အိမ်ရှင် နယူးကာဆယ် အသင်းဟာ အဖွင့်ပွဲစဉ်မှာ လူစုံတက်စုံ နဲ့ ပွဲထွက် လာခဲ့ပြီး ၃-၅-၁-၁ ကစားကွက်ကို ခင်းကျင်း လာခဲ့ပါတယ် ။ ဂိုးသမားနေရာမှာ ဒူဗရက်ကာ ၊ နောက်တန်းမှာ ဖေဘီယန်ရှား ၊ လက်ဆဲလ်လက်စ် ၊ ဒန်းမတ် ၊ ကွင်းလယ်မှာတော့ မန်ကွင်လို ၊ ရှယ်ဗေး ၊ ဟေဒင် ၊ လောင်းစတပ်ဖ် ၊ ရစ်ချီ တို့နဲ့ ပွဲထွက်လာခဲ့ပါတယ် ။ တိုက်စစ်ကိုတော့ ဂျိုလင်တန် နဲ့ အယ်မီရွန်တို့က ဦးဆောင်လာခဲ့ပါတယ် ။

ဧည့်သည် အာဆင်နယ် အသင်းကတော့ ၄-၂-၃-၁ ကစားကွက်နဲ့ ပွဲထွက် လာခဲ့ပြီး ဂိုးသမား နေရာမှာ လီနို ၊ နောက်တန်းမှာတော့ မိတ်လန်နိုင်းလ်စ် ၊ ချိန်ဘာ ၊ ဆိုကရက်တစ် ၊ မွန်ရီရဲလ် တို့ကို အသုံးပြု ခဲ့ပါတယ် ။ ကွင်းလယ်မှာတော့ ရှာကာ နဲ့ ဂွမ်ဒူဇီ တို့ကို တွဲပေးခဲ့ပြီး တောင်ပံနှစ်ဖက်မှာတော့ မီခီတာရန်း ၊ နယ်လ်ဆင် တို့ကို ထားကစားခဲ့ပါတယ် ။

အထောင် တိုက်စစ်မှူး အဖြစ် အူဘာမီယန်းကို ပွဲထွက်လာခဲ့ပြီး သူ့နောက်မှာတော့ ဂျိုးဝီးလော့က လိုက်ပါကစားခဲ့ပါတယ် ။ အသင်းခေါင်းဆောင် အဖြစ် ကွင်းလယ်လူ ရှာကာ က တာဝန်ယူခဲ့ပါတယ် ။ အရန်လူစာရင်းမှာတော့ မာတီနက်ဇ် ၊ လူးဝဇ် ၊ တော်ရီးယား ၊ ဆီဘယ်လောစ့် ၊ ပီပီ ၊ မာတီနယ်လီ ၊ လာကာဇက် တို့ ပါဝင်ခဲ့ပါတယ် ။

ပွဲအစပိုင်းမှာ အာဆင်နယ် အသင်းဟာ ဘောလုံး ပိုင်ဆိုင်မှု အသာစီး နဲ့ ကစားနိုင်ခဲ့ပေမယ့် နယူးကာဆယ် အသင်းဘက်က နေရာလွတ် မရှိအောင် ပိတ်ဆို့ တားစီးထားတာကြောင့် ဂိုးသွင်းခွင့် ရရှိခဲ့ခြင်းတော့ မရှိပါဘူး ။ နယူးကာဆယ် အသင်းကလည်း အယ်မီရွန် ရဲ့ မြန်နှုန်းမြင့် ကစားအားကို အားကိုးပြီး အာဆင်နယ် နောက်တန်းကို ဖိအားပေးဖို့ ကြိုးစားခဲ့ပေမယ့် သိပ်တော့ အရာမထင်ခဲ့ပါဘူး ။

ပွဲချိန် ၁၆ မိနစ်မှာ အယ်မီရွန် ဂိုးဧရိယာ ထဲမှာ ဟန်ဆောင်လဲချ ခဲ့တာကြောင့် ဒိုင်လူကြီး အက်ကင်ဆန် က ဒီပွဲရဲ့ပထမဆုံး အဝါကဒ် ပြသ သတိပေးခဲ့ပါတယ် ။ ပွဲချိန် ၁၉ မိနစ်မှာ နယူးကာဆယ် ကွင်းလယ်လူ ရှယ်ဗေး ရဲ့ အဝေးကန်ချက် လှပ ကောင်းမွန် ခဲ့ပေမယ့် ဘေးတိုင် ထိထွက်သွားခဲ့တာကြောင့် အာဆင်နယ် အသင်း သက်သာရာ ရခဲ့ပါတယ် ။

Newcastle United’s Brazilian striker Joelinton (R) runs away from Arsenal’s Swiss midfielder Granit Xhaka (L) during the English Premier League football match between Newcastle United and Arsenal at St James’ Park in Newcastle-upon-Tyne, north east England on August 11, 2019. – Arsenal won the game 1-0. (Photo by Lindsey Parnaby / AFP) / RESTRICTED TO EDITORIAL USE. No use with unauthorized audio, video, data, fixture lists, club/league logos or ‘live’ services. Online in-match use limited to 120 images. An additional 40 images may be used in extra time. No video emulation. Social media in-match use limited to 120 images. An additional 40 images may be used in extra time. No use in betting publications, games or single club/league/player publications. /

ပွဲချိန် ၂၃ မိနစ်မှာ မွန်ရီရဲလ် ချိုးပေးလိုက်တဲ့ ဘောလုံးကို မီခီတာရန်း အပိုင် ကန်သွင်းခွင့် ရခဲ့ပေမယ့် ဂိုးပေါက်နဲ့ အတော်လေး လွဲချော် သွားခဲ့ပါတယ် ။ နှစ်မိနစ် အကြာမှာတော့ ဖေဘီယန်ရှားကို ကစားပုံ ကြမ်းတမ်းခဲ့တဲ့ နယ်လ်ဆင် အဝါကဒ် ပြသ သတိပေး ခံခဲ့ရပါတယ် ။

ပွဲချိန် ၃၀ မိနစ်မှာ တန်ပြန်တိုက်စစ် ကနေတစ်ဆင့် အာဆင်နယ် အသင်း အပိုင် အခွင့်အရေး တစ်ကြိမ် ရခဲ့ပြီး မီခီတာရန်း ရဲ့ ပေးပို့မှုကို အူဘာမီယန်း အဆုံးသတ် ကန်သွင်းရာမှာ နယူးကာဆယ် ဂိုးသမား ဒူဗရက်ကာ လက်စွမ်းပြ ကာကွယ် သွားခဲ့ပါတယ် ။

နောက်ပိုင်းမှာတော့ အာဆင်နယ် အသင်းဟာ ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ကစားနိုင်ခဲ့ပြီး တွဲလုံးတွေ ကောင်းမွန်ခဲ့ပေမယ့် ထိရောက်တဲ့ ဂိုးပေါက် ခြိမ်းခြောက်မှု မပြုလုပ်နိုင်ခဲ့တာကြောင့် ပထမပိုင်းမှာ ဂိုးမရှိသရေ ရလဒ် နဲ့သာ ပြီးဆုံး သွားခဲ့ပါတယ် ။

ပွဲချိန် ၅၁ မိနစ်မှာ အူဘာမီယန်း ရဲ့ ကန်ချက် နယူးကာဆယ် နောက်ခံလူ နဲ့ ထိသွားခဲ့တာကြောင့် ထောင့်ကန်ဘောပဲ ဖြစ်သွား ခဲ့ရပါတယ် ။ Goal !!!!! ပွဲချိန် ၅၈ မိနစ်မှာ အာဆင်နယ် အသင်း ဦးဆောင်ဂိုး စတင် ရရှိ သွားခဲ့ပြီး မိတ်လန်နိုင်းလ်စ် ရဲ့ တိကျတဲ့ ဖြတ်တင် ပေးပို့မှုကို အူဘာမီယန်း က ညာခြေနဲ့ အဆုံးသတ် ကန်သွင်း ယူခဲ့တာပါ ။

အူဘာမီယန်း ဟာ သူ့ရဲ့ ပရီးမီးယားလိဂ် ပွဲ ၅၀ မြောက်မှာ ၂၀၁၉-၂၀၂၀ ခုနှစ် အတွက် အာဆင်နယ် အသင်း ရဲ့ ပရီးမီးယားလိဂ် အဖွင့်ဂိုး ကို သွင်းယူ နိုင်ခဲ့တာလည်း ဖြစ်ပါတယ် ။ အူဘာမီယန်း ဟာ ပရီးမီးယားလိဂ် ပွဲဦးထွက် စတင် ကစားခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလက စလို့ ယခုအချိန်အထိ ၃၃ ဂိုးသွင်းယူထားနိုင်ပြီး သူ့ထက် ဂိုးပိုသွင်းထားတဲ့ ကစားသမားဆိုလို့ ဆာလက်ရှ် ( ၃၆ ဂိုး )တစ်ဦးတည်းသာ ရှိပါတယ်။

ပွဲချိန် မိနစ် ၆၄ မှာတော့ အာဆင်နယ် အသင်းဟာ ပထမဆုံး အကြိမ် လူစားလဲမှု အဖြစ် ဝီးလော့ နေရာမှာ အသစ် ခေါ်ယူထားတဲ့ ဆီဘယ်လောစ့်ကို ထည့်သွင်း အသုံးပြု ခဲ့ပါတယ် ။ ပွဲချိန် မိနစ် ၇၀ မှာတော့ အာဆင်နယ် ပရိသတ်တွေ မျှော်လင့်နေတဲ့ လူစားလဲမှုကို နည်းပြ အူနိုင်း အမ်မရီ ပြုလုပ်ခဲ့ပြီး နယ်လ်ဆင် နေရာမှာ နီကိုလပ်စ် ပီပီ ကို လူစားလဲ ထည့်သွင်းခဲ့ပါတယ် ။

နီကိုလပ်စ် ပီပီ အတွက်တော့ နယူးကာဆယ် အသင်းနဲ့ ပွဲဟာ သူ့ရဲ့ အာဆင်နယ် အသင်း ကစားသမားဘဝ ပထမဆုံးပွဲ ဖြစ်လာခဲ့သလို ပထမဆုံး ပရီးမီးယားလိဂ် ပွဲဦးထွက်လည်း ဖြစ်လာခဲ့ပါတယ် ။ ဒါပေမယ့်လည်း အာဆင်နယ် အသင်းဟာ မီခီတာရန်း ရဲ့ ဘယ်ခြမ်းကိုသာ အားပြု ကစားနေတာကြောင့် နီကိုလပ်စ် ပီပီ ဆီ ဘာလုံး သိပ်မရောက်ပဲ ဖြစ်နေခဲ့ပါတယ် ။

နယူးကာဆယ် အသင်း ရဲ့ လူစားဝင် ကစားသမား မက်ဆီမင် ရဲ့ တိုးအား ၊ ရုန်းအား ဟာ အာဆင်နယ် အသင်း နောက်တန်းကို အခက်တွေ့စေခဲ့ပြီး ထိန်းချူ ပ်ရ ခက်ခဲ နေခဲ့ပါတယ် ။ လက်ကျန် ပွဲချိန်တွေမှာတော့ အာဆင်နယ် အသင်း ဟာ ပွဲကို ထိန်းချူပ် ကစားသွားခဲ့ပြီး လိုအပ်နေတဲ့ အနိုင် သုံးမှတ်ကို အရယူ သွားခဲ့ပါတယ် ။

Arsenal’s Spanish head coach Unai Emery gestures on the touchline during the English Premier League football match between Newcastle United and Arsenal at St James’ Park in Newcastle-upon-Tyne, north east England on August 11, 2019. – Arsenal won the game 1-0. (Photo by Lindsey Parnaby / AFP) / RESTRICTED TO EDITORIAL USE. No use with unauthorized audio, video, data, fixture lists, club/league logos or ‘live’ services. Online in-match use limited to 120 images. An additional 40 images may be used in extra time. No video emulation. Social media in-match use limited to 120 images. An additional 40 images may be used in extra time. No use in betting publications, games or single club/league/player publications. /

အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ ရာသီတုန်းက တစ်ရာသီလုံးမှာမှ အဝေးကွင်း Clean-Sheet တစ်ပွဲသာ ရယူနိုင်ခဲ့ပြီး အဆိုပါ စံချိန်ကို အဖွင့် ပွဲစဉ်မှာတင် လိုက်မှီ သွားခဲ့တာ ဖြစ်ပါတယ် ။ ဒီနေ့ပွဲမှာ ခြေစွမ်းပြ ကစားနိုင်ခဲ့တဲ့ သူဆိုရင်တော့ အာဆင်နယ်အသင်း ရဲ့ တစ်လုံးတည်းသော အနိုင်ဂိုး ကို ပုံဖော် ခဲ့ကြတဲ့ မိတ်လန်နိုင်းလ်စ် နဲ့ အူဘာမီယန်း တို့ ကို ညွှန်းဆိုရမှာပါ ။

မိတ်လန်နိုင်းလ်စ် ဟာ အူဘာမီယန်း ရဲ့ သွင်းဂိုးကို တိကျတဲ့ ပေးပို့မှုနဲ့ ပြုလုပ်နိုင်ခဲ့သလို တိုက်စစ်ကော ခံစစ်ကော အကောင်းဆုံး လိုက်ပါ ကစားနိုင်ခဲ့ပါတယ် ။အူဘာမီယန်း ကတော့ သူ့ရဲ့ပါတနာ လာကာဇက် မကစားနိုင်တဲ့ အချိန်မှာ အသင်းရဲ့ တိုက်စစ်ကို ဦးဆောင် ကစားသွားနိုင်ခဲ့ပြီး အဖိုးတန် အနိုင်ဂိုးကိုလည်း သွင်းယူ ပေးခဲ့ပါတယ် ။

ဒီနေ့ပွဲမှာ အာဆင်နယ် အသင်းရဲ့ အကောင်းဆုံး လူစာရင်း နဲ့ အကောင်းဆုံး ကစားပုံကို မြင်တွေ့ခဲ့ရခြင်း မရှိပေမယ့် အဖွင့်ပွဲစဉ်မှာ နိုင်ပွဲ ရယူနိုင်ခဲ့တဲ့အတွက် ကျေနပ်စရာပါ ။ အာဆင်နယ် အသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် ( ၂ ) အဖြစ် လာမယ့် အပတ် စနေနေ့မှာ ဘန်လေ အသင
ကို အိမ်ကွင်းမှာ ဧည့်ခံ ယှဉ်ပြိုင် ကစားသွားရမှာလည်း ဖြစ်ပါတယ် ။

SPORTS MYANMAR