PSG

* ပီအက္စ္ဂ်ီ အသင္းဟာ ေနမာ ပါ၀င္လာျခင္း မရွိေသာ္လဲ လီဂူး အဖြင့္ပြဲစဥ္မွာေတာ့ နီးမ္ အသင္းကို 3-0 ရလာဒ္ နဲ႔ အႏိုင္ ရရွိသြားခဲ့ပါတယ္။ အသင္းအတြက္ သြင္းဂိုေးတြကိုေတာ့ ကာဗာနီ ၊ ဘာေပ နဲ႔ ဒီမာရီယာ တို႔က သြင္းယူ ေပးသြားခဲ့တာပါ။ ဒီပြဲမွာ PSG ပရိသတ္ေတြဟာ ေနမာ ကို အသင္းျမန္ျမန္ ေျပာင္းေတာ့ ဆိုတဲ့ စာတန္းေတြ ကိုင္ေဆာင္ျပီး ဆႏၵျပသြားခဲ့ၾကပါတယ္။

* ခ်ဲဆီး အသင္းဟာ အေျပာင္းအေရႊ႕ ပိတ္ပင္ခံထားရတာ လြတ္ေျမာက္ကာ လက္စတာ အသင္းရဲ႕ ဘယ္ေနာက္ခံလူ ကစားသမား ဘန္ခ်ိ၀ဲလ္ ကို ေခၚယူဖို႔ စိတ္၀င္စားေနတယ္လို႔ သိရသလို ၊ အခု ကတည္းက ေစာင့္ၾကည့္ေလ့လာမႈေတြ စတင္ ျပဳလုပ္လွ်က္ ရွိေနပါတယ္။

* ေကာ္တင္ဟိုဟာ လက္ရွိ အေျပာင္းအေရႊ႕မွာ အသင္းေျပာင္းျဖစ္မွာ မဟုတ္ေတာ့သလုိ ၊ ေနမာ နဲ႔ ဘာစီလိုနာ တုိ႔အၾကားက ေဆြးေႏြးမႈေတြကလဲ ရပ္တန္႔လို႔ေနပါတယ္။ ကတ္တလန္ သတင္းေတြ အရ ပီအက္စ္ဂ်ီဟာ ေျပာင္းေရႊ႕ေၾကး အျပင္ ၊ ကစားသမား 3 ေယာက္ေလာက္ အထိ အလိုက္ လုိခ်င္ေနတယ္လို႔ ဆိုပါတယ္။

* အာဆင္နယ္ အသင္းရဲ႕ ကြင္းလယ္ ကစားသမား အိုးေဇးလ္ ရဲ႕ ေအးဂ်င့္ ျဖစ္သူဟာ အေမရိကား ကို သြားေရာက္ဖို႔ လုပ္ေဆာင္ေနျပီး ၊ ဒီစီ ယူနိုက္တက္ အသင္းနျ႔ အေျပာင္းအေရႊ႕ ကိစၥေတြကို မ်က္ႏွာခ်င္းဆိုင္ ေဆြးေႏြးသြားေတာ့မွာ ျဖစ္ပါတယ္။

* ဘာစီလိုနာ အသင္းဟာ ကြင္းလယ္ ကစားသမား ရာဖင္ဟာ ကို ေခၚယူမယ့္ အသင္းကို ေစာင့္ေမွ်ာ္လွ်က္ ရွိေနျပီး ၊ ဗလင္စီယာ က တရား၀င္ ကမ္းလွမ္းမႈေတြ ျပဳလုပ္ေတာ့မယ္လို႔ေတာ့ သတင္းေတြ ထြက္ေပၚလွ်က္ ရွိေနပါတယ္။ တစ္ဆက္တည္းမွာပဲ ဗလင္စီယာ ဟာ မန္စီးတီး ေနာက္တန္း ကစားသမား မန္ဂါလာ ကိုပါ အငွားနဲ႔ ေခၚယူဖို႔ လုပ္ေဆာင္ေနျပီ ျဖစ္ပါတယ္။

