Morinho

မေန႕ည က ကစား သြားခဲ့တဲ့ ပရီးမီးယားလိဂ္ ပြဲစဥ္ ၁ ရဲ႕ အေကာင္းဆံုး ပြဲစဥ္ တပြဲ ျဖစ္တဲ့ မန္ခ်က္စတာ ယူႏိုက္တက္ – ခ်ယ္လ္ဆီး အသင္းတို႕ရဲ႕ ပြဲစဥ္ မွာ အိမ္ရွင္ ယူႏိုက္တက္ အသင္း က ၄ဂိုးျပတ္ နဲ႕ အႏိုင္ရရွိကာ အဖြင့္လွ သြားခဲ့ပါတယ္ ။ ထို ပြဲစဥ္ မွာ အိမ္ရွင္ မန္ယူ တို႕ တန္ျပန္ တိုက္စစ္ ကို အဓိက ဦးတည္ ကစား သြားခဲ့ျပီး ဒုတိယပိုင္း မွာ ရရွိ ခဲ့တဲ့ သြင္းဂိုး ၃ဂိုးလံုး ဟာ ယူႏိုက္တက္ ရဲ႕ တန္ျပန္ တိုက္စစ္ ကို ခ်ယ္လ္ဆီး အသင္း ေနာက္တန္း မထိန္း ႏိုင္ခဲ့လို႕ အေရးနိမ့္ ခဲ့ရတာ ျဖစ္ပါတယ္ ။

ခ်ယ္လ္ဆီး အသင္း နည္းျပ ဖရန္႕ လမ္းပတ္ ဟာ မေန႕ည က မန္ယူ အသင္း နဲ႕ ပြဲစဥ္ မွာ ျပီးခဲ့တဲ့ ရာသီ က ပရီးမီးယားလိဂ္ လံုးဝ မကစား ခဲ့ဖူးတဲ့ လူငယ္ ကစားသမား ၂ဦး ျဖစ္ၾကတဲ့ ေအဘရာဟမ္ နဲ႕ ေမဆင့္ေမာင့္တ္ တို႕ကို ပြဲထုတ္ လာခဲ့တာ ကို ေတြ႕ခဲ့ ရျပီး ခံစစ္ က ဇူးမား – ခရစ္တန္ဆန္ အတြဲ ကလည္း လံုးဝ အခ်ိတ္အဆက္ မမိ ေသးတာ ကို ေတြ႕ခဲ့ ရပါတယ္ ။ ဒါေပမယ့္ လူငယ္ ကစားသမား ေတြ ျဖစ္ၾကတဲ့ ၄င္းတို႕ အေနနဲ႕ ေလ့က်င့္မႈ ေတြ ဆက္တိုက္ ျပန္လည္ လုပ္ေဆာင္မယ္ ဆိုရင္ အနာဂတ္ မွာ ေျခစြမ္း တိုးတက္ လာႏိုင္ပါေသးတယ္ ။

ရာသီ အဖြင့္ ပြဲစဥ္လည္း ျဖစ္သလို ၊ အသင္းၾကီး တသင္း နဲ႕ ကစား ခဲ့ရတဲ့ ပြဲစဥ္ ျဖစ္ခဲ့ေပမယ့္ လမ္းပတ္ ဟာ ၾကံ့ခိုင္မႈ အေျခအေန မျပည့္ဝေသးတဲ့ အဓိက ကြင္းလယ္ အင္ဂ်င္ အန္ဂိုလို ကန္ေတ ကို ပြဲမထုတ္ေသးသလို ၊ သူ႕ရဲ႕ နည္းစနစ္ နဲ႕ အံမဝင္ ေသးတဲ့ ဝီလီယံ ၊ မားကို႕စ္ အလြန္ဆို ၊ အိုလီဗီယာ ဂ်ရူး တို႕ကိုလည္း အရန္ခံုမွာပဲ ထားရွိ ခဲ့ပါတယ္ ။ ထို႕အျပင္ အဓိက ကစားသမား တခ်ိဳ႕ ကလည္း ဒဏ္ရာ ျပႆနာ ရွိေနလို႕ လမ္းပတ္ နဲ႕ ခ်ယ္လ္ဆီး အတြက္ ရာသီမစခင္ ကတည္းက အနည္းငယ္ အထိနာ ေနခဲ့ရပါတယ္ ။

