Lampard

ခ်ဲလ္ဆီး နည္းျပ သစ္ ဖရန္႔ လမ္းပတ္ ကေတာ့ သူတို႔ အသင္း ဟာ ေရွ႕ေလ်ာက္ မွာ လည္း ပုိမို ဆိုးရြား ခါးသီး တဲ့ သင္ခန္းစာ ေတြ ကို ရရွိ ႏုိင္ေသး ေၾကာင္း ယမန္ေန႔ ညက ကစား သြားခဲ့ တဲ့ မန္ခ်က္စတာ ယူႏုိက္တက္ နဲ႔ ပြဲ အၿပီး မွာ ေျပာဆို သြားခဲ့ ပါတယ္ ။ ခ်ဲလ္ဆီး ဟာ ပရီးမီးယားလိဂ္ အဖြင့္ပြဲ အျဖစ္ ယူနုိက္တက္ ရဲ႕ အိုးထရက္ဖုိဒ့္ ကြင္းကို သြားေရာက္ ရင္ဆုိင္ ခဲ့ၿပီး ဂုိးျပတ္ ရွဳံးနိမ့္ ခဲ့ ပါတယ္ ။

ခ်ဲလ္ဆီး ဟာ အိမ္ရွင္ ယူႏုိက္တက္ ထက္ ပုိၿပီး ေဘာလံုး ပုိင္ဆုိင္မႈ သာခဲ့ သလို အခြင့္ အေရး ဖန္တီးမႈေတြ လည္း ျပဳလုပ္ႏုိင္ ခဲ့ ပါတယ္ ။ ဒါေပမယ့္ တုိင္ထိ မႈ ၂ ႀကိမ္ အပါ အ၀င္ အဆံုး သတ္ အခ်ိတ္ အဆက္ လြဲေခ်ာ္ မႈ ေတြ က ယူႏုိက္တက္ ဘက္ကို အခြင့္ အေရး ျပန္ေပး သလို ျဖစ္ေစခဲ့ ၿပီး ခံစစ္ အမွားေတြ က တဆင့္ ဂုိးေတြ သြင္းယူ သြားခဲ့ ပါတယ္ ။

ခ်ဲလ္ဆီး ေနာက္တန္း ဟာ ယမန္ေန႔ ညက ရွဳံးပြဲ မွာ အဓိက ေထာက္ျပ စရာ ျဖစ္ခဲ့ၿပီး ယူႏုိက္တက္ ရဲ႕ ပထမ ဂုိး ( ပင္နယ္တီ ) အတြက္ ဇူးမား မွာ တာ၀န္ ရွိခဲ့ သလို မာရွယ္ ၊ ဒန္နီရယ္ ဂ်ိမ္းစ္ တို႔ရဲ႕ ဂုိးေတြ မွာလည္း ေနာက္တန္း လူေတြ ရဲ႕ အားနည္းခ်က္္ ေတြကို ေပၚလြင္ ေစခဲ့ ပါတယ္ ။

Rashford

ခ်ဲလ္ဆီး နည္းျပသစ္ လမ္းပတ္ ကေတာ့ သူ႔ အေနနဲ႔ ဒီ ရွဳံးပြဲ အေပၚ ဆင္ေျခ ေပးစရာ မရွိ သလုိ ေနာက္ထပ္ လည္း ပုိမုိ ဆုိးရြားတဲ့ ရွဳံးပြဲေတြ ႀကဳံလာရ ႏုိင္ေၾကာင္း ဆုိခဲ့ၿပီး ဒီ လုိ ရွဳံးပြဲ ေတြ က ေန သင္ခန္းစာ ျပန္ယူ ဖို႔ ႀကဳိးစား သြားမယ္ လို႔ ေျပာဆို သြားခဲ့ ပါတယ္ ။

“ကြ်န္ေတာ္တုိ႔ မွာ ဒဏ္ရာ ရ ကစား သမားေတြ ရွိေန ပါတယ္ ။ ဒါေၾကာင့္ လူစံု ပြဲ မထုတ္ ႏုိင္ ခဲ့ ပါဘူး ။ ဒါက တစ္ပုိင္း ပါ ။ ပြဲထဲ မွာ အားနည္းခ်က္ ေတြ ရွိခဲ့ ပါတယ္ ။ ေရွ႕ေလ်ာက္ လည္း ပုိဆုိး တဲ့ သင္ခန္းစာေတြ ရႏုိင္ ပါေသးတယ္ ။ ဒါေတြ ကို ျမန္ျမန္ ျပင္ဆင္ ႏုိင္ဖို႔ လိုအပ္ ပါတယ္”

“အသင္းရဲ႕ ကစားပံု နဲ႔ ပတ္သက္လို႔ ဘာမွ အျပစ္ ေျပာစရာ မရွိ ပါဘူး ။ ကြ်န္ေတာ္ တို႔ ဘယ္လို ပံုစံ ကစား မယ္ ဆုိတာ ပရိသတ္ေတြ ကို သိေအာင္ ျပႏုိင္ ခဲ့ ပါတယ္ ။ ၿပဳိင္ဘက္ ကို ေကာင္းေကာင္း ယွဥ္ႏိုင္ ခဲ့ၿပီး အမွား အခ်ဳိ႕ ေၾကာင့္သာ အခုလို အေရးနိမ့္ ခဲ့ရတာပါ”

“ပြဲထဲ မွာ ေကာင္းတာ ေရာ ဆုိးတာေတြ ပါျဖစ္ ခဲ့ ပါတယ္ ။ အမွား ၄ ခါ ေလာက္ လုုပ္မိ ခဲ့ၿပီး ယူႏုိက္တက္ ဘက္ က ပုိင္ပုိင္ ႏုိင္ႏုိင္ အသံုးခ် သြားခဲ့ ပါတယ္ ။ ဒါေပမယ့္ ဒီ အတြက္ ကြ်န္ေတာ္ ေစာဒက တတ္ မွာ မဟုတ္ ပဘူး ။ အသင္း ကို ပိုေကာင္း လာ ေအာင္ ၊ ပိုၿပီး တိုးတက္ လာ ေအာင္ လုပ္ေဆာင္ သြားမွာ ပါ ။ ဒီလုိမွ မဟုတ္၇င္ေတာ့ ပုိဆိုးတဲ့ သင္ခန္းစာေတြ ကို ႀကဳံရ ဦးမွာ ပါပဲ” လုိ႔ လမ္းပတ္ က ေျပာဆို သြားခဲ့ ပါတယ္ ။

Cheisea

ဖရန္႔ ဟာ မေန႔ က ပြဲမွာ စီနီယာ ကစား သမားေတြ ျဖစ္တဲ့ ကန္တီ ၊ အလြန္ဆို နဲ႔ ဂ်ီရူး တို႔ ကို ပြဲမထုတ္ ခဲ့ဘဲ လူငယ္ ကစား သမားေတြ ျဖစ္တဲ့ တမ္မီ ေအဘရာဟမ္ ၊ ေမဆြန္ေမာင့္ တို႔ကို ပြဲထြက္ စာရင္းမွာ အသံုးျပဳသြား ခဲ့ သလို ေဒါ့မြန္ ကေန ေခၚယူ ထားတဲ့ ပူလီဆစ္ ကိုလည္း ဒုတိယပုိင္း မွသာ ထည့္သြင္း ကစားခဲ့ ပါတယ္ ။

“ေဆးကုသ ေရး အခန္းထဲ က လူေတြ ကို ကြင္းထဲ ဆြဲသြင္း လာလို႔ မရ ပါဘူး ။ ေဘာလံုး ၿပဳိင္ပြဲ က အၾကာႀကီး သြားရ မွာပါ ။ အားလံုး ႀကံ႕ခုိင္မႈ အျပည့္ ရွိေနဖို႔ လိုပါတယ္ ။ သူတု႔ိ ကို အခ်ိန္ေပး ရဦးမွာပါ ။ အခု အသင္းမွာ ထိပ္တန္း ကစား သမားေတြ ၊ လက္ေရြးစင္ အဆင့္ေတြ နည္းေန ပါတယ္ ။ ဒါေပမယ့္လည္း ဒါက ကြ်န္ေတာ္ ၿငီးတြားေနလုိ႔ ပိုေကာင္းလာမယ့္ ကိစၥ မဟုတ္ပါဘူး ။ ရွိတဲ့ လူေတြ နဲ႔ အေကာင္းဆံုး ႀကဳိးစား သြားမွာပါ” လို႔ လမ္းပတ္ က ေျပာဆို သြားခဲ့ ပါတယ္ ။

ခ်ဲလ္ဆီး အသင္း ဟာ လာမယ့္ ပြဲစဥ္ ( ၂ ) မွာေတာ့ လက္စတာ စီးတီး အသင္း ကို အိမ္ကြင္း မွာ လက္ခံ ကစား ရမွာ ျဖစ္ၿပီး အဆိုပါ ပြဲ မတုိင္ခင္ ၾကားရက္ မွာေတာ့ အဇာဘုိင္ဂ်န္ ကို သြားေရာက္ၿပီး လီဗာပူး အသင္း နဲ႔ ဥေရာပ စူပါဖလား ပြဲ ကို ယွဥ္ၿပဳိင္ ကစား ရမွာပဲ ျဖစ္ ပါတယ္ ။

SPORTS MYANMAR

Unicode

ပရီးမီးယားလိဂ် အဖွင့်ကို အရှုံးနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ချဲလ်ဆီး နည်းပြ လမ်းပတ် ရဲ့ ရင်ဖွင့်စကားများ

=============================================

ချဲလ်ဆီး နည်းပြ သစ် ဖရန့် လမ်းပတ် ကတော့ သူတို့ အသင်း ဟာ ရှေ့လျောက် မှာ လည်း ပိုမို ဆိုးရွား ခါးသီး တဲ့ သင်ခန်းစာ တွေ ကို ရရှိ နိုင်သေး ကြောင်း ယမန်နေ့ ညက ကစား သွားခဲ့ တဲ့ မန်ချက်စတာ ယူနိုက်တက် နဲ့ ပွဲ အပြီး မှာ ပြောဆို သွားခဲ့ ပါတယ် ။ ချဲလ်ဆီး ဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲ အဖြစ် ယူနိုက်တက် ရဲ့ အိုးထရက်ဖိုဒ့် ကွင်းကို သွားရောက် ရင်ဆိုင် ခဲ့ပြီး ဂိုးပြတ် ရှုံးနိမ့် ခဲ့ ပါတယ် ။

ချဲလ်ဆီး ဟာ အိမ်ရှင် ယူနိုက်တက် ထက် ပိုပြီး ဘောလုံး ပိုင်ဆိုင်မှု သာခဲ့ သလို အခွင့် အရေး ဖန်တီးမှုတွေ လည်း ပြုလုပ်နိုင် ခဲ့ ပါတယ် ။ ဒါပေမယ့် တိုင်ထိ မှု ၂ ကြိမ် အပါ အဝင် အဆုံး သတ် အချိတ် အဆက် လွဲချော် မှု တွေ က ယူနိုက်တက် ဘက်ကို အခွင့် အရေး ပြန်ပေး သလို ဖြစ်စေခဲ့ ပြီး ခံစစ် အမှားတွေ က တဆင့် ဂိုးတွေ သွင်းယူ သွားခဲ့ ပါတယ် ။

ချဲလ်ဆီး နောက်တန်း ဟာ ယမန်နေ့ ညက ရှုံးပွဲ မှာ အဓိက ထောက်ပြ စရာ ဖြစ်ခဲ့ပြီး ယူနိုက်တက် ရဲ့ ပထမ ဂိုး ( ပင်နယ်တီ ) အတွက် ဇူးမား မှာ တာဝန် ရှိခဲ့ သလို မာရှယ် ၊ ဒန်နီရယ် ဂျိမ်းစ် တို့ရဲ့ ဂိုးတွေ မှာလည်း နောက်တန်း လူတွေ ရဲ့ အားနည်းချက်် တွေကို ပေါ်လွင် စေခဲ့ ပါတယ် ။

ချဲလ်ဆီး နည်းပြသစ် လမ်းပတ် ကတော့ သူ့ အနေနဲ့ ဒီ ရှုံးပွဲ အပေါ် ဆင်ခြေ ပေးစရာ မရှိ သလို နောက်ထပ် လည်း ပိုမို ဆိုးရွားတဲ့ ရှုံးပွဲတွေ ကြုံလာရ နိုင်ကြောင်း ဆိုခဲ့ပြီး ဒီ လို ရှုံးပွဲ တွေ က နေ သင်ခန်းစာ ပြန်ယူ ဖို့ ကြိုးစား သွားမယ် လို့ ပြောဆို သွားခဲ့ ပါတယ် ။

“ကျွန်တော်တို့ မှာ ဒဏ်ရာ ရ ကစား သမားတွေ ရှိနေ ပါတယ် ။ ဒါကြောင့် လူစုံ ပွဲ မထုတ် နိုင် ခဲ့ ပါဘူး ။ ဒါက တစ်ပိုင်း ပါ ။ ပွဲထဲ မှာ အားနည်းချက် တွေ ရှိခဲ့ ပါတယ် ။ ရှေ့လျောက် လည်း ပိုဆိုး တဲ့ သင်ခန်းစာတွေ ရနိုင် ပါသေးတယ် ။ ဒါတွေ ကို မြန်မြန် ပြင်ဆင် နိုင်ဖို့ လိုအပ် ပါတယ်”