* ဘယ္လ္ဂ်ီယံ ကြင္းလယ္ ကစာသမား ခ်က္လီဟာ မိုနာကို အသင္းကေန ကြန္ပနီ ရဲ႕အန္းဒါးလက္ခ်္ အသင္းထံ တစ္ရာသီအငွား နဲ႔ ေျပာင္းေရႊ႕သြားခဲ့ျပိ ျဖစ္ပါတယ္။

* ယူႏိုက္ကတ္ ကြင္းလယ္ ကစားသမား ေပါ့ဘာက သူ႔ရဲ႕ အနာဂတ္ နဲ႔ ပတ္သက္လာရင္ အျမဲတမ္း ေမးခြန္းေတြ ရွိေနဆဲလို႔ ထပ္မံ ေျပာဆိုလိုက္ျပန္ျပီ ျဖစ္ျပီး၊ အသင္းအတြက္ ကစားေပးခ်ိန္တိုင္းမွာေတာ့ အစြမ္းကုန္ ေပးဆပ္ ကစားသြားမယ္လို႔ ထပ္မံ ေျပာဆုိသြားခဲ့ပါတယ္။

* အာဆင္နယ္ အသင္းေခါင္းေဆာင္ ခ်ာကာ ကေတာ့ နယူးကာဆယ္ အသင္းကို အႏိုင္ရရွိတဲ့ ပြဲစဥ္ဟာ အိုးေဇး နဲ႔ ကိုလာစီနက္ တို႔အတြက္ ရည္ရြယ္တယ္လို႔ ပြဲအျပီးမွာ ထုတ္ေဖာ္ ေျပာဆုိသြားခဲ့ ပါတယ္။

* ဂ်ဴဗီ နည္းျပၾကီး ဆာရီ ကေတာ့ သူ႔အသင္းရဲ႕ ကစားသမား ဒီဘားလားဟာ ခ်န္ပီယံလိဂ္ ကစားသမား စာရင္းကေန ခ်န္လွပ္ခံရဖြယ္ ရွိေနတယ္လို႔ ထုတ္ေဖာ္ ေျပာဆိုသြားခဲ့ပါတယ္။ သူ႔ရဲ႕ ေျပာဆုိမႈေၾကာင့္ ဒီဘားလား အေနနဲ႔ အသင္းေျပာင္းဖို႔ ထပ္မံ ဖိအားေပးခံေနရတယ္ဆိုတာ ေသခ်ာပါတယ္။ ခ်န္ပီယံလိဂ္ စားသမား စာရင္းဟာ 25 ေယာက္ တင္သြင္းရတာ ျဖစ္ျပီး ၊ အနည္းဆံုး ဂိုးသမား ႏွစ္ဦး ပါ၀င္ရပါတယ္။

* Mabel Green Cup ျပိဳင္ပြဲမွာေတာ့ ရိုးမား အသင္းနဲ႔ ရီရဲ တို႔ 2 ဂိုး စီသေရ ရလာဒ္ ထြက္ေပၚေနတာေၾကာင့္ ၊ ပင္နယ္တီ အဆံုးအျဖတ္ ခံယူခဲ့ရာ ၊ ရိုးမား အသငး္က အႏိုင္ရရွိသြားခဲ့ပါတယ္။

* ေအစီမီလန္ အသင္းက ေခၚယူဖို႔ စိတ္၀င္စားေနတဲ့ ေကာ္ရီရား အတြက္ ေအတီကို က ေရာင္းခ်ဖို႔ အသ့င္ပဲလို ဆီျမြန္နီက ထုတ္ေဖာ္ ေျပာဆုိသြားခဲ့ပါျပီ။ ေအစီဟာ အခုခ်ိန္ထိ တိက်တဲ့ ကမ္းလွမ္းမႈမ်ိဳးေတြ ျပဳလုပ္ထားျခင္း မရွိေသးပါဘူး။

* ဘိုင္ယန္ ျမဴးနစ္ နဲ႔ လမ္းခြဲထားခဲ့တဲ့ ျပင္သစ္ ေတာင္ပံ ကစားသမားၾကီး ရစ္ဘာရီ ကို ေခၚယူဖို႔ အတြက္ ဖီအုိရင္တီးနား အသင္းက ၾကိဳးစားလွ်က္ ရွိေနပါတယ္။

