Jack

အာဆင္နယ္အသင္းရဲ႕ ငယ္ေမြးျခံေပါက္ ကစားသမား တဦးျဖစ္တဲ႔ ဝီရွီးယားဟာ အခုခ်ိန္မွာေတာ့လန္ဒန္ျမိဳ႕ ခံျပိဳင္ဘက္အသင္းတသင္းျဖစ္တဲ႔ ဝက္စ္ဟမ္း အသင္းကိုေရာက္ရွိေနတာျဖစ္ပါတယ္။ဒီအဂၤလန္သားဟာ အခုအပတ္ ပရီးမီးယားလိဂ္ပြဲစဥ္မွာပြဲထြက္ခြင့္ရခဲ႔ေပမယ့္ သူ႔ရဲ႕အသင္းက လက္ရွိခ်န္ပီယံ မန္စီးတီး ကို၅ဂိုးျပတ္အေရးနိမ့္ခဲ႔ပါတယ္။

အဆိုပါ ပြဲစဥ္မွာ ဝက္စ္ဟမ္း အသင္းရဲ႕ ေျခစြမ္းနဲ႔ ကစားပံုဟာ ဒီလိုရလဒ္ထြက္ေပၚ ေလာက္သည္အထိဆိုးရြားခဲ႔ျခင္း မရွိတာျဖစ္ေပမယ့္ မန္စီးတီးအသင္းကိုယ္ကေကာင္းလြန္းခဲ႔တာျဖစ္ပါတယ္။ကြင္းလယ္ကလ်င္ျမန္လြန္းျပီး ဧရိယာ အတြင္း အဆံုးသတ္ေတြက အဆံုးအျဖတ္ျဖစ္ေစခဲ႔တာလည္းျဖစ္ပါတယ္။

ဒါေတာင္ မန္စီးတီး နည္းျပျကီး ဂြာဒီယိုလာအေနနဲ႔ အဓိက တိုက္စစ္မွဴးဟအေဂြရိုကို အရံကစားသမား အျဖစ္သာအသံုးျပဳခဲ႔ျပီး ဘာနာဒိုေဆးလ္ဗားကို ထည့္ေတာင္ မသံုးခဲ႔တာျဖစ္ပါတယ္။လ်င္ျမန္တဲ႔ေတာင္ပံကစားသမား ေလး ဆာေနးက လည္း ဒဏ္ရာေျကာင့္ လြဲေခ်ာ္ထားခဲ႔ေသးတာျဖစ္ပါတယ္။

ဝက္စ္ဟမ္း အသင္းဟာ အဖြင့္ပြဲေန႔မွာ လီဗာပူးကို အေရးနိမ့္ခဲ႔တဲ႔ ေနာ့ဝွစ္ခ်္ လို အသင္းေတာ့ မဟုတ္တာျဖစ္ပါတယ္။သူတို႔ဟာ ေခတ္သစ္ပရီးမီယားလိဂ္ရဲ႕အေျပာင္းအလဲကို ေရွ႕ေဆာင္ လိုက္မီတဲ႔အသင္းတသင္းျဖစ္ျပီး လိုအပ္တဲ႔ ေငြေျကးသံုးစြဲမွဳေတြကို ျပဳလုပ္ထားခဲ႔ျပီးျပီ\လည္းျဖစ္ပါတယ္။

သူတို႔ဟာ မန္စီးတီးအသင္းရဲ႕ အမွားနဲ႔ အားနည္းခ်က္ေတြကို အသံုးခ်မယ္လို႔ ေျကြးေျကာ္လာခဲ႔ေပမယ့္လံုေလာက္တဲ႔ ေပါက္ကြဲအားေတာ့မရွိိခဲ႔တာျဖစ္ပါတယ္။ပူပူေႏြးေႏြး ကြန္ျမဴနတီဒိုင္းခ်န္ပီယံမန္စီးတီး အသင္းကပဲ သူတို႔ရဲ႕ လည္ျမိဳကို ဖိနပ္ နဲ႔ တက္နင္းသလို ဂိုးျပတ္ေခ်မွဳန္း သြားခဲ႔တာ ျဖစ္ပါတယ္။

ဒီပြဲနဲ႔ ပတ္သက္ျပီး ဝီရွီးယားက – ” အသင္း သားသစ္ ေလးေတြကို ေျပာခ်င္တာက ဒီလို ပြဲမ်ိဳးထက္ ပိုျပီးခက္ခဲတဲ႔ အစဆံုး ပြဲဆိုတာ မရွိပါဘူး။ဒါေျကာင့္လည္းဘယ္ေနရာကို ပဲေရာက္လာေရာက္လာ ကုိယ္စီစဥ္ထားတဲ႔ အစီအစဥ္အတိုင္းျဖစ္ေအာင္လုပ္ဖို႔လိုပါတယ္။

သူတို႔အသင္းဟာ ကစားသမားေကာင္းေတြရွိျကျပီး ေဘာလံုးပိုင္ဆိုင္မွဳအေပၚ တေယာက္နဲ႔တေယာက္လည္း ယံုျကည္ျကပါတယ္။သူတို႔က လူကပ္ခံထားရရင္ေတာင္ ေဘာလံုးကို အရလိုခ်င္ေနျကတာျဖစ္ပါတယ္။က်ြန္ေတာ္တို႔ဟာ ပြဲကို စီစဥ္တက် ကစားခဲ့တာျဖစ္ပါတယ္။ပြဲခ်ိန္ပထမပိုင္းမွာ ေကာင္းေကာင္းကစားႏိုင္ခဲ႔တယ္လို႔လည္းထင္ပါတယ္။ဒါေပမယ့္ သူတို႔က ဂိုးရသြားခဲ႔ပါတယ္။သူတို႔က တန္ျပန္ဖိအားေပးခဲ႔ျပီးေဘာလံုးဆံုးရွံုးလိုက္တာနဲ႔အေဝးကိုေျပးျပီး ျပန္ဆယ္ယူျကပါတယ္။ျပစ္ဒဏ္ေဘာေတြလည္းက်ဴးလြန္ျကပါတယ္” လို႔ေျပာခဲ႔ပါတယ္။

လီဗာပူး အသင္းနဲ႔ ပတ္သက္ျပီး ဝီရွီးယားက – ” က်ြန္ေတာ္က မန္စီးတီးအသင္းရဲ႕ ကစားပံုနဲ႔ေဘာလံုးအထိန္းအသိမ္းကို အေတာ္ျကိုက္သူျဖစ္ပါတယ္။ဒါေပမယ့္ လီဗာပူး အသင္းက ပိုစိတ္ထည့္ကစားျပီး ေဘာလံုးကိုတိုက္ရိုက္ေပးပို႔တဲ႔ ပံုစံနဲ႔ ကစားပါတယ္။

သူတို႔က မန္စီးတီးေလာက္ ေဘာလံုးပိုင္ဆိုင္မွဳမရရင္ေတာင္ ထိထိေရာက္ေရာက္ လုပ္ေဆာင္ႏိုင္ပါတယ္။မန္စီးတီး ကလက္ရွိခ်န္ပီယံျဖစ္လို႔ ခင္ဗ်ားတို႔က ေရြးခ်ယ္ျကမွျဖစ္ေပမယ့္လီဗာပူးကလည္း ဥေရာပခ်န္ပီယံျဖစ္ပါတယ္။သူတို႔ႏွစ္သင္းဟာ လြန္ခဲ႔တဲ႔ ႏွစ္အတြင္း အေကာင္းဆံုးေတြျဖစ္ျကပါတယ္။ဘယ္အသင္းနဲ႔ ရင္ဆိုင္ရ ရင္ဆိုင္ရ မလြယ္ပါဘူး ” လို႕ေျပာသြားခဲ႕တာျဖစ္ပါတယ္။

SM

Unicode

မန်စီးတီးနဲ့လီဗာပူးတို့ကြားက ခြားနားချက်ကိုပြောပြလိုက်တဲ့ #ဝီရှီးယား
===================================

အာဆင်နယ်အသင်းရဲ့ ငယ်မွေးခြံပေါက် ကစားသမား တဦးဖြစ်တဲ့ ဝီရှီးယားဟာ အခုချိန်မှာတော့လန်ဒန်မြို့ ခံပြိုင်ဘက်အသင်းတသင်းဖြစ်တဲ့ ဝက်စ်ဟမ်း အသင်းကိုရောက်ရှိနေတာဖြစ်ပါတယ်။ဒီအင်္ဂလန်သားဟာ အခုအပတ် ပရီးမီးယားလိဂ်ပွဲစဉ်မှာပွဲထွက်ခွင့်ရခဲ့ပေမယ့် သူ့ရဲ့အသင်းက လက်ရှိချန်ပီယံ မန်စီးတီး ကို၅ဂိုးပြတ်အရေးနိမ့်ခဲ့ပါတယ်။

အဆိုပါ ပွဲစဉ်မှာ ဝက်စ်ဟမ်း အသင်းရဲ့ ခြေစွမ်းနဲ့ ကစားပုံဟာ ဒီလိုရလဒ်ထွက်ပေါ် လောက်သည်အထိဆိုးရွားခဲ့ခြင်း မရှိတာဖြစ်ပေမယ့် မန်စီးတီးအသင်းကိုယ်ကကောင်းလွန်းခဲ့တာဖြစ်ပါတယ်။ကွင်းလယ်ကလျင်မြန်လွန်းပြီး ဧရိယာ အတွင်း အဆုံးသတ်တွေက အဆုံးအဖြတ်ဖြစ်စေခဲ့တာလည်းဖြစ်ပါတယ်။

ဒါတောင် မန်စီးတီး နည်းပြကြီး ဂွာဒီယိုလာအနေနဲ့ အဓိက တိုက်စစ်မှူးဟအဂွေရိုကို အရံကစားသမား အဖြစ်သာအသုံးပြုခဲ့ပြီး ဘာနာဒိုဆေးလ်ဗားကို ထည့်တောင် မသုံးခဲ့တာဖြစ်ပါတယ်။လျင်မြန်တဲ့တောင်ပံကစားသမား လေး ဆာနေးက လည်း ဒဏ်ရာကြောင့် လွဲချော်ထားခဲ့သေးတာဖြစ်ပါတယ်။

ဝက်စ်ဟမ်း အသင်းဟာ အဖွင့်ပွဲနေ့မှာ လီဗာပူးကို အရေးနိမ့်ခဲ့တဲ့ နော့ဝှစ်ချ် လို အသင်းတော့ မဟုတ်တာဖြစ်ပါတယ်။သူတို့ဟာ ခေတ်သစ်ပရီးမီယားလိဂ်ရဲ့အပြောင်းအလဲကို ရှေ့ဆောင် လိုက်မီတဲ့အသင်းတသင်းဖြစ်ပြီး လိုအပ်တဲ့ ငွေကြေးသုံးစွဲမှုတွေကို ပြုလုပ်ထားခဲ့ပြီးပြီ\လည်းဖြစ်ပါတယ်။

သူတို့ဟာ မန်စီးတီးအသင်းရဲ့ အမှားနဲ့ အားနည်းချက်တွေကို အသုံးချမယ်လို့ ကြွေးကြော်လာခဲ့ပေမယ့်လုံလောက်တဲ့ ပေါက်ကွဲအားတော့မရှိိခဲ့တာဖြစ်ပါတယ်။ပူပူနွေးနွေး ကွန်မြူနတီဒိုင်းချန်ပီယံမန်စီးတီး အသင်းကပဲ သူတို့ရဲ့ လည်မြိုကို ဖိနပ် နဲ့ တက်နင်းသလို ဂိုးပြတ်ချေမှုန်း သွားခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲနဲ့ ပတ်သက်ပြီး ဝီရှီးယားက – ” အသင်း သားသစ် လေးတွေကို ပြောချင်တာက ဒီလို ပွဲမျိုးထက် ပိုပြီးခက်ခဲတဲ့ အစဆုံး ပွဲဆိုတာ မရှိပါဘူး။ဒါကြောင့်လည်းဘယ်နေရာကို ပဲရောက်လာရောက်လာ ကိုယ်စီစဉ်ထားတဲ့ အစီအစဉ်အတိုင်းဖြစ်အောင်လုပ်ဖို့လိုပါတယ်။

သူတို့အသင်းဟာ ကစားသမားကောင်းတွေရှိကြပြီး ဘောလုံးပိုင်ဆိုင်မှုအပေါ် တယောက်နဲ့တယောက်လည်း ယုံကြည်ကြပါတယ်။သူတို့က လူကပ်ခံထားရရင်တောင် ဘောလုံးကို အရလိုချင်နေကြတာဖြစ်ပါတယ်။ကျွန်တော်တို့ဟာ ပွဲကို စီစဉ်တကျ ကစားခဲ့တာဖြစ်ပါတယ်။ပွဲချိန်ပထမပိုင်းမှာ ကောင်းကောင်းကစားနိုင်ခဲ့တယ်လို့လည်းထင်ပါတယ်။ဒါပေမယ့် သူတို့က ဂိုးရသွားခဲ့ပါတယ်။သူတို့က တန်ပြန်ဖိအားပေးခဲ့ပြီးဘောလုံးဆုံးရှုံးလိုက်တာနဲ့အဝေးကိုပြေးပြီး ပြန်ဆယ်ယူကြပါတယ်။ပြစ်ဒဏ်ဘောတွေလည်းကျူးလွန်ကြပါတယ်” လို့ပြောခဲ့ပါတယ်။

လီဗာပူး အသင်းနဲ့ ပတ်သက်ပြီး ဝီရှီးယားက – ” ကျွန်တော်က မန်စီးတီးအသင်းရဲ့ ကစားပုံနဲ့ဘောလုံးအထိန်းအသိမ်းကို အတော်ကြိုက်သူဖြစ်ပါတယ်။ဒါပေမယ့် လီဗာပူး အသင်းက ပိုစိတ်ထည့်ကစားပြီး ဘောလုံးကိုတိုက်ရိုက်ပေးပို့တဲ့ ပုံစံနဲ့ ကစားပါတယ်။

သူတို့က မန်စီးတီးလောက် ဘောလုံးပိုင်ဆိုင်မှုမရရင်တောင် ထိထိရောက်ရောက် လုပ်ဆောင်နိုင်ပါတယ်။မန်စီးတီး ကလက်ရှိချန်ပီယံဖြစ်လို့ ခင်ဗျားတို့က ရွေးချယ်ကြမှဖြစ်ပေမယ့်လီဗာပူးကလည်း ဥရောပချန်ပီယံဖြစ်ပါတယ်။သူတို့နှစ်သင်းဟာ လွန်ခဲ့တဲ့ နှစ်အတွင်း အကောင်းဆုံးတွေဖြစ်ကြပါတယ်။ဘယ်အသင်းနဲ့ ရင်ဆိုင်ရ ရင်ဆိုင်ရ မလွယ်ပါဘူး ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

SM