Guardola

စေနေန႔ မွာကစားခဲ႔တဲ႔ ပရီးမီးယားလိဂ္ အဖြင့္ ပြဲစဥ္မွာ မန္စီးတီး အသင္းက ဝက္စ္ဟမ္း အသင္းကို ၅-၀ ဂိုးနဲ႕ အႏိုင္ရခဲ႕ပါတယ္။ဒါေျကာင့္လည္းေနာက္ဆံုး လိဂ္ပြဲ ၁၅ ပြဲဆက္ အႏိုင္ရခဲ႔တာျဖစ္ျပီး လြန္ခဲ႔တဲ႔ ၂ႏွစ္က သူတို႔ကိုယ္တိုင္တင္ထားခဲ႕တဲ႔ မွတ္တမ္းကို လိုက္မီဖို႔ ၃ပြဲသာလိုေတာ့တာ ျဖစ္ပါတယ္။

ဝက္စ္ဟမ္း အသင္းဟာ အခုပြဲစဥ္မွာ ကစားပံု ဆိုးရြားခဲ႔ျခင္း မရွိေပမယ့္ မန္စီးတီး အသင္းသားေတြနဲ႔ အရည္အေသြးကြာျခား ခ်က္ ျကီးမားလြန္းေနတာေျကာင့္ ဂိုးျပတ္အေရးနိမ့္ခဲ႔ရတာျဖစ္ပါတယ္။မန္စီးတီးအတြက္ ဂိုးေတြကို စတာလင္က ဟက္ထရစ္၊ ေဂ်းဆု နဲ႔ အေဂြရိုတို႔က တဂိုးစီသြင္းယူေပးခဲ႔ျကတာျဖစ္ပါတယ္။

မန္စီးတီး နည္းျပျကီး ဂြာဒီယိုလာကေတာ့ ကုိယ့္ရဲ႕ ေနရာေကာင္းေတြကို ဆက္ထိန္းထားႏိုင္ဖို႔ ဒီလို စံခ်ိန္စံညႊန္းေကာင္းေတြကို ဆက္ထိန္းႏိုင္ဖို႔ လိုတယ္လို႔ သတိေပးသြားခဲ႕ပါတယ္။အင္တာဗ်ဴး တခုမွာ ဂြာဒီယုိလာက –

” ကစားသမား ေတြအေနနဲ႔ ပြဲေတြ ပါဝင္ကစားခ်င္ရင္ ေကာင္းေကာင္းကစားရပါလိမ့္မယ္။ေနာက္ပြဲမွာ ပါဝင္ခ်င္ရင္လည္း ေကာင္းေကာင္းကစားဖို႔ လိုပါတယ္။ကုိယ့္ရဲ႕ ျမင့္မားတဲ႔ စံခ်ိန္စံညႊန္းေတြကို ထိန္းထားဖို႔ လိုပါတယ္။ႏွစ္ရာသီေပါင္းရမွတ္ ၁၈၀ ေက်ာ္ေလာက္ရထားအျပီးမွာ ဒါကို လုပ္ႏိုင္ဖို႔လိုပါတယ္။

က်ြန္ေတာ္အပါအဝင္ အားလံုးဟာ ဖိအားေတြကို ခံစားေနရဖို႔ လိုပါတယ္။အနားယူခြင္႔မရွိခ်ိန္မ်ိဳးမွာ ဒီေန႔ ပြဲစဥ္ပထမပိုင္းတုန္းကလို ျဖစ္ကတတ္ဆန္း ကစားလို႕ ေတာ့ မရပါဘူး ” လို႔ေျပာသြားခဲ႔တာ ျဖစ္ပါတယ္။

ကြန္ျမဴနတီဒိုင္း ပြဲစဥ္မွာ ဒဏ္ရာရသြားခဲ႔တဲ႔ ဆာေနး ေျကာင့္ အယ္ဂ်ီးရီးယားနဲ႔ အတူ အာဖရိကဖလားရယူႏိုင္ခဲ႕တဲ႔မာရက္ဇ္က ပြဲထြက္ေနဖို႔ရွိေနတာျဖစ္ပါတယ္။ဒီအေျကာင္းနဲ႔ ပတ္သက္ျပီး ဂြာဒီယိုလာက –

” အာဖရိက ႏိုင္ငံမ်ားဖလားကို သူတို႔ရယူႏိုင္ခဲ႔အျပီး မွာ မာရက္ဇ္က က်ြန္ေတာ္ကို ဖုန္းေခၚခဲ႔ပါတယ္။သူေျပာခဲ႔တာက ‘ က်ြန္ေတာ္ ဆယ္ရက္ေလာက္ပဲ အနားယူဖို႕လိုပါတယ္။က်ြန္ေတာ္မျကာခင္မွာျပန္လာခ်င္ပါတယ္။ပြဲေတြကို ျပန္ကစားခ်င္ပါတယ္’ လို႔ျဖစ္ပါတယ္။

က်ြန္ေတာ္ ဒါကို ျကိုက္ပါတယ္။ဒါေျကာင့္လည္း သူ႔ကိုပါဝင္ကစားေစခဲ႔တာျဖစ္ပါတယ္။ဘာနာဒိုကေတာ့ ျကီးျကီးမားမား ျပသနာမရွိပဲ ျကြက္သားေဝဒနာအနည္းအက်ဥ္း ရွိေနတာျဖစ္ပါတယ္။က်ြန္ေတာ္ ကအားလံုးကို ယံုျကည္တယ္ဆိုကစားသမားေတြအကုန္သိေစခ်င္ပါတယ္။

ဒါဟာ အမွန္တရားျဖစ္ပါတယ္။ေလးရာသီ ေလာက္ျကာသြားအျပီးမွာ ဘယ္တေယာက္က က်ြန္ေတာ္ရဲ႕ အျမဲစိတ္ျကိုက္ဆိုျပီး မရွိပါဘူး။သူတို႔အားလံုးကို က်ြန္ေတာ္ယံုျကည္ပါတယ္။သူတို႔ေတြကလည္း ျပိဳင္ဘက္အသင္းေတြနဲ႔သာမက ကိုယ့္အခ်င္းခ်င္းလည္း ယွဥ္ျပိဳင္ေနရမွာ ျဖစ္ပါတယ္ ” လို႔ေျပာခဲ႔တာ ျဖစ္ပါတယ္။

SPORTS MYANMAR

Unicode

ဝက်စ်ဟမ်းကို ဂိုးပြတ်အနိုင်ရပေမယ့် အသင်းသားတွေကိုသတိပေးစကားဆို
လိုက်တဲ့ #ပက်ဂွာဒီယိုလာ
=================================

စနေနေ့ မှာကစားခဲ့တဲ့ ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ်မှာ မန်စီးတီး အသင်းက ဝက်စ်ဟမ်း အသင်းကို ၅-၀ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ဒါကြောင့်လည်းနောက်ဆုံး လိဂ်ပွဲ ၁၅ ပွဲဆက် အနိုင်ရခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့ ၂နှစ်က သူတို့ကိုယ်တိုင်တင်ထားခဲ့တဲ့ မှတ်တမ်းကို လိုက်မီဖို့ ၃ပွဲသာလိုတော့တာ ဖြစ်ပါတယ်။

ဝက်စ်ဟမ်း အသင်းဟာ အခုပွဲစဉ်မှာ ကစားပုံ ဆိုးရွားခဲ့ခြင်း မရှိပေမယ့် မန်စီးတီး အသင်းသားတွေနဲ့ အရည်အသွေးကွာခြား ချက် ကြီးမားလွန်းနေတာကြောင့် ဂိုးပြတ်အရေးနိမ့်ခဲ့ရတာဖြစ်ပါတယ်။မန်စီးတီးအတွက် ဂိုးတွေကို စတာလင်က ဟက်ထရစ်၊ ဂျေးဆု နဲ့ အဂွေရိုတို့က တဂိုးစီသွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။

မန်စီးတီး နည်းပြကြီး ဂွာဒီယိုလာကတော့ ကိုယ့်ရဲ့ နေရာကောင်းတွေကို ဆက်ထိန်းထားနိုင်ဖို့ ဒီလို စံချိန်စံညွှန်းကောင်းတွေကို ဆက်ထိန်းနိုင်ဖို့ လိုတယ်လို့ သတိပေးသွားခဲ့ပါတယ်။အင်တာဗျူး တခုမှာ ဂွာဒီယိုလာက –

” ကစားသမား တွေအနေနဲ့ ပွဲတွေ ပါဝင်ကစားချင်ရင် ကောင်းကောင်းကစားရပါလိမ့်မယ်။နောက်ပွဲမှာ ပါဝင်ချင်ရင်လည်း ကောင်းကောင်းကစားဖို့ လိုပါတယ်။ကိုယ့်ရဲ့ မြင့်မားတဲ့ စံချိန်စံညွှန်းတွေကို ထိန်းထားဖို့ လိုပါတယ်။နှစ်ရာသီပေါင်းရမှတ် ၁၈၀ ကျော်လောက်ရထားအပြီးမှာ ဒါကို လုပ်နိုင်ဖို့လိုပါတယ်။

ကျွန်တော်အပါအဝင် အားလုံးဟာ ဖိအားတွေကို ခံစားနေရဖို့ လိုပါတယ်။အနားယူခွင့်မရှိချိန်မျိုးမှာ ဒီနေ့ ပွဲစဉ်ပထမပိုင်းတုန်းကလို ဖြစ်ကတတ်ဆန်း ကစားလို့ တော့ မရပါဘူး ” လို့ပြောသွားခဲ့တာ ဖြစ်ပါတယ်။

ကွန်မြူနတီဒိုင်း ပွဲစဉ်မှာ ဒဏ်ရာရသွားခဲ့တဲ့ ဆာနေး ကြောင့် အယ်ဂျီးရီးယားနဲ့ အတူ အာဖရိကဖလားရယူနိုင်ခဲ့တဲ့မာရက်ဇ်က ပွဲထွက်နေဖို့ရှိနေတာဖြစ်ပါတယ်။ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဂွာဒီယိုလာက –

” အာဖရိက နိုင်ငံများဖလားကို သူတို့ရယူနိုင်ခဲ့အပြီး မှာ မာရက်ဇ်က ကျွန်တော်ကို ဖုန်းခေါ်ခဲ့ပါတယ်။သူပြောခဲ့တာက ‘ ကျွန်တော် ဆယ်ရက်လောက်ပဲ အနားယူဖို့လိုပါတယ်။ကျွန်တော်မကြာခင်မှာပြန်လာချင်ပါတယ်။ပွဲတွေကို ပြန်ကစားချင်ပါတယ်’ လို့ဖြစ်ပါတယ်။

ကျွန်တော် ဒါကို ကြိုက်ပါတယ်။ဒါကြောင့်လည်း သူ့ကိုပါဝင်ကစားစေခဲ့တာဖြစ်ပါတယ်။ဘာနာဒိုကတော့ ကြီးကြီးမားမား ပြသနာမရှိပဲ ကြွက်သားဝေဒနာအနည်းအကျဉ်း ရှိနေတာဖြစ်ပါတယ်။ကျွန်တော် ကအားလုံးကို ယုံကြည်တယ်ဆိုကစားသမားတွေအကုန်သိစေချင်ပါတယ်။

ဒါဟာ အမှန်တရားဖြစ်ပါတယ်။လေးရာသီ လောက်ကြာသွားအပြီးမှာ ဘယ်တယောက်က ကျွန်တော်ရဲ့ အမြဲစိတ်ကြိုက်ဆိုပြီး မရှိပါဘူး။သူတို့အားလုံးကို ကျွန်တော်ယုံကြည်ပါတယ်။သူတို့တွေကလည်း ပြိုင်ဘက်အသင်းတွေနဲ့သာမက ကိုယ့်အချင်းချင်းလည်း ယှဉ်ပြိုင်နေရမှာ ဖြစ်ပါတယ် ” လို့ပြောခဲ့တာ ဖြစ်ပါတယ်။

SPORTS MYANMAR