#Breaking_News

မန္စီးတီး ပိုင္ရွင္ ရွိတ္မန္ေဆာ္ရဲ႕ တူျဖစ္သူ အယ္နီဟာရန္လို႔ အမည္ရတ့ဲ စီးပြားေရး လုပ္ငန္းရွင္တစ္ဦးဟာ လီဗာပူး အသင္းကို ၀ယ္ယူဖို႔ ေပါင္ 2 ဘီလီယံနဲ႔ ကမ္းလွမ္းခဲ့ေသာ္လဲ မာေဆးဆိုဒ္ ကလပ္ဖက္က ပယ္ခ်သြားခဲ့တယ္လို႔ ဒီမနက္ သတင္းေတြက အခိုင္အမာ ေဖာ္ျပလိုက္ပါတယ္။ အယ္နီဟာရန္ဟာ အဘူဒါဘီ အုပ္ခ်ဳပ္သူ မိသားစုရဲ႕ မ်ိဳးဆက္ေတြထဲက တစ္ဦး ျဖစ္တယ္လို႔ သိရျပီး၊ 2017 ခုႏွစ္ ေႏွာင္းပိုင္းမွာ လီဗာပူးကို ၀ယ္ယူဖို႔ ပိုင္ရွင္ျဖစ္သူ FSG အုပ္စုနဲ႔ ေတြ႔ဆံုေဆြးေႏြးခဲ့ၾကတာပါ။

တကယ္လို႔ အဲဒီ အေျပာင္းအေရႊ႕သာ ျဖစ္ေပၚလာခဲ့ပါက ကမၻာ့ေဘာလံုးသမိုင္းေၾကာင္း တစ္ေလွ်ာက္ ကလပ္အသင္းတစ္သင္းကို ေငြပမာဏ အမ်ားဆံုး ေပးျပီး ၀ယ္ယူတဲ့ အေရာင္းအ၀ယ္ တစ္ခု ေပၚေပါက္လာခဲ့မွာ ျဖစ္ပါတယ္။

သတင္းေတြအရ အယ္နီဟာရန္ဟာ လီဗာပူးကို ၀ယ္ယူဖို႔ တရုတ္လုပ္ငန္းရွင္ အခ်ိဳ႕နဲ႔ ပူးေပါင္းျပီး စတင္ခ်ဥ္းကပ္လာခဲ့တာ ျဖစ္ကာ၊ ယခင္ႏွစ္ရာသီ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲမတိုင္မီမွာ မတိုင္မီမွာ ေဆြးေႏြးမႈေတြကို အၾကိတ္အနယ္ ျပဳခဲ့ၾကတာ ျဖစ္ပါတယ္။ လီဗာပူးပိုင္ရွင္ေတြကေတာ့ ေနာက္ပိုင္းမွာ ကလပ္ကို ေရာင္းခ်ဖို႔ ဆႏၵမရွိေတာ့ဘူးလို႔ တုန္႔ျပန္ခဲ့ၾကျပီး၊ မန္စီးတီးအေပၚ တရုတ္လုပ္ငန္းစု CMC က ရင္းႏွီးျမဳပ္ႏွံမႈ ျပဳလုပ္ထားသလိုမ်ိဳး လုပ္မယ္ဆိုရင္ေတာ့ အက်ိဳးတူ ပူးေပါင္း လုပ္ေဆာင္ၾကဖို႔ ဖိတ္ေခၚခဲ့ၾကပါတယ္။

သုိ႔ေသာ္လဲ အဲဒီပံုစံမ်ိဳး သေဘာတူညီမႈ အရ အယ္နီဟာရန္ဟာ လီဗာပူး ပိုင္ရွင္ေတြထံ ကနဦးေပးေခ်မႈ ေပါင္ 25 သန္းကို ျပီးခဲ့တ့ဲ ဒီဇင္ဘာလ မတိုင္ခင္ ေပးေခ်ရမွာ ျဖစ္ေသာ္လဲ၊ တရား၀င္ ေပးေခ်ခဲ့ျခင္း မရွိခဲ့တာေၾကာင့္ အေရာင္းအ၀ယ္ ကိစၥဟာ လံုး၀ကို ပ်က္ျပယ္သြားခဲ့ပါတယ္။ ခ်က္ျခင္း ဆိုသလိုပဲ လီဗာပူး ကလပ္ဖက္က တရား၀င္ ေၾကျငာခ်က္ တစ္ေစာင္ ထုတ္ျပန္လာခဲ့သလို၊ အဲဒီ ေၾကျငာခ်က္မွာလဲ FSG ဟာ အသင္းရဲ႕ ပိုင္ရွင္အျဖစ္ ဆက္လက္ရပ္တည္မွာ ျဖစ္သလို၊ ေရာင္းခ်ဖို႔လဲ လံုး၀ အစဥ္မရွိဘူးလို႔ ေဖာ္ျပသြားခဲ့ပါတယ္။

အယ္လ္နီဟာရန္ဟာ Bin Zayed Group of Companies ကို 1988 ခုႏွစ္မွာ စတင္ တည္ေဆာင္ခဲ့ျပီး၊ ရွိတ္မန္ေဆာ္တို႔လို ဘီလီနာအဆင့္ထိ ခ်မ္းသာသူ တစ္ဦးမဟုတ္ေသာ္လဲ သူလည္ပတ္ေနတဲ့ လုပ္ငန္းမ်ိဳးေတြမွာေတာ့ ေအာင္ျမင္လွ်က္ ရွိေနပါတယ္။ ဒါ့အျပင္ သူဟာ World Economic Forum ရဲ႕ အဖြဲ႔၀င္ တစ္ဦးျဖစ္သလို၊ Human Appeal International and Chairman of Executive Committee of Dubai Economic Council ရဲ႕ ဒုဥကၠဌ တာ၀န္ကိုလဲ တာ၀န္ယူ ေဆာင္ရြက္လွ်က္ ရွိေနပါတယ္။

အဲဒီေနာက္ လက္ရွိ နယူးကာဆယ္အသင္းကို ၀ယ္ယူဖို႔ ၾကိဳးစားေနတဲ့ PCP Capital Partners Group ရဲ႕ ဦးေဆာင္သူ အမန္ဒါ စတာဗီေလ က လီဗာပူးကို ေပါင္ 1.5 ဘီလီယံနဲ႔ ၀ယ္ယူဖို႔ ထပ္မံ ခ်ဥ္းကပ္ခဲ့ျပန္ျပီး၊ ဒီတစ္ၾကိမ္မွာလဲ အဆင္မေျပခဲ့ပါဘူး။

ဒူဘိုင္း အေျခစိုက္ သတင္းေတြကေတာ့ FSG နဲ႔ အယ္လ္နီဟာရန္တို႔အၾကား ကလပ္အသင္း အေရာင္းအ၀ယ္လုပ္ဖို႔ ေဆြးေႏြးေနခဲ့ၾကတာ တစ္ႏွစ္နီးပါးအထိ ၾကာျမင့္ခဲ့တယ္လို႔ ေဖာ္ျပေနၾကျပီး၊ FSG ဘက္က တိုးတက္လာတဲ့ ပရီးမီးယားလိဂ္ ပံုရိပ္ေၾကာင့္ ေနာက္ပိုင္းမွာ ဒီထက္ပိုျပီး ေစ်းရႏိုင္တယ္လို႔ ယူဆကာ ေဆြးေႏြးမႈေတြကို တစ္ဖက္သတ္ ရပ္ဆိုင္းခဲ့တာလို႔ ဆိုပါတယ္။

#Breaking_News
မန်စီးတီး ပိုင်ရှင်ရဲ့တူက ပေါင် 2 ဘီလီယံနဲ့ ဝယ်ယူဖို့ ကမ်းလှမ်းမှုကို ပယ်ချခဲ့တဲ့ လီဗာပူး ပိုင်ရှင်များ

မန်စီးတီး ပိုင်ရှင် ရှိတ်မန်ဆော်ရဲ့ တူဖြစ်သူ အယ်နီဟာရန်လို့ အမည်ရတဲ့ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးဟာ လီဗာပူး အသင်းကို ဝယ်ယူဖို့ ပေါင် 2 ဘီလီယံနဲ့ ကမ်းလှမ်းခဲ့သော်လဲ မာဆေးဆိုဒ် ကလပ်ဖက်က ပယ်ချသွားခဲ့တယ်လို့ ဒီမနက် သတင်းတွေက အခိုင်အမာ ဖော်ပြလိုက်ပါတယ်။ အယ်နီဟာရန်ဟာ အဘူဒါဘီ အုပ်ချုပ်သူ မိသားစုရဲ့ မျိုးဆက်တွေထဲက တစ်ဦး ဖြစ်တယ်လို့ သိရပြီး၊ 2017 ခုနှစ် နှောင်းပိုင်းမှာ လီဗာပူးကို ဝယ်ယူဖို့ ပိုင်ရှင်ဖြစ်သူ FSG အုပ်စုနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။

တကယ်လို့ အဲဒီ အပြောင်းအရွှေ့သာ ဖြစ်ပေါ်လာခဲ့ပါက ကမ္ဘာ့ဘောလုံးသမိုင်းကြောင်း တစ်လျှောက် ကလပ်အသင်းတစ်သင်းကို ငွေပမာဏ အများဆုံး ပေးပြီး ဝယ်ယူတဲ့ အရောင်းအဝယ် တစ်ခု ပေါ်ပေါက်လာခဲ့မှာ ဖြစ်ပါတယ်။

သတင်းတွေအရ အယ်နီဟာရန်ဟာ လီဗာပူးကို ဝယ်ယူဖို့ တရုတ်လုပ်ငန်းရှင် အချို့နဲ့ ပူးပေါင်းပြီး စတင်ချဉ်းကပ်လာခဲ့တာ ဖြစ်ကာ၊ ယခင်နှစ်ရာသီ ချန်ပီယံလိဂ် ဗိုလ်လုပွဲမတိုင်မီမှာ မတိုင်မီမှာ ဆွေးနွေးမှုတွေကို အကြိတ်အနယ် ပြုခဲ့ကြတာ ဖြစ်ပါတယ်။ လီဗာပူးပိုင်ရှင်တွေကတော့ နောက်ပိုင်းမှာ ကလပ်ကို ရောင်းချဖို့ ဆန္ဒမရှိတော့ဘူးလို့ တုန့်ပြန်ခဲ့ကြပြီး၊ မန်စီးတီးအပေါ် တရုတ်လုပ်ငန်းစု CMC က ရင်းနှီးမြုပ်နှံမှု ပြုလုပ်ထားသလိုမျိုး လုပ်မယ်ဆိုရင်တော့ အကျိုးတူ ပူးပေါင်း လုပ်ဆောင်ကြဖို့ ဖိတ်ခေါ်ခဲ့ကြပါတယ်။

သို့သော်လဲ အဲဒီပုံစံမျိုး သဘောတူညီမှု အရ အယ်နီဟာရန်ဟာ လီဗာပူး ပိုင်ရှင်တွေထံ ကနဦးပေးချေမှု ပေါင် 25 သန်းကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ မတိုင်ခင် ပေးချေရမှာ ဖြစ်သော်လဲ၊ တရားဝင် ပေးချေခဲ့ခြင်း မရှိခဲ့တာကြောင့် အရောင်းအဝယ် ကိစ္စဟာ လုံးဝကို ပျက်ပြယ်သွားခဲ့ပါတယ်။ ချက်ခြင်း ဆိုသလိုပဲ လီဗာပူး ကလပ်ဖက်က တရားဝင် ကြေငြာချက် တစ်စောင် ထုတ်ပြန်လာခဲ့သလို၊ အဲဒီ ကြေငြာချက်မှာလဲ FSG ဟာ အသင်းရဲ့ ပိုင်ရှင်အဖြစ် ဆက်လက်ရပ်တည်မှာ ဖြစ်သလို၊ ရောင်းချဖို့လဲ လုံး၀ အစဉ်မရှိဘူးလို့ ဖော်ပြသွားခဲ့ပါတယ်။

အယ်လ်နီဟာရန်ဟာ Bin Zayed Group of Companies ကို 1988 ခုနှစ်မှာ စတင် တည်ဆောင်ခဲ့ပြီး၊ ရှိတ်မန်ဆော်တို့လို ဘီလီနာအဆင့်ထိ ချမ်းသာသူ တစ်ဦးမဟုတ်သော်လဲ သူလည်ပတ်နေတဲ့ လုပ်ငန်းမျိုးတွေမှာတော့ အောင်မြင်လျှက် ရှိနေပါတယ်။ ဒါ့အပြင် သူဟာ World Economic Forum ရဲ့ အဖွဲ့ဝင် တစ်ဦးဖြစ်သလို၊ Human Appeal International and Chairman of Executive Committee of Dubai Economic Council ရဲ့ ဒုဥက္ကဌ တာဝန်ကိုလဲ တာဝန်ယူ ဆောင်ရွက်လျှက် ရှိနေပါတယ်။

အဲဒီနောက် လက်ရှိ နယူးကာဆယ်အသင်းကို ဝယ်ယူဖို့ ကြိုးစားနေတဲ့ PCP Capital Partners Group ရဲ့ ဦးဆောင်သူ အမန်ဒါ စတာဗီလေ က လီဗာပူးကို ပေါင် 1.5 ဘီလီယံနဲ့ ဝယ်ယူဖို့ ထပ်မံ ချဉ်းကပ်ခဲ့ပြန်ပြီး၊ ဒီတစ်ကြိမ်မှာလဲ အဆင်မပြေခဲ့ပါဘူး။

ဒူဘိုင်း အခြေစိုက် သတင်းတွေကတော့ FSG နဲ့ အယ်လ်နီဟာရန်တို့အကြား ကလပ်အသင်း အရောင်းအဝယ်လုပ်ဖို့ ဆွေးနွေးနေခဲ့ကြတာ တစ်နှစ်နီးပါးအထိ ကြာမြင့်ခဲ့တယ်လို့ ဖော်ပြနေကြပြီး၊ FSG ဘက်က တိုးတက်လာတဲ့ ပရီးမီးယားလိဂ် ပုံရိပ်ကြောင့် နောက်ပိုင်းမှာ ဒီထက်ပိုပြီး ဈေးရနိုင်တယ်လို့ ယူဆကာ ဆွေးနွေးမှုတွေကို တစ်ဖက်သတ် ရပ်ဆိုင်းခဲ့တာလို့ ဆိုပါတယ်။