Morinho

မေန႔ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ အဖြင့္ပြဲစဥ္မွာ အာဆင္နယ္ အသင္းဟာ အေဝးကြင္းမွာ နယူးကာဆယ္ အသင္းကုိ တစ္ဂုိး ဂုိးမရွိနဲ႔ အႏုိင္ရသြားခဲ့ျပီး အဖြင့္လွ သြားခဲ့ပါတယ္ ။ အာဆင္နယ္ အသင္း အတြက္ တစ္လုံးတည္းေသာ အႏုိင္ဂုိးကုိေတာ့ တုိက္စစ္မွဴ း အူဘာမီယန္း က သြင္းယူ ေပးခဲ့တာပါ ။

မန္ယူႏုိက္တက္ နဲ႔ ခ်ဲလ္ဆီး အသင္း နည္းျပေဟာင္း ေမာ္ရင္ဟုိ က နယူးကာဆယ္ အသင္း နဲ႔ ပြဲမွာ အာဆင္နယ္ အသင္း ရဲ႕ ကစားပုံကုိ အားရျခင္း မရွိေပမယ့္ အဖြင့္ပြဲမွာ အေရးပါတဲ့ အႏုိင္ သုံးမွတ္ကုိ ရယူ ႏုိင္ခဲ့ေၾကာင္း သုံးသပ္ ေျပာၾကား လုိက္ပါတယ္ ။

ေမာ္ရင္ဟုိ က ” ရာသီသစ္ အတြက္ ရက္သတၱပတ္ ေျခာက္ပတ္ေလာက္ ၾကိဳ တင္ ျပင္ဆင္ၾကေပမယ့္ တကယ္တမ္း ျပိဳင္ပြဲစျပီဆုိတာနဲ႔ ကစားရမယ့္ ပြဲတစ္ပြဲထဲကုိ ဦးေနွာက္ထဲ ထည့္ထားရမွာပါ ။ တစ္ပြဲ ျပီးမွ ေနာက္တစ္ပြဲ အေၾကာင္း စဥ္းစား ရမွာပါ ။ ခုမွ ရာသီ အစပဲ ရွိပါေသးေတာ့ ကစားပုံေကာင္းဦးမွာ မဟုတ္ပါဘူး ။ ”

Arsenal

” ရာသီၾကိဳ ေျခစမ္းပြဲေတြမွာ ရလဒ္ ဘယ္ေလာက္ပဲ ေကာင္းေကာင္း ရာသီအဖြင့္ ပြဲစဥ္မွာ ႏုိင္ပြဲ ရယူ ႏုိင္ခဲ့တာက အာဆင္နယ္ အသင္းအတြက္ အရမ္း အေရးပါပါတယ္ ။ အာဆင္နယ္ အသင္း ကစားပုံက အရမ္းၾကီး မေကာင္းခဲ့သလုိ ပြဲကလည္း သိပ္ၾကည့္မေကာင္းခဲ့ပါဘူး ။ ဒါေပမယ့္ အႏုိင္ သုံးမွတ္ ရဖုိ႔က အေရးၾကီးဆုံးပါပဲ ။ ” လုိ႔ ဆုိပါတယ္ ။

အာဆင္နယ္ အသင္းဟာ နယူးကာဆယ္ အသင္း နဲ႔ ပြဲမွာ ဒဏ္ရာ ျပႆ နာေတြေၾကာင့္ လူစုံထုတ္ကစားႏုိင္ျခင္း မရွိခဲ့ဘဲ လူငယ္ ကစားသမားေတြနဲ႔သာ ပြဲထြက္ လာခဲ့တာလည္း ျဖစ္ပါတယ္ ။ အာဆင္နယ္ အသင္းရဲ႕ ကစားပုံဟာ အေကာင္းဆုံး အေနအထားမွာ ရွိမေနေပမယ့္ အဖုိးတန္ ႏုိင္ပြဲ ရယူႏုိင္ခဲ့တဲ့အျပင္ Clean-Sheet ပါ ရယူႏုိင္ခဲ့တာက ေက်နပ္စရာပါ ။

အာဆင္နယ္ အသင္းဟာ ျပီးခဲ့တဲ့ ရာသီတုန္းက တစ္ရာသီလုံးမွာမွ အေဝးကြင္း Clean-Sheet တစ္ပြဲသာ ရယူႏုိင္ခဲ့ျပီး အဆုိပါ စံခ်ိန္ကုိ အဖြင့္ ပြဲစဥ္မွာတင္ လုိက္မွီ သြားခဲ့တာ ျဖစ္ပါတယ္ ။ ဒီေန႔ပြဲမွာ ေျခစြမ္းျပ ကစားႏုိင္ခဲ့တဲ့ သူဆုိရင္ေတာ့ အာဆင္နယ္အသင္း ရဲ႕ တစ္လုံးတည္းေသာ အႏုိင္ဂုိး ကုိ ပုံေဖာ္ ခဲ့ၾကတဲ့ မိတ္လန္ႏုိင္းလ္စ္ နဲ႔ အူဘာမီယန္း တုိ႔ ကုိ ညႊန္းဆုိရမွာပါ ။

မိတ္လန္ႏုိင္းလ္စ္ ဟာ အူဘာမီယန္း ရဲ႕ သြင္းဂုိးကုိ တိက်တဲ့ ေပးပုိ႔မႈနဲ႔ ျပဳလုပ္ႏုိင္ခဲ့သလုိ တုိက္စစ္ေကာ ခံစစ္ေကာ အေကာင္းဆုံး လုိက္ပါ ကစားႏုိင္ခဲ့ပါတယ္ ။အူဘာမီယန္း ကေတာ့ သူ႔ရဲ႕ပါတနာ လာကာဇက္ မကစားႏုိင္တဲ့ အခ်ိန္မွာ အသင္းရဲဲ႕ တုိက္စစ္ကုိ ဦးေဆာင္ ကစားသြားႏုိင္ခဲ့ျပီး အဖုိးတန္ အႏုိင္ဂုိးကုိလည္း သြင္းယူ ေပးခဲ့ပါတယ္ ။

အာဆင္နယ္ အသင္းဟာ ပရီးမီးယားလိဂ္ ပြဲစဥ္ ( ၂ ) အျဖစ္ လာမယ့္ အပတ္ စေနေန႔မွာ ဘန္ေလ အသင္းကုိ အိမ္ကြင္း အမ္းမရိတ္ မွာ ဧည့္ခံ ယွဥ္ျပိဳင္ ကစားသြားရမွာလည္း ျဖစ္ပါတယ္ ။

SPORTS MYANMAR

Unicode

အာဆင်နယ် အသင်းရဲ့ရာသီအဖွင့် နိုင်ပွဲ အပေါ် မှတ်ချက်ပေး ၊ ချီးကျူ းစကားဆိုလိုက်တဲ့ #မော်ရင်ဟို
============================

မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ အာဆင်နယ် အသင်းဟာ အဝေးကွင်းမှာ နယူးကာဆယ် အသင်းကို တစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားခဲ့ပြီး အဖွင့်လှ သွားခဲ့ပါတယ် ။ အာဆင်နယ် အသင်း အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကိုတော့ တိုက်စစ်မှူ း အူဘာမီယန်း က သွင်းယူ ပေးခဲ့တာပါ ။

မန်ယူနိုက်တက် နဲ့ ချဲလ်ဆီး အသင်း နည်းပြဟောင်း မော်ရင်ဟို က နယူးကာဆယ် အသင်း နဲ့ ပွဲမှာ အာဆင်နယ် အသင်း ရဲ့ ကစားပုံကို အားရခြင်း မရှိပေမယ့် အဖွင့်ပွဲမှာ အရေးပါတဲ့ အနိုင် သုံးမှတ်ကို ရယူ နိုင်ခဲ့ကြောင်း သုံးသပ် ပြောကြား လိုက်ပါတယ် ။

မော်ရင်ဟို က ” ရာသီသစ် အတွက် ရက်သတ္တပတ် ခြောက်ပတ်လောက် ကြို တင် ပြင်ဆင်ကြပေမယ့် တကယ်တမ်း ပြိုင်ပွဲစပြီဆိုတာနဲ့ ကစားရမယ့် ပွဲတစ်ပွဲထဲကို ဦးနှောက်ထဲ ထည့်ထားရမှာပါ ။ တစ်ပွဲ ပြီးမှ နောက်တစ်ပွဲ အကြောင်း စဉ်းစား ရမှာပါ ။ ခုမှ ရာသီ အစပဲ ရှိပါသေးတော့ ကစားပုံကောင်းဦးမှာ မဟုတ်ပါဘူး ။ ”

” ရာသီကြို ခြေစမ်းပွဲတွေမှာ ရလဒ် ဘယ်လောက်ပဲ ကောင်းကောင်း ရာသီအဖွင့် ပွဲစဉ်မှာ နိုင်ပွဲ ရယူ နိုင်ခဲ့တာက အာဆင်နယ် အသင်းအတွက် အရမ်း အရေးပါပါတယ် ။ အာဆင်နယ် အသင်း ကစားပုံက အရမ်းကြီး မကောင်းခဲ့သလို ပွဲကလည်း သိပ်ကြည့်မကောင်းခဲ့ပါဘူး ။ ဒါပေမယ့် အနိုင် သုံးမှတ် ရဖို့က အရေးကြီးဆုံးပါပဲ ။ ” လို့ ဆိုပါတယ် ။

အာဆင်နယ် အသင်းဟာ နယူးကာဆယ် အသင်း နဲ့ ပွဲမှာ ဒဏ်ရာ ပြဿ နာတွေကြောင့် လူစုံထုတ်ကစားနိုင်ခြင်း မရှိခဲ့ဘဲ လူငယ် ကစားသမားတွေနဲ့သာ ပွဲထွက် လာခဲ့တာလည်း ဖြစ်ပါတယ် ။ အာဆင်နယ် အသင်းရဲ့ ကစားပုံဟာ အကောင်းဆုံး အနေအထားမှာ ရှိမနေပေမယ့် အဖိုးတန် နိုင်ပွဲ ရယူနိုင်ခဲ့တဲ့အပြင် Clean-Sheet ပါ ရယူနိုင်ခဲ့တာက ကျေနပ်စရာပါ ။

အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ ရာသီတုန်းက တစ်ရာသီလုံးမှာမှ အဝေးကွင်း Clean-Sheet တစ်ပွဲသာ ရယူနိုင်ခဲ့ပြီး အဆိုပါ စံချိန်ကို အဖွင့် ပွဲစဉ်မှာတင် လိုက်မှီ သွားခဲ့တာ ဖြစ်ပါတယ် ။ ဒီနေ့ပွဲမှာ ခြေစွမ်းပြ ကစားနိုင်ခဲ့တဲ့ သူဆိုရင်တော့ အာဆင်နယ်အသင်း ရဲ့ တစ်လုံးတည်းသော အနိုင်ဂိုး ကို ပုံဖော် ခဲ့ကြတဲ့ မိတ်လန်နိုင်းလ်စ် နဲ့ အူဘာမီယန်း တို့ ကို ညွှန်းဆိုရမှာပါ ။

မိတ်လန်နိုင်းလ်စ် ဟာ အူဘာမီယန်း ရဲ့ သွင်းဂိုးကို တိကျတဲ့ ပေးပို့မှုနဲ့ ပြုလုပ်နိုင်ခဲ့သလို တိုက်စစ်ကော ခံစစ်ကော အကောင်းဆုံး လိုက်ပါ ကစားနိုင်ခဲ့ပါတယ် ။အူဘာမီယန်း ကတော့ သူ့ရဲ့ပါတနာ လာကာဇက် မကစားနိုင်တဲ့ အချိန်မှာ အသင်းရဲဲ့ တိုက်စစ်ကို ဦးဆောင် ကစားသွားနိုင်ခဲ့ပြီး အဖိုးတန် အနိုင်ဂိုးကိုလည်း သွင်းယူ ပေးခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် ( ၂ ) အဖြစ် လာမယ့် အပတ် စနေနေ့မှာ ဘန်လေ အသင်းကို အိမ်ကွင်း အမ်းမရိတ် မှာ ဧည့်ခံ ယှဉ်ပြိုင် ကစားသွားရမှာလည်း ဖြစ်ပါတယ် ။

SPORTS MYANMAR