Maguire

မန္ခ်က္စတာယူႏုိက္တက္ အသင္းေခါင္းေဆာင္ေဟာင္း ဂယ္ရီနဗီးက ဟယ္ရီမက္ဂြိဳင္းယားဟာ ဗာဂ်ယ္ဗန္ဒိုက္ လီဗာပူးမွာ လုပ္ျပ ခဲ့သလိုမ်ိဳး ယူႏုိက္တက္မွာ ဒီလိုမ်ိဳး သက္ေရာက္မွဳကုိ ေပးစြမ္း ႏုိင္လိမ့္မယ္လို႕ ဆုိလိုက္ ပါတယ္။

မက္ဂြိဳင္းယားဟာ ျပီးသြားခဲ့ျပီ ျဖစ္တဲ့ ေႏြရာသီ အေျပာင္းအေရြ႕က လက္စတာမွ ယူႏိုက္တက္ ကို ေနာက္ခံလူ တစ္ဦးရဲ႕ ကမာၻ႕စံခ်ိန္တင္ ေျပာင္းေရြ႕ေၾကး ေပါင္ သန္း ၈၀ နဲ႕ ေျပာင္းလာ ခဲ့တာပါ။ ဒါ့ေၾကာင့္ မက္ဂြိဳင္းယား ဟာ လြန္ခဲ့တဲ့ ၂၀၁၈ ဇန္န၀ါရီက ေဆာက္သမ္တန္မွ လီဗာပူးကို ေပါင္ ၇၅ သန္းနဲ႕ ေျပာင္းေရြ႕ ခဲ့တဲ့ ဗန္ဒို္က္ ကို ျဖတ္ေက်ာ္ကာ ကမာၻ႕ေစ်းအၾကီးဆံုး ေနာက္ခံလူ ျဖစ္လာ ခဲ့ပါတယ္။

Maguire

ဗန္ဒိုက္ဟာ လီဗာပူး ကုိ ေျပာင္းလာခဲ့ျပီး ေနာက္ပိုင္း ၾကီးမားတဲ့ သက္ေရာက္မွဳကို ေပးစြမ္း ႏုိင္ခဲ့ကာ စစေရာက္ျခင္း ရာသီမွာ ခ်န္ပီယံလိဂ္ ဗုိလ္လုပြဲ တက္ေစ ခဲ့တဲ့ အျပင္ ျပီးခဲ့တဲ့ ရာသီကေတာ့ လီဗာပူး ကို ခ်န္ပီယံလိဂ္ ဖလား နဲ႕ ပရီးမီးယားလိဂ္ မွာ စံခ်ိန္တင္ ရမွတ္ ၉၇ မွတ္ထိ ရယူေပးႏုိင္ခဲ့ျပီး PFA တစ္ႏွစ္တာ အေကာင္းဆံုးဆု ရခဲ့တဲ့ အျပင္ ဘလြန္းဒီေအာဆု အတြက္လည္း ေရပန္းစား ေနပါတယ္။

ဂယ္ရီနဗီး က “မက္ဂြိဳင္းယားကုိ ၾကည့္ရတာ လံုျခံဳစိတ္ခ်ရျပီး သန္မာပါတယ္။ သူ႕အနီးနားကို လာတဲ့ အျမင့္ေဘာေတြတုိင္းမွာ သူဟာ အသာရခဲ့ျပီး အဂၤလန္ မွာပဲ ျဖစ္ျဖစ္ လက္စတာမွာပဲ ျဖစ္ျဖစ္ သူ႕ရဲ႕ ကစားပံုဟာ အေျပာင္းအလဲ မရွိခဲ့ပါဘူး။ ကၽြန္ေတာ္ ကေတာ့ ဒါဟာ အဓိက အရာလုိ႕ ထင္ပါတယ္။ ၾကီးမားတဲ့ ေျပာင္းေရြ႕ေၾကးနဲ႕ ဒီကိုေရာက္လာကာ ယူႏုိက္တက္ ကစားသမား ဘ၀ ပထမဦးဆံုး ပြဲကို ပြဲၾကီးပြဲေကာင္းနဲ႕ ရင္ဆုိင္ ခဲ့ရေပမယ့္ သူရဲ႕ ေျခစြမ္းဟာ ဘာမွ မေျပာင္းလဲခဲ့ ပါဘူး။

သူဟာ တကယ့္ စိတ္ဓာတ္ေကာင္းကို ပိုင္ဆုိင္ထားပါတယ္။ ေမွ်ာ္လင့္ထား တာကေတာ့ သူ႕အလုပ္ကိုပဲ တာ၀န္ေက်ေအာင္ လုပ္ႏုိင္တာ မဟုတ္ဘဲ တစ္သင္းလံုးကို အားေကာင္းသြားေအာင္ ကူညီေပးဖို႕ပါပဲ။ ကၽြန္ေတာ္ နဲ႕ တြဲဖက္ ကစားခဲ့ဖူးတဲ့ ၾကီးၾကယ္တဲ့ ဗဟုိေနာက္ခံလူေတြဟာ ပြဲအတြင္းမွာ သူတုိ႕ကိ္ုယ္ သူတုိ႕ အေကာင္းဆံုး ကစားတာတင္ မကပါဘူး။ အျခားသူေတြကို မ်ားစြာ အက်ိဳးမ်ားေစ တာပါပဲ။ ဗန္ဒို္က္ဟာ လီဗာပူးမွာ ဒီလို လုပ္ျပေနတာကို ကၽြန္ေတာ္တုိ႕ ေျပာခဲ့ၾကပါတယ္။

မက္ဂြိဳင္းယား ကလည္း ဗန္ဒို္က္လိုမ်ိဳး ျခားနားမွဳကို ေပးႏုိင္မယ္လို႕ ေျပာဖို႕ ေစာပါေသးတယ္။ ဒါေပမယ့္ သူ႕အတြက္ အခြင့္အေရး ရွိေနပါတယ္။ မန္စီးတီးဟာ မက္ဂြိဳင္းယား ကို လိုခ်င္ခဲ့ျပီး ယူႏုိက္တက္ ဟာ ေနာက္ဆံုးမွာ သူ႕ကို ေခၚယူႏုိင္ခဲ့ပါတယ္။ သူတုိ႕ အတြက္ အရမ္းလိုအပ္လို႕ပါ။ သူဟာ ပင္ကုိယ္အရည္အေသြး ၊ ေကာင္းမြန္တဲ့ စရိုက္လကၡဏာ ၊ ေခါင္းေဆာင္မွဳ စြမ္းရည္ နဲ႕ လႊမ္းမိုးႏုိင္မွဳေတြ ပို္င္ဆုိင္ထား ပါတယ္။ သူဟာ ေနာက္ထပ္ ၅ ႏွစ္ ၆ ႏွစ္ေလာက္ ကလပ္ကို တည္ျငိမ္မွဳေတြ ေပးသြား ႏုိ္င္မွာပါ။” လို႕ သံုးသပ္လုိက္ပါတယ္။

လီဗာပူး ဂႏၱ၀င္ နဲ႕ စကိုင္းစေပါ့ရဲ႕ အစီအစဥ္ တင္ဆက္သူ ဂေရမီေဆာင္းနက္ ကလည္း ဟယ္ရီမက္ဂြိဳင္းယားဟာ လီဗာပူးမွာ ဗန္ဒုိက္ လုပ္ျပ ခဲ့သလိုမ်ိဳး ယူႏို္က္တက္ မွာ ၾကီးမားတဲ့ သက္ေရာက္မွဳကို ေပးစြမ္း ႏုိင္လိမ့္မယ္လို႕ ဆုိလိုက္ျပီး မန္စီးတီးဟာ ၎ကုိ အရယူေခၚယူ ခဲ့သင့္တယ္လို႕ ေျပာသြား ပါတယ္။

ေဆာင္းနက္ က “ကၽြန္ေတ္ာ့ အတြက္ကေတာ့ ယူႏုိက္တက္ ရဲ႕ အေကာင္းဆံုး ေခၚယူမွဳပါပဲ။ သူ႕ရဲ႕ စရိုက္လကၡဏာ ၊ အရည္အေသြး ၊ ပြဲကို ဖတ္ရွဳႏုိင္မွဳေတြဟာ အားရစရာ ပါပဲ။ ေဘာလံုးေလာကရဲ႕ အဆင့္ဆင့္ ေျပာင္းလဲ လာပံုအရ ယေန႕ေခတ္မွာ ဗဟုိေနာက္ခံလူေတြ အေနနဲ႕ ေကာင္းမြန္တဲ့ ေဘာလံုးေပးပုိ႕မွဳ ၊ အကြက္ျမင္မွဳေတြ ရွိဖို႕ ပိုမို အေရးၾကီးလာ ပါတယ္။

ယေန႕ေခတ္မွာ အသင္းတုိင္းဟာ ေနာက္တန္း ကေန ကစားကြက္ စတင္လာၾကျပီး ၁၀ ၾကိမ္မွာ ၉ ၾကိမ္ေလာက္က ဒီလိုမ်ိဳး ပံုစံနဲ႕ စတင္ၾကတာပါ။ ဂုိးသမားေတြဟာ ေဘာလံုးကို အေ၀း ကန္ထုတ္တာ ရွားသြားပါျပီ။ ဒါ့ေၾကာင့္ ဗဟုိ ေနာက္ခံလူေတြဟာ ကြင္းလယ္ ဗဟုိ ကစားသမားေတြ လုပ္ခဲ့သလိုမ်ိဳး လုပ္ရပါတယ္။ ဒါ့ေၾကာင့္ ဒီက႑ မွာ မက္ဂြိဳင္းယားဟာ ယူႏုိက္တက္ မွာ ၾကီးမားတဲ့ ျခားနားမွဳကို ေပးစြမ္း ႏုိင္ပါလိမ့္မယ္။ သူဟာ တစ္သင္းလံုး ကို တည္ျငိမ္မွဳ လည္း ေပးစြမ္း ႏုိင္မွာပါ။

