ဂယ္ရီလိုင္နီကာ က ဒီရာသီ ပရီးမီးယားလိဂ္ ဖလား ကို လီဗာပူး အသင္း ဗုိလ္စြဲ သြားလိမ့္မယ္လို႕ ေထာက္ခံလိုက္ျပီး မန္ခ်က္စတာစီးတီး အသင္းနဲ႕ ျပင္းထန္တဲ့ Title race ကို ေနာက္တစ္ခါ ျမင္ေတြ႕ ရအံုးမယ္လို႕ ခန္႕မွန္းလိုက္ ပါတယ္။ လီဗာပူး ဟာ ျပီးခဲ့တဲ့ ေသာၾကာေန႕ ပရီးမီးယားလိဂ္ ရာသီ အဖြင့္ပြဲစဥ္ ကုိ အေကာင္းဆံုး စတင္ ႏိုင္ခဲ့ျပီး တန္းတက္ ေနာ့၀ွစ္ အသင္းကို အန္ဖီးမွာ ၄-၁ နဲ႕ အႏိုု္င္ ရရွိ ခဲ့ပါတယ္။

မန္ခ်က္စတာစီးတီး အသင္း ကလည္း ၃ ရာသီဆက္ ပရီးမီးယားလိဂ္ ခ်န္ပီယံဆု အတြက္ အဆင္သင့္ ျဖစ္ေနတယ္ ဆုိတာကို မေန႕ညက ၀က္ဟမ္း ကို လန္ဒန္စေတဒီယမ္ မွာ ၅ – ၀ နဲ႕ ဂုိးျပတ္ အႏုိင္ယူကာ သက္ေသ ျပခဲ့ပါတယ္။ ဒါ့အျပင္ ခ်န္ပီယံလိဂ္ ဒုတိယဆုရွင္ ေတာ့တင္ဟမ္ ကလည္း အေကာင္းဆံုး အေနအထားမွာ မရွိေသး ေပမယ့္ တန္းတက္ အက္စတြန္ဗီလာ ကို ၃ – ၁ နဲ႕ အႏုိင္ ရရွိ ခဲ့ပါတယ္။

လီဗာပူး အတြက္ စိုးရိမ္ စရာ တစ္ခု ကေတာ့ ေျခသလံုး ဒဏ္ရာေၾကာင့္ ၄ ပတ္ ကေန ၈ ပတ္ အထိ အနားယူ ရမယ့္ အလီဆြန္ ရဲ႕ အေရးပဲ ျဖစ္ပါတယ္။

လိုင္နီကာ က “အလီဆြန္ဟာ တစ္လေက်ာ္ေလာက္ နားရမယ္လို႕ သတင္းေတြ အရ ကၽြန္ေတာ္ သိရပါတယ္။ ဒါဟာ ျခားနားမွဳကို ျဖစ္ရင္ ျဖစ္သြားေစ ႏုိင္ပါတယ္။ ကၽြန္ေတာ္ ကေတာ့ ဒီရာသီ ပရီးမီးယားလိဂ္ ဖလား အတြက္ ဒီႏွစ္သင္းပဲ အၾကိတ္အနယ္ ျပိဳင္ဆိုင္ ရလိမ့္မယ္လို႕ ထင္ပါတယ္။

မေန႕က ပြဲေတြ မတုိင္မီ အထိ ကၽြန္ေတာ္ဟာ လီဗာပူးလို႕ပဲ ေျပာေန ခဲ့ပါတယ္။ သူတုိ႕ ၄-၁ နဲ႕ ႏုိင္လိုက္တယ္ ဆုိတဲ့ အခ်က္နဲ႕ ကၽြန္ေတာ္ ေျပာတာ မဟုတ္ပါဘူး။ ဘာမွ ေျပာင္းလဲလို႕ မရပါဘူး။ ဒါေပမယ့္ ကၽြန္ေတာ့္ အျမင္ကေတာ့ ၃ ရာသီဆက္ အမွတ္ေပးဖလား အတြက္ ကုိယ့္ကိုကုိယ္ စိတ္ဓာတ္ ျမွင့္တင္ဖို႕ ဗိုလ္စြဲဖို႕ ဆုိတာ အရမ္းကို ခက္ခဲတယ္လို႕ ထင္ပါတယ္။ ပရီးမီးယားလိဂ္ မွာ ဒါမ်ိဳးကို ျမင္ေတြ႕ ခဲ့ျပီးသား ျဖစ္ပါတယ္။

ပက္ဂြာဒီယုိလာ ဟာ ပရီးမီးယားလိဂ္ ဖလား ကို ၂ ရာသီဆက္ ဗုိလ္စြဲေအာင ္လုပ္ႏုိ္င္တယ္ ဆုိတာ သက္ေသ ျပခဲ့ပါတယ္။ သူ႕ကို ေက်ာ္ျပီး ေရြးရတာ သိပ္မလြယ္ ေပမယ့္ လီဗာပူး ကိုပဲ ေရြးလိ္ုက္ပါတယ္။” လို႕ ဆုိသြား ပါတယ္။

စပါး ၊ အဲဗာတန္ နဲ႕ အဂၤလန္ တုိက္စစ္မွဳးေဟာင္းက ဒီရာသီ Top 4 အတြက္လည္း ယခုလို ခန္႕မွန္းေပး လိုက္ပါတယ္။

လိုင္နီကာ က “ေတာ့တင္ဟမ္ဟာ ျပီးခဲ့တဲ့ အေျပာင္းအေရြ႕မွာ ကစားသမားေကာင္း အခ်ိဳ႕ ေခၚယူ ခဲ့ျပီး ေကာင္းမြန္တဲ့ အားျဖည့္မွဳ လုပ္ခဲ့ ပါတယ္။ သူတုိ႕ဟာ အသင္းေကာင္း ျဖစ္ပါတယ္။ ကၽြန္ေတာ္ကေတာ့ သူတုိ႕ဟာ ဒီရာသီ မွာလည္း Top 4 ကို ထပ္၀င္လိမ့္မယ္လို႕ ထင္ပါတယ္။

စီးတီးနဲ႕ လီဗာပူး တုိ႕ကေတာ့ အျခား အသင္းေတြထက္ ေခါင္းတစ္လံုး သာေန အံုးမွာပါ။ ဒါေပမယ့္ ကြာဟခ်က္ဟာ မႏွစ္ကထက္ အနည္းငယ္ ေလ်ာ့သြားမယ္လို႕ ကၽြန္ေတာ္ ထင္ပါတယ္။ ေတာ့တင္ဟမ္ ကုိေတာ့ ကၽြန္ေတ္ာ တတိယ ေနရာ ေပးခ်င္ပါတယ္။ စတုတၳေနရာ အတြက္ ကေတာ့ က်န္ ၃သင္း ထဲက တစ္သင္း ပါပဲ။ ေတာ့တင္ဟမ္ အေနနဲ႕ ျပီးခဲ့တဲ့ ရာသီကေလာက္ေတာင့္ ထက္ျမက္ ေနမွာ မဟုတ္ေလာက္ ပါဘူး။ ဒါေပမယ့္ သူတုိ႕ Top 4 ထဲေတာ့ ၀င္ပါလိမ့္မယ္။” လို႕ ေျပာသြား ပါတယ္။

SM

Unicode

 

ဂယ်ရီလိုင်နီကာ ခန့်မှန်း ပေးလို်က်တဲ့ ပရီးမီးယားလိဂ် Title race နဲ့ Top 4

ဂယ်ရီလိုင်နီကာ က ဒီရာသီ ပရီးမီးယားလိဂ် ဖလား ကို လီဗာပူး အသင်း ဗိုလ်စွဲ သွားလိမ့်မယ်လို့ ထောက်ခံလိုက်ပြီး မန်ချက်စတာစီးတီး အသင်းနဲ့ ပြင်းထန်တဲ့ Title race ကို နောက်တစ်ခါ မြင်တွေ့ ရအုံးမယ်လို့ ခန့်မှန်းလိုက် ပါတယ်။ လီဗာပူး ဟာ ပြီးခဲ့တဲ့ သောကြာနေ့ ပရီးမီးယားလိဂ် ရာသီ အဖွင့်ပွဲစဉ် ကို အကောင်းဆုံး စတင် နိုင်ခဲ့ပြီး တန်းတက် နော့ဝှစ် အသင်းကို အန်ဖီးမှာ ၄-၁ နဲ့ အနိုု်င် ရရှိ ခဲ့ပါတယ်။

မန်ချက်စတာစီးတီး အသင်း ကလည်း ၃ ရာသီဆက် ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် အဆင်သင့် ဖြစ်နေတယ် ဆိုတာကို မနေ့ညက ၀က်ဟမ်း ကို လန်ဒန်စတေဒီယမ် မှာ ၅ – ၀ နဲ့ ဂိုးပြတ် အနိုင်ယူကာ သက်သေ ပြခဲ့ပါတယ်။ ဒါ့အပြင် ချန်ပီယံလိဂ် ဒုတိယဆုရှင် တော့တင်ဟမ် ကလည်း အကောင်းဆုံး အနေအထားမှာ မရှိသေး ပေမယ့် တန်းတက် အက်စတွန်ဗီလာ ကို ၃ – ၁ နဲ့ အနိုင် ရရှိ ခဲ့ပါတယ်။

လီဗာပူး အတွက် စိုးရိမ် စရာ တစ်ခု ကတော့ ခြေသလုံး ဒဏ်ရာကြောင့် ၄ ပတ် ကနေ ၈ ပတ် အထိ အနားယူ ရမယ့် အလီဆွန် ရဲ့ အရေးပဲ ဖြစ်ပါတယ်။

လိုင်နီကာ က “အလီဆွန်ဟာ တစ်လကျော်လောက် နားရမယ်လို့ သတင်းတွေ အရ ကျွန်တော် သိရပါတယ်။ ဒါဟာ ခြားနားမှုကို ဖြစ်ရင် ဖြစ်သွားစေ နိုင်ပါတယ်။ ကျွန်တော် ကတော့ ဒီရာသီ ပရီးမီးယားလိဂ် ဖလား အတွက် ဒီနှစ်သင်းပဲ အကြိတ်အနယ် ပြိုင်ဆိုင် ရလိမ့်မယ်လို့ ထင်ပါတယ်။

မနေ့က ပွဲတွေ မတိုင်မီ အထိ ကျွန်တော်ဟာ လီဗာပူးလို့ပဲ ပြောနေ ခဲ့ပါတယ်။ သူတို့ ၄-၁ နဲ့ နိုင်လိုက်တယ် ဆိုတဲ့ အချက်နဲ့ ကျွန်တော် ပြောတာ မဟုတ်ပါဘူး။ ဘာမှ ပြောင်းလဲလို့ မရပါဘူး။ ဒါပေမယ့် ကျွန်တော့် အမြင်ကတော့ ၃ ရာသီဆက် အမှတ်ပေးဖလား အတွက် ကိုယ့်ကိုကိုယ် စိတ်ဓာတ် မြှင့်တင်ဖို့ ဗိုလ်စွဲဖို့ ဆိုတာ အရမ်းကို ခက်ခဲတယ်လို့ ထင်ပါတယ်။ ပရီးမီးယားလိဂ် မှာ ဒါမျိုးကို မြင်တွေ့ ခဲ့ပြီးသား ဖြစ်ပါတယ်။

ပက်ဂွာဒီယိုလာ ဟာ ပရီးမီးယားလိဂ် ဖလား ကို ၂ ရာသီဆက် ဗိုလ်စွဲအောင ်လုပ်နို်င်တယ် ဆိုတာ သက်သေ ပြခဲ့ပါတယ်။ သူ့ကို ကျော်ပြီး ရွေးရတာ သိပ်မလွယ် ပေမယ့် လီဗာပူး ကိုပဲ ရွေးလိ်ုက်ပါတယ်။” လို့ ဆိုသွား ပါတယ်။

စပါး ၊ အဲဗာတန် နဲ့ အင်္ဂလန် တိုက်စစ်မှုးဟောင်းက ဒီရာသီ Top 4 အတွက်လည်း ယခုလို ခန့်မှန်းပေး လိုက်ပါတယ်။

လိုင်နီကာ က “တော့တင်ဟမ်ဟာ ပြီးခဲ့တဲ့ အပြောင်းအရွေ့မှာ ကစားသမားကောင်း အချို့ ခေါ်ယူ ခဲ့ပြီး ကောင်းမွန်တဲ့ အားဖြည့်မှု လုပ်ခဲ့ ပါတယ်။ သူတို့ဟာ အသင်းကောင်း ဖြစ်ပါတယ်။ ကျွန်တော်ကတော့ သူတို့ဟာ ဒီရာသီ မှာလည်း Top 4 ကို ထပ်ဝင်လိမ့်မယ်လို့ ထင်ပါတယ်။

စီးတီးနဲ့ လီဗာပူး တို့ကတော့ အခြား အသင်းတွေထက် ခေါင်းတစ်လုံး သာနေ အုံးမှာပါ။ ဒါပေမယ့် ကွာဟချက်ဟာ မနှစ်ကထက် အနည်းငယ် လျော့သွားမယ်လို့ ကျွန်တော် ထင်ပါတယ်။ တော့တင်ဟမ် ကိုတော့ ကျွန်တေ်ာ တတိယ နေရာ ပေးချင်ပါတယ်။ စတုတ္ထနေရာ အတွက် ကတော့ ကျန် ၃သင်း ထဲက တစ်သင်း ပါပဲ။ တော့တင်ဟမ် အနေနဲ့ ပြီးခဲ့တဲ့ ရာသီကလောက်တောင့် ထက်မြက် နေမှာ မဟုတ်လောက် ပါဘူး။ ဒါပေမယ့် သူတို့ Top 4 ထဲတော့ ၀င်ပါလိမ့်မယ်။” လို့ ပြောသွား ပါတယ်။

SM