Kane

ေႏြရာသီ ေစ်းကြက္ အတြင္း ကစားသမား အင္အားျဖည့္တင္းမွဳေတြ လုပ္ေဆာင္ထားႏိုင္တာေျကာင့္ စပါးအသင္း ဟာ ပရီးမီးယားလိဂ္မွာ ဗိုလ္စြဲႏိုင္တယ္လို႔ တိိုက္စစ္မွဴး ဟယ္ရီကိန္းက ယံုျကည္ယူဆေနပါတယ္။စပါး တို႔ဟာ ျပီးခဲ႔တဲ႔ ႏွစ္ခ်န္ပီယံလိဂ္ျပိဳင္ပြဲမွာ ဖိုင္နယ္ အဆင့္အထိတက္ေရာက္ႏိုင္ခဲ႔ေပမယ့္ လီဗာပူး အသင္းကို ၂-၀ ဂိုးနဲ႔ အေရးနိမ့္ခဲ႔ လို႔ ဆုဖလားနဲ႔ ကပ္လြဲထားခဲ႔ရတာျဖစ္ပါတယ္။

၂၀၁၉-၂၀ ေဘာလံုးရာသီ ပရီးမီးယားလိဂ္ အဖြင့္ပြဲစဥ္မွာေတာ့ တန္းတက္ ဗီလာအသင္းကို ေနာက္ကေန လိုက္ကစားျပီး ၃-၁ ဂိုးနဲ႔ အႏိုင္ရရွိေအာင္ စြမ္းေဆာင္ထားႏိုင္ခဲ႕တာျဖစ္ပါတယ္။ျပီးခဲ႔တဲ႔ ရာသီ ျပည္တြင္းလိဂ္မွာ အဆင့္ေလး နဲ႔ ပန္းဝင္ခဲ႕ရတဲ႔ စပါးတို႔ဟာ နည္းျပ ျကီးပို ခ်က္တီႏိုလက္ထက္မွာ ခ်န္ပီယံ ဆုျကီးနဲ႔ အေတာ္ေလး နီးနီးစပ္စပ္ျဖစ္ခဲ႔ဖူးတာျဖစ္ပါတယ္။

သူတို႔ဟာ ၂၀၁၆-၁၇ ေဘာလံုးရာသီမွာဒုတိယေနရာ ရရွိခဲ႔ျပီး ၂၀၁၅-၁၆ နဲ႔၂၀၁၇-၁၈ ေဘာလံုးရာသီေတြမွာ တတိယေနရာ နဲ႔ အသီးသီး ေက်နပ္ထားခဲ႕ရတာျဖစ္ပါတယ္။သူတို႔ဟာ ေနာက္ဆံုးေစ်းကြက္ ၂ခုဆက္ ကစားသမားေခၚယူခဲ႔ျခင္း မရွိေပမယ့္ အခုေႏြမွာေတာ့ အန္ဒြန္ဘီလီ၊ လိုဆယ္ဆို၊ ဆီဆက္ဂ္ႏြန္ အစရွိတဲ႔ ျကယ္ပြင့္ေတြကို အားျဖည့္ထားတာျဖစ္ပါတယ္။

ဗီလာနဲ႔ ပြဲစဥ္ကို အႏိုင္ရခဲ႔တာ နဲ႔ပတ္သက္ျပီး ဟယ္ရီကိန္းက – ” ျပီးခဲ႔တဲ႔ ႏွစ္တုန္းကေတာ့ သူတို႔ ( မန္စီးတီးနဲ႔ လီဗာပူး) ကို က်ြန္ေတာ္တုိ႔ယွဥ္ႏိုင္ခဲ႔ေပမယ့္ ဇန္နဝါရီအေက်ာ္ေလာက္မွာ က်ြန္ေတာ္တို႔ကို ေနာက္ေကာက္ခ်ထားခဲ႔ပါတယ္။

အခုႏွစ္မွာေတာ့ အစေကာင္းေအာင္လုပ္ဖို႔ လိုပါတယ္။ေသာျကာေန႔ ပြဲမွာ လီဗာပူး အသင္းက သူတို႔ရဲ႕ စံခ်ိန္စံညႊန္းေတြ ျပသသြားခဲ႕သလို စေနေန႔ ေန႔လည္မွာ မန္စီးတီးက ျပသသြားခဲ႔ပါတယ္။ဒါေျကာင့္ သူတို႔ နဲ႕ အတတ္ႏိုင္ဆံုး လိုက္ျပီးတပူးတြဲတြဲ ရွိေနႏိုင္ဖို႔လိုပါတယ္။

ခရီးရွည္ျကီး ျဖစ္ေပမယ့္ အဆံုးထိသြားႏိုင္မယ္ လို႕ ေတာ့ ယံုျကည္မွဳရွိပါတယ္။ဒါေျကာင့္လည္း ကစားသမားေတြကိုဝယ္ျပီး လူစာရင္းကို အင္အားျဖည့္တာျဖစ္ပါတယ္။အခုဆိုအသင္းမွာေနရာရဖို႔ အျပိဳင္အဆိုင္ေတြရွိေနပါျပီ။ဒါကို ရလိုက္တာျဖစ္ပါတယ္။

အားလံုးက ဆုဖလားေတြဆာေလာင္ေနျပီး ရာသီသစ္အတြက္ အသင့္ျဖစ္ေနျကပါျပီ။ေကာင္းမြန္တဲ႔ ရာသီတခုျဖစ္လာဖို႔က အားလံုးအတြက္ အေရးျကီးတာျဖစ္ပါတယ္။အခုမွ အစပဲရွိေသးေမယ့္ ေဆာင္းရာသီမွာ ပြဲေတြ ျပြတ္သိပ္ကစားရမွာျဖစ္လို႕ အားလံုးကအတတ္ႏိုင္ဆံုးပါဝင္ ပတ္သက္ကစားေပးဖို႔ အေရးျကီးပါတယ္ ” လို႔ေျပာသြားခဲ႔ပါတယ္။

အသင္းေဖာ္ကြင္းလယ္လူ အဲရစ္ဆင္ဟာယူႏိုက္တက္ အသင္းရဲ႕ စိတ္ဝင္စားမွုကို ျငင္းပယ္ျပီး မက္ဒရစ္အေျခစုိက္၂သင္းျဖစ္တဲ႔ ေအတီကို နဲ႔ ရီးရဲလ္ အသင္းေတြကို ေျပာင္းေရႊ႕ဖို႔ စိတ္ဝင္စားေနပံုပါပဲ။အသင္းနဲ႕ အနာဂတ္ လွဳပ္ခတ္ေနတဲ႔ ဒီ ဒိန္းမတ္သားနဲ႔ ပတ္သက္ျပီး ဟယ္ရီကိနး္က –

” သူနဲ႔ က်ြန္ေတာ္တြဲကစားေနခဲ႔တာ ၅ႏွစ္၆ ႏွစ္ ေလာက္ရွိေနျပီဆိုတာ အားလံုးအသိပဲျဖစ္ပါတယ္။သူ႔မွာရွိတဲ႔ အရည္အေသြးေတြ၊ ျဖတ္တင္ေပးပို႔ႏိုင္စြမ္းေတြ သြင္းဂိုးသြင္းယူ ဖန္တီးေပးႏိုင္စြမ္းေတြကို က်ြန္ေတာ္တို႔သိျကပါတယ္။

သူပြဲထြက္ ပါဝင္ ရသည္ျဖစ္ေစ အရံခံုမွာပဲရွိေနသည္ျဖစ္ေစ က်ြန္ေတာ္တို႔အားလံုးအျမင္မွာေတာ့ သူက လံုးဝေပးဆပ္ျကိုးစားပါတယ္။သူနဲ႔ ပတ္သက္တဲ႔ ေကာလာဟလေတြကေတာ့ ရွိေနတာျဖစ္ပါတယ္။ဒါေပမယ့္ ဒီမွာရွိေနတုန္း အေကာင္းဆံုးေလ့က်င့္ျပီး ျကိုးစားကစားဖို႔ကိုပဲ ေတာင္းဆိုႏိုင္မွာျဖစ္ပါတယ္။

ပရိသတ္ေတြက လည္း ဒီလို ကတိကဝတ္မ်ိဳးကို ပဲ ရွိခ်င္တာျဖစ္ပါတယ္။အံ့မခန္း ပရိသတ္ေတြရွိေနတဲ႔ အတြက္ လည္း က်ြန္ေတာ္တို႔ေက်နပ္ေပ်ာ္ရႊင္ရပါတယ္။ဘာေတြျဖစ္သြားမလဲဆိုတာေနာက္ေတာ့သိရမွာျဖစ္ေပမယ့္ ေတာင့္တင္းတဲ႕ လူစာရင္းကိုပိုင္ဆိုင္ထားဆဲျဖစ္ျပီးဒါကို တရာသီလံုးသံုးသြားမွာျဖစ္ပါတယ္ ” လို႕ေျပာခဲ႕ပါတယ္။

SPORTS MYANMAR

Unicode

” စပါး အသင်းဟာ ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲနိုင်ပါတယ် ” – #ဟယ်ရီကိန်း
==================================

နွေရာသီ စျေးကွက် အတွင်း ကစားသမား အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်ထားနိုင်တာကြောင့် စပါးအသင်း ဟာ ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲနိုင်တယ်လို့ တိိုက်စစ်မှူး ဟယ်ရီကိန်းက ယုံကြည်ယူဆနေပါတယ်။စပါး တို့ဟာ ပြီးခဲ့တဲ့ နှစ်ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဖိုင်နယ် အဆင့်အထိတက်ရောက်နိုင်ခဲ့ပေမယ့် လီဗာပူး အသင်းကို ၂-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့ လို့ ဆုဖလားနဲ့ ကပ်လွဲထားခဲ့ရတာဖြစ်ပါတယ်။

၂၀၁၉-၂၀ ဘောလုံးရာသီ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာတော့ တန်းတက် ဗီလာအသင်းကို နောက်ကနေ လိုက်ကစားပြီး ၃-၁ ဂိုးနဲ့ အနိုင်ရရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့ ရာသီ ပြည်တွင်းလိဂ်မှာ အဆင့်လေး နဲ့ ပန်းဝင်ခဲ့ရတဲ့ စပါးတို့ဟာ နည်းပြ ကြီးပို ချက်တီနိုလက်ထက်မှာ ချန်ပီယံ ဆုကြီးနဲ့ အတော်လေး နီးနီးစပ်စပ်ဖြစ်ခဲ့ဖူးတာဖြစ်ပါတယ်။

သူတို့ဟာ ၂၀၁၆-၁၇ ဘောလုံးရာသီမှာဒုတိယနေရာ ရရှိခဲ့ပြီး ၂၀၁၅-၁၆ နဲ့၂၀၁၇-၁၈ ဘောလုံးရာသီတွေမှာ တတိယနေရာ နဲ့ အသီးသီး ကျေနပ်ထားခဲ့ရတာဖြစ်ပါတယ်။သူတို့ဟာ နောက်ဆုံးစျေးကွက် ၂ခုဆက် ကစားသမားခေါ်ယူခဲ့ခြင်း မရှိပေမယ့် အခုနွေမှာတော့ အန်ဒွန်ဘီလီ၊ လိုဆယ်ဆို၊ ဆီဆက်ဂ်နွန် အစရှိတဲ့ ကြယ်ပွင့်တွေကို အားဖြည့်ထားတာဖြစ်ပါတယ်။

ဗီလာနဲ့ ပွဲစဉ်ကို အနိုင်ရခဲ့တာ နဲ့ပတ်သက်ပြီး ဟယ်ရီကိန်းက – ” ပြီးခဲ့တဲ့ နှစ်တုန်းကတော့ သူတို့ ( မန်စီးတီးနဲ့ လီဗာပူး) ကို ကျွန်တော်တို့ယှဉ်နိုင်ခဲ့ပေမယ့် ဇန်နဝါရီအကျော်လောက်မှာ ကျွန်တော်တို့ကို နောက်ကောက်ချထားခဲ့ပါတယ်။

အခုနှစ်မှာတော့ အစကောင်းအောင်လုပ်ဖို့ လိုပါတယ်။သောကြာနေ့ ပွဲမှာ လီဗာပူး အသင်းက သူတို့ရဲ့ စံချိန်စံညွှန်းတွေ ပြသသွားခဲ့သလို စနေနေ့ နေ့လည်မှာ မန်စီးတီးက ပြသသွားခဲ့ပါတယ်။ဒါကြောင့် သူတို့ နဲ့ အတတ်နိုင်ဆုံး လိုက်ပြီးတပူးတွဲတွဲ ရှိနေနိုင်ဖို့လိုပါတယ်။

ခရီးရှည်ကြီး ဖြစ်ပေမယ့် အဆုံးထိသွားနိုင်မယ် လို့ တော့ ယုံကြည်မှုရှိပါတယ်။ဒါကြောင့်လည်း ကစားသမားတွေကိုဝယ်ပြီး လူစာရင်းကို အင်အားဖြည့်တာဖြစ်ပါတယ်။အခုဆိုအသင်းမှာနေရာရဖို့ အပြိုင်အဆိုင်တွေရှိနေပါပြီ။ဒါကို ရလိုက်တာဖြစ်ပါတယ်။

အားလုံးက ဆုဖလားတွေဆာလောင်နေပြီး ရာသီသစ်အတွက် အသင့်ဖြစ်နေကြပါပြီ။ကောင်းမွန်တဲ့ ရာသီတခုဖြစ်လာဖို့က အားလုံးအတွက် အရေးကြီးတာဖြစ်ပါတယ်။အခုမှ အစပဲရှိသေးမေယ့် ဆောင်းရာသီမှာ ပွဲတွေ ပြွတ်သိပ်ကစားရမှာဖြစ်လို့ အားလုံးကအတတ်နိုင်ဆုံးပါဝင် ပတ်သက်ကစားပေးဖို့ အရေးကြီးပါတယ် ” လို့ပြောသွားခဲ့ပါတယ်။

အသင်းဖော်ကွင်းလယ်လူ အဲရစ်ဆင်ဟာယူနိုက်တက် အသင်းရဲ့ စိတ်ဝင်စားမှုကို ငြင်းပယ်ပြီး မက်ဒရစ်အခြေစိုက်၂သင်းဖြစ်တဲ့ အေတီကို နဲ့ ရီးရဲလ် အသင်းတွေကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပုံပါပဲ။အသင်းနဲ့ အနာဂတ် လှုပ်ခတ်နေတဲ့ ဒီ ဒိန်းမတ်သားနဲ့ ပတ်သက်ပြီး ဟယ်ရီကိနး်က –

” သူနဲ့ ကျွန်တော်တွဲကစားနေခဲ့တာ ၅နှစ်၆ နှစ် လောက်ရှိနေပြီဆိုတာ အားလုံးအသိပဲဖြစ်ပါတယ်။သူ့မှာရှိတဲ့ အရည်အသွေးတွေ၊ ဖြတ်တင်ပေးပို့နိုင်စွမ်းတွေ သွင်းဂိုးသွင်းယူ ဖန်တီးပေးနိုင်စွမ်းတွေကို ကျွန်တော်တို့သိကြပါတယ်။

သူပွဲထွက် ပါဝင် ရသည်ဖြစ်စေ အရံခုံမှာပဲရှိနေသည်ဖြစ်စေ ကျွန်တော်တို့အားလုံးအမြင်မှာတော့ သူက လုံးဝပေးဆပ်ကြိုးစားပါတယ်။သူနဲ့ ပတ်သက်တဲ့ ကောလာဟလတွေကတော့ ရှိနေတာဖြစ်ပါတယ်။ဒါပေမယ့် ဒီမှာရှိနေတုန်း အကောင်းဆုံးလေ့ကျင့်ပြီး ကြိုးစားကစားဖို့ကိုပဲ တောင်းဆိုနိုင်မှာဖြစ်ပါတယ်။

ပရိသတ်တွေက လည်း ဒီလို ကတိကဝတ်မျိုးကို ပဲ ရှိချင်တာဖြစ်ပါတယ်။အံ့မခန်း ပရိသတ်တွေရှိနေတဲ့ အတွက် လည်း ကျွန်တော်တို့ကျေနပ်ပျော်ရွှင်ရပါတယ်။ဘာတွေဖြစ်သွားမလဲဆိုတာနောက်တော့သိရမှာဖြစ်ပေမယ့် တောင့်တင်းတဲ့ လူစာရင်းကိုပိုင်ဆိုင်ထားဆဲဖြစ်ပြီးဒါကို တရာသီလုံးသုံးသွားမှာဖြစ်ပါတယ် ” လို့ပြောခဲ့ပါတယ်။

SPORTS MYANMAR