* ပါရီဆစ္ နဲ႔ ဘိုင္ယန္ ျမဴးနစ္ တို႔အၾကား အေျပာင္းအေရႊ႕ဟာ ျပီးစီးလုနီးပါး ျဖစ္ေနခဲ့ပါျပီ။ အင္တာမီလန္ ဟာ တစ္ရာသီ အငွား နဲ႔ ကနဦး ေစလႊတ္မွာ ျဖစ္ျပီး ၊ ယူရို 25 သန္းနဲ႔ အျပီးသတ္ ေခၚယူခြင့္မွာ စာခ်ဳပ္မွာ ထည့္သြင္းသြားခဲ့ပါတယ္။ မနက္ျဖန္မွာ ကစားသမားဟာ ေဆးစစ္မႈေတြ ျပဳလုပ္လာဖြယ္ ရွိေနပါတယ္။

* ဂ်ဴဗီ နဲ႔ ကစားခဲ့တဲ့ ပြဲစဥ္မွာ ၾကြက္သား ဒဏ္ရာျပသနာ ရရွိသြားခဲ့တဲ့ ေအတီကို တိုက္စစ္မႈး ေကာ္စတာ ဟာ ဂီတာေဖး နဲ႔ ကစားမယ့္ လာလီဂါ အဖြင့္ပြဲစဥ္မွာ ပါ၀င္ကစားေပးဖို႔ မေသခ်ာဘူးလို႔ သိရပါတယ္။ အဲဒီပြဲမွာ ေကာ္စတာဟာ ဆက္လက္ ကစားႏိုင္ျခင္း မရွိတာေၾကာင့္ မိုရာတာ နဲ႔ လူစားလဲခဲ့ရတာပါ။

Atletico Madrid’s forward Diego Costa shoots the ball during the International Champions Cup football match between Atletico Madrid v Juventus on August 10, 2019 in Solna outside Stockholm, Sweden. (Photo by Jonathan NACKSTRAND / AFP)

* မာကာ ကေတာ့ ပီအက္စ္ဂ်ီဟာ ေနမာ ရဲ႕ အေျပာင္းအေရႊ႕ ကေန ေျပာင္းေရႊ႕ေၾကး ယူရုိ သန္း 200 အနည္းဆံုး လိုခ်င္ေနတယ္လို႔ ဆိုလိုက္သလို ၊ ရီးရဲ မက္ဒရစ္က ေခၚယူဖို႔ အေကာင္းဆံုး အေနအထားမွာ ရွိေနတယ္လို႔လဲ ေဖာ္ျပသြားခဲ့ပါတယ္။

* ဘာစီလိုနာ ဂိုးသမားသစ္ နီတို ဟာ လက္မွာ ဒဏ္ရာ ရရွိသြားတာေၾကာင့္ ၊ အနည္းဆံုး 5 ပတ္ ေလာက္ အနားယူရေတာ့မွာ ျဖစ္ပါတယ္။

SPORTS MYANMAR

Unicode

ဆန္ဒပြခံလိုက်ရတဲ့ နေမာ နဲ့ နံနက်ခင်း သတင်းများ
****************************

* ပီအက်စ်ဂျီ အသင်းဟာ နေမာ ပါ၀င်လာခြင်း မရှိသော်လဲ လီဂူး အဖွင့်ပွဲစဉ်မှာတော့ နီးမ် အသင်းကို 3-0 ရလာဒ် နဲ့ အနိုင် ရရှိသွားခဲ့ပါတယ်။ အသင်းအတွက် သွင်းဂိုေးတွကိုတော့ ကာဗာနီ ၊ ဘာပေ နဲ့ ဒီမာရီယာ တို့က သွင်းယူ ပေးသွားခဲ့တာပါ။ ဒီပွဲမှာ PSG ပရိသတ်တွေဟာ နေမာ ကို အသင်းမြန်မြန် ပြောင်းတော့ ဆိုတဲ့ စာတန်းတွေ ကိုင်ဆောင်ပြီး ဆန္ဒပြသွားခဲ့ကြပါတယ်။