ခ်ယ္လ္ဆီး နဲ႕ မန္ခ်က္စတာ ယူႏိုက္တက္ နည္းျပေဟာင္း ဟိုေဆး ေမာ္ရင္ဟို က ဒဏ္ရာ ကင္းစင္ ေနပါလ်က္ နဲ႕ ကန္ေတ ၊ အလြန္ဆို ၊ ဝီလီယံ တို႕ကို ပြဲမထုတ္ ခဲ့ပဲ လူငယ္ ကစားသမား တခ်ိဳ႕ ကို ေနရာေပးခဲ့တဲ့ ဖရန္႕ လမ္းပတ္ ရဲ႕ ပြဲထုတ္ပံု ဆံုးျဖတ္ခ်က္ တခ်ိဳ႕ နဲ႕ ပတ္သက္ျပီး ေဝဖန္ ခဲ့သလို ၊ ယူႏိုက္တက္ နဲ႕ အေရးၾကီးပြဲမွာ အေတြ႕အၾကံဳရင့္ ကစားသမား ေတြ လိုအပ္တယ္ လို႕ Sky Sports ရဲ႕ ပြဲျပီး သံုးသပ္ခ်က္ အစီအစဥ္ မွာ ေဝဖန္ ေျပာဆို သြားခဲ့ပါတယ္ ။

ေမာ္ရင္ဟို က ” စီနီယာ ကစားသမား ဟုတ္တာပဲ ျဖစ္ျဖစ္ ၊ မဟုတ္တာပဲ ျဖစ္ျဖစ္ ၊ တကယ္ စြမ္းေဆာင္ရည္ ျပည့္ဝ တဲ့ ကစားသမား ေတြပဲ ပြဲထြက္ ပါဝင္ သင့္ပါတယ္ ။ ဘယ္သူ က ပြဲထြက္ခြင့္ နဲ႕ ထိုက္တန္လဲ ၊ မထိုက္တန္ဘူးလဲ ဆိုတာ အဓိက ဆံုးျဖတ္ ရမွာ ျဖစ္ပါတယ္ ။ အကယ္၍ ဝီလီယံ သာ ဒဏ္ရာ ရေနခဲ့တယ္ ဆိုရင္ သူ ဒီေန႕ ပြဲမွာ မပါလာတာ ကို ကြ်န္ေတာ္ လက္ခံ လို႕ ရပါေသးတယ္ ။ ”

” ဒါေပမယ့္ ဝီလီယံ ဟာ ဒဏ္ရာ လည္း မရတဲ့အျပင္ ရာသီၾကိဳ ျပင္ဆင္မႈ ေနာက္က် ခဲ့တာ တခ်က္ တည္းနဲ႕ သူ ဒီေန႕ ပြဲမွာ မပါဝင္ ႏိုင္ခဲ့တာေတာ့ ကြ်န္ေတာ္ သိပ္ဘဝင္ မက်ပါဘူး ။ ဘာေၾကာင့္လဲ ဆိုေတာ့ ၾကံ့ခိုင္မႈ အေနအထားေကာင္း ေတြ ပိုင္ဆိုင္ဖို႕ အတြက္ အနည္းဆံုးေတာ့ ၁၀ မိနစ္ ၊ မိနစ္ ၂၀ ေလာက္ ပါဝင္ ကစားဖို႕ လိုအပ္လို႔ပါ ။ ၃ပတ္ ေလာက္ ဒဏ္ရာေၾကာင့္ အနားယူ ထားျပီး အသင္း အတြက္ ကိုယ့္ရဲ႕ ေပးဆပ္လိုစိတ္ ရွိေနေသးရင္ ခင္ဗ်ား ဟာ ဒီ အသင္း အတြက္ ကစားေပးဖို႔ အသင့္ ျဖစ္ေနတယ္ ဆိုတာကုိ ျပသတာပါပဲ ။ ”

” အကယ္၍ ကန္ေတ ဟာ မိနစ္ ၃၀ ၊ ၃၅ မိနစ္ ေလာက္ ကစား ႏိုင္ေသးတယ္ ဆိုရင္ သူဟာ ပြဲထြက္လို႕ ရတယ္ ဆိုတာ ကို ျပေနပါတယ္ ။ ဒါဟာလည္း ကြ်န္ေတာ္ က အသင္း ကိုင္တြယ္ ေနတဲ့သူ မဟုတ္တဲ့ အတြက္ အျမင္ခ်င္ က ကြဲျပားေကာင္း ၊ ကြဲျပား ႏိုင္ပါတယ္ ။ ကြ်န္ေတာ္ မန္ေနဂ်ာ အျဖစ္ ရွိေနစဥ္ အခ်ိန္ ေတြမွာဆို ေဝဖန္ သံုးသပ္သူ ေတြက ကြ်န္ေတာ့ နဲ႕ ပတ္သက္ျပီး ေျပာတာ ေတြကို ၾကားရတဲ့ အခါ သူတို႕ ဘာေတြ ေျပာေနလဲ ကြ်န္ေတာ္ နားမလည္ လိုက္တဲ့ အခိုက္အတန္႕ ေတြေတာင္ ရွိေနတတ္ပါတယ္ ။ ”

