ဘိုင်ယန်မြုးနစ် အသင်း ဟာ အသက်လက်တီကို မက်ဒရစ် အသင်းရဲ့ တိုက်စစ်မှုးလေး အန်တိုနီ ဂရစ်ဇ်မန်း ကို ကမ်းလှမ်းမှု ပြုလုပ် ဖို့ စဉ်းစား နေတယ် လို့ သတင်း ပေါ်ထွက် လာခဲ့ ပါတယ် ။

ဂျပန် ကလပ် မှာ ကစား နေတဲ့ စပိန် တိုက်စစ်မှုး ဖာနန်ဒို တောရက်စ် က တော့ အသင်းသစ် အတွက် ပထမဆုံး ဂိုးကို သွင်းယူ ပေးနိုင် ခဲ့ပြီ ဖြစ် ပါတယ် ။ တိုက်ဆိုင် ခဲ့တာ က တော့ တောရက်စ် ဂိုးသွင်း ခဲ့တဲ့ အသင်း ဟာ သူ့ရဲ့ စပိန် အသင်းဖော်ဟောင်း အင်နီယေစတာ ပါဝင် တဲ့ ဗစ်ဆယ် ကိုဘေး အသင်း ဘက်ကို ဖြစ်ပြီး တောရက်စ် ရဲ့ အသင်း က ၃ – ၀ ဖြင့် အနိုင် ရရှိ ခဲ့ ပါတယ် ။

လီဗာပူး နည်းပြ ယာဂင် ကလော့ က တော့ ယမန်နှစ် က ချန်ပီယံလိဂ် ဖိုင်နယ် အပြီး မှာ အမှားကျုးလွန် မိခဲ့တဲ့ အသင်းရဲ့ ဂိုးသမား ကရီးရပ် အပေါ် လုံလောက်တဲ့ နှစ်သိမ့်မှု မပြုလုပ် ပေးနိုင် ခဲ့ဘူး လို့ ၀န်ခံ ပြောဆို သွားခဲ့ ပါတယ် ။

ဘိုင်ယန်မြုးနစ် ကစား သမား ဂျိုဟွာ ကင်မစ်ခ်ျ က တော့ အသင်း ဖော် တိုက်စစ်မှုး လီဝန် ဒေါ့စကီး ဟာ ကမ္ဘာ့ ထိပ်တန်း ကစား သမား တစ်ဦး ဖြစ်တယ် လို့ ညွှန်းဆိုခဲ့ ပေမယ့် သူဟာ အသင်း ဖော်တွေ ရဲ့ အကူအညီ မပါဘဲ ဂိုးမသွင်း နိုင်ဘူး လို့ ပြောဆို သွားခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ကစား သမားတွေ ဖြစ်ကြတဲ့ လုခ်ရှော ၊ စမောလင်း နဲ့ ဂျုံးစ် တို့ ဟာ Fantasy Football League ဂိမ်း ကို ဆော့ကစား ကြသူတွေ ဖြစ်တယ် လို့ သိရ ပါတယ် ။ ဒါပေမယ့် သူတို့ ၃ ဦး ဟာ ပွဲစဉ် တွေ အတွက် အသင်းရွေးချယ် ရာမှာ လက်ရှိ ကစား နေတဲ့ ယူနိုက်တက် က အသင်းဖော်တွေ ကို မရွေးချယ် ကြဘဲ ပုံစံ ကောင်းတွေ ပြသ နေတဲ့ မန်ချက်စတာ စီးတီး နဲ့ လီဗာပူး ကစား သမားတွေကို ရွေးချယ် ခဲ့ကြတယ် လို့ ကြားသိရ ပါတယ် ။

အဲဗာတန် တောင်ပံ ကစား သမား ဘိုလာဆီ က တော့ အပြောင်း အရွှေ့ လက်ကျန် အချိန် တွေ မှာ အသင်း ပြောင်းရွှေ့ ဖို့ အတွက် မျှော်လင့် နေတယ် လို့ သိရ ပါတယ် ။

ကလော်ဒီယို ဘရာဗို ကို ကာလရှည် ဆုံးရှုံး ရမယ့် မန်စီးတီး ဟာ ရီးရဲမက်ဒရစ် ဂိုးသမား ကီလာ နာဗက် ကို စိတ်ဝင်စား နေတယ် လို့ သတင်း ပေါ်ထွက် နေပါတယ် ။

ချဲလ်ဆီး ကတော့ နောက်ခံလူ မားကိုစ့် အလွန်ဆို အတွက် ယူရို သန်း ၆၀ သတ်မှတ် ထား ကြောင်း ရီးရဲ နဲ့ အသက်လက်တိကို မက်ဒရစ် အသင်းတွေ ကို အကြောင်း ပြန်ထားခဲ့ တယ် လို့ သတင်း ကြားသိရ ပါတယ် ။

အသက်လက်တီကို မက်ဒရစ် နောက်ခံလူ ဖိလစ်ပီ လူးဝစ် က တော့ အသင်း ကနေ ထွက်ခွာ ဖို့ ဆန္ဒရှိ နေတယ် လို့ သိရ ပါတယ် ။

၂၅ နှစ် ကြာ ကစားလာခဲ့တဲ့ ဂျုဗင်တပ် အသင်း နဲ့ စာချုပ် ဖျက်သိမ်း ကာ ထွက်ခွာ လာတဲ့ ကွင်းလယ်လူ မာခီစီယို က တော့ အသင်းသစ် ကို မကြာခင် မှာ ရှာဖွေ သွားမယ် လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

လီဗာပူး ကွင်းလယ် ကစား သမား မီနာ ကတော့ သူတို့ အသင်း အနေနဲ့ Clean Sheet တွေ ရနိုင် သမျှ ရယူ သွားဖို့ တိုက်တွန်း သွားခဲ့ ပါတယ် ။

မန်ချက်စတာ စီးတီး အသင်း ခေါင်းဆောင်ကြီး ဗင်းဆင့် ကွန်ပနီ ဟာ ယနေ့ မှာ စီးတီး ကစား သမားဘ၀ ၁၀ နှစ် ပြည့်မြောက် သွားခဲ့ပြီ ဖြစ် ပါတယ် ။

ဘာစိလိုနာ ဂိုးသမားလေး ဂျက်စပါ ဆီလက်ဆန် ကတော့ လေ့ကျင့်ရေး ကွင်းမှာ ကြွက်သား နာကျင်မှု အနည်းငယ် ရှိခဲ့တာ ကြောင့် ယခု အပတ် မှာ ကစားမယ့် ပွဲစဉ် ကို လွဲချော် မယ် လို့ သိရှိရ ပါတယ် ။

အမှတ်ပေး ပွဲစဉ် တစ်ပွဲ ကို အမေရိက မှာ သွားရောက် ကစားမယ် ဆိုတဲ့ လာလီဂါ အဖွဲ့ချုပ် ရဲ့ အစီအစဉ် ကို ပြိုင်ပွဲဝင် ကလပ် အသင်း ၂၀ ရဲ့ အသင်းခေါင်းဆောင် အားလုံး က လက်မှတ်ထိုး ကန့်ကွက် ခဲ့ကြတယ် လို့ သိရ ပါတယ် ။ ဒါ့အပြင် နောက်ကျ ပွဲချိန် တွေ မစီစဉ် ပေးဖို့ နဲ့ တနင်္လာ နဲ့ သောကြာ ညတွေ မှာ ပွဲတွေ မကစား စေဖို့ ကိုလည်း တောင်းဆို ခဲ့ကြတယ် လို့ သိရ ပါတယ် ။

တော့တင်ဟမ် ဟော့စပါး အသင်း ကတော့ လာမယ့် ကာရာဘောင် ဖလား တတိယ အဆင့် အတွက် မဲခွဲမှု ပြုလုပ် ချိန် မှာ အိမ်ကွင်း ကျရောက် ခဲ့ပါက ၀င်ဘာလေ ကို အသုံးမပြု နိုင်တာ ကြောင့် အခြား ကွင်းတစ်ကွင်း ကို ငှားရမ်း ရမှာ ဖြစ်တယ် လို့ သိရ ပါတယ် ။ ဒါ့အပြင် အောက်တိုဘာ ၂၈ ရက်နေ့ မှာ ကစားရမယ့် မန်စီးတီး နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကိုလည်း တစ်နေ့တည်း ကစားမယ့် ရက်ဘီ ပွဲစဉ် ကြောင့် ရွှေ့ဆိုင်း ရတော့ မှာ ဖြစ်ပြီး အောက်တိုဘာ ၂၉ မှာ ကစားရဖို့ နီးစပ် နေတယ် လို့ ကြားသိရ ပါတယ် ။ မန်စီးတီး နည်းပြ ဂွာဒီယိုလာ က တော့ အဆိုပါ ပွဲစဉ် ကို ရာသီ ပိတ်သိမ်း ခါနီးမှာ ကစား ရမယ့် စီးတီး အိမ်ကွင်း ပွဲစဉ် နဲ့ အကျော့ချင်း လဲ ဖို့ ဆန္ဒ ရှိတယ် လို့ ထုတ်ဖော် ပြောဆို ခဲ့ဖူး ပါတယ် ။