မိုဟာမက္ဆာလား ဟာ လီဗာပူး လူငယ္ပရိတ္သတ္ေလး တစ္ဦးကို ေပ်ာ္ရႊင္ေစခဲ့ၿပီး အဆိုပါ ေကာင္ေလးဟာ ၎ရဲ႕ ဟီး႐ိုး ျဖစ္သူရဲ႕ ကားေနာက္ကို ေျပးလိုက္ကာ လက္ျပႏႈတ္ဆက္ဖို႔ ႀကိဳးစားရင္း ထိခိုက္ဒဏ္ရာ ရ႐ွိ သြားခဲ့တာ ျဖစ္ပါတယ္။ အသက္ ၁၁ ႏွစ္အရြယ္ လူးဝစ္ေဖာင္လာ နဲ႔ ၎ရဲ႕ ညီျဖစ္သူ အသက္ ၁၀ ႏွစ္အရြယ္ အီဆာ တို႔ဟာ အီဂ်စ္စတား မဲဝုဒ္ ေလ့က်င့္ေရးကြင္း ကေန ထြက္ခြာလာတာကို ျမင္လိုက္ရတဲ့ အခ်ိန္မွာ အေတာ္ စိတ္လႈပ္ရွား ခဲ့ၾကၿပီး ၎တို႔ရဲ႕ ႏႈတ္ဆက္မႈကို ဆာလား ပိုျမင္ေစဖို႔ အတြက္ လီဗာပူး တိုက္စစ္မႈးရဲ႕ ဘန္တေလ ကားေနာက္ကို ေျပးလိုက္ခဲ့ပါတယ္။
ကားေနာက္ကို စိတ္လႈပ္ရွားစြာ ေျပးလိုက္ရင္းနဲ႔ပဲ လူးဝစ္ဟာ ေ႐ွ႕မွာ ႐ွိေနတဲ့ လမ္းမီးတိုင္ကို မျမင္မိဘဲ ၎ရဲ႕ ေခါင္းနဲ႔ တိုက္မိခဲ့ကာ လဲက်သြားခဲ့ ပါတယ္။ ဒီအျဖစ္အပ်က္ကို ျမင္ေတြ႔ သြားခဲ့တဲ့ ဆာလားဟာ သူ႔ရဲ႕ ကားကို ခ်က္ခ်င္းလွည့္ကာ လူးဝစ္ အိုေကသလား ဆိုတာ လာၾကည့္ခဲ့ၿပီး အဲဒီေနာက္ အဆိုပါ ညီအကို ႏွစ္ဦးကို အိမ္ျပန္လိုက္ပို႔ ခဲ့ပါတယ္။
ေကာင္ေလးေတြရဲ႕ ပေထြး ျဖစ္သူ ဂ်ိဳးေကာ့ပါးက “ကြၽန္ေတာ္တို႔ဟာ မဲဝုဒ္ရဲ႕ မ်က္ႏွာခ်င္းဆိုင္မွာ ေနၾကပါတယ္။ သူတို႔ ႏွစ္ေယာက္ဟာ ေက်ာင္းပိတ္ရက္မွာ သူတို႔ ဟီး႐ိုးေတြနဲ႔ ဓာတ္ပံု႐ိုက္ဖို႔ပဲ ႀကိဳးစား ေနခဲ့ၾကတာပါ။ မိုဆာလားဟာ မဲဝုဒ္ ေလ့က်င့္ေရးကြင္း ကေန ေနာက္ဆံုး ထြက္လာခဲ့တဲ့ လီဗာပူး ကစားသမားေတြ ထဲက တစ္ဦး ျဖစ္ပါတယ္။ ေကာင္ေလးေတြဟာ သူ႔ရဲ႕ အာရံုစိုက္မႈကို ရဖို႔အတြက္ လိုက္ၿပီး လက္ျပႏႈတ္ဆက္ ခဲ့ၾကပါတယ္။
ကံမေကာင္းစြာနဲ႔ လူးဝစ္ဟာ ကားေနာက္ကို ေျပးလိုက္ရင္း လမ္းမီးတိုက္နဲ႔ တိုက္ခဲ့ၿပီး ေျမေပၚ လဲက်သြားခ်ိန္မွာ ႏွာေခါင္းေသြးထြက္ ခဲ့ပါတယ္။” လို႔ ေျပာသြားပါတယ္။
အဆိုပါ ထိခိုက္မႈ ၿပီးေနာက္ လူးဝစ္ ကို လီဗာပူး မွာ ႐ွိတဲ့ Alder Hey ကေလးေဆးရံုကို သြားျပခဲ့ၿပီး အဲဒီမတိုင္မီ မိုဆာလားရဲ႕ ၾကင္နာမႈ ကေတာ့ လူးဝစ္ကုိ နာက်င္မႈ ကင္းစင္ သြားေစမွာ ေသခ်ာပါတယ္။
ဆက္လက္ၿပီး ဂ်ိဳးက “မိုဆာလား အိမ္ကို ေရာက္လာတဲ့ အခ်ိန္မွာ ေကာင္ေလးေတြ ဘာေတြ လုပ္လိုက္သလဲ မသိဘူး ဆိုၿပီး ကြၽန္ေတာ္တို႔ စဥ္းစား ေနခဲ့ၾကပါတယ္။ ေနာက္မွ သိရတာကေတာ့ သူဟာ ေကာင္ေလး တစ္ဦး ထိခိုက္သြားတာကို ျမင္လိုက္ရတဲ့ အတြက္ ကားကို ခ်က္ခ်င္း ျပန္လွည့္ၿပီး အေျခအေန သြားၾကည့္ခဲ့တာလို႔ ေျပာပါတယ္။ ဘယ္သူမွ ဒါကို မယံုၾကည္ ႏိုင္ပါဘူး။ သူေရာက္လာတဲ့ အခ်ိန္မွာ အားလံုးဟာ အံ့ၾသတႀကီး ျဖစ္ခဲ့ၾကပါတယ္။
မုိဟာ ကားေပၚက ဆင္းကာ ေကာင္ေလးေတြ အဆင္ေျပ သလား ဆိုတာ သြားေမးခဲ့ၿပီး သူတို႔နဲ႔ ဖက္လွဲတကင္း လုပ္ကာ ဓာတ္ပံု တြဲ႐ိုက္ေပး ခဲ့ပါတယ္။ သူတို႔ ႏွစ္ဦးစလံုး အလိုခ်င္ဆံုးက ဒါပဲ ျဖစ္ပါတယ္။ ေကာင္ေလး ႏွစ္ဦးစလံုး ေပ်ာ္ရႊင္ ခဲ့ၾကၿပီး လူးဝစ္ ဆိုရင္ ဒဏ္ရာရခဲ့တာေတာင္ ေမ့သြား ခဲ့ၾကပါတယ္။ ကားကို ခ်က္ခ်င္း ျပန္လွည္ၿပီး ေကာင္ေလးေတြ အိုေကသလား ဆိုတာ စိုးရိမ္တႀကီး လာၾကည့္ခဲ့တဲ့ မုိဆာလားရဲ႕ လုပ္ရပ္ ကေတာ့ ရင္ကို ထိေစပါတယ္။
ဒါဟာ သူလုပ္ခဲ့တဲ့ အမွား မဟုတ္ေပမယ့္ ဆာလားဟာ ကြၽန္ေတာ္တို႔ကို ေတာင္းပန္ ခဲ့ပါေသးတယ္။ ကြၽန္ေတာ္ သူ႔ကို အရမ္း ေက်းဇူးတင္တယ္လို႔ ေျပာခ်င္ပါတယ္။ သူဟာ တကယ့္ကို စိတ္ဓာတ္ေကာင္းတဲ့ လူပါပဲ။ မိုဆာလား ဟာ သူတို႔ရဲ႕ ဟီး႐ိုး တစ္ဦးပါ။ ေကာင္ေလးေတြ အရမ္း ေပ်ာ္ခဲ့ ၾကပါတယ္။” လို႔ ဆိုသြားပါတယ္။
SM
Unicode
လီဗာပူးပရိတ်သတ်လေး တစ်ဦးအပေါ် ကြင်နာခဲ့တဲ့ အပြုအမူကြောင့် ချီးကျူးမှုတွေ ခံနေရတဲ့ မိုဆာလား
မိုဟာမက်ဆာလား ဟာ လီဗာပူး လူငယ်ပရိတ်သတ်လေး တစ်ဦးကို ပျော်ရွှင်စေခဲ့ပြီး အဆိုပါ ကောင်လေးဟာ ၎င်းရဲ့ ဟီးရိုး ဖြစ်သူရဲ့ ကားနောက်ကို ပြေးလိုက်ကာ လက်ပြနှုတ်ဆက်ဖို့ ကြိုးစားရင်း ထိခိုက်ဒဏ်ရာ ရရှိ သွားခဲ့တာ ဖြစ်ပါတယ်။ အသက် ၁၁ နှစ်အရွယ် လူးဝစ်ဖောင်လာ နဲ့ ၎င်းရဲ့ ညီဖြစ်သူ အသက် ၁၀ နှစ်အရွယ် အီဆာ တို့ဟာ အီဂျစ်စတား မဲဝုဒ် လေ့ကျင့်ရေးကွင်း ကနေ ထွက်ခွာလာတာကို မြင်လိုက်ရတဲ့ အချိန်မှာ အတော် စိတ်လှုပ်ရှား ခဲ့ကြပြီး ၎င်းတို့ရဲ့ နှုတ်ဆက်မှုကို ဆာလား ပိုမြင်စေဖို့ အတွက် လီဗာပူး တိုက်စစ်မှုးရဲ့ ဘန်တလေ ကားနောက်ကို ပြေးလိုက်ခဲ့ပါတယ်။
ကားနောက်ကို စိတ်လှုပ်ရှားစွာ ပြေးလိုက်ရင်းနဲ့ပဲ လူးဝစ်ဟာ ရှေ့မှာ ရှိနေတဲ့ လမ်းမီးတိုင်ကို မမြင်မိဘဲ ၎င်းရဲ့ ခေါင်းနဲ့ တိုက်မိခဲ့ကာ လဲကျသွားခဲ့ ပါတယ်။ ဒီအဖြစ်အပျက်ကို မြင်တွေ့ သွားခဲ့တဲ့ ဆာလားဟာ သူ့ရဲ့ ကားကို ချက်ချင်းလှည့်ကာ လူးဝစ် အိုကေသလား ဆိုတာ လာကြည့်ခဲ့ပြီး အဲဒီနောက် အဆိုပါ ညီအကို နှစ်ဦးကို အိမ်ပြန်လိုက်ပို့ ခဲ့ပါတယ်။
ကောင်လေးတွေရဲ့ ပထွေး ဖြစ်သူ ဂျိုးကော့ပါးက “ကျွန်တော်တို့ဟာ မဲဝုဒ်ရဲ့ မျက်နှာချင်းဆိုင်မှာ နေကြပါတယ်။ သူတို့ နှစ်ယောက်ဟာ ကျောင်းပိတ်ရက်မှာ သူတို့ ဟီးရိုးတွေနဲ့ ဓာတ်ပုံရိုက်ဖို့ပဲ ကြိုးစား နေခဲ့ကြတာပါ။ မိုဆာလားဟာ မဲဝုဒ် လေ့ကျင့်ရေးကွင်း ကနေ နောက်ဆုံး ထွက်လာခဲ့တဲ့ လီဗာပူး ကစားသမားတွေ ထဲက တစ်ဦး ဖြစ်ပါတယ်။ ကောင်လေးတွေဟာ သူ့ရဲ့ အာရုံစိုက်မှုကို ရဖို့အတွက် လိုက်ပြီး လက်ပြနှုတ်ဆက် ခဲ့ကြပါတယ်။
ကံမကောင်းစွာနဲ့ လူးဝစ်ဟာ ကားနောက်ကို ပြေးလိုက်ရင်း လမ်းမီးတိုက်နဲ့ တိုက်ခဲ့ပြီး မြေပေါ် လဲကျသွားချိန်မှာ နှာခေါင်းသွေးထွက် ခဲ့ပါတယ်။” လို့ ပြောသွားပါတယ်။
အဆိုပါ ထိခိုက်မှု ပြီးနောက် လူးဝစ် ကို လီဗာပူး မှာ ရှိတဲ့ Alder Hey ကလေးဆေးရုံကို သွားပြခဲ့ပြီး အဲဒီမတိုင်မီ မိုဆာလားရဲ့ ကြင်နာမှု ကတော့ လူးဝစ်ကို နာကျင်မှု ကင်းစင် သွားစေမှာ သေချာပါတယ်။
ဆက်လက်ပြီး ဂျိုးက “မိုဆာလား အိမ်ကို ရောက်လာတဲ့ အချိန်မှာ ကောင်လေးတွေ ဘာတွေ လုပ်လိုက်သလဲ မသိဘူး ဆိုပြီး ကျွန်တော်တို့ စဉ်းစား နေခဲ့ကြပါတယ်။ နောက်မှ သိရတာကတော့ သူဟာ ကောင်လေး တစ်ဦး ထိခိုက်သွားတာကို မြင်လိုက်ရတဲ့ အတွက် ကားကို ချက်ချင်း ပြန်လှည့်ပြီး အခြေအနေ သွားကြည့်ခဲ့တာလို့ ပြောပါတယ်။ ဘယ်သူမှ ဒါကို မယုံကြည် နိုင်ပါဘူး။ သူရောက်လာတဲ့ အချိန်မှာ အားလုံးဟာ အံ့သြတကြီး ဖြစ်ခဲ့ကြပါတယ်။
မိုဟာ ကားပေါ်က ဆင်းကာ ကောင်လေးတွေ အဆင်ပြေ သလား ဆိုတာ သွားမေးခဲ့ပြီး သူတို့နဲ့ ဖက်လှဲတကင်း လုပ်ကာ ဓာတ်ပုံ တွဲရိုက်ပေး ခဲ့ပါတယ်။ သူတို့ နှစ်ဦးစလုံး အလိုချင်ဆုံးက ဒါပဲ ဖြစ်ပါတယ်။ ကောင်လေး နှစ်ဦးစလုံး ပျော်ရွှင် ခဲ့ကြပြီး လူးဝစ် ဆိုရင် ဒဏ်ရာရခဲ့တာတောင် မေ့သွား ခဲ့ကြပါတယ်။ ကားကို ချက်ချင်း ပြန်လှည်ပြီး ကောင်လေးတွေ အိုကေသလား ဆိုတာ စိုးရိမ်တကြီး လာကြည့်ခဲ့တဲ့ မိုဆာလားရဲ့ လုပ်ရပ် ကတော့ ရင်ကို ထိစေပါတယ်။
ဒါဟာ သူလုပ်ခဲ့တဲ့ အမှား မဟုတ်ပေမယ့် ဆာလားဟာ ကျွန်တော်တို့ကို တောင်းပန် ခဲ့ပါသေးတယ်။ ကျွန်တော် သူ့ကို အရမ်း ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်။ သူဟာ တကယ့်ကို စိတ်ဓာတ်ကောင်းတဲ့ လူပါပဲ။ မိုဆာလား ဟာ သူတို့ရဲ့ ဟီးရိုး တစ်ဦးပါ။ ကောင်လေးတွေ အရမ်း ပျော်ခဲ့ ကြပါတယ်။” လို့ ဆိုသွားပါတယ်။
SM