ကၽြန္ေတာ္ ကေတာ့ လီဗာပူး မွာ ဗာဂ်ယ္ဗန္ဒုိက္ လုပ္ျပ ခဲ့သလိုမ်ိဳး သူ ယူႏုိက္တက္ မွာ ၾကီးမားတဲ့ သက္ေရာက္မွဳကို ေပးႏုိင္မယ္လို႕ ေမွ်ာ္လင့္ ထားပါတယ္။ ကၽြန္ေတာ္ ကေတာ့ သူဟာ ယူႏုိက္တက္ ရဲ႕ အရမ္းေကာင္းတဲ့ ကစားသမား ေခၚယူမွဳလို႕ ထင္ပါတယ္။ မန္စီးတီး အသင္း သူ႕ကို ေငြေၾကး မ်ားစြာ ေပးျပီး မေခၚယူခဲ့တာကို ကၽြန္ေတ္ာ အံ့ၾသမိပါတယ္။ ဒါေပမယ့္ မက္ဂြိဳင္းယား ကေတာ့ ထူးခၽြန္တဲ့သူပါ။ ကၽြန္ေတာ့္ အျမင္ ကေတာ့ သူဟာ ယေန႕ေခတ္ ဗဟုိေနာက္ခံလူေတြ မွာ ရွိသင့္တဲ့ အရာအားလံုးကို ပို္င္ဆုိင္ ထားပါတယ္။

သူနဲ႕ ပက္သက္ျပီး ကၽြန္ေတ္ာ ၾကိဳက္တဲ့ အရာကေတာ့ လက္စတာ အသင္း ရွံဳးေနတဲ့ အခါမွာ သူဟာ ကြင္းလယ္ထိ တက္ျပီး ျခားနားမွဳကို ေပးစြမ္းဖို႕ ၾကိဳးစားတဲ့ ပံုစံပါပဲ။ လီဗာပူးမွာေတာ့ ဗန္ဒို္က္ ဒီလို လုပ္တာ သိပ္ျပီး ျမင္ရေလ့ မရွိပါဘူး။ ဗန္ဒိုက္ဟာ သူ႕ေနရာမွာ သူေနျပီး ခံစစ္ေၾကာင္းကို က်စ္လစ္ေနေအာင္ လုပ္ပါတယ္။ ကၽြန္ေတာ္ ကေတာ့ မက္ဂြိဳင္းယား ဟာ တကယ့္ ေခၚယူမွဳပါပဲ။” လို႕ ဆုိသြား ပါတယ္။

SM

Unicode

ယူူနိုက်တက် ကစားသမားသစ် မက်ဂွိုင်းယားနဲ့ ပက်သက်ပြီး အမြင်တူခဲ့ကြတဲ့ ဂယ်ရီနဗီး နဲ့ ဂရေမီဆောင်းနက်

မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း ဂယ်ရီနဗီးက ဟယ်ရီမက်ဂွိုင်းယားဟာ ဗာဂျယ်ဗန်ဒိုက် လီဗာပူးမှာ လုပ်ပြ ခဲ့သလိုမျိုး ယူနိုက်တက်မှာ ဒီလိုမျိုး သက်ရောက်မှုကို ပေးစွမ်း နိုင်လိမ့်မယ်လို့ ဆိုလိုက် ပါတယ်။

မက်ဂွိုင်းယားဟာ ပြီးသွားခဲ့ပြီ ဖြစ်တဲ့ နွေရာသီ အပြောင်းအရွေ့က လက်စတာမှ ယူနိုက်တက် ကို နောက်ခံလူ တစ်ဦးရဲ့ ကမ္ဘာ့စံချိန်တင် ပြောင်းရွေ့ကြေး ပေါင် သန်း ၈၀ နဲ့ ပြောင်းလာ ခဲ့တာပါ။ ဒါ့ကြောင့် မက်ဂွိုင်းယား ဟာ လွန်ခဲ့တဲ့ ၂၀၁၈ ဇန်နဝါရီက ဆောက်သမ်တန်မှ လီဗာပူးကို ပေါင် ရ၅ သန်းနဲ့ ပြောင်းရွေ့ ခဲ့တဲ့ ဗန်ဒို်က် ကို ဖြတ်ကျော်ကာ ကမ္ဘာ့စျေးအကြီးဆုံး နောက်ခံလူ ဖြစ်လာ ခဲ့ပါတယ်။

ဗန်ဒိုက်ဟာ လီဗာပူး ကို ပြောင်းလာခဲ့ပြီး နောက်ပိုင်း ကြီးမားတဲ့ သက်ရောက်မှုကို ပေးစွမ်း နိုင်ခဲ့ကာ စစရောက်ခြင်း ရာသီမှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲ တက်စေ ခဲ့တဲ့ အပြင် ပြီးခဲ့တဲ့ ရာသီကတော့ လီဗာပူး ကို ချန်ပီယံလိဂ် ