Lampard

ချယ်လ်ဆီး အသင်း ဟာ ယခုနှစ် ဘောလုံး ရာသီ အပြောင်းအရွှေ့ မှာ အဓိက တောင်ပံ တိုက်စစ် ကစားသမား အီဒင် ဟာဇတ် ကို ရီးရဲလ် မက်ဒရစ် အသင်း ထံသို့ ပေါင် ၈၈ သန်း နဲ့ ရောင်းချ ခဲ့ရသလို ၊ နောက်ထပ် ကစားသမားသစ် ခေါ်ယူခွင့်ပါ အပိတ် ခံထား ရလို့ ဒီနှစ် ဘောလုံး ရာသီ အဓိက ဆုဖလား တွေကို စိန်ခေါ် နိုင်ဖို့ အတွက် ချယ်လ်ဆီး အသင်း အဖို့ အားနည်းမှု တွေ ရှိနိုင်ပါတယ် ။

ထို့အပြင် ချယ်လ်ဆီး အသင်း မှာ မန်နေဂျာ အပြောင်းအလဲ လည်း ဖြစ်ပေါ် ခဲ့ပြီး နည်းပြဟောင်း မော်ရစ်ဇီယို ဆာရီ ဟာ ဂျူဗင်တပ် အသင်း သို့ ၃နှစ် စာချုပ် နဲ့ ပြောင်းရွှေ့ သွားခဲ့သလို ၊ ဂန္တဝင် ကွင်းလယ်လူဟောင်း ဖရန့် လမ်းပတ် က ချယ်လ်ဆီး အသင်း ထံသို့ နည်းပြသစ် အဖြစ် ပြန်ပြီး ရောက်ရှိ လာခဲ့ပါတယ် ။

တဖက် မှာလည်း လူဝယ်ခွင့် မရှိတဲ့ ချယ်လ်ဆီး အသင်း ဟာ အကယ်ဒမီ ထွက် လူငယ် ခြေတက် အများအပြား ကို အခွင့်အရေး ပေးလာဖို့ ရှိနေပြီး ရာသီကြို ခြေစမ်းပွဲ တွေမှာ လမ်းပတ် ဟာ လူငယ် ကစားသမား တွေကို ပွဲထွက်ခွင့် ကိုယ်စီ ပေးခဲ့ပါတယ် ။ ချယ်လ်ဆီး တိုက်စစ်မှူး ဟောင်း ခရစ်ဆပ်တွန် က ချယ်လ်ဆီး အသင်း ဟာ ဒီနှစ် ဘောလုံး ရာသီ မှာ ချန်ပီယံဆု တွေ အတွက် တိုက်ပွဲ မဝင် နိုင်တော့ပေမယ့် ချန်ပီယံလိဂ် ဝင်ခွင့် တိုက်ပွဲ အတွက်တော့ ပါဝင် ဆင်နွှဲ နိုင်သေးတယ် လို့ ယုံကြည် နေပါတယ် ။

Goal နဲ့ အင်တာဗျူး မှာ ဆပ်တွန် က ” ချယ်လ်ဆီး အသင်း ဟာ မန်စီးတီး ၊ လီဗာပူး တို့ကို ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် စိန်ခေါ် နိုင်မယ် လို့ ထင်လား ? ကျွန်တော့ အမြင် ရတော့ သူတို့ လုံးဝ စိန်မခေါ်နိုင်ဘူး လို့ ထင်ပါတယ် ။ ကျန်တဲ့ အဆင့် ၃ နဲ့ ၄ နေရာ ကို ရယူဖို့ ချယ်လ်ဆီး ၊ တော့တင်ဟမ် ၊ မန်ချက်စတာ ယူနိုက်တက် ၊ အာဆင်နယ် တို့ ၄သင်း ကပဲ ဆက်ပြီး တိုက်ပွဲ ဝင်ရမှာ ဖြစ်ပါတယ် ။ ”

” အရိုသားဆုံး စဉ်းစား ရမယ် ဆိုရင် ချယ်လ်ဆီး အသင်း ဟာ ဒီရာသီ မှာ ချန်ပီယံဆု အတွက် ကြိုးစား လာမှာ မဟုတ်ပါဘူး ။ ဒါပေမယ့် အန်တိုနီယို ကွန်တီ ချယ်လ်ဆီး ကို ကိုင်တွယ် စဉ်တုန်းက သူတို့ဟာ အဆင့် ၁၀ ကနေ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်အောင် လုပ်ဆောင် နိုင်ခဲ့ကြပါတယ် ။ ကျွန်တော် တို့ ကြိုက်သည် ဖြစ်စေ ၊ မကြိုက်သည် ဖြစ်စေ ၊ မနှစ် က ဆိုရင်လည်း ချယ်လ်ဆီး အသင်း ဟာ အီဒင် ဟာဇတ် ရဲ့ အစွမ်း နဲ့ ချန်ပီယံလိဂ် ဝင်ခွင့် ပြန်လည် ရရှိ ခဲ့ပါတယ် ။ ”

” အဆင့် ၃ နဲ့ ယူရိုပါလိဂ် ချန်ပီယံဆု ကို ချယ်လ်ဆီး အသင်း ပိုင်ဆိုင် ခဲ့ပါတယ် ။ လူတချို့ ကတော့ ဆာရီ ရဲ့ စွမ်းဆောင်ချက် တော်တယ် လို့ ယူဆ ကြပါတယ် ။ ဒါပေမယ့် ချယ်လ်ဆီး အသင်း ရဲ့ နောက်ကွယ် က အကြောင်းအရာ တွေက မရိုးရှင်းပါဘူး ။ ပြီးခဲ့တဲ့ ရာသီ တခုလုံး အတွင်း မှာ မကောင်းတဲ့ ကောလဟလ တွေနဲ့ပဲ ပြည့်နေခဲ့ပါတယ် ။ ကစားသမား တွေက မန်နေဂျာ ကို ကြိုက်ရော ကြိုက်ရဲ့လား ဆိုတဲ့ မေးခွန်း တွေလည်း ရှိခဲ့ပါတယ် ။ ”

” အဓိက အဖြစ်အပျက် တခု ကို ပြောရမယ် ဆိုရင် ကာရာဘောင် ဖလား ဖိုင်နယ် က ကီပါ နဲ့ ဆာရီ တို့ရဲ့ အချင်းများမှုပါ ။ ဒါဟာ နည်းပြ တယောက် ကလပ် တသင်း မှာ ရေရှည် မရှိနေနိုင်ဘူး ဆိုတဲ့ လက္ခဏာ ဖြစ်ပါတယ် ။ ဆာရီ ဟာ ချယ်လ်ဆီး အသင်း ကို ကိုင်တွယ် လာတဲ့ နည်းပြ တွေထဲမှာ လျှို့ဝှက်ချက် ကို ထိန်းချုပ်မှု အနည်းဆုံး နည်းပြ ဖြစ်ခဲ့တဲ့ ပုံပေါ် နေပါတယ် ။ ဒီ အခြေအနေ တွေနဲ့ ကစားသမားသစ် ခေါ်ယူခွင့် အပိတ်ခံ ထားရတွေကြောင့် ဒီနှစ် ဘောလုံး ရာသီ ကို ချယ်လ်ဆီး အသင်း မတူညီတဲ့ နည်းလမ်းနဲ့ ချဉ်းကပ် ရပါတော့မယ် ။ ”

” နည်းပြသစ် အဖြစ် ခေါ်ယူ ထားတဲ့ ဖရန့် ( လမ်းပတ် ) အပေါ် သူတို့ စိတ်ရှည်မှု အပြည့် ရှိရပါမယ် ။ သူဟာ လက်ထောက် နည်းပြ အဖြစ် ဂျိုဒီ မောရစ် ကိုပါ တပါတည်း ခေါ်လာ ခဲ့ပါတယ် ။ ချယ်လ်ဆီး ပရိသတ် အများစု ကတော့ ဒီနှစ် ဘောလုံး ရာသီ မှာ သူတို့ဟာ ပရီးမီးယားလိဂ် ထိပ်ဆုံး ၂နေရာ ကိုတော့ မမျှော်မှန်း သင့်ဘူး ဆိုတာ လက်ခံ ကြမှာပါ ။ ဒါပေမယ့် ဒါဟာ အဆင့် ၄ အတွင်း စွမ်းဆောင်ဖို့ အရည်အချင်း မပြည့်မှီ သေးဘူး ဆိုတာတော့ သူတို့ ယုံကြည်ကြမှာ မဟုတ်ပါဘူး ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR