါသေးတယ် ” လို့ပြောခဲ့ပါတယ်။

ဗန်ဒိုက်ဟာ ရာသီသစ် အဖွင့်ပွဲစဉ်အဖြစ် နောဝှစ်ခ်ျနဲ့ ပွဲမှာ ပါဝင်သွားခဲ့ပြီး သွင်းဂိုးတဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ဒါပေမယ့်သူ့ရဲ့ခြေစွမ်းအပေါ် မကျေနပ်သေးပဲလူငယ်တွေရဲ့ နမူနာအဖြစ် ကြိုးစားသွားဦးမယ်လို့ သူကဆိုပါတယ်။

ဗန်ဒိုက်က ဆက်လက်ပြီး – ” တိုးတက်ကောင်းမွန်စရာတွေ အများကြီးရှိနေပါသေးတယ်။ကျွန်တော်လုပ်ချင်တဲ့ တခုတည်းသောအရာကတော့ ဆက်ကြိုးစားပြီးပွဲတွေအတွင်း အရာရာဆက်ပြီးပေးဆပ်နေဖို့ ဖြစ်ပါတယ်။

လေ့ကျင့်ရေးအစီအစဉ်မှာလည်းအတူတူပဲဖြစ်ပါတယ်။ကျွန်တော်ဟာ မဲဝုဒ် ကွင်းကို ရောက်လာတဲ့ သက်တမ်းအလိုက် လူငယ်တွေ အားလုံးရဲ့ စံနမူနာကောင်းတယောက်ဖြစ်ချင်ပါတယ်။ဒါပေမယ့်ကျွန်တော်က ဆက်ပြီးပိုကောင်းနေရမှာဖြစ်သလို အခြားသူတွေလည်းအတူတူပါပဲ။ဒါဟာ ကျွန်တော်ခံစားနေရတဲ့ လုပ်ချင်တဲ့ အရာတခုဖြစ်ပါတယ်” လို့ပြောခဲ့ပါတယ်။

SM