Neymar

ပီအက္ဂ်ီ အသင္းဟာ မေန႕ညက ၎တုိ႕ရဲ႕ ျပင္သစ္လီဂူး၀မ္း အဖြင့္ပြဲစဥ္ မွာ နီမက္ အသင္းကို ၃ ဂိုးျပတ္ နဲ႕ အႏိုင္ ရရွိ ခဲ့ျပီး အဆုိပါ ပြဲမွာ အသင္းရဲ႕ စူပါစတား ေနမာ ပါ၀င္ခဲ့ျခင္းမရွိ ခဲ့ပါဘူး။ ေနမာ မပါေပမယ့္ ပီအက္ဂ်ီ အသင္းဟာ ျပိဳင္ဘက္ ကို သက္ေတာင့္ သက္သာ အနုိင္ ရခဲ့ျပီး ဂိုးေတြကို ကာဗာနီ ၊ အမ္ဘက္ေပ နဲ႕ ဒီမာရီယာ တုိ႕က သြင္းယူ ေပးခဲ့ ၾကပါတယ္။

အဆုိပါ ပြဲျပီးေနာက္ ဗာရက္တီ က “ကၽြန္ေတာ္ ကေတာ့ အရာအားလံုး လွ်င္လွ်င္ျမန္ျမန္ အထိုင္က်သြားဖို႕ ေမွ်ာ္လင့္ပါတယ္။ ကၽြန္ေတာ္တုိ႕ဟာ ေနမာ နဲ႕ ေကာင္းမြန္တဲ့ ဆက္ဆံေရး ရွိေနဆဲ ျဖစ္ျပီး အခု ျဖစ္ေနတာေတြဟာ သူနဲ႕ ကလပ္ၾကားက ကိစၥ ျဖစ္ပါတယ္။ ဘာေတြပဲ ျဖစ္ေနျဖစ္ေန သူနဲ႕ ကၽြန္ေတာ္တုိ႕ရဲ႕ ဆက္ဆံေရး ကေတာ့ ေျပာင္းလဲ သြားမွာ မဟုတ္ပါဘူး။

အကယ္၍ ခင္ဗ်ား တစ္သင္းလံုး ကို ေမးၾကည့္လိုက္တဲ့ အခါ ေနမာ ကို အလိုမရွိဘူးလို႕ ေျပာသြားမယ့္ ကစားသမား တစ္ဦးမွ ရွိမွာ မဟုတ္ပါဘူး။ ေဘာလံုးမွာ ဘာေတြ ျဖစ္လာမလဲ ဆုိတာ ကၽြန္ေတ္ာတုိ႕လည္း မသိပါဘူး။ သူဟာ ဒီေန႕မွာ ကၽြန္ေတာ္တုိ႕နဲ႕ ရွိေနပါတယ္။ ကၽြန္ေတ္ာတုိ႕ ေပ်ာ္ရႊင္ ေနပါတယ္။ ကၽြန္ေတာ္တုိ႕ဟာ သူရွိေနတဲ့ အတြက္ ေပ်ာ္ရႊင္ ေနပါတယ္။’ လို႕ ဆုိသြား ပါတယ္။

ပီအက္ဂ်ီ ပရိတ္သတ္ေတြဟာ နီမက္ နဲ႕ ပြဲမွာ ေနမာ ကို ပဲရစ္ ကေန အလိုမရွိဘူး ဆိုတဲ့ banners ေတြ သီခ်င္းေတြ ဆုိကာ ၎တုိ႕ရဲ႕ ဆႏၵကို ထုတ္ေဖာ္ ခဲ့ၾကျပီး ဒါနဲ႕ ပက္သက္ျပီး အီတလီ ကြင္းလယ္လူ ကိုလည္း ေမးျမန္း ခဲ့ပါတယ္။

ဗာရက္တီ က “ဒီလို လုပ္ဖို႕ ကၽြန္ေတာ္ ပရိတ္သတ္ေတြကုိ ေတာင္းဆုိတာ မဟုတ္ပါဘူး။ သူတုိ႕မွာ ဦးေႏွာက္ ရွိပါတယ္။ ပရိတ္သတ္ေတြကို ဘာလုပ္ ရမလဲ ဆုိတာ ကၽြန္ေတ္ာ ေျပာသြားမွာ မဟုတ္ပါဘူး။ ပရိတ္သတ္ေတြဟာ ဒီမွာ အျမဲ ရွိေနမွာ ျဖစ္ျပီး သူတုိ႕ဟာ ကုိယ္လုပ္ခ်င္တဲ့ အရာကုိ လုပ္ခြင့္ ရွိပါတယ္။ အကယ္၍ ေနမာ ထြက္ခြာ သြားခဲ့မယ္ ဆုိရင္ သူနဲ႕ အတူ တြဲဖက္ ကစားရတာဟာ အရမ္း ေကာင္းတဲ့ အမွတ္တရ အျဖစ္ ရွိေနမွာပါ။

ကၽြန္ေတာ္ အျမင္ကေတာ့ အကယ္လို႕မ်ား ကစားသမား တစ္ဦး ကလပ္ ကေန ထြက္ခြာ ခ်င္တဲ့ အခါ ေနာက္ဆံုးမွာ သူဟာ ထြက္ခြာဖို႕ နည္းလမ္း တစ္ခု အျမဲ ရွာပါတယ္။ ကစားသမား တစ္ဦး တကယ္ ထြက္ခြာ ခ်င္ေနတဲ့ အခါ ကလပ္ အေနနဲ႕ သူ႕ကို ထြက္ခြာခြင့္ ျပဳရပါမယ္။ ေငြေၾကးပိုင္း ဆုိင္ရာ မွာေတာ့ မနစ္နာေအာင္ ကလပ္ဘက္က ခ်မွတ္ သြားမွာပါ။ ဒါေပမယ့္ ထြက္ခြာ ခ်င္ေနတဲ့ ကစားသမား ကို ဆြဲမထားဖို႕ေတာ့ လိုပါတယ္။ ဒါဟာ ကလပ္ အတြက္ ပိုေကာင္း ပါတယ္။’ လို႕ ဆုိသြား ပါတယ္။

အမ္ဘက္ေပ ကေတာ့ သူ႕အသင္း တြဲဖက္ တုိက္စစ္မွဳး ေနမာ အသင္းမွာ ဆက္ေနဖို႕ ေမွ်ာ္လင့္ ေနပါတယ္။ ဘရာဇီး စတား ကေတာ့ ယခု ေႏြရာသီ ေစ်းကြက္ မပိတ္မီ သူ႕ရဲ႕ အသင္းေဟာင္း ဘာစီလိုနာ ဒါမွမဟုတ္ ရီးရဲယ္မက္ဒရစ္ အသင္းကို ေျပာင္းေရြ႕ဖို႕ အတြက္ အထူး ၾကိဳးစား ေနပါတယ္။

အမ္ဘက္ေပ က “ကၽြန္ေတ္ာတုိ႕ဟာ သူမရွိေပမယ့္လည္း အေကာင္းဆံုး ယွဥ္ျပိဳင္ သြားဖို႕ ၾကိဳးစား သြားမွာပါ။ ဒါေပမယ့္ ကၽြန္ေတ္ာတုိ႕ မုိက္မဲစြာ ျပဳမူသြားမွာေတာ့ မဟုတ္ပါဘူး။ ဘာေတြ ျဖစ္လာမလဲ ဆိုတာ ေစာင့္ၾကည့္ ရတာေပါ့။ ေနမာရဲ႕ အနာဂတ္ အေပၚမွာ မူတည္ပါတယ္။ သူမရွိတဲ့ ပီအက္ဂ်ီဟာ အတူတူေတာ့ ျဖစ္မွာ မဟုတ္ပါဘူး။” လို႕ ဆုိသြား ပါတယ္။

ေသာမတ္တူခ်ယ္ ကေတာ့ “ကၽြန္ေတာ္တုိ႕ အေနနဲ႕ လက္ေတြ႕က်ဖို႕ လိုျပီး အသင္းမွာ ေနမာ မရွိတဲ့ အေျခအေနကို အေျဖရွာဖို႕ လို္ပါတယ္။ သူ႕လို ကစားသမားမ်ိဳး သူ႕လိုမ်ိဳး စြမ္းေဆာင္ ႏုိင္တဲ့ ကစားသမားမ်ိဳး ေနာက္ထပ္ ရွာေဖြဖို႕ မျဖစ္ႏုိင္ ပါဘူး။” လို႕ ဆုိသြား ပါတယ္။

SM

Unicode

ပရိတ်သတ်တွေ ဆန္ဒပြခြင်း ခံခဲ့ရတဲ့ နေမာနဲ့ ပက်သက်ပြီး အသီးသီး မှတ်ချက်ပေးလိုက်ကြတဲ့ ဗာရက်တီ နဲ့ အမ်ဘက်ပေ

ပီအက်ဂျီ အသင်းဟာ မနေ့ညက ၎င်းတို့ရဲ့ ပြင်သစ်လီဂူးဝမ်း အဖွင့်ပွဲစဉ် မှာ နီမက် အသင်းကို ၃ ဂိုးပြတ် နဲ့ အနိုင် ရရှိ ခဲ့ပြီး အဆိုပါ ပွဲမှာ အသင်းရဲ့ စူပါစတား နေမာ ပါ၀င်ခဲ့ခြင်းမရှိ ခဲ့ပါဘူး။ နေမာ မပါပေမယ့် ပီအက်ဂျီ အသင်းဟာ ပြိုင်ဘက် ကို သက်တောင့် သက်သာ အနိုင် ရခဲ့ပြီး ဂိုးတွေကို ကာဗာနီ ၊ အမ်ဘက်ပေ နဲ့ ဒီမာရီယာ တို့က သွင်းယူ ပေးခဲ့ ကြပါတယ်။

အဆိုပါ ပွဲပြီးနောက် ဗာရက်တီ က “ကျွန်တော် ကတော့ အရာအားလုံး လျှင်လျှင်မြန်မြန် အထိုင်ကျသွားဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ဟာ နေမာ နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိနေဆဲ ဖြစ်ပြီး အခု ဖြစ်နေတာတွေဟာ သူနဲ့ ကလပ်ကြားက ကိစ္စ ဖြစ်ပါတယ်။ ဘာတွေပဲ ဖြစ်နေဖြစ်နေ သူနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေး ကတော့ ပြောင်းလဲ သွားမှာ မဟုတ်ပါဘူး။

အကယ်၍ ခင်ဗျား တစ်သင်းလုံး ကို မေးကြည့်လိုက်တဲ့ အခါ နေမာ ကို အလိုမရှိဘူးလို့ ပြောသွားမယ့် ကစားသမား တစ်ဦးမှ ရှိမှာ မဟုတ်ပါဘူး။ ဘောလုံးမှာ ဘာတွေ ဖြစ်လာမလဲ ဆိုတာ ကျွန်တေ်ာတို့လည်း မသိပါဘူး။ သူဟာ ဒီနေ့မှာ ကျွန်တော်တို့နဲ့ ရှိနေပါတယ်။ ကျွန်တေ်ာတို့ ပျော်ရွှင် နေပါတယ်။ ကျွန်တော်တို့ဟာ သူရှိနေတဲ့ အတွက် ပျော်ရွှင် နေပါတယ်။’ လို့ ဆိုသွား ပါတယ်။

ပီအက်ဂျီ ပရိတ်သတ်တွေဟာ နီမက် နဲ့ ပွဲမှာ နေမာ ကို ပဲရစ် ကနေ အလိုမရှိဘူး ဆိုတဲ့ banners တွေ သီချင်းတွေ ဆိုကာ ၎င်းတို့ရဲ့ ဆန္ဒကို ထုတ်ဖော် ခဲ့ကြပြီး ဒါနဲ့ ပက်သက်ပြီး အီတလီ ကွင်းလယ်လူ ကိုလည်း မေးမြန်း ခဲ့ပါတယ်။

ဗာရက်တီ က “ဒီလို လုပ်ဖို့ ကျွန်တော် ပရိတ်သတ်တွေကို တောင်းဆိုတာ မဟုတ်ပါဘူး။ သူတို့မှာ ဦးနှောက် ရှိပါတယ်။ ပရိတ်သတ်တွေကို ဘာလုပ် ရမလဲ ဆိုတာ ကျွန်တေ်ာ ပြောသွားမှာ မဟုတ်ပါဘူး။ ပရိတ်သတ်တွေဟာ ဒီမှာ အမြဲ ရှိနေမှာ ဖြစ်ပြီး သူတို့ဟာ ကိုယ်လုပ်ချင်တဲ့ အရာကို လုပ်ခွင့် ရှိပါတယ်။ အကယ်၍ နေမာ ထွက်ခွာ သွားခဲ့မယ် ဆိုရင် သူနဲ့ အတူ တွဲဖက် ကစားရတာဟာ အရမ်း ကောင်းတဲ့ အမှတ်တရ အဖြစ် ရှိနေမှာပါ။

ကျွန်တော် အမြင်ကတော့ အကယ်လို့များ ကစားသမား တစ်ဦး ကလပ် ကနေ ထွက်ခွာ ချင်တဲ့ အခါ နောက်ဆုံးမှာ သူဟာ ထွက်ခွာဖို့ နည်းလမ်း တစ်ခု အမြဲ ရှာပါတယ်။ ကစားသမား တစ်ဦး တကယ် ထွက်ခွာ ချင်နေတဲ့ အခါ ကလပ် အနေနဲ့ သူ့ကို ထွက်ခွာခွင့် ပြုရပါမယ်။ ငွေကြေးပိုင်း ဆိုင်ရာ မှာတော့ မနစ်နာအောင် ကလပ်ဘက်က ချမှတ် သွားမှာပါ။ ဒါပေမယ့် ထွက်ခွာ ချင်နေတဲ့ ကစားသမား ကို ဆွဲမထားဖို့တော့ လိုပါတယ်။ ဒါဟာ ကလပ် အတွက် ပိုကောင်း ပါတယ်။’ လို့ ဆိုသွား ပါတယ်။

အမ်ဘက်ပေ ကတော့ သူ့အသင်း တွဲဖက် တိုက်စစ်မှုး နေမာ အသင်းမှာ ဆက်နေဖို့ မျှော်လင့် နေပါတယ်။ ဘရာဇီး စတား ကတော့ ယခု နွေရာသီ စျေးကွက် မပိတ်မီ သူ့ရဲ့ အသင်းဟောင်း ဘာစီလိုနာ ဒါမှမဟုတ် ရီးရဲယ်မက်ဒရစ် အသင်းကို ပြောင်းရွေ့ဖို့ အတွက် အထူး ကြိုးစား နေပါတယ်။

အမ်ဘက်ပေ က “ကျွန်တေ်ာတို့ဟာ သူမရှိပေမယ့်လည်း အကောင်းဆုံး ယှဉ်ပြိုင် သွားဖို့ ကြိုးစား သွားမှာပါ။ ဒါပေမယ့် ကျွန်တေ်ာတို့ မိုက်မဲစွာ ပြုမူသွားမှာတော့ မဟုတ်ပါဘူး။ ဘာတွေ ဖြစ်လာမလဲ ဆိုတာ စောင့်ကြည့် ရတာပေါ့။ နေမာရဲ့ အနာဂတ် အပေါ်မှာ မူတည်ပါတယ်။ သူမရှိတဲ့ ပီအက်ဂျီဟာ အတူတူတော့ ဖြစ်မှာ မဟုတ်ပါဘူး။” လို့ ဆိုသွား ပါတယ်။

သောမတ်တူချယ် ကတော့ “ကျွန်တော်တို့ အနေနဲ့ လက်တွေ့ကျဖို့ လိုပြီး အသင်းမှာ နေမာ မရှိတဲ့ အခြေအနေကို အဖြေရှာဖို့ လို်ပါတယ်။ သူ့လို ကစားသမားမျိုး သူ့လိုမျိုး စွမ်းဆောင် နိုင်တဲ့ ကစားသမားမျိုး နောက်ထပ် ရှာဖွေဖို့ မဖြစ်နိုင် ပါဘူး။” လို့ ဆိုသွား ပါတယ်။

SM