Maguire

မန်ချက် စတာ ယူနိုက်တက် အသင်း ရဲ့ နည်းပြ ဟောင်း မော်ရင်ဟို ကတော့ မနေ့ ညက ကစား ခဲ့တဲ့ အိုးထရက်ဖိုဒ့် က ယူနိုက်တက် – ချဲလ်ဆီး ပွဲ ကို Sky Sports ရဲ့ အစီအစဉ် သုံးသပ် သူ အဖြစ် ပါဝင် ခဲ့ ပါတယ် ။ ယူနိုက်တက် က ၄ – ၀ ဖြင့် အနိုင် ရရှိ ခဲ့တဲ့ အဆိုပါ ပွဲ မှာ ကစား သမား သစ် ဟယ်ရီ မက်ဂွဲယား ခြေစွမ်းပြ ခဲ့ပြီး အကောင်းဆုံး ကစား သမား ဆု ကို ရရှိ ခဲ့ ပါတယ် ။

မက်ဂွဲယား ဟာ မော်ရင်ဟို ယူနိုက်တက် ကို ကိုင်တွယ် စဉ် ကတည်းက အလိုရှိ ခဲ့တဲ့ ကစား သမား ဖြစ်ပြီး ယခု နွေရာသီ မှသာ အသင်းထံ ပေါင် သန်း ၈၀ နဲ့ ရောက်ရှိ လာခဲ့တာ ဖြစ်ပြီး ကမ္ဘာ့ ဈေးအကြီးဆုံး နောက်ခံ လူ ဖြစ်လာ ခဲ့ ပါတယ် ။

မက်ဂွဲယား ဟာ ပွဲကစား ခဲ့သူတွေ အနက် ဖြတ်လုမှု ၊ လျောထိုး ဖျက်ထုတ်မှု ၊ ကာကွယ်မှု အကြိမ် အများဆုံး ပြုလုပ် နိုင်ခဲ့ သူ ဖြစ်ပြီး ချဲလ်ဆီး ရဲ့ တိုက်စစ် ဆင်မှု တွေ ကို တားဆီး နိုင်ခဲ့ ပါတယ် ။ မော်ရင်ဟို ကတော့ မက်ဂွဲယား ကို ရလိုက်တာ ဟာ အသင်း ကို ပိုမို ကောင်းမွန် စေလိမ့်မယ် လို့ ဆိုသွားခဲ့ ပြီး လက်စတာ နောက်ခံလူ ဟောင်း ကို ချီးကျုး စကား ဆိုသွားခဲ့ ပါတယ် ။

“ဒီဆု ( Man of the Match ) အတွက် သူ က လုံးဝ ထိုက်တန် ခဲ့ ပါတယ် ။ ကျောက်ဆောင် ကျောက်သား တစ်ခုလို မာကျော သိပ်သည်း တဲ့ ပုံစံ ကို သူ ပြသခဲ့ တာပါ ။ အသင်း တစ်သင်း က တိုက်စစ် ကစားပုံ ကောင်း နေတယ် ဆိုပေမယ့် နောက်တန်းက မလုံခဲ့ ဘူး ဆိုရင် စိတ် တထင့်ထင့် နဲ့ ကစား နေရမှာ ဖြစ်တာ ကြောင့် ကစားပုံ ကောင်းနိုင်တော့ မှာ မဟုတ် ပါဘူး ။ တကယ်လို့ နောက်ကို စိတ်အေးရပြီ ဆိုရင် ရှေ့မှာ လည်း ယုံကြည်မှု အပြည့် နဲ့ ကစား နိုင်မှာပါ”

“ဗစ်တာ ( လင်ဒီလော့ဖ် ) ဟာ ကစား သမား ကောင်းပါ ။ အခု မက်ဂွဲယား ရောက်လာတာ ဟာ သူ့ကို ပို ကောင်း လာစေနိုင် ပါတယ် ။ သူတို့ ဟာ ခံစစ်အတွဲ အဖက်ကောင်း ဖြစ်လာ နိုင်ပါတယ်” လို့ မော်ရင်ဟို က ဆိုသွား ခဲ့ ပါတယ် ။

ဒါ့အပြင် ယူနိုက်တက် ရဲ့ ရလဒ် အပေါ် အံ့အား သင့်မိ ခဲ့ကြောင်း မော်ရင်ဟို က ဆိုခဲ့ သလို ချန်ပီယံ ဖြစ်နိုင် မှာ မဟုတ်ပေမယ့် လည်း တကယ် ကောင်းတဲ့ ရာသီ တစ်ခု ကိုတော့ ပိုင်ဆိုင် နိုင် လိမ့်မယ် လို့ ထင်မိကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

ဒါပေမယ့် ယူနိုက်တက် နည်းပြဟောင်း မော်ရင်ဟို ကတော့ အသင်းရဲ့ ဘယ်နောက်ခံလူ လုခ်ရှော နဲ့ ပတ်သက်ပြီး ဝေဖန်မှု ပြုလုပ် သွားခဲ့ကာ မက်ဂွဲယား ကိုလည်း ရှော ရဲ့ နေရာလွတ် တွေ ကို တစ်ရာသီလုံး လိုက်ဖြည့် ပေးနေရ လိမ့်မယ် လို့ သတိပေး ပြောဆို သွားခဲ့ ပါတယ် ။

Luke Shaw
Chelsea’s Spanish midfielder Pedro (L) vies with Manchester United’s English defender Luke Shaw (2nd L) during the English Premier League football match between Manchester United and Chelsea at Old Trafford in Manchester, north west England, on August 11, 2019. (Photo by Oli SCARFF / AFP) / RESTRICTED TO EDITORIAL USE. No use with unauthorized audio, video, data, fixture lists, club/league logos or ‘live’ services. Online in-match use limited to 120 images. An additional 40 images may be used in extra time. No video emulation. Social media in-match use limited to 120 images. An additional 40 images may be used in extra time. No use in betting publications, games or single club/league/player publications. /

အင်္ဂလန် နောက်ခံလူ ဟာ တိုက်စစ် ကို လိုက်ပါ လေ့ ရှိပြီး သူ့ရဲ့ မသေသပ် မှု တွေ က တဆင့် ချဲလ်ဆီး အသင်း တန်ပြန် ထိုးနှက်မှုတွေ ရရှိ လာခဲ့တာ ကို ယမန်နေ့ ညက ပွဲမှာ မြင်တွေ့ ခဲ့ရ ပါတယ် ။ မော်ရင်ဟို ဟာ ယူနိုက်တက် နည်းပြ ဖြစ်ခဲ့စဉ် အတွင်း မှာ လုခ်ရှော နဲ့ အဆင်မပြေ မှု တွေ ခဏခဏ ဖြစ်ခဲ့ ဖူးပြီး ရှော ကလည်း မော်ရင်ဟို လက်အောက်မှာ ကစားမယ် ဆိုရင် အရေထူ ဖို့ လိုအပ်တယ် လို့ ပြောဆို ခဲ့ဖူး ပါတယ် ။

“မက်ဂွဲယား အနေနဲ့ ဘယ်ဘက် ကို ပိုထွက်ပြီး ရှော ရဲ့ နေရာ ကို ကာဗာ လုပ်ပေး ရမှာပါ ။ ဒါကို သူ တစ်ရာသီလုံး လုပ်ရ ပါလိမ့်မယ် ။ ဒီတော့ ကြိုတင် လေ့ကျင့် ထားတာ အကောင်းဆုံး ပါပဲ” လို့ ပေါ်တူဂီ နည်းပြကြီး က ပြောဆို သွားခဲ့ တာပဲ ဖြစ် ပါတယ် ။

SPORTS MYANMAR