ပရီးမီးယားလိဂ် ပွဲစဉ် ( ၁ ) ရဲ့ နောက်ဆုံး ပွဲစဉ် ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် – ချဲလ်ဆီး ပွဲ ကိုတော့ တနင်္ဂနွေနေ့ ည မြန်မာ စံတော်ချိန် ည ၁၀း၀၀ နာရီ အချိန် မှာ ယှဉ်ပြိုင် ကစား သွားခဲ့ ပါတယ် ။ နှစ်သင်းစလုံး ဟာ လူငယ် နဲ့ အကယ်ဒမီ ကစား သမားတွေ ကို နေရာပေး ခဲ့ကြပြီး လူသစ်တွေ ကိုလည်း အထိုက် အလျောက် အသုံးပြု ခဲ့ကြ ပါတယ် ။ ယူနိုက်တက် ဘက်က ဒန်နီရယ် ဂျိမ်းစ် နဲ့ ချဲလ်ဆီး ရဲ့ ပူလီဆစ် တို့ ကတော့ အရန် နဲ့ စခဲ့ကြ ပါတယ် ။

ချဲလ်ဆီး ဟာ ပွဲစ တာနဲ့ ယူနိုက်တက် ဘက်ကို လျှင်လျှင် မြန်မြန် ရွှေ့လျား ကစားခဲ့ ပြီး ၄ မိနစ် မှာပဲ အေဘရာဟမ် ရဲ့ ကန်ချက် တိုင်ထိ ထွက်ခဲ့ ပါတယ် ။ ယူနိုက်တက် က လည်း ၃ မိနစ် အကြာမှာ ရူဒီဂါ ရဲ့ အပေးမှား မှု ကနေ အခွင့် အရေး ရခဲ့ ပေမယ့် မာရှယ် ရဲ့ ကန်ချက် ပျော့တာ ကြောင့် ကီပါ အမိဖမ်းနိုင် ခဲ့ ပါတယ် ။

ပထမ ပိုင်း ၁၀ မိနစ် အထိ ချဲလ်ဆီးတို့ ပိုမို အချိတ်အဆက် မိနေခဲ့ ပြီး ယူနိုက်တက် ဘက် မှာတော့ စတန့် ပြမှု များတဲ့ ရက်ဖိုဒ့် ၊ ပေါ့ဘာ တို့ ကြောင့် ကစားကွက် ရဲ့ ထိရောက်မှု အားနည်းခဲ့ ပါတယ် ။ ပွဲချိန် ၁၇ မိနစ် မှာတော့ ရက်ဖိုဒ့် ကို ဇူးမား ဆွဲလှဲ ခဲ့တာ ကြောင့် ယူနိုက်တက် အသင်းက ပင်နယ်တီ ရခဲ့ ပြီး ရက်ဖိုဒ့် က ကန်သွင်းကာ ဦးဆောင်ခဲ့ ပါတယ် ။

ဂိုးရအပြီး မှာတော့ ၂ သင်းစလုံး အပြန်အလှန် ကစားလာ နိုင်ခဲ့ပါတယ် ။ ချဲလ်ဆီး ဟာ ယူနိုက်တက် ရဲ့ နောက်တန်း နဲ့ ကွင်းလယ် အကြားက နေရာလွတ် တွေ မှာ လှုပ်ရှား ကစားခဲ့ ပြီး မကြာခဏ ဂိုးဧရိယာ ထိပ်ကိုေ၇ာက်နိုင် ခဲ့ ပါတယ် ။ ဒါပေမယ့် အဆုံးသတ် ချိတ်ဆက်မှုတွေ မှာ တော့ အားနည်း နေခဲ့ ပါတယ် ။

Manchester United’s English defender Harry Maguire clears the ball during the English Premier League football match between Manchester United and Chelsea at Old Trafford in Manchester, north west England, on August 11, 2019. (Photo by Oli SCARFF / AFP) / RESTRICTED TO EDITORIAL USE. No use with unauthorized audio, video, data, fixture lists, club/league logos or ‘live’ services. Online in-match use limited to 120 images. An additional 40 images may be used in extra time. No video emulation. Social media in-match use limited to 120 images. An additional 40 images may be used in extra time. No use in betting publications, games or single club/league/player publications. /

ယူနိုက်တက် ဘက်မှာလည်း မက်ဂွဲယား – လင်ဒီလော့ဖ် ခံစစ် က အတွဲ မိဖို့ အချိန်လိုအပ် နေသေးပြီး မနှစ်က ကစားတဲ့ နေရာ ကို ပြောင်းပေးခဲ့ရတဲ့ လင်ဒီလော့ဖ် ဟာ သိပ်ပြီး အသားမကျ ဖြစ်နေပုံ ရခဲ့ ပါတယ် ။ ယူနိုက်တက် ခံစစ်မှာ တည်ငြိမ် ခဲ့သူ ကတော့ လူသစ် ဘစ်ဆာကာ ဖြစ်ပြီး မက်ဂွဲယား ရဲ့ ဖြတ်လုယူမှုတွေ ကလည်း ကောင်းမွန်ခဲ့ ပါတယ် ။

ချဲလ်ဆီး ဘက်မှာတော့ မေဆွန်မောင့် ရဲ့ နေရာယူ ရွှေ့လျားပုံတွေ ဟာ ကောင်းမွန် ပေမယ့် ကျန်တဲ့ ကဏ္ဍတွေ မှာတော့ ထိပ်တန်း အဆင့်မှာ ရှိမနေ ခဲ့ ပါဘူး ။ ဟာဇက် လို တစ်ကိုယ်တော် အစွမ်းကောင်းတဲ့ သူလည်း မပါခဲ့တာ ကြောင့် တိုက်စစ်တွဲလုံး တွေ မမိတဲ့ အခါ မှာ ခြိမ်းခြောက် နိုင်မှု အားနည်းသွား ခဲ့ရ ပါတယ် ။ ချဲလ်ဆီး ထက် ယူနိုက်တက် ကစား သမားတွေ က ကာယပိုင်း ပိုမို အားသာနေတာ ကလည်း ထိုးဖောက်ရာ မှာ အခက်တွေ့ စေခဲ့ ပါတယ် ။

ပထမပိုင်း ပြီးခါနီး မှာ ဘာကလေ နဲ့ အီမာဆင် တို့ ရဲ့ ကန်ချက် တွေ ဟာ ဂိုးရဖို့ နီးစပ် ခဲ့ပေမယ့် ဂိုး အဖြစ် မပြောင်းလဲခဲ့တာကြောင့် ယူနိုက်တက် ကပဲ ၁ – ၀ နဲ့ ဦးဆောင်သွားခဲ့ ပါတယ် ။ ဒီကံခေမှုတွေ ဟာ ဒုတိယပိုင်းမှာ ချဲလ်ဆိး ကို နာကျင်စေလိမ့်မယ် ဆိုတာ ကိုတော့ သူတို့ ကြိုမသိနိုင်ခဲ့ ပါဘူး ။ ၂ သင်း စလုံး တည်ကန်ဘော မကောင်းခဲ့ သလို ယူနိုက်တက် ဘက်မှာ ခံစစ်ကို နက်နက် နဲနဲ ဆင်းကူတဲ့ ကွင်းလယ် သမား လိုအပ် နေမှု ကို သိသာ စေခဲ့ ပါတယ် ။

ဒုတိယပိုင်း မှာတော့ ယူနိုက်တက် ဘက်က ဒုတိယဂိုး မရခင် အထိ ပွဲက အေးနေ ခဲ့ ပါတယ် ။ ၆၅ မိနစ် မှာ ပါရဲရား ရဲ့ ဖြတ်တင်ဘော ကတဆင့် မာရှယ် က ပိတ်သွင်းယူ ခဲ့တာ ဖြစ်ပြီး ဒီဂိုး နောက်ပိုင်း မှာတော့ ချဲလ်ဆီး တို့ အထိုင် ပျက်သွားခဲ့ ပါတယ် ။

Manchester United’s Norwegian manager Ole Gunnar Solskjaer (C) and Chelsea’s English head coach Frank Lampard (R) look on during the English Premier League football match between Manchester United and Chelsea at Old Trafford in Manchester, north west England, on August 11, 2019. (Photo by Oli SCARFF / AFP) / RESTRICTED TO EDITORIAL USE. No use with unauthorized audio, video, data, fixture lists, club/league logos or ‘live’ services. Online in-match use limited to 120 images. An additional 40 images may be used in extra time. No video emulation. Social media in-match use limited to 120 images. An additional 40 images may be used in extra time. No use in betting publications, games or single club/league/player publications. /

ဆက်တိုက် ဆိုသလိုပဲ ပေါ့ဘာ ရဲ့ သေသပ်တဲ့ အဝေးဘော ကတဆင့် ရက်ဖိုဒ့် က ၂ မိနစ် အကြာမှာ တတိယဂိုး ထပ်သွင်း ခဲ့သလို ၈၁ မိနစ် မှာလည်း လူစားဝင် လာတဲ့ ဒန်နီရယ် ဂျိမ်းစ် က ပေါ့ဘာရဲ့ ဖန်တီးမှု က တဆင့် စတုတ္ထမြောက် ဂိုးကို သွင်းယူ သွားခဲ့ ပါတယ် ။

ဒုတိယပိုင်း မှာ ချဲလ်ဆီး ဘက်က ကန်သွင်းမှုတွေ ရှိခဲ့ ပေမယ့် ဒီဂီယာက အောင်မြင်စွာ ကာကွယ်တားဆီး နိုင်ခဲ့ တာ ကြောင့် ပွဲ အပြီးမှာ ယူနိုက်တက် က ချဲလ်ဆီး ကို ၄ – ၀ ရလဒ် နဲ့ အနိုင် ရရှိပြီး ရာသီသစ် ကို လှလှ ပပ ဖွင့်လှစ် သွားနိုင် ခဲ့ ပါတယ် ။

ယူနိုက်တက် ဟာ ၄ ဂိုး ရခဲ့ ပေမယ့် ကစားပုံ တိတိ ကျကျ မရှိခဲ့ ဘဲ ဒုတိယ ဂိုး သာ မရခဲ့ ဘူးဆိုရင် သရေ ပြန်ကျ သွားနိုင်တဲ့ အနေအထား တောင် ရှိခဲ့ ပါတယ် ။ ပေါလ် ပေါ့ဘာ ကို ဘာကြောင့် ဆက်ထိန်းထား ဖို့ ကြိုးစား ခဲ့သလဲ ဆိုတာ တတိယဂိုး က အဖြေဖြစ် ခဲ့ပြီး နောက်တန်း ၄ ယောက်ရဲ့ အနေ အထားက ကျေနပ် စရာဖြစ် ခဲ့ ပါတယ် ။

ချဲလ်ဆီး ဘက်မှာတော့ လမ်းပတ် ရဲ့ ကစားပုံ ကို ချဲလ်ဆီး အသင်းသားတွေ ပုံဖော် နိုင်ခဲ့ ပေမယ့် အဆုံးသတ် ချိတ်ဆက်မှု မှာတော့ တော်တော်လေး အားနည်းနေခဲ့ တာကို မြင်တွေ့ ခဲ့ရ ပါတယ် ။ ဒါ့အပြင် ချဲလ်ဆီး ရှေ့တန်း လူတွေ ဟာ ကာယပိုင်း အားနည်း နေတာ ကြောင့် မာကျောတဲ့ ခံစစ် တွေ ကို ထိုးဖောက်တဲ့ နေရာမှာ အခက်တွေ့ လာနိုင် ပါတယ် ။

Manchester United’s English striker Marcus Rashford (C) is fouled by Chelsea’s French defender Kurt Zouma (R) to win a penalty leading to the opening goal during the English Premier League football match between Manchester United and Chelsea at Old Trafford in Manchester, north west England, on August 11, 2019. (Photo by Oli SCARFF / AFP) / RESTRICTED TO EDITORIAL USE. No use with unauthorized audio, video, data, fixture lists, club/league logos or ‘live’ services. Online in-match use limited to 120 images. An additional 40 images may be used in extra time. No video emulation. Social media in-match use limited to 120 images. An additional 40 images may be used in extra time. No use in betting publications, games or single club/league/player publications. /

၂ သင်းစလုံး ကတော့ တိုးတက်ဖို့ အများအပြားလိုအပ် နေ သေးပါတယ် ။ လတ်တလောမှာတော့ ယူနိုက်တက် တို့ ပျော်ရွှင်ကြည်နူး ခဲ့ရပါပြီ ။

မန်ချက်စတာ ယူနိုက်တက် အသင်း၏ ပွဲထွက် စာရင်း –
ဒီဂီယာ
ဘစ်ဆာကာ ၊ လင်ဒီလော့ဖ် ၊ မက်ဂွဲယား ၊ လုခ်ရှော
ပေါ့ဘာ ၊ တော်မီနေး
ပါရဲရား ၊ လင်ဂတ် ၊ ရက်ဖိုဒ့်
မာရှယ်
လူစားဝင် ကစားသမားများ – ဒန်နီရယ်ဂျိမ်း ၊ ဂရင်းဝုဒ် ၊ မာတာ

ချဲလ်ဆီး အသင်း၏ ပွဲထွက် စာရင်း
ကီပါ အရစ်ဇာဘလာဂါ
အက်ဇ်ပီလီကွီတာ ၊ ဇူးမား ၊ ခရစ်ရှန်ဆန် ၊ အီမာဆင်
ကိုဗာဆစ် ၊ ဂျော်ဂျင်ဟို
ပက်ဒရို ၊ မေဆွန်မောင့် ၊ ဘာကလေ
အေဘရာဟမ်
လူစားဝင် ကစားသမားများ – ပူလီဆစ် ၊ ကန်တီ ၊ ဂျီရူး

SPORTS MYANMAR