“အသင်းရဲ့ ကစားပုံ နဲ့ ပတ်သက်လို့ ဘာမှ အပြစ် ပြောစရာ မရှိ ပါဘူး ။ ကျွန်တော် တို့ ဘယ်လို ပုံစံ ကစား မယ် ဆိုတာ ပရိသတ်တွေ ကို သိအောင် ပြနိုင် ခဲ့ ပါတယ် ။ ပြိုင်ဘက် ကို ကောင်းကောင်း ယှဉ်နိုင် ခဲ့ပြီး အမှား အချို့ ကြောင့်သာ အခုလို အရေးနိမ့် ခဲ့ရတာပါ”

“ပွဲထဲ မှာ ကောင်းတာ ရော ဆိုးတာတွေ ပါဖြစ် ခဲ့ ပါတယ် ။ အမှား ၄ ခါ လောက် လုုပ်မိ ခဲ့ပြီး ယူနိုက်တက် ဘက် က ပိုင်ပိုင် နိုင်နိုင် အသုံးချ သွားခဲ့ ပါတယ် ။ ဒါပေမယ့် ဒီ အတွက် ကျွန်တော် စောဒက တတ် မှာ မဟုတ် ပဘူး ။ အသင်း ကို ပိုကောင်း လာ အောင် ၊ ပိုပြီး တိုးတက် လာ အောင် လုပ်ဆောင် သွားမှာ ပါ ။ ဒီလိုမှ မဟုတ်ရင်တော့ ပိုဆိုးတဲ့ သင်ခန်းစာတွေ ကို ကြုံရ ဦးမှာ ပါပဲ” လို့ လမ်းပတ် က ပြောဆို သွားခဲ့ ပါတယ် ။

ဖရန့် ဟာ မနေ့ က ပွဲမှာ စီနီယာ ကစား သမားတွေ ဖြစ်တဲ့ ကန်တီ ၊ အလွန်ဆို နဲ့ ဂျီရူး တို့ ကို ပွဲမထုတ် ခဲ့ဘဲ လူငယ် ကစား သမားတွေ ဖြစ်တဲ့ တမ်မီ အေဘရာဟမ် ၊ မေဆွန်မောင့် တို့ကို ပွဲထွက် စာရင်းမှာ အသုံးပြုသွား ခဲ့ သလို ဒေါ့မွန် ကနေ ခေါ်ယူ ထားတဲ့ ပူလီဆစ် ကိုလည်း ဒုတိယပိုင်း မှသာ ထည့်သွင်း ကစားခဲ့ ပါတယ် ။

“ဆေးကုသ ရေး အခန်းထဲ က လူတွေ ကို ကွင်းထဲ ဆွဲသွင်း လာလို့ မရ ပါဘူး ။ ဘောလုံး ပြိုင်ပွဲ က အကြာကြီး သွားရ မှာပါ ။ အားလုံး ကြံ့ခိုင်မှု အပြည့် ရှိနေဖို့ လိုပါတယ် ။ သူတို့ ကို အချိန်ပေး ရဦးမှာပါ ။ အခု အသင်းမှာ ထိပ်တန်း ကစား သမားတွေ ၊ လက်ရွေးစင် အဆင့်တွေ နည်းနေ ပါတယ် ။ ဒါပေမယ့်လည်း ဒါက ကျွန်တော် ငြီးတွားနေလို့ ပိုကောင်းလာမယ့် ကိစ္စ မဟုတ်ပါဘူး ။ ရှိတဲ့ လူတွေ နဲ့ အကောင်းဆုံး ကြိုးစား သွားမှာပါ” လို့ လမ်းပတ် က ပြောဆို သွားခဲ့ ပါတယ် ။

ချဲလ်ဆီး အသင်း ဟာ လာမယ့် ပွဲစဉ် ( ၂ ) မှာတော့ လက်စတာ စီးတီး အသင်း ကို အိမ်ကွင်း မှာ လက်ခံ ကစား ရမှာ ဖြစ်ပြီး အဆိုပါ ပွဲ မတိုင်ခင် ကြားရက် မှာတော့ အဇာဘိုင်ဂျန် ကို သွားရောက်ပြီး လီဗာပူး အသင်း နဲ့ ဥရောပ စူပါဖလား ပွဲ ကို ယှဉ်ပြိုင် ကစား ရမှာပဲ ဖြစ် ပါတယ် ။

SPORTS MYANMAR