Lampard

ခ်ယ္လ္ဆီး အသင္း ဟာ မေန႕ည က ကစား သြားခဲ့တဲ့ ပရီးမီးယားလိဂ္ အဖြင့္ ပြဲစဥ္ မွာ မန္ခ်က္စတာ ယူႏိုက္တက္ အသင္း ကို ၄ဂိုးျပတ္ နဲ႕ အေရးနိမ့္ ခဲ့ရျပီး နည္းျပသစ္ ျဖစ္သူ ဖရန္႕ လမ္းပတ္ အတြက္ အဖြင့္ ဆိုးေစခဲ့ပါတယ္ ။ ခ်ယ္လ္ဆီး အသင္း ဟာ ထို ပြဲစဥ္ မွာ ရလဒ္ပိုင္း အရ ၄ဂိုးျပတ္ နဲ႕ အေရးနိမ့္ ခဲ့ေပမယ့္ နည္းစနစ္ နဲ႕ ကစားပံုပိုင္း အမ်ားၾကီး ေကာင္းမြန္ ခဲ့ျပီး အဆံုးသတ္ပိုင္း မွာ လိုအပ္ခ်က္ ရွိခဲ့လို႕သာ သြင္းဂိုး ေတြနဲ႕ ေဝးခဲ့ရတာ ျဖစ္ပါတယ္ ။

ထို ပြဲစဥ္ အျပီး မွာ ခ်ယ္လ္ဆီး နဲ႕ မန္ခ်က္စတာ ယူႏိုက္တက္ နည္းျပေဟာင္း ဟိုေဆး ေမာ္ရင္ဟို ကေတာ့ ၄င္းရဲ႕ တပည့္ေဟာင္း ျဖစ္သူ ခ်ယ္လ္ဆီး နည္းျပ ဖရန္႕ လမ္းပတ္ ရဲ႕ ပြဲထုတ္ပံု ေတြကို ဦးတည္ ေဝဖန္ ခဲ့တာကို ျမင္ေတြ႕ ခဲ့ရပါတယ္ ။ လူငယ္ ကစားသမား ေတြ ျဖစ္ၾကတဲ့ တမ္မီ ေအဘရာဟမ္ ၊ ေမဆင္ေမာင့္တ္ တို႕ အစား ဝါရင့္ ကစားသမား ေတြ ျဖစ္ၾကတဲ့ ဝီလီယံ ၊ ကန္ေတ ၊ ဂ်ရူး တို႕ကို အသံုးျပဳသင့္တယ္ လို႕ ေမာ္ရင္ဟို က ေျပာဆို ေဝဖန္ ခဲ့ပါတယ္ ။

မေန႕က ပြဲျပီး သတင္းစာ ရွင္းလင္းပြဲ မွာေတာ့ သတင္းေထာက္ ေတြက လမ္းပတ္ ကို ေမာ္ရင္ဟို သံုးသပ္ ခဲ့တာနဲ႕ ပတ္သက္ျပီး ျပန္လည္ ေမးျမန္း ခဲ့ရာ လမ္းပတ္ က ” သူက ေမဆင္ေမာင့္တ္ ရဲ႕ စြမ္းေဆာင္ရည္ ကို လံုးဝ မၾကိဳက္ဘူး လို႕ တကယ္ ေျပာခဲ့တာလား ? ေမဆင္ေမာင့္တ္ ဆိုတဲ့ နာမည္ ကိုေရာ ထည့္ေျပာ ခဲ့ရဲ႕လား ? ” လို႕ ျပန္လည္ တုန္႕ျပန္ ခဲ့ပါတယ္ ။ ထိုစဥ္ သတင္းေထာက္ တဦးက ” ဟုတ္ပါတယ္ ။ ဟိုေဆး ဟာ ခ်ယ္လ္ဆီး လူငယ္ ၃ေယာက္ ကို ေဝဖန္ ခဲ့ပါတယ္ ။ ” လို႕ ျပန္ေျပာ ခဲ့ပါတယ္ ။

အဲ့ဒီမွာ လမ္းပတ္ က ” ေကာင္းျပီ ။ ကြ်န္ေတာ့ အေနနဲ႕ ပြဲထြက္ ကစားဖို႕ အဆင့္မေျပ ေသးတဲ့ အဓိက ကစားသမား တခ်ိဳ႕ အတြက္ အသင္း ရဲ႕ ေဆးအဖြဲ႕ ကိုလည္း သြားျပီး အျပစ္တင္လို႕ မရပါဘူး ။ အေတြ႕အၾကံဳ ရွိသည္ ျဖစ္ေစ ၊ မရွိဘူး ျဖစ္ေစ ၊ ဒီေန႕ပြဲ မွာ ကစားခြင့္ ရတဲ့ ကစားသမား ေတြနဲ႕ အရန္ခံု မွာ ထိုင္ရမယ့္ ကစားသမား ေတြက သက္သက္စီပါပဲ ။ တကယ့္ ပြဲခ်ိန္ အတြင္း မွာလည္း ကြ်န္ေတာ္ တို႕ဟာ မိနစ္ ၅၀ ကေန ၆၀ အတြင္း ပိုေကာင္းတဲ့ အသင္း အေနနဲ႕ ရပ္တည္ ခဲ့တာပါ ။ ”

” တဖက္ မွာလည္း ကြ်န္ေတာ္ တို႕ဟာ ကိုယ့္ရဲ႕ အမွားအယြင္း ၄ခု ကေန ျပိဳင္ဖက္ ကို သြင္းဂိုး ၄ဂိုး ခြင့္ျပဳ ခဲ့ရပါတယ္ ။ ဒါဟာ ကြ်န္ေတာ္ တို႕ အတြက္ လက္ခံ ရ ခက္ခဲတဲ့ အမွန္တရား တခု ပါပဲ ။ ဘယ္သူေတြက ကြ်န္ေတာ္ တို႕ အေပၚ ေဝဖန္ ေနၾကတယ္ ဆိုတာနဲ႕ ပတ္သက္ျပီး ကြ်န္ေတာ္ လံုးဝ ဂရုမစိုက္ပါဘူး ။ တခ်ိန္တည္း မွာပဲ ကြ်န္ေတာ္ တို႕ဟာ ဘယ္လို ကစားသမားမ်ိဳး ေတြ ပိုင္ဆိုင္ ထားတာလဲ ဆိုတာကိုလည္း လူတိုင္း ရွင္းရွင္းလင္းလင္း သိၾကမွာပါ ။ ”

” လက္ရွိ အသင္းသား ေတြ အေပၚမွာ ကြ်န္ေတာ္ ယံုၾကည္မႈ အျပည့္ ရွိသလို ၊ ကြ်န္ေတာ္ တို႕သာ ဒီေန႕ပြဲ အေစာပိုင္း မွာ အဆံုးသတ္ ေသခ်ာ ခဲ့မယ္ ဆိုရင္ ၂ဂိုးျပတ္ ၊ ၃ဂိုးျပတ္ေလာက္ နဲ႕ ျပိဳင္ဖက္ ကို ဦးေဆာင္ ထားျပီးသား ျဖစ္ေနခဲ့မွာပါ ။ ဒါဆိုရင္ ဒီေန႕ပြဲ ရလဒ္ ကလည္း တမ်ိဳးတဖံု ေျပာင္းလဲ သြားႏိုင္ပါတယ္ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။ ဆက္လက္ျပီး လမ္းပတ္ က ခ်ယ္လ္ဆီး ပရိသတ္ ေတြ အေနနဲ႕ အသင္း ရဲ႕ အေတြ႕အၾကံဳ ႏုနယ္ ေသးတဲ့ လူငယ္ ကစားသမား ေတြ အေပၚ စိတ္ရွည္ သည္းခံ ေပးဖို႕လည္း ေတာင္းဆို ခဲ့ပါတယ္ ။

လမ္းပတ္ က ” ဟုတ္ပါတယ္ ။ ကြ်န္ေတာ္ တို႕ဟာ ဒီႏွစ္ ေႏြရာသီ အေျပာင္းအေရႊ႕ မွာ အသင္း အင္အား ေတာင့္တင္းဖို႕ အတြက္ ကစားသမားသစ္ ေတြ ျဖည့္တင္းခြင့္ မရွိခဲ့ပါဘူး ။ တဖက္ မွာ ကြ်န္ေတာ္ တို႕ အသင္း ဟာ အလားအလာ ေကာင္းေတြ ရွိေနတဲ့ လူငယ္ ကစားသမားေကာင္း ေတြကို ပိုင္ဆိုင္ ထားပါတယ္ ။ ေနာက္ျပီး ဒဏ္ရာ ရ ကစားသမား တခ်ိဳ႕ ရွိေနေသးတာ ကို မေမ့ပါနဲ႕ဦး ။ ကြ်န္ေတာ္ တို႕ သတ္မွတ္ ထားတဲ့ အဆင့္ တဆင့္ ဆီကို ေရာက္ရွိေအာင္ လုပ္ေဆာင္ ေနရတုန္းပါ ။ ”

” ဒီေန႕ ပြဲမွာ ရရွိ ခဲ့တဲ့ အခက္အခဲ နဲ႕ အမွားအယြင္း ေတြဆီကေန သင္ခန္းစာ ရယူျပီး ျမန္ျမန္ဆန္ဆန္ ျပင္ဆင္ ႏိုင္ဖို႕ ေမွ်ာ္လင့္ ထားပါတယ္ ။ ဒီေန႕ပြဲ ရဲ႕ ပြဲခ်ိန္ အတြင္း နဲ႕ အဝတ္လဲခန္း က ကစားသမား ေတြရဲ႕ ခံစားခ်က္ နဲ႕ စိတ္ပ်က္ေနမႈ အေပၚ ကြ်န္ေတာ္ အျပည့္အဝ နားလည္ပါတယ္ ။ ဒါေပမယ့္ ဒီေန႕ပြဲ မွာ ကြ်န္ေတာ္ သေဘာက်မိတဲ့ အရာ တခ်ိဳ႕ လည္း ရွိခဲ့ပါတယ္ ။ တခ်ိဳ႕ အေၾကာင္းအရာ ေလးခု ေလာက္ ကြ်န္ေတာ္ မႏွစ္သက္ ခဲ့ပါဘူး ။ ဒါေပမယ့္ ကြ်န္ေတာ္ တို႕ဟာ ဒီလို အမွားအယြင္း ေတြကေန တိမ္းေရွာင္ ေနလို႕ မရပါဘူး ။ ”

” ခ်ယ္လ္ဆီး အသင္း ကို ကိုင္တြယ္ ခဲ့ဖူးတဲ့ မန္ေနဂ်ာ အမ်ားစု ဟာ ကစားသမားသစ္ ေတြကို ေခၚယူျပီး သူတို႕ လိုအပ္တဲ့ ကစားပံု ထဲကို အံဝင္ေအာင္ လုပ္ေဆာင္ဖို႕ အခြင့္အေရး ေတြ ပိုင္ဆိုင္ ခဲ့ပါတယ္ ။ ကြ်န္ေတာ္ တို႕ အတြက္ ကေတာ့ အခု အခ်ိန္ မွာ ဒါမ်ိဳးက မျဖစ္ႏိုင္ပါဘူး ။ ဒါေပမယ့္ ကစားသမားသစ္ ေခၚယူလို႔ မရတာကိုပဲ ကြ်န္ေတာ္ တို႕ ေစာဒက တက္ေနမွာ မဟုတ္ပါဘူး ။ ကြ်န္ေတာ့ အလုပ္ ကြ်န္ေတာ္ ဆက္လုပ္ သြားမွာပါ ။ ဒီေန႕ပြဲမွာ ကြ်န္ေတာ္ ဟာ အေပါင္း လကၡဏာ ေဆာင္ခဲ့တဲ့ အခိုက္အတန္႕ တခ်ိဳ႕ ကို ျမင္ေတြ႕ ခဲ့ရပါတယ္ ။ ”

Lampard

” ဒီေန႕ပြဲ အျပီးမွာ ပရိသတ္ ေတြ ကြ်န္ေတာ္ တို႕ရဲ႕ ကစားပံု ကို ၾကည့္ျပီး လက္ခံမႈ တခ်ိဳ႕ ေပးႏိုင္ခဲ့တယ္ လို႕ ကြ်န္ေတာ္ ထင္ပါတယ္ ။ ဘာလို႕လဲ ဆိုေတာ့ သူတို႕ဟာ မွန္ကန္တဲ့ အရာ ေတြကို လုပ္ေဆာင္ ေနတဲ့ အသင္း တသင္း ရဲ႕ ကစားပံု ကို ၾကည့္ရႈ ေနခဲ့ရလို႕ပါ ။ မိနစ္ ၆၀ အတြင္းမွာ ပြဲရလဒ္ က ကြ်န္ေတာ္ တို႕ လိုခ်င္တဲ့ ပံုစံ နဲ႕ ေျပာင္းျပန္ ျဖစ္သြား ခဲ့ရပါတယ္ ။ ဒါေၾကာင့္မို႕ ဒီေန႕ ပြဲရလဒ္ ဟာ လူငယ္ ကစားသမား ေတြ အတြက္ ၾကီးမားတဲ့ သင္ခန္းစာ တခု ျဖစ္ေစလိမ့္မယ္ လို႕ ကြ်န္ေတာ္ ယူဆ မိပါတယ္ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

SPORTS MYANMAR

Unicode

ယူနိုက်တက် နဲ့ ပွဲမှ လူထုတ်ပုံ နဲ့ ပတ်သက်ပြီး မော်ရင်ဟို ရဲ့ ဝေဖန်မှု အပေါ် ပြင်းပြင်းထန်ထန် တုန့်ပြန် လိုက်တဲ့ #လမ်းပတ်

ချယ်လ်ဆီး အသင်း ဟာ မနေ့ည က ကစား သွားခဲ့တဲ့ ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ် မှာ မန်ချက်စတာ ယူနိုက်တက် အသင်း ကို ၄ဂိုးပြတ် နဲ့ အရေးနိမ့် ခဲ့ရပြီး နည်းပြသစ် ဖြစ်သူ ဖရန့် လမ်းပတ် အတွက် အဖွင့် ဆိုးစေခဲ့ပါတယ် ။ ချယ်လ်ဆီး အသင်း ဟာ ထို ပွဲစဉ် မှာ ရလဒ်ပိုင်း အရ ၄ဂိုးပြတ် နဲ့ အရေးနိမ့် ခဲ့ပေမယ့် နည်းစနစ် နဲ့ ကစားပုံပိုင်း အများကြီး ကောင်းမွန် ခဲ့ပြီး အဆုံးသတ်ပိုင်း မှာ လိုအပ်ချက် ရှိခဲ့လို့သာ သွင်းဂိုး တွေနဲ့ ဝေးခဲ့ရတာ ဖြစ်ပါတယ် ။

ထို ပွဲစဉ် အပြီး မှာ ချယ်လ်ဆီး နဲ့ မန်ချက်စတာ ယူနိုက်တက် နည်းပြဟောင်း ဟိုဆေး မော်ရင်ဟို ကတော့ ၄င်းရဲ့ တပည့်ဟောင်း ဖြစ်သူ ချယ်လ်ဆီး နည်းပြ ဖရန့် လမ်းပတ် ရဲ့ ပွဲထုတ်ပုံ တွေကို ဦးတည် ဝေဖန် ခဲ့တာကို မြင်တွေ့ ခဲ့ရပါတယ် ။ လူငယ် ကစားသမား တွေ ဖြစ်ကြတဲ့ တမ်မီ အေဘရာဟမ် ၊ မေဆင်မောင့်တ် တို့ အစား ဝါရင့် ကစားသမား တွေ ဖြစ်ကြတဲ့ ဝီလီယံ ၊ ကန်တေ ၊ ဂျရူး တို့ကို အသုံးပြုသင့်တယ် လို့ မော်ရင်ဟို က ပြောဆို ဝေဖန် ခဲ့ပါတယ် ။

မနေ့က ပွဲပြီး သတင်းစာ ရှင်းလင်းပွဲ မှာတော့ သတင်းထောက် တွေက လမ်းပတ် ကို မော်ရင်ဟို သုံးသပ် ခဲ့တာနဲ့ ပတ်သက်ပြီး ပြန်လည် မေးမြန်း ခဲ့ရာ လမ်းပတ် က ” သူက မေဆင်မောင့်တ် ရဲ့ စွမ်းဆောင်ရည် ကို လုံးဝ မကြိုက်ဘူး လို့ တကယ် ပြောခဲ့တာလား ? မေဆင်မောင့်တ် ဆိုတဲ့ နာမည် ကိုရော ထည့်ပြော ခဲ့ရဲ့လား ? ” လို့ ပြန်လည် တုန့်ပြန် ခဲ့ပါတယ် ။ ထိုစဉ် သတင်းထောက် တဦးက ” ဟုတ်ပါတယ် ။ ဟိုဆေး ဟာ ချယ်လ်ဆီး လူငယ် ၃ယောက် ကို ဝေဖန် ခဲ့ပါတယ် ။ ” လို့ ပြန်ပြော ခဲ့ပါတယ် ။

အဲ့ဒီမှာ လမ်းပတ် က ” ကောင်းပြီ ။ ကျွန်တော့ အနေနဲ့ ပွဲထွက် ကစားဖို့ အဆင့်မပြေ သေးတဲ့ အဓိက ကစားသမား တချို့ အတွက် အသင်း ရဲ့ ဆေးအဖွဲ့ ကိုလည်း သွားပြီး အပြစ်တင်လို့ မရပါဘူး ။ အတွေ့အကြုံ ရှိသည် ဖြစ်စေ ၊ မရှိဘူး ဖြစ်စေ ၊ ဒီနေ့ပွဲ မှာ ကစားခွင့် ရတဲ့ ကစားသမား တွေနဲ့ အရန်ခုံ မှာ ထိုင်ရမယ့် ကစားသမား တွေက သက်သက်စီပါပဲ ။ တကယ့် ပွဲချိန် အတွင်း မှာလည်း ကျွန်တော် တို့ဟာ မိနစ် ၅၀ ကနေ ၆၀ အတွင်း ပိုကောင်းတဲ့ အသင်း အနေနဲ့ ရပ်တည် ခဲ့တာပါ ။ ”

” တဖက် မှာလည်း ကျွန်တော် တို့ဟာ ကိုယ့်ရဲ့ အမှားအယွင်း ၄ခု ကနေ ပြိုင်ဖက် ကို သွင်းဂိုး ၄ဂိုး ခွင့်ပြု ခဲ့ရပါတယ် ။ ဒါဟာ ကျွန်တော် တို့ အတွက် လက်ခံ ရ ခက်ခဲတဲ့ အမှန်တရား တခု ပါပဲ ။ ဘယ်သူတွေက ကျွန်တော် တို့ အပေါ် ဝေဖန် နေကြတယ် ဆိုတာနဲ့ ပတ်သက်ပြီး ကျွန်တော် လုံးဝ ဂရုမစိုက်ပါဘူး ။ တချိန်တည်း မှာပဲ ကျွန်တော် တို့ဟာ ဘယ်လို ကစားသမားမျိုး တွေ ပိုင်ဆိုင် ထားတာလဲ ဆိုတာကိုလည်း လူတိုင်း ရှင်းရှင်းလင်းလင်း သိကြမှာပါ ။ ”

” လက်ရှိ အသင်းသား တွေ အပေါ်မှာ ကျွန်တော် ယုံကြည်မှု အပြည့် ရှိသလို ၊ ကျွန်တော် တို့သာ ဒီနေ့ပွဲ အစောပိုင်း မှာ အဆုံးသတ် သေချာ ခဲ့မယ် ဆိုရင် ၂ဂိုးပြတ် ၊ ၃ဂိုးပြတ်လောက် နဲ့ ပြိုင်ဖက် ကို ဦးဆောင် ထားပြီးသား ဖြစ်နေခဲ့မှာပါ ။ ဒါဆိုရင် ဒီနေ့ပွဲ ရလဒ် ကလည်း တမျိုးတဖုံ ပြောင်းလဲ သွားနိုင်ပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။ ဆက်လက်ပြီး လမ်းပတ် က ချယ်လ်ဆီး ပရိသတ် တွေ အနေနဲ့ အသင်း ရဲ့ အတွေ့အကြံု နုနယ် သေးတဲ့ လူငယ် ကစားသမား တွေ အပေါ် စိတ်ရှည် သည်းခံ ပေးဖို့လည်း တောင်းဆို ခဲ့ပါတယ် ။

လမ်းပတ် က ” ဟုတ်ပါတယ် ။ ကျွန်တော် တို့ဟာ ဒီနှစ် နွေရာသီ အပြောင်းအရွှေ့ မှာ အသင်း အင်အား တောင့်တင်းဖို့ အတွက် ကစားသမားသစ် တွေ ဖြည့်တင်းခွင့် မရှိခဲ့ပါဘူး ။ တဖက် မှာ ကျွန်တော် တို့ အသင်း ဟာ အလားအလာ ကောင်းတွေ ရှိနေတဲ့ လူငယ် ကစားသမားကောင်း တွေကို ပိုင်ဆိုင် ထားပါတယ် ။ နောက်ပြီး ဒဏ်ရာ ရ ကစားသမား တချို့ ရှိနေသေးတာ ကို မမေ့ပါနဲ့ဦး ။ ကျွန်တော် တို့ သတ်မှတ် ထားတဲ့ အဆင့် တဆင့် ဆီကို ရောက်ရှိအောင် လုပ်ဆောင် နေရတုန်းပါ ။ ”

” ဒီနေ့ ပွဲမှာ ရရှိ ခဲ့တဲ့ အခက်အခဲ နဲ့ အမှားအယွင်း တွေဆီကနေ သင်ခန်းစာ ရယူပြီး မြန်မြန်ဆန်ဆန် ပြင်ဆင် နိုင်ဖို့ မျှော်လင့် ထားပါတယ် ။ ဒီနေ့ပွဲ ရဲ့ ပွဲချိန် အတွင်း နဲ့ အဝတ်လဲခန်း က ကစားသမား တွေရဲ့ ခံစားချက် နဲ့ စိတ်ပျက်နေမှု အပေါ် ကျွန်တော် အပြည့်အဝ နားလည်ပါတယ် ။ ဒါပေမယ့် ဒီနေ့ပွဲ မှာ ကျွန်တော် သဘောကျမိတဲ့ အရာ တချို့ လည်း ရှိခဲ့ပါတယ် ။ တချို့ အကြောင်းအရာ လေးခု လောက် ကျွန်တော် မနှစ်သက် ခဲ့ပါဘူး ။ ဒါပေမယ့် ကျွန်တော် တို့ဟာ ဒီလို အမှားအယွင်း တွေကနေ တိမ်းရှောင် နေလို့ မရပါဘူး ။ ”

” ချယ်လ်ဆီး အသင်း ကို ကိုင်တွယ် ခဲ့ဖူးတဲ့ မန်နေဂျာ အများစု ဟာ ကစားသမားသစ် တွေကို ခေါ်ယူပြီး သူတို့ လိုအပ်တဲ့ ကစားပုံ ထဲကို အံဝင်အောင် လုပ်ဆောင်ဖို့ အခွင့်အရေး တွေ ပိုင်ဆိုင် ခဲ့ပါတယ် ။ ကျွန်တော် တို့ အတွက် ကတော့ အခု အချိန် မှာ ဒါမျိုးက မဖြစ်နိုင်ပါဘူး ။ ဒါပေမယ့် ကစားသမားသစ် ခေါ်ယူလို့ မရတာကိုပဲ ကျွန်တော် တို့ စောဒက တက်နေမှာ မဟုတ်ပါဘူး ။ ကျွန်တော့ အလုပ် ကျွန်တော် ဆက်လုပ် သွားမှာပါ ။ ဒီနေ့ပွဲမှာ ကျွန်တော် ဟာ အပေါင်း လက္ခဏာ ဆောင်ခဲ့တဲ့ အခိုက်အတန့် တချို့ ကို မြင်တွေ့ ခဲ့ရပါတယ် ။ ”

” ဒီနေ့ပွဲ အပြီးမှာ ပရိသတ် တွေ ကျွန်တော် တို့ရဲ့ ကစားပုံ ကို ကြည့်ပြီး လက်ခံမှု တချို့ ပေးနိုင်ခဲ့တယ် လို့ ကျွန်တော် ထင်ပါတယ် ။ ဘာလို့လဲ ဆိုတော့ သူတို့ဟာ မှန်ကန်တဲ့ အရာ တွေကို လုပ်ဆောင် နေတဲ့ အသင်း တသင်း ရဲ့ ကစားပုံ ကို ကြည့်ရှု နေခဲ့ရလို့ပါ ။ မိနစ် ၆၀ အတွင်းမှာ ပွဲရလဒ် က ကျွန်တော် တို့ လိုချင်တဲ့ ပုံစံ နဲ့ ပြောင်းပြန် ဖြစ်သွား ခဲ့ရပါတယ် ။ ဒါကြောင့်မို့ ဒီနေ့ ပွဲရလဒ် ဟာ လူငယ် ကစားသမား တွေ အတွက် ကြီးမားတဲ့ သင်ခန်းစာ တခု ဖြစ်စေလိမ့်မယ် လို့ ကျွန်တော် ယူဆ မိပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR