ခရစ္စတယ္ပဲေလ့စ္ ကြင္းလယ္လူ လူကာ မီလီဗုိဂ်ီဗစ္က လီဗာပူး အသင္း ရရွိ ခဲ့တဲ့ ပင္နယ္တီ ကို မုိဟာမက္ဆာလား အေနနဲ႕ ဒုိင္လူၾကီး မုိက္ကယ္ အုိလီဗာ ကုိ ပင္နယ္တီ အျဖစ္ မသတ္ေပးဖုိ႕ သြားေရာက္ ေျပာဆုိရန္ တုိက္တြန္း ခဲ့တယ္လို႕ ဖြင့္ဟ ခဲ့ျပီး အီဂ်စ္ လက္ေရြးစင္ ဟာ ပင္နယ္တီ ဧရိယာ အတြင္း လြယ္လြယ္ ကူကူ ပဲ လဲက် ခဲ့တယ္လုိ႕ ဆုိသြား ပါတယ္။
ယာဂန္ကေလာ ့ ရဲ႕ အသင္း ဟာ တနလၤာ ေန႕ က ပဲဲေလ့စ္ကုိ အေ၀းကြင္း မွာ ၂ ဂုိးျပတ္ နဲ႕ အႏုိင္ ရရွိ ခဲ့ျပီး ဂ်ိမ္း မီနာ က ပင္နယ္တီ သြင္းဂုိး ၊ နာက်င္ အခ်ိန္ပိုမွာ ဆာဒီယုိ မာေနး က တန္ျပန္ တုိက္စစ္ ကေန တဆင့္ သြင္းယူကာ အဖိုးတန္ အႏုိင္ ၃ မွတ္ ကို ရယူ ေပးခဲ့ ပါတယ္။
အဆုိပါ ပြဲရဲ႕ အျငင္းပြား စရာ အျဖစ္ အပ်က္ ကေတာ့ ပထမပိုင္း မျပီးခင္ မွာ မိုဟာမက္ ဆားလား ကုိ ပဲေလ့စ္ ေနာက္ခံလူ မာမာဒူ ဆာခုိ ျပစ္ဒဏ္ က်ဴးလြန္ ခဲ့မွဳ ကို ပင္နယ္တီ ေပးခဲ့တဲ့ ကိစၥ ျဖစ္ျပီး ပဲေလ့စ္ မန္ေနဂ်ာ ရြိဳင္းေဟာ့ဆန္ ကေတာ့ ဒီပင္နယ္တီ နဲ႕ ပက္သက္ျပီး ေ၀ဖန္ခဲ့ျပီး ျဖစ္ပါတယ္။
မီလီဗိုဂ်ီဗစ္ ကလည္း “ဒါဟာ ပင္နယ္တီ မဟုတ္ ဘူးဆုိတာ ဒုိင္လူၾကီး ကို သြားေျပာ ရန္ ကၽြန္ေတာ္ ဆာလား ကုိ ေျပာခဲ့ ပါတယ္။ ဒါေပမယ့္ သူကေတာ့ ဒါဟာ ပင္နယ္တီ လို႕ ေျပာခဲ့ ပါတယ္။ သူ႕ဘက္က ၾကည့္မယ္ ဆုိရင္ေတာ့ ဒါဟာ ပင္နယ္တီ ပါ။
ကၽြန္ေတာ့္ ဘက္ကေတာ့ ဒါဟာ ပင္နယ္တီ မဟုတ္ ပါဘူး။ ဒါဟာ ပြဲအတြင္း ကၽြန္ေတာ့္ရဲ႕ ယူဆခ်က္ ပါပဲ။ ပြဲျပီးဆံုး ျပီးေနာက္ ကၽြန္ေတာ္ ဒါကို ျပန္ၾကည့္ ခဲ့ ပါတယ္။ ဆာခုိဟာ ေဘာလံုး ကုိ ထိဖို႕ ၾကိဳးစား ခဲ့တာပါ။ သူေဘာလံုး ကုိေတာ့ မထိ ခဲ့့ပါဘူး။ ကၽြန္ေတာ့္ အျမင္ ကေတာ့ သူဟာ ဆာလား ကုိလည္း ထိခဲ့ျခင္း မရွိ ခဲ့ပါဘူး။
ဆာလား လဲက် သြားခဲ့ ပါတယ္။ ဒိုင္လူၾကီး အတြက္ ကေတာ့ ဒါဟာ ပင္နယ္တီ ျဖစ္ခဲ့ ပါတယ္။ ကၽြန္ေတာ္ ကေတာ့ ဆာလား ကုိ ထိသြား တာ ကို မျမင္ ခဲ့ပါဘူး။ ကၽြန္ေတာ့္ အျမင္ ကေတာ့ ရွင္း ပါတယ္။ ဒါဟာ ပင္နယ္တီ မဟုတ္ပါဘူး။ ဒါေပမယ့္ ဒါဟာ ေဘာလံုး ပါပဲ။
ဒါဟာ ေဘာလံုး ေလာက ရဲ႕ ပထမဦးဆံုး အမွားေတာ့ မဟုတ္ ပါဘူး။။ ကၽြန္ေတာ္တုိ႕ဟာ ဒါနဲ႕ ပက္သက္ျပီး ေဒါသ ထြက္ခဲ့ ၾကပါတယ္။ ဒါေပမယ့္ ေဘာလံုး ေလာက မွာ ငိုေနဖို႕ အခ်ိန္ မရွိ ပါဘူး။ ကၽြန္ေတာ္တုိ႕ ဆက္လက္ ခ်ီတက္ သြားရမွာပါ။ ကၽြန္ေတာ္တုိ႕ ဒုတိယပိုင္း မွာ ေခ်ပဂိုး ရဖို႕ ၾကိဳးစား ခဲ့ၾကပါတယ္။ ကၽြန္ေတာ္တုိ႕ အခြင့္ အေရး ေကာင္း အခ်ိဳ႕လည္း ရခဲ့ ပါတယ္။ အိုေကပါ။ ကၽြန္ေတာ္တုိ႕ ရွံဳးပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္တုိ႕ရဲ႕ ေျခစြမ္း အတြက္ ဂုဏ္ယူ ႏုိင္ ပါတယ္။” လို႕ ဆုိသြား ပါတယ္။
ဗီဒီယုိ အကူဒုိင္ စနစ္ ( VAR ) နဲ႕ ပက္သက္ျပီး မီလီဗိုဂ်ီဗစ္ က “VAR ဟာ အကူအညီ ျဖစ္ေစ မယ္လုိ႕ ကၽြန္ေတာ္ မထင္ မိပါဘူး။ သူတုိ႕ဟာ လူသား ေတြပါ။ သူတုိ႕ တစ္ခါ တစ္ရံ အမွား လုပ္တက္ ပါတယ္။ အုိလီဗာ ကေတာ့ သူ မွန္ကန္တဲ့ အရာ လုပ္ခဲ့ တယ္လို႕ ယူဆ မွာပါ။ ကစားသမား ေတြ အေနနဲ႕ ဒိုင္လူၾကီး ကို ေလးစား ရပါမယ္။ ကၽြန္ေတာ္တုိ႕ဟာ ပင္နယ္တီ အတြက္ နဲ႕ ငိုေနမယ့္ အသင္း မဟုတ္ ပါဘူး။ ကၽြန္ေတာ္တုိ႕ ေရွ႕ဆက္ သြားမွာပါ။”
ပဲေလ့စ္ နည္းျပ ရိြဳင္းေဟာ့ဆန္ ကေတာ့ လီဗာပူး ရဲ႕ ႏုိင္ပြဲ မွာ အဓိက က်ခဲ့တဲ့ အဆိုပါ ပင္နယ္တီ ကို လံုးဝ လက္မခံ ခဲ့ပါဘူး။
ေဟာ့ဆန္ က “ဒါဟာ ပင္နယ္တီ မဟုတ္ပါဘူး ။ ကြၽန္ေတာ္ ေဘာလံုး ေလာက မွာ ႐ွိေနတာ ၾကာေနပါၿပီ။ အကယ္၍ ဒါဟာ ပင္နယ္တီ ဆုိရင္ ေဘာလံုး ၿပိဳင္ပြဲ ဟာ အားလံုး ရဲ႕ အသိအမွတ္ ျပဳမႈေတြနဲ႔ ဆန္႔က်င္ဘက္ ကို ေျပာင္းသြား ခဲ့ပါၿပီ။ ဆာခုိဟာ ၿပိဳင္ဘက္ ကစားသမား ကို ဒီဧရိယာ ထဲမွာ ျပစ္ဒဏ္ က်ဴးလြန္ဖို႔ လုပ္မွာ မဟုတ္ပါဘူး ။ သူဟာ ကစားသမာ ကို ထိဖို႔ ႀကိဳးစား သြားစရာ အေၾကာင္းလည္း မ႐ွိပါဘူး။
အကယ္၍ လူေတြ က ဒါကို မျမင္ဘူး ဆုိရင္ ကြၽန္ေတာ္ ကပဲ ကိုယ္ျမင္ခ်င္ရာ ျမင္တဲ့သူ ျဖစ္ေန မွာပါ။ ဒါဟာ ပင္နယ္တီ ဆိုတာ ကြၽန္ေတာ္ လံုးဝ လက္မခံ ပါဘူး။ ကြၽန္ေတာ့္ရဲ႕ အသင္း ဆိုရင္လည္း ဒီလို ပင္နယ္တီ မ်ိဳး မလုိ ခ်င္ပါဘူး။” လို႔ ေျပာသြားပါတယ္။
ခရစ်စတယ်ပဲလေ့စ် ကွင်းလယ်လူ လူကာ မီလီဗိုဂျီဗစ်က လီဗာပူး အသင်း ရရှိ ခဲ့တဲ့ ပင်နယ်တီ ကို မိုဟာမက်ဆာလား အနေနဲ့ ဒိုင်လူကြီး မိုက်ကယ် အိုလီဗာ ကို ပင်နယ်တီ အဖြစ် မသတ်ပေးဖို့ သွားရောက် ပြောဆိုရန် တိုက်တွန်း ခဲ့တယ်လို့ ဖွင့်ဟ ခဲ့ပြီး အီဂျစ် လက်ရွေးစင် ဟာ ပင်နယ်တီ ဧရိယာ အတွင်း လွယ်လွယ် ကူကူ ပဲ လဲကျ ခဲ့တယ်လို့ ဆိုသွား ပါတယ်။
ယာဂန်ကလော ့ ရဲ့ အသင်း ဟာ တနင်္လာ နေ့ က ပဲဲလေ့စ်ကို အဝေးကွင်း မှာ ၂ ဂိုးပြတ် နဲ့ အနိုင် ရရှိ ခဲ့ပြီး ဂျိမ်း မီနာ က ပင်နယ်တီ သွင်းဂိုး ၊ နာကျင် အချိန်ပိုမှာ ဆာဒီယို မာနေး က တန်ပြန် တိုက်စစ် ကနေ တဆင့် သွင်းယူကာ အဖိုးတန် အနိုင် ၃ မှတ် ကို ရယူ ပေးခဲ့ ပါတယ်။
အဆိုပါ ပွဲရဲ့ အငြင်းပွား စရာ အဖြစ် အပျက် ကတော့ ပထမပိုင်း မပြီးခင် မှာ မိုဟာမက် ဆားလား ကို ပဲလေ့စ် နောက်ခံလူ မာမာဒူ ဆာခို ပြစ်ဒဏ် ကျူးလွန် ခဲ့မှု ကို ပင်နယ်တီ ပေးခဲ့တဲ့ ကိစ္စ ဖြစ်ပြီး ပဲလေ့စ် မန်နေဂျာ ရွိုင်းဟော့ဆန် ကတော့ ဒီပင်နယ်တီ နဲ့ ပက်သက်ပြီး ဝေဖန်ခဲ့ပြီး ဖြစ်ပါတယ်။
မီလီဗိုဂျီဗစ် ကလည်း “ဒါဟာ ပင်နယ်တီ မဟုတ် ဘူးဆိုတာ ဒိုင်လူကြီး ကို သွားပြော ရန် ကျွန်တော် ဆာလား ကို ပြောခဲ့ ပါတယ်။ ဒါပေမယ့် သူကတော့ ဒါဟာ ပင်နယ်တီ လို့ ပြောခဲ့ ပါတယ်။ သူ့ဘက်က ကြည့်မယ် ဆိုရင်တော့ ဒါဟာ ပင်နယ်တီ ပါ။
ကျွန်တော့် ဘက်ကတော့ ဒါဟာ ပင်နယ်တီ မဟုတ် ပါဘူး။ ဒါဟာ ပွဲအတွင်း ကျွန်တော့်ရဲ့ ယူဆချက် ပါပဲ။ ပွဲပြီးဆုံး ပြီးနောက် ကျွန်တော် ဒါကို ပြန်ကြည့် ခဲ့ ပါတယ်။ ဆာခိုဟာ ဘောလုံး ကို ထိဖို့ ကြိုးစား ခဲ့တာပါ။ သူဘောလုံး ကိုတော့ မထိ ခဲ့့ပါဘူး။ ကျွန်တော့် အမြင် ကတော့ သူဟာ ဆာလား ကိုလည်း ထိခဲ့ခြင်း မရှိ ခဲ့ပါဘူး။
ဆာလား လဲကျ သွားခဲ့ ပါတယ်။ ဒိုင်လူကြီး အတွက် ကတော့ ဒါဟာ ပင်နယ်တီ ဖြစ်ခဲ့ ပါတယ်။ ကျွန်တော် ကတော့ ဆာလား ကို ထိသွား တာ ကို မမြင် ခဲ့ပါဘူး။ ကျွန်တော့် အမြင် ကတော့ ရှင်း ပါတယ်။ ဒါဟာ ပင်နယ်တီ မဟုတ်ပါဘူး။ ဒါပေမယ့် ဒါဟာ ဘောလုံး ပါပဲ။
ဒါဟာ ဘောလုံး လောက ရဲ့ ပထမဦးဆုံး အမှားတော့ မဟုတ် ပါဘူး။။ ကျွန်တော်တို့ဟာ ဒါနဲ့ ပက်သက်ပြီး ဒေါသ ထွက်ခဲ့ ကြပါတယ်။ ဒါပေမယ့် ဘောလုံး လောက မှာ ငိုနေဖို့ အချိန် မရှိ ပါဘူး။ ကျွန်တော်တို့ ဆက်လက် ချီတက် သွားရမှာပါ။ ကျွန်တော်တို့ ဒုတိယပိုင်း မှာ ချေပဂိုး ရဖို့ ကြိုးစား ခဲ့ကြပါတယ်။ ကျွန်တော်တို့ အခွင့် အရေး ကောင်း အချို့လည်း ရခဲ့ ပါတယ်။ အိုကေပါ။ ကျွန်တော်တို့ ရှုံးပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ခြေစွမ်း အတွက် ဂုဏ်ယူ နိုင် ပါတယ်။” လို့ ဆိုသွား ပါတယ်။
ဗီဒီယို အကူဒိုင် စနစ် ( VAR ) နဲ့ ပက်သက်ပြီး မီလီဗိုဂျီဗစ် က “VAR ဟာ အကူအညီ ဖြစ်စေ မယ်လို့ ကျွန်တော် မထင် မိပါဘူး။ သူတို့ဟာ လူသား တွေပါ။ သူတို့ တစ်ခါ တစ်ရံ အမှား လုပ်တက် ပါတယ်။ အိုလီဗာ ကတော့ သူ မှန်ကန်တဲ့ အရာ လုပ်ခဲ့ တယ်လို့ ယူဆ မှာပါ။ ကစားသမား တွေ အနေနဲ့ ဒိုင်လူကြီး ကို လေးစား ရပါမယ်။ ကျွန်တော်တို့ဟာ ပင်နယ်တီ အတွက် နဲ့ ငိုနေမယ့် အသင်း မဟုတ် ပါဘူး။ ကျွန်တော်တို့ ရှေ့ဆက် သွားမှာပါ။”
ပဲလေ့စ် နည်းပြ ရွိုင်းဟော့ဆန် ကတော့ လီဗာပူး ရဲ့ နိုင်ပွဲ မှာ အဓိက ကျခဲ့တဲ့ အဆိုပါ ပင်နယ်တီ ကို လုံးဝ လက်မခံ ခဲ့ပါဘူး။
ဟော့ဆန် က “ဒါဟာ ပင်နယ်တီ မဟုတ်ပါဘူး ။ ကျွန်တော် ဘောလုံး လောက မှာ ရှိနေတာ ကြာနေပါပြီ။ အကယ်၍ ဒါဟာ ပင်နယ်တီ ဆိုရင် ဘောလုံး ပြိုင်ပွဲ ဟာ အားလုံး ရဲ့ အသိအမှတ် ပြုမှုတွေနဲ့ ဆန့်ကျင်ဘက် ကို ပြောင်းသွား ခဲ့ပါပြီ။ ဆာခိုဟာ ပြိုင်ဘက် ကစားသမား ကို ဒီဧရိယာ ထဲမှာ ပြစ်ဒဏ် ကျူးလွန်ဖို့ လုပ်မှာ မဟုတ်ပါဘူး ။ သူဟာ ကစားသမာ ကို ထိဖို့ ကြိုးစား သွားစရာ အကြောင်းလည်း မရှိပါဘူး။
အကယ်၍ လူတွေ က ဒါကို မမြင်ဘူး ဆိုရင် ကျွန်တော် ကပဲ ကိုယ်မြင်ချင်ရာ မြင်တဲ့သူ ဖြစ်နေ မှာပါ။ ဒါဟာ ပင်နယ်တီ ဆိုတာ ကျွန်တော် လုံးဝ လက်မခံ ပါဘူး။ ကျွန်တော့်ရဲ့ အသင်း ဆိုရင်လည်း ဒီလို ပင်နယ်တီ မျိုး မလို ချင်ပါဘူး။” လို့ ပြောသွားပါတယ်။