” အခု အခါမွာလည္း ဖရန္႕ ဟာ ကြ်န္ေတာ္ တို႕ သံုးသပ္ တဲ့ အေၾကာင္းအရာ ေတြကို နားေထာင္ျပီး ကန္ေတ က ပြဲထုတ္ဖို႕ မျဖစ္ႏိုင္ဘူး ဆိုတာမ်ိဳး တုန္႕ျပန္ ျပတာ ျဖစ္ေကာင္း ျဖစ္ႏိုင္ပါတယ္ ။ ဒါေပမယ့္ ကြ်န္ေတာ့ အျမင္ မွာေတာ့ ဒီေန႕လို ပြဲမ်ိဳး မွာ သူတို႕ ဟာ အေတြ႕အၾကံဳ ပိုျပီး ရင့္က်က္တဲ့ အသင္း ကို ထုတ္ျပ ကစားဖို႕ သင့္တယ္ လို႕ ထင္မိပါတယ္ ။ မားကို႕စ္ ( အလြန္ဆို ) ၊ အန္ဂိုလို ( ကန္ေတ ) ၊ အိုလီဗီယာ ( ဂ်ရူး ) တို႕ဟာ အိုးလ္ထရက္ဖို႕ဒ္ ကို ေရာက္လာျပီး အရန္ခံုမွာ ထိုင္ခဲ့ရပါတယ္ ။ ”

” ဒီေန႕ပြဲ က မန္ခ်က္စတာ ယူႏိုက္တက္ အသင္း ဟာ အရင္ က အသင္း ေတြေလာက္ ေၾကာက္စရာ မေကာင္းဘူး ဆိုရင္ေတာင္ ဒါဟာ မန္ခ်က္စတာ ယူႏိုက္တက္ အသင္း ျဖစ္ေနတုန္းပါပဲ ။ ဒီလိုမ်ိဳးပြဲ မွာ အေတြ႕အၾကံဳ ရင့္က်က္မႈ က စကားေျပာသြားတယ္ လို႕ ထင္ပါတယ္ ။ ေမဆင္ေမာင့္တ္ ၊ တမ္မီ ေအဘရာဟမ္ ၊ ခရစ္တန္ဆန္ တို႕ရဲ႕ စြမ္းေဆာင္ရည္ ေတြကို ၾကည့္ပါဦး ၊ ဒီေန႕ပြဲရဲ႕ ရႈေထာင့္ အရ ဆို သူတို႕ဟာ အေတြ႕အၾကံဳ အနည္းငယ္ လိုအပ္ ေနတာ ကို ေတြ႕ရပါတယ္ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

SPORTS MYANMAR

Unicode

ယူနိုက်တက် ကို ဂိုးပြတ် အရေးနိမ့် ခဲ့တဲ့ ပွဲမှ ဖရန့် လမ်းပတ် ရဲ့ ပွဲထုတ်ပုံ တွေအပေါ် ပြင်းပြင်းထန်ထန် ဝေဖန် သွားတဲ့ #မော်ရင်ဟို

မနေ့ည က ကစား သွားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁ ရဲ့ အကောင်းဆုံး ပွဲစဉ် တပွဲ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် – ချယ်လ်ဆီး အသင်းတို့ရဲ့ ပွဲစဉ် မှာ အိမ်ရှင် ယူနိုက်တက် အသင်း က ၄ဂိုးပြတ် နဲ့ အနိုင်ရရှိကာ အဖွင့်လှ သွားခဲ့ပါတယ် ။ ထို ပွဲစဉ် မှာ အိမ်ရှင် မန်ယူ တို့ တန်ပြန် တိုက်စစ် ကို အဓိက ဦးတည် ကစား သွားခဲ့ပြီး ဒုတိယပိုင်း မှာ ရရှိ ခဲ့တဲ့ သွင်းဂိုး ၃ဂိုးလုံး ဟာ ယူနိုက်တက် ရဲ့ တန်ပြန် တိုက်စစ် ကို ချယ်လ်ဆီး အသင်း နောက်တန်း မထိန်း နိုင်ခဲ့လို့ အရေးနိမ့် ခဲ့ရတာ ဖြစ်ပါတယ် ။

ချယ်လ်ဆီး အသင်း နည်းပြ ဖရန့် လမ်းပတ် ဟာ မနေ့ည က မန်ယူ အသင်း နဲ့ ပွဲစဉ် မှာ ပြီးခဲ့တဲ့ ရာသီ က ပရီးမီးယားလိဂ် လုံးဝ မကစား ခဲ့ဖူးတဲ့ လူငယ် ကစားသမား ၂ဦး ဖြစ်ကြတဲ့ အေဘရာဟမ် နဲ့ မေဆင့်မောင့်တ် တို့ကို ပွဲထုတ် လာခဲ့တာ ကို တွေ့ခဲ့ ရပြီး ခံစစ် က ဇူးမား – ခရစ်တန်ဆန် အတွဲ ကလည်း လုံးဝ အချိတ်အဆက် မမိ သေးတာ ကို တွေ့ခဲ့ ရပါတယ် ။ ဒါပေမယ့် လူငယ် ကစားသမား တွေ ဖြစ်ကြတဲ့ ၄င်းတို့ အနေနဲ့ လေ့ကျင့်မှု တွေ ဆက်တိုက် ပြန်လည် လုပ်ဆောင်မယ် ဆိုရင် အနာဂတ် မှာ ခြေစွမ်း တိုးတက် လာနိုင်ပါသေးတယ် ။

ရာသီ အဖွင့် ပွဲစဉ်လည်း ဖြစ်သလို ၊ အသင်းကြီး တသင်း နဲ့ ကစား ခဲ့ရတဲ့ ပွဲစဉ် ဖြစ်ခဲ့ပေမယ့် လမ်းပတ် ဟာ ကြံ့ခိုင်မှု အခြေအနေ မပြည့်ဝသေးတဲ့ အဓိက ကွင်းလယ် အင်ဂျင် အန်ဂိုလို ကန်တေ ကို ပွဲမထုတ်သေးသလို ၊ သူ့ရဲ့ နည်းစနစ် နဲ့ အံမဝင် သေးတဲ့ ဝီလီယံ ၊ မားကို့စ် အလွန်ဆို ၊ အိုလီဗီယာ ဂျရူး တို့ကိုလည်း အရန်ခုံမှာပဲ ထားရှိ ခဲ့ပါတယ် ။ ထို့အပြင် အဓိက ကစားသမား တချို့ ကလည်း ဒဏ်ရာ ပြဿနာ ရှိနေလို့ လမ်းပတ် နဲ့ ချယ်လ်ဆီး အတွက် ရာသီမစခင် ကတည်းက အနည်းငယ် အထိနာ နေခဲ့ရပါတယ် ။

ချယ်လ်ဆီး နဲ့ မန်ချက်စတာ ယူနိုက်တက် နည်းပြဟောင်း ဟိုဆေး မော်ရင်ဟို က ဒဏ်ရာ ကင်းစင် နေပါလျက် နဲ့ ကန်တေ ၊ အလွန်ဆို ၊ ဝီလီယံ တို့ကို ပွဲမထုတ် ခဲ့ပဲ လူငယ် ကစားသမား တချို့ ကို နေရာပေးခဲ့တဲ့ ဖရန့် လမ်းပတ် ရဲ့ ပွဲထုတ်ပုံ ဆုံးဖြတ်ချက် တချို့ နဲ့ ပတ်သက်ပြီး ဝေဖန် ခဲ့သလို ၊ ယူနိုက်တက် နဲ့ အရေးကြီးပွဲမှာ အတွေ့အကြုံရင့် ကစားသမား တွေ လိုအပ်တယ် လို့ Sky Sports ရဲ့ ပွဲပြီး သုံးသပ်ချက် အစီအစဉ် မှာ ဝေဖန် ပြောဆို သွားခဲ့ပါတယ် ။

မော်ရင်ဟို က ” စီနီယာ ကစားသမား ဟုတ်တာပဲ ဖြစ်ဖြစ် ၊ မဟုတ်တာပဲ ဖြစ်ဖြစ် ၊ တကယ် စွမ်းဆောင်ရည် ပြည့်ဝ တဲ့ ကစားသမား တွေပဲ ပွဲထွက် ပါဝင် သင့်ပါတယ် ။ ဘယ်သူ က ပွဲထွက်ခွင့် နဲ့ ထိုက်တန်လဲ ၊ မထိုက်တန်ဘူးလဲ ဆိုတာ အဓိက ဆုံးဖြတ် ရမှာ ဖြစ်ပါတယ် ။ အကယ်၍ ဝီလီယံ သာ ဒဏ်ရာ ရနေခဲ့တယ် ဆိုရင် သူ ဒီနေ့ ပွဲမှာ မပါလာတာ ကို ကျွန်တော် လက်ခံ လို့ ရပါသေးတယ် ။ ”

