မန္ခ်က္ စတာ ယူႏုိက္တက္ အသင္း နည္းျပ အုိလီ ဂန္နာ ဆိုးရွား ဟာ ယမန္ေန႔ ညက ခ်ဲလ္ဆီး အသင္း ကို ဂိုးျပတ္ အႏုိင္ရရွိ ခဲ့တဲ့ ပရီးမီး ယားလိဂ္ အဖြင့္ပြဲ မွာ ပါ၀င္ ကစား ခဲ့တဲ့ လူသစ္ ေတြ ကို ခ်ီးက်ဳး ေျပာဆို သြားခဲ့ ပါတယ္ ။ ယူႏုိက္တက္ ရဲ႕ မ်က္ႏွာသစ္ ကစား သမား ၃ ဦး စလံုး ဟာ မေန႔ ညက ပြဲ မွာ ကစားခြင့္ ရရွိ ခဲ့ၾက ၿပီး အားလံုး ေျခစြမ္း ျပ ကာ ပရိသတ္ေတြ ရဲ႕ ေက်နပ္ ႏွစ္သက္မႈ ကို ရရွိ ခဲ့ ပါတယ္ ။
ယူႏုိက္တက္ ဟာ ၿပီးခဲ့တဲ့ ေႏြရာသီ အေျပာင္း အေရႊ႕ မွာ အသံမ်ဳိးစံု ထြက္ခဲ့ ေပမယ့္ ဒန္နီရယ္ ဂ်ိမ္းစ္ ၊ အာရြန္ ၀မ္ ဘစ္ဆာကာ နဲ႔ ဟယ္ရီ မက္ဂြဲယား တုိ႔ ၃ ဦး ကိုသာ ေခၚယူ ႏုိင္ ခဲ့ ပါတယ္ ။ ဒါေပမယ့္ ဒီ ၃ ဦး ဟာ ယူႏုိက္တက္ ကို အကူ အညီ ျဖစ္ေစခဲ့ ၿပီး ခ်ဲလ္ဆီး နဲ႔ ပြဲ မွာ အစြမ္း ျပႏုိင္ခဲ့ၾက ပါတယ္ ။
ဘစ္ဆာကာ နဲ႔ မက္ဂြဲယား တို႔ ဟာ ပြဲထြက္ စာရင္း မွာ ပါ၀င္ ခဲ့ၿပီး ယူႏုိက္တက္ ခံစစ္ ကို ေတာင့္တင္း ေစခဲ့ ပါတယ္ ။ မက္ဂြဲယား ဟာ ပြဲတင္ဆက္သူ Sky Sports က ခ်ီးျမွင့္တဲ့ Man of the Match ကို ပင္ ရရွိ ခဲ့ ၿပီး ဒန္နီရယ္ ဂ်ိမ္းစ္ ကလည္း လူစား၀င္ လာၿပီး မၾကာခင္ မွာ အသင္း အတြက္ စတုတၳ ေျမာက္ ဂုိး ကို သြင္းယူ ေပးႏုိင္ ခဲ့ ပါတယ္ ။
“သူတို႔ အသင္း နဲ႔ ေကာင္းးေကာင္း အံ့၀င္ ခဲ့ ပါတယ္ ။ ဟယ္ရီ မက္ဂြဲယား ဆုိရင္ အသင္း နဲ႔ ေလ့က်င့္ခန္း ဆင္းတာ ၃-၄ ခါ ေလာက္ပဲ ရွိပါ ေသးတယ္ ။ ဒါေပမယ့္ သူ ဟာ ပရီးမီး ယားလိဂ္ အေတြ႕ အႀကဳံရင့္က်က္ တဲ့ ကစား သမား ျဖစ္တာ မို႔ အျမန္ ပဲ အထုိင္က် သြားခဲ့ ပါတယ္”
“ကြ်န္ေတာ္တို႔ သူ႔ကို ေခၚယူ ခဲ့ရတဲ့ အဓိက အေၾကာင္း အရင္း ကို သူ ေကာင္းေကာင္း လုပ္ျပ သြားႏုိင္ခဲ့ ပါတယ္ ။ ကိုယ့္ဘက္ ျခမ္း မွာ ေရာ ၿပဳိင္ဘက္ ဂုိးဧရိယာ ထဲ မွာပါ မက္ဂြဲယား က အေထာက္ အကူ ျဖစ္ေစခဲ့ တာပါ ။ ကြ်န္ေတာ္တို႔ ကစားမယ့္ ပံုစံ ကို ထပ္ၿပီး ရွင္းျပ သြားဦး မွာပါ ။ သူ႔ကို ပိုၿပီး တုိးတက္ ေစခ်င္ ပါတယ္”
“သူဟာ ဦးေဆာင္မႈ ေပးႏုိင္ ပါတယ္ ။ ဒီဂီယာ ရယ္ ၊ လင္ဒီေလာ့ဖ္ ရယ္ နဲ႔ ေပါင္းစပ္ ၿပိး ခံစစ္ ေၾကာင္းကို သိပ္သည္း ေစခဲ့ ပါတယ္ ။ ဒါဟာ အသင္းရဲ႕ ႏုိင္ပြဲေတြ အတြက္ အေရးပါ တဲ့ ေျခလွမ္း တစ္ခု ပါပဲ ။ အာရြန္ ( ဘစ္ဆာကာ ) ကေတာ့ အတက္ အဆင္း ေကာင္းေကာင္း ကစားခဲ့ ၿပီး ပါးနပ္ ပါတယ္ ။ သူ ဟာ မန္ခ်က္ စတာ ယူႏုိက္တက္ ရဲ႕ ခံစစ္ သမား တစ္ေယာက္ ျဖစ္ထုိက္တဲ့ အရည္ အေသြး ပုိင္ရွင္ မ်ဳိးပါ”

“ဒန္နီရယ္ ဂ်ိမ္းစ္ ဟာ ျမန္ ပါတယ္ ၊ ၿပီးေတာ့ ဂုိးလာဘ္ လည္း ရွိ ပါတယ္ ။ ဒါကလည္း သူ႔ရဲ႕ ျပင္းထန္ တဲ့ ႀကဳိးစား အားထုတ္မႈေတြ ေၾကာင့္ ၊ ထိပ္တန္း အဆင့္ ကစား သမား ျဖစ္လာခ်င္ စိတ္ေတြ ေၾကာင့္ ပါ” လို႔ ဟယ္ရီ မက္ဂြဲယား နဲ႔ လူသစ္ေတြ အေပၚ ဆိုးရွား က ခ်ီးက်ဳး ေျပာဆို ခဲ့ ပါတယ္ ။
ဒါ့အျပင္ ယမန္ေန႔ ညက ပြဲမွာ ကြင္းလယ္ အထုိင္ အျဖစ္ ကစားခဲ့ ရတဲ့ ေပါလ္ ေပါ့ဘာ ကိုလည္း ဆုိးရွား က ခ်ီးက်ဳး စကားဆုိ ခဲ့ ပါတယ္ ။ ေပါ့ဘာ ဟာ တစ္ပြဲလံုး ၿခဳံၾကည့္ ပါက ေျခစြမ္း မျပႏုိင္ခဲ့ ေပမယ့္ ရက္ဖိုဒ့္ သြင္းယူ ခဲ့တဲ့ တတိယ ဂုိး ကို လွပ ေသသပ္ တဲ့ အေ၀းေဘာ နဲ႔ ဖန္တီးေပး သြားကာ သူ႔ရဲ႕ အဆင့္အတန္း ကို ျပသသြားႏုိင္ ခဲ့ ပါတယ္ ။
“ေပါလ္ က ေနရာ မ်ဳိးစံု မွာ ကစားႏုိင္ ပါတယ္ ။ တုိက္စစ္လည္း ရသလို ဒီေန႔ လိုပြဲမ်ဳိး မွာေတာ့ လင္ဒီေလာ့ဖ္ ၊ ဒီဂီယာ တို႔ နဲ႔ ပိုၿပီး ခ်ိတ္ဆက္ ကစား ခ့ဲရ ပါတယ္ ။ ေဘာလံုး ေျခထဲ မွာ ရွိေန ခ်ိန္ မွာ ေပါလ္ ရဲ႕ ကစားသြားပံု ေတြ ကို ကြ်န္ေတာ္ ေက်နပ္ သေဘာက်မိ ပါတယ္” လုိ႔ ဆုိးရွား က ေျပာဆို သြားခဲ့ ပါတယ္ ။
မန္ခ်က္စတာ ယူႏုိက္တက္ ဟာ ယခု ႏုိင္ပြဲ ေၾကာင့္ ပြဲစဥ္ ( ၁ ) အၿပီး အဆင့္ ၂ ေနရာ ကို ရယူႏုိင္ ခဲ့ ပါတယ္ ။ လာမယ့္ အပတ္ တနလၤာေန႔ မွာေတာ့ ယူႏုိက္တက္ ဟာ ပြဲစဥ္ ( ၂ ) အျဖစ္ ယမန္ႏွစ္ က အႀကိမ္ႀကိမ္ ဒုကၡေပး ခဲ့တဲ့ ၀ုဗ္ အသင္း ရဲ႕ အိမ္ကြင္း ကို သြားေရာက္ ရင္ဆုိင္ ရမွာပဲ ျဖစ္ ပါတယ္ ။
SPORTS MYANMAR
Unicode
ယူနိုက်တက် ရဲ့ ကစားသမားသစ်တွေ ကို ချီးကျုးသွားခဲ့တဲ့ နည်းပြ ဆိုးရှား
================================
မန်ချက် စတာ ယူနိုက်တက် အသင်း နည်းပြ အိုလီ ဂန်နာ ဆိုးရှား ဟာ ယမန်နေ့ ညက ချဲလ်ဆီး အသင်း ကို ဂိုးပြတ် အနိုင်ရရှိ ခဲ့တဲ့ ပရီးမီး ယားလိဂ် အဖွင့်ပွဲ မှာ ပါ၀င် ကစား ခဲ့တဲ့ လူသစ် တွေ ကို ချီးကျုး ပြောဆို သွားခဲ့ ပါတယ် ။ ယူနိုက်တက် ရဲ့ မျက်နှာသစ် ကစား သမား ၃ ဦး စလုံး ဟာ မနေ့ ညက ပွဲ မှာ ကစားခွင့် ရရှိ ခဲ့ကြ ပြီး အားလုံး ခြေစွမ်း ပြ ကာ ပရိသတ်တွေ ရဲ့ ကျေနပ် နှစ်သက်မှု ကို ရရှိ ခဲ့ ပါတယ် ။
ယူနိုက်တက် ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်း အရွှေ့ မှာ အသံမျိုးစုံ ထွက်ခဲ့ ပေမယ့် ဒန်နီရယ် ဂျိမ်းစ် ၊ အာရွန် ၀မ် ဘစ်ဆာကာ နဲ့ ဟယ်ရီ မက်ဂွဲယား တို့ ၃ ဦး ကိုသာ ခေါ်ယူ နိုင် ခဲ့ ပါတယ် ။ ဒါပေမယ့် ဒီ ၃ ဦး ဟာ ယူနိုက်တက် ကို အကူ အညီ ဖြစ်စေခဲ့ ပြီး ချဲလ်ဆီး နဲ့ ပွဲ မှာ အစွမ်း ပြနိုင်ခဲ့ကြ ပါတယ် ။
ဘစ်ဆာကာ နဲ့ မက်ဂွဲယား တို့ ဟာ ပွဲထွက် စာရင်း မှာ ပါ၀င် ခဲ့ပြီး ယူနိုက်တက် ခံစစ် ကို တောင့်တင်း စေခဲ့ ပါတယ် ။ မက်ဂွဲယား ဟာ ပွဲတင်ဆက်သူ Sky Sports က ချီးမြှင့်တဲ့ Man of the Match ကို ပင် ရရှိ ခဲ့ ပြီး ဒန်နီရယ် ဂျိမ်းစ် ကလည်း လူစားဝင် လာပြီး မကြာခင် မှာ အသင်း အတွက် စတုတ္ထ မြောက် ဂိုး ကို သွင်းယူ ပေးနိုင် ခဲ့ ပါတယ် ။
“သူတို့ အသင်း နဲ့ ကောင်းးကောင်း အံ့ဝင် ခဲ့ ပါတယ် ။ ဟယ်ရီ မက်ဂွဲယား ဆိုရင် အသင်း နဲ့ လေ့ကျင့်ခန်း ဆင်းတာ ၃-၄ ခါ လောက်ပဲ ရှိပါ သေးတယ် ။ ဒါပေမယ့် သူ ဟာ ပရီးမီး ယားလိဂ် အတွေ့ အကြုံရင့်ကျက် တဲ့ ကစား သမား ဖြစ်တာ မို့ အမြန် ပဲ အထိုင်ကျ သွားခဲ့ ပါတယ်”
“ကျွန်တော်တို့ သူ့ကို ခေါ်ယူ ခဲ့ရတဲ့ အဓိက အကြောင်း အရင်း ကို သူ ကောင်းကောင်း လုပ်ပြ သွားနိုင်ခဲ့ ပါတယ် ။ ကိုယ့်ဘက် ခြမ်း မှာ ရော ပြိုင်ဘက် ဂိုးဧရိယာ ထဲ မှာပါ မက်ဂွဲယား က အထောက် အကူ ဖြစ်စေခဲ့ တာပါ ။ ကျွန်တော်တို့ ကစားမယ့် ပုံစံ ကို ထပ်ပြီး ရှင်းပြ သွားဦး မှာပါ ။ သူ့ကို ပိုပြီး တိုးတက် စေချင် ပါတယ်”
“သူဟာ ဦးဆောင်မှု ပေးနိုင် ပါတယ် ။ ဒီဂီယာ ရယ် ၊ လင်ဒီလော့ဖ် ရယ် နဲ့ ပေါင်းစပ် ပြိး ခံစစ် ကြောင်းကို သိပ်သည်း စေခဲ့ ပါတယ် ။ ဒါဟာ အသင်းရဲ့ နိုင်ပွဲတွေ အတွက် အရေးပါ တဲ့ ခြေလှမ်း တစ်ခု ပါပဲ ။ အာရွန် ( ဘစ်ဆာကာ ) ကတော့ အတက် အဆင်း ကောင်းကောင်း ကစားခဲ့ ပြီး ပါးနပ် ပါတယ် ။ သူ ဟာ မန်ချက် စတာ ယူနိုက်တက် ရဲ့ ခံစစ် သမား တစ်ယောက် ဖြစ်ထိုက်တဲ့ အရည် အသွေး ပိုင်ရှင် မျိုးပါ”
“ဒန်နီရယ် ဂျိမ်းစ် ဟာ မြန် ပါတယ် ၊ ပြီးတော့ ဂိုးလာဘ် လည်း ရှိ ပါတယ် ။ ဒါကလည်း သူ့ရဲ့ ပြင်းထန် တဲ့ ကြိုးစား အားထုတ်မှုတွေ ကြောင့် ၊ ထိပ်တန်း အဆင့် ကစား သမား ဖြစ်လာချင် စိတ်တွေ ကြောင့် ပါ” လို့ ဟယ်ရီ မက်ဂွဲယား နဲ့ လူသစ်တွေ အပေါ် ဆိုးရှား က ချီးကျုး ပြောဆို ခဲ့ ပါတယ် ။
ဒါ့အပြင် ယမန်နေ့ ညက ပွဲမှာ ကွင်းလယ် အထိုင် အဖြစ် ကစားခဲ့ ရတဲ့ ပေါလ် ပေါ့ဘာ ကိုလည်း ဆိုးရှား က ချီးကျုး စကားဆို ခဲ့ ပါတယ် ။ ပေါ့ဘာ ဟာ တစ်ပွဲလုံး ခြုံကြည့် ပါက ခြေစွမ်း မပြနိုင်ခဲ့ ပေမယ့် ရက်ဖိုဒ့် သွင်းယူ ခဲ့တဲ့ တတိယ ဂိုး ကို လှပ သေသပ် တဲ့ အဝေးဘော နဲ့ ဖန်တီးပေး သွားကာ သူ့ရဲ့ အဆင့်အတန်း ကို ပြသသွားနိုင် ခဲ့ ပါတယ် ။
“ပေါလ် က နေရာ မျိုးစုံ မှာ ကစားနိုင် ပါတယ် ။ တိုက်စစ်လည်း ရသလို ဒီနေ့ လိုပွဲမျိုး မှာတော့ လင်ဒီလော့ဖ် ၊ ဒီဂီယာ တို့ နဲ့ ပိုပြီး ချိတ်ဆက် ကစား ခဲ့ရ ပါတယ် ။ ဘောလုံး ခြေထဲ မှာ ရှိနေ ချိန် မှာ ပေါလ် ရဲ့ ကစားသွားပုံ တွေ ကို ကျွန်တော် ကျေနပ် သဘောကျမိ ပါတယ်” လို့ ဆိုးရှား က ပြောဆို သွားခဲ့ ပါတယ် ။
မန်ချက်စတာ ယူနိုက်တက် ဟာ ယခု နိုင်ပွဲ ကြောင့် ပွဲစဉ် ( ၁ ) အပြီး အဆင့် ၂ နေရာ ကို ရယူနိုင် ခဲ့ ပါတယ် ။ လာမယ့် အပတ် တနင်္လာနေ့ မှာတော့ ယူနိုက်တက် ဟာ ပွဲစဉ် ( ၂ ) အဖြစ် ယမန်နှစ် က အကြိမ်ကြိမ် ဒုက္ခပေး ခဲ့တဲ့ ၀ုဗ် အသင်း ရဲ့ အိမ်ကွင်း ကို သွားရောက် ရင်ဆိုင် ရမှာပဲ ဖြစ် ပါတယ် ။
SPORTS MYANMAR