* ချဲဆီး အသင်းဟာ အပြောင်းအရွှေ့ ပိတ်ပင်ခံထားရတာ လွတ်မြောက်တာ လက်စတာ အသင်းရဲ့ ဘယ်နောက်ခံလူ ကစားသမား ဘန်ချိ၀ဲလ် ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရသလို ၊ အခု ကတည်းက စောင့်ကြည့်လေ့လာမှုတွေ စတင် ပြုလုပ်လျှက် ရှိနေပါတယ်။

* ကော်တင်ဟိုဟာ လက်ရှိ အပြောင်းအရွှေ့မှာ အသင်းပြောင်းဖြစ်မှာ မဟုတ်တော့သလို ၊ နေမာ နဲ့ ဘာစီလိုနာ တို့အကြားက ဆွေးနွေးမှုတွေကလဲ ရပ်တန့်လို့နေပါတယ်။ ကတ်တလန် သတင်းတွေ အရ ပီအက်စ်ဂျီဟာ ပြောင်းရွှေ့ကြေး အပြင် ၊ ကစားသမား 3 ယောက်လောက် အထိ အလိုက် လိုချင်နေတယ်လို့ ဆိုပါတယ်။

* အာဆင်နယ် အသင်းရဲ့ ကွင်းလယ် ကစားသမား အိုးဇေးလ် ရဲ့ အေးဂျင့် ဖြစ်သူဟာ အမေရိကား ကို သွားရောက်ဖို့ လုပ်ဆောင်နေပြီး ၊ ဒီစီ ယူနိုက်တက် အသင်းနြ့ အပြောင်းအရွှေ့ ကိစ္စတွေကို မျက်နှာချင်းဆိုင် ဆွေးနွေးသွားတော့မှာ ဖြစ်ပါတယ်။

* ဘာစီလိုနာ အသင်းဟာ ကွင်းလယ် ကစားသမား ရာဖင်ဟာ ကို ခေါ်ယူမယ့် အသင်းကို စောင့်မျှော်လျှက် ရှိနေပြီး ၊ ဗလင်စီယာ က တရားဝင် ကမ်းလှမ်းမှုတွေ ပြုလုပ်တော့မယ်လို့တော့ သတင်းတွေ ထွက်ပေါ်လျှက် ရှိနေပါတယ်။ တစ်ဆက်တည်းမှာပဲ ဗလင်စီယာ ဟာ မန်စီးတီး နောက်တန်း ကစားသမား မန်ဂါလာ ကိုပါ အငှားနဲ့ ခေါ်ယူဖို့ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

* ဘယ်လ်ဂျီယံ ကွင်းလယ် ကစာသမား ချက်လီဟာ မိုနာကို အသင်းကနေ ကွန်ပနီ ရဲ့အန်းဒါးလက်ချ် အသင်းထံ တစ်ရာသီအငှား နဲ့ ပြောင်းရွှေ့သွားခဲ့ပြိ ဖြစ်ပါတယ်။

* ယူနိုက်ကတ် ကွင်းလယ် ကစားသမား ပေါ့ဘာက သူ့ရဲ့ အနာဂတ် နဲ့ ပတ်သက်လာရင် အမြဲတမ်း မေးခွန်းတွေ ရှိနေဆဲလို့ ထပ်မံ ပြောဆိုလိုက်ပြန်ပြီ ဖြစ်ပြီး၊ အသင်းအတွက် ကစားပေးချိန်တိုင်းမှာတော့ အစွမ်းကုန် ပေးဆပ် ကစားသွားမယ်လို့ ထပ်မံ ပြောဆိုသွားခဲ့ပါတယ်။

* အာဆင်နယ် အသင်းခေါင်းဆောင် ချာကာ ကတော့ နယူးကာဆယ် အသင်းကို အနိုင်ရရှိတဲ့ ပွဲစဉ်ဟာ အိုးဇေး နဲ့ ကိုလာစီနက် တို့အတွက် ရည်ရွယ်တယ်လို့ ပွဲအပြီးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

* ဂျူဗီ နည်းပြကြီး ဆာရီ ကတော့ သူ့အသင်းရဲ့ ကစားသမား ဒီဘားလားဟာ ချန်ပီယံလိဂ် ကစားသမား စာရင်းကနေ ချန်လှပ်ခံရဖွယ် ရှိနေတယ်လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။ သူ့ရဲ့ ပြောဆိုမှုကြောင့် ဒီဘားလား အနေနဲ့ အသင်းပြောင်းဖို့ ထပ်မံ ဖိအားပေးခံနေရတယ်ဆိုတာ သေချာပါတယ်။ ချန်ပီယံလိဂ် စားသမား စာရင်းဟာ 25 ယောက် တင်သွင်းရတာ ဖြစ်ပြီး ၊ အနည်းဆုံး ဂိုးသမား နှစ်ဦး ပါ၀င်ရပါတယ်။

* Mabel Green Cup ပြိုင်ပွဲမှာတော့ ရိုးမား အသင်းနဲ့ ရီရဲ တို့ 2 ဂိုး စီသရေ ရလာဒ် ထွက်ပေါ်နေတာကြောင့် ၊ ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရာ ၊ ရိုးမား အသငး်က အနိုင်ရရှိသွားခဲ့ပါတယ်။

* အေစီမီလန် အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ကော်ရီရား အတွက် အေတီကို က ရောင်းချဖို့ အသ့င်ပဲလို ဆီမြွန်နီက ထုတ်ဖော် ပြောဆိုသွားခဲ့ပါပြီ။ အေစီဟာ အခုချိန်ထိ တိကျတဲ့ ကမ်းလှမ်းမှုမျိုးတွေ ပြုလုပ်ထားခြင်း မရှိသေးပါဘူး။

* ဘိုင်ယန် မြူးနစ် နဲ့ လမ်းခွဲထားခဲ့တဲ့ ပြင်သစ် တောင်ပံ ကစားသမားကြီး ရစ်ဘာရီ ကို ခေါ်ယူဖို့ အတွက် ဖီအိုရင်တီးနား အသင်းက ကြိုးစားလျှက် ရှိနေပါတယ်။

* ပါရီဆစ် နဲ့ ဘိုင်ယန် မြူးနစ် တို့အကြား အပြောင်းအရွှေ့ဟာ ပြီးစီးလုနီးပါး ဖြစ်နေခဲ့ပါပြီ။ အင်တာမီလန် ဟာ တစ်ရာသီ အငှား နဲ့ ကနဦး စေလွှတ်မှာ ဖြစ်ပြီး ၊ ယူရို 25 သန်းနဲ့ အပြီးသတ် ခေါ်ယူခွင့်မှာ စာချုပ်မှာ ထည့်သွင်းသွားခဲ့ပါတယ်။ မနက်ဖြန်မှာ ကစားသမားဟာ ဆေးစစ်မှုတွေ ပြုလုပ်လာဖွယ် ရှိနေပါတယ်။

* ဂျူဗီ နဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ကြွက်သား ဒဏ်ရာပြသနာ ရရှိသွားခဲ့တဲ့ အေတီကို တိုက်စစ်မှုး ကော်စတာ ဟာ ဂီတာဖေး နဲ့ ကစားမယ့် လာလီဂါ အဖွင့်ပွဲစဉ်မှာ ပါ၀င်ကစားပေးဖို့ မသေချာဘူးလို့ သိရပါတယ်။ အဲဒီပွဲမှာ ကော်စတာဟာ ဆက်လက် ကစားနိုင်ခြင်း မရှိတာကြောင့် မိုရာတာ နဲ့ လူစားလဲခဲ့ရတာပါ။

* မာကာ ကတော့ ပီအက်စ်ဂျီဟာ နေမာ ရဲ့ အပြောင်းအရွှေ့ ကနေ ပြောင်းရွှေ့ကြေး ယူရို သန်း 200 အနည်းဆုံး လိုချင်နေတယ်လို့ ဆိုလိုက်သလို ၊ ရီးရဲ မက်ဒရစ်က ခေါ်ယူဖို့ အကောင်းဆုံး အနေအထားမှာ ရှိနေတယ်လို့လဲ ဖော်ပြသွားခဲ့ပါတယ်။

* ဘာစီလိုနာ ဂိုးသမားသစ် နီတို ဟာ လက်မှာ ဒဏ်ရာ ရရှိသွားတာကြောင့် ၊ အနည်းဆုံး 5 ပတ် လောက် အနားယူရတော့မှာ ဖြစ်ပါတယ်။

SPORTS MYANMAR