” ဒါပေမယ့် ဝီလီယံ ဟာ ဒဏ်ရာ လည်း မရတဲ့အပြင် ရာသီကြို ပြင်ဆင်မှု နောက်ကျ ခဲ့တာ တချက် တည်းနဲ့ သူ ဒီနေ့ ပွဲမှာ မပါဝင် နိုင်ခဲ့တာတော့ ကျွန်တော် သိပ်ဘဝင် မကျပါဘူး ။ ဘာကြောင့်လဲ ဆိုတော့ ကြံ့ခိုင်မှု အနေအထားကောင်း တွေ ပိုင်ဆိုင်ဖို့ အတွက် အနည်းဆုံးတော့ ၁၀ မိနစ် ၊ မိနစ် ၂၀ လောက် ပါဝင် ကစားဖို့ လိုအပ်လို့ပါ ။ ၃ပတ် လောက် ဒဏ်ရာကြောင့် အနားယူ ထားပြီး အသင်း အတွက် ကိုယ့်ရဲ့ ပေးဆပ်လိုစိတ် ရှိနေသေးရင် ခင်ဗျား ဟာ ဒီ အသင်း အတွက် ကစားပေးဖို့ အသင့် ဖြစ်နေတယ် ဆိုတာကို ပြသတာပါပဲ ။ ”

” အကယ်၍ ကန်တေ ဟာ မိနစ် ၃၀ ၊ ၃၅ မိနစ် လောက် ကစား နိုင်သေးတယ် ဆိုရင် သူဟာ ပွဲထွက်လို့ ရတယ် ဆိုတာ ကို ပြနေပါတယ် ။ ဒါဟာလည်း ကျွန်တော် က အသင်း ကိုင်တွယ် နေတဲ့သူ မဟုတ်တဲ့ အတွက် အမြင်ချင် က ကွဲပြားကောင်း ၊ ကွဲပြား နိုင်ပါတယ် ။ ကျွန်တော် မန်နေဂျာ အဖြစ် ရှိနေစဉ် အချိန် တွေမှာဆို ဝေဖန် သုံးသပ်သူ တွေက ကျွန်တော့ နဲ့ ပတ်သက်ပြီး ပြောတာ တွေကို ကြားရတဲ့ အခါ သူတို့ ဘာတွေ ပြောနေလဲ ကျွန်တော် နားမလည် လိုက်တဲ့ အခိုက်အတန့် တွေတောင် ရှိနေတတ်ပါတယ် ။ ”

” အခု အခါမှာလည်း ဖရန့် ဟာ ကျွန်တော် တို့ သုံးသပ် တဲ့ အကြောင်းအရာ တွေကို နားထောင်ပြီး ကန်တေ က ပွဲထုတ်ဖို့ မဖြစ်နိုင်ဘူး ဆိုတာမျိုး တုန့်ပြန် ပြတာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ် ။ ဒါပေမယ့် ကျွန်တော့ အမြင် မှာတော့ ဒီနေ့လို ပွဲမျိုး မှာ သူတို့ ဟာ အတွေ့အကြံု ပိုပြီး ရင့်ကျက်တဲ့ အသင်း ကို ထုတ်ပြ ကစားဖို့ သင့်တယ် လို့ ထင်မိပါတယ် ။ မားကို့စ် ( အလွန်ဆို ) ၊ အန်ဂိုလို ( ကန်တေ ) ၊ အိုလီဗီယာ ( ဂျရူး ) တို့ဟာ အိုးလ်ထရက်ဖို့ဒ် ကို ရောက်လာပြီး အရန်ခုံမှာ ထိုင်ခဲ့ရပါတယ် ။ ”

” ဒီနေ့ပွဲ က မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ အရင် က အသင်း တွေလောက် ကြောက်စရာ မကောင်းဘူး ဆိုရင်တောင် ဒါဟာ မန်ချက်စတာ ယူနိုက်တက် အသင်း ဖြစ်နေတုန်းပါပဲ ။ ဒီလိုမျိုးပွဲ မှာ အတွေ့အကြံု ရင့်ကျက်မှု က စကားပြောသွားတယ် လို့ ထင်ပါတယ် ။ မေဆင်မောင့်တ် ၊ တမ်မီ အေဘရာဟမ် ၊ ခရစ်တန်ဆန် တို့ရဲ့ စွမ်းဆောင်ရည် တွေကို ကြည့်ပါဦး ၊ ဒီနေ့ပွဲရဲ့ ရှုထောင့် အရ ဆို သူတို့ဟာ အတွေ့အကြံု အနည်းငယ် လိုအပ် နေတာ ကို တွေ့ရပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR