Maguire

မန္ခ်က္စတာ ယူနုိက္တက္ အသင္း ဟာ မေန့ ညက အိုးလ္ ထရပ္ဖုိ့ဒ္ မွာ ခ်ဲလ္ဆီး အသင္း ကို ဧည့္ခံ ကစား ခဲ့ျပီး 4 – 0 ဆုိတဲ့ ရလဒ္ နဲ့ ဂိုးျပတ္ အနုိင္ ရယူ နုိင္ခဲ့ ကာ 2019 – 20 ေဘာလံုး ရာသီ ကို အေကာင္းဆံုး ဖြင့္လွစ္ နုိင္ခဲ့ ပါတယ္ ။

အဆုိပါ ပြဲစဥ္ မွာေတာ့ ယူနုိက္တက္ အတြက္ သြင္းဂိုး ေတြကို ရပ္ရွ္ဖုိ့ ( 2 ဂိုး ) ၊ မာရွယ္ နဲ့ ကစားသမား သစ္ ဒန္နီယယ္ ဂ်ိမ္းစ္ တုိ့က ကိုယ္စီ သြင္းယူ ေပးခဲ့ ၾကတာ ေၾကာင့္ ယူနုိက္တက္ တို့ ျပိဳင္ဖက္ ေကာင္းနဲ့ ကစား ခဲ့တဲ့ ပြဲစဥ္ မွာ အဖိုးတန္ အနုိင္ သံုးမွတ္ ရယူ နုိင္ခဲ့ ၾက ပါတယ္ ။

ဒါေပမယ့္ ယူနုိက္တက္ တုိ့ ပြဲစဥ္ ကို 4 – 0 ဆုိတဲ့ ရလဒ္ နဲ့ ခ်ဲလ္ဆီး ကို နုိင္ခဲ့ ၾကတဲ့ အခိုက္ အတန့္ မွာေတာင္ ကစားသမား သစ္ ျဖစ္သူ ဟယ္ရီ မက္ဂြားယား က အသင္း ေဖာ္ ေတြကုုိ ပြဲစဥ္ အေပၚ ဆက္လက္ အာရံု စိုက္ဖုိ့ ၊ Cleen Sheet ရရွိေအာင္ ၾကိဳးစား အားထုတ္ ဖုိ့ မွာၾကား ခဲ့ ပါတယ္ ။

Pogba

ယူနုိက္တက္ ဟာ ျပီးခဲ့တဲ့ ေဘာလံုး ရာသီ တုန္းက အိမ္ကြင္း မွတ္တမ္း ဆုိးေတြ ပိုင္ဆုိင္ ထားခဲ့ ျပီး ပရီးမီးယား လိဂ္ ျပိဳင္ပြဲ အတြင္း တစ္ ရာသီ လံုး Cleen Sheet 2 ပြဲသာ ရယူ ထားနုိင္ ခဲ့ ပါတယ္ ။

ဒါ့ေၾကာင့္ အသင္းေဖာ္ ကစားသမား ေတြရဲ့ စိတ္ထဲ အိမ္ကြင္း ပြဲစဥ္ နဲ့ ပတ္သက္ လို့ စိုးရြံ့ မွဳေတြ မျဖစ္ေစ လိုတာ ေၾကာင့္ အနုိင္ ရလဒ္ ရရွိ ဖုိ့ ေသခ်ာ ေနတဲ့ အခ်ိန္ မွာေတာင္ အာရံု စိုက္ ကစား ၾကဖုိ့ ေျပာၾကား ခဲ့ေၾကာင္း ယူနုုိက္တက္ အတြက္ ပထမဆံုး ပြဲထြက္ ကစား ေပး ခဲ့တဲ့ ဗဟို ေနာက္ခံလူ မက္ဂြားယား က ေျပာၾကား သြားခဲ့ တာပဲ ျဖစ္ ပါတယ္ ။

” ပြဲစဥ္ အတြင္း ‘ က်ြန္ေတာ္ တုိ့ ဆက္လက္ အာရံုစိုက္ ကစား ၾက ရမယ္ ‘ ဆုိတာ ကို က်ြန္ေတာ္ အသင္းေဖာ္ ေတြကို ထပ္ခါ တလဲလဲ ေျပာေန ခဲ့ ပါတယ္ ။ က်ြန္ေတာ္ တုိ့ သံုးဂိုး ၊ ေလးဂိုး ေလာက္ သြင္းယူ နုိင္ ခဲ့တဲ့ အခ်ိန္ အထိ ေပါ့ ”

” က်ြန္ေတာ္တုိ့ Cleen Sheet လုိခ်င္ ခဲ့ၾက ပါတယ္ ။ ျပီးခဲ့တဲ့ ေဘာလံုး ရာသီ တုန္းက ယူနိုက္တက္ ဟာ Cleen Sheet 2 ပြဲသာ ရရွိ ခဲ့တယ္ က်ြန္ေတာ္ တုိ့ ဆုိတာ သိရွိ ထား ၾကတယ္ ေလ ။ က်ြန္ေတာ္ တုိ့ ဒီေျမ ကို ခံတပ္ တစ္ခု လို ျဖစ္ေအာင္ လုပ္ေဆာင္ ခ်င္ခဲ့ ၾကျပီး ဂိုးေတြ သြင္းယူ လိုခဲ့ ၾက ပါတယ္ ”

” ဒါဟာ ေကာင္းမြန္ တဲ့ အစ ျပဳျခင္း တစ္ခု ပါပဲ ။ က်ြန္ေတာ္ တုိ့ အလုပ္ ေတြကို ဆက္လက္ လုပ္ေဆာင္ ၾကရင္း ပုိမုိ တုိးတက္ ေကာင္းမြန္ ေအာင္ ၾကိဳးစား ရ ပါ့မယ္ ” လို့ မက္ဂြားယား က ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

Maguire

ကမ႓ာ့ စံခ်ိန္တင္ ေျပာင္းေရႊ့ေၾကး နဲ့ ယူနုိက္တက္ ဆီ ေရာက္ရွိ လာ ခဲ့တဲ့ မက္ဂြားယား ဟာ အဆုိပါ ပြဲစဥ္ ထဲမွာ ေတာ့ အေကာင္းဆံုး ကစားသမားေတြ ထဲက တစ္ဦး ျဖစ္ခဲ့ ပါတယ္ ။ ဒါေပမယ့္ သူဟာ အသင္း မွာ အထိုင္ က်ျပီး ဆက္လက္ တုိးတက္ ေကာင္းမြန္ လာဖုိ့ ရွိေန ေသးေၾကာင္း ျပိဳင္ဖက္ ေတြကို သတိေပး စကား ဆုိသြား လိုက္ ပါတယ္ ။

” ပြဲစဥ္ အတြင္း က်ြန္ေတာ့္ ခံစားခ်က္ ေတြဟာ ေကာင္းမြန္ ခဲ့ ပါတယ္ ။ က်ြန္ေတာ္ ဟာ အသင္းေဖာ္ သစ္ ေတြနဲ့ သံုး ၊ ေလးရက္ ခန့္သာ အတူ ေလ့က်င့္ ခဲ့ရ တယ္ေလ ။ ဒါ့ေၾကာင့္ က်ြန္ေတာ့္ စကား ကို ေဗြ မယူ ၾက ပါနဲ့ ၊ က်ြန္ေတာ္ ဟာ ဒီထက္ ပိုေကာင္းလာ ဦးမွာပါ ” လို့ မက္ဂြားယား က သတိေပး သြားခဲ့ ပါတယ္ ။

#Sports_Myanmar

Unicode

ချဲလ်ဆီးကို ဂိုးပြတ် နိုင်နေတုန်း အသင်းဖော် တွေကို ဘာပြောခဲ့သလဲ ဆိုတာ ဖွင့်ဟရင်း ပြိုင်ဖက်တွေကို သတိပေး လိုက်တဲ့ #မက်ဂွားယား

===============

မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ မနေ့ ညက အိုးလ် ထရပ်ဖို့ဒ် မှာ ချဲလ်ဆီး အသင်း ကို ဧည့်ခံ ကစား ခဲ့ပြီး 4 – 0 ဆိုတဲ့ ရလဒ် နဲ့ ဂိုးပြတ် အနိုင် ရယူ နိုင်ခဲ့ ကာ 2019 – 20 ဘောလုံး ရာသီ ကို အကောင်းဆုံး ဖွင့်လှစ် နိုင်ခဲ့ ပါတယ် ။

အဆိုပါ ပွဲစဉ် မှာတော့ ယူနိုက်တက် အတွက် သွင်းဂိုး တွေကို ရပ်ရှ်ဖို့ ( 2 ဂိုး ) ၊ မာရှယ် နဲ့ ကစားသမား သစ် ဒန်နီယယ် ဂျိမ်းစ် တို့က ကိုယ်စီ သွင်းယူ ပေးခဲ့ ကြတာ ကြောင့် ယူနိုက်တက် တို့ ပြိုင်ဖက် ကောင်းနဲ့ ကစား ခဲ့တဲ့ ပွဲစဉ် မှာ အဖိုးတန် အနိုင် သုံးမှတ် ရယူ နိုင်ခဲ့ ကြ ပါတယ် ။

ဒါပေမယ့် ယူနိုက်တက် တို့ ပွဲစဉ် ကို 4 – 0 ဆိုတဲ့ ရလဒ် နဲ့ ချဲလ်ဆီး ကို နိုင်ခဲ့ ကြတဲ့ အခိုက် အတန့် မှာတောင် ကစားသမား သစ် ဖြစ်သူ ဟယ်ရီ မက်ဂွားယား က အသင်း ဖော် တွေကုုိ ပွဲစဉ် အပေါ် ဆက်လက် အာရုံ စိုက်ဖို့ ၊ Cleen Sheet ရရှိအောင် ကြိုးစား အားထုတ် ဖို့ မှာကြား ခဲ့ ပါတယ် ။

ယူနိုက်တက် ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက အိမ်ကွင်း မှတ်တမ်း ဆိုးတွေ ပိုင်ဆိုင် ထားခဲ့ ပြီး ပရီးမီးယား လိဂ် ပြိုင်ပွဲ အတွင်း တစ် ရာသီ လုံး Cleen Sheet 2 ပွဲသာ ရယူ ထားနိုင် ခဲ့ ပါတယ် ။

ဒါ့ကြောင့် အသင်းဖော် ကစားသမား တွေရဲ့ စိတ်ထဲ အိမ်ကွင်း ပွဲစဉ် နဲ့ ပတ်သက် လို့ စိုးရွံ့ မှုတွေ မဖြစ်စေ လိုတာ ကြောင့် အနိုင် ရလဒ် ရရှိ ဖို့ သေချာ နေတဲ့ အချိန် မှာတောင် အာရုံ စိုက် ကစား ကြဖို့ ပြောကြား ခဲ့ကြောင်း ယူနုုိက်တက် အတွက် ပထမဆုံး ပွဲထွက် ကစား ပေး ခဲ့တဲ့ ဗဟို နောက်ခံလူ မက်ဂွားယား က ပြောကြား သွားခဲ့ တာပဲ ဖြစ် ပါတယ် ။

” ပွဲစဉ် အတွင်း ‘ ကျွန်တော် တို့ ဆက်လက် အာရုံစိုက် ကစား ကြ ရမယ် ‘ ဆိုတာ ကို ကျွန်တော် အသင်းဖော် တွေကို ထပ်ခါ တလဲလဲ ပြောနေ ခဲ့ ပါတယ် ။ ကျွန်တော် တို့ သုံးဂိုး ၊ လေးဂိုး လောက် သွင်းယူ နိုင် ခဲ့တဲ့ အချိန် အထိ ပေါ့ ”

” ကျွန်တော်တို့ Cleen Sheet လိုချင် ခဲ့ကြ ပါတယ် ။ ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက ယူနိုက်တက် ဟာ Cleen Sheet 2 ပွဲသာ ရရှိ ခဲ့တယ် ကျွန်တော် တို့ ဆိုတာ သိရှိ ထား ကြတယ် လေ ။ ကျွန်တော် တို့ ဒီမြေ ကို ခံတပ် တစ်ခု လို ဖြစ်အောင် လုပ်ဆောင် ချင်ခဲ့ ကြပြီး ဂိုးတွေ သွင်းယူ လိုခဲ့ ကြ ပါတယ် ”

” ဒါဟာ ကောင်းမွန် တဲ့ အစ ပြုခြင်း တစ်ခု ပါပဲ ။ ကျွန်တော် တို့ အလုပ် တွေကို ဆက်လက် လုပ်ဆောင် ကြရင်း ပိုမို တိုးတက် ကောင်းမွန် အောင် ကြိုးစား ရ ပါ့မယ် ” လို့ မက်ဂွားယား က ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ကမ႓ာ့ စံချိန်တင် ပြောင်းရွှေ့ကြေး နဲ့ ယူနိုက်တက် ဆီ ရောက်ရှိ လာ ခဲ့တဲ့ မက်ဂွားယား ဟာ အဆိုပါ ပွဲစဉ် ထဲမှာ တော့ အကောင်းဆုံး ကစားသမားတွေ ထဲက တစ်ဦး ဖြစ်ခဲ့ ပါတယ် ။ ဒါပေမယ့် သူဟာ အသင်း မှာ အထိုင် ကျပြီး ဆက်လက် တိုးတက် ကောင်းမွန် လာဖို့ ရှိနေ သေးကြောင်း ပြိုင်ဖက် တွေကို သတိပေး စကား ဆိုသွား လိုက် ပါတယ် ။

” ပွဲစဉ် အတွင်း ကျွန်တော့် ခံစားချက် တွေဟာ ကောင်းမွန် ခဲ့ ပါတယ် ။ ကျွန်တော် ဟာ အသင်းဖော် သစ် တွေနဲ့ သုံး ၊ လေးရက် ခန့်သာ အတူ လေ့ကျင့် ခဲ့ရ တယ်လေ ။ ဒါ့ကြောင့် ကျွန်တော့် စကား ကို ဗွေ မယူ ကြ ပါနဲ့ ၊ ကျွန်တော် ဟာ ဒီထက် ပိုကောင်းလာ ဦးမှာပါ ” လို့ မက်ဂွားယား က သတိပေး သွားခဲ့ ပါတယ် ။

#Sports_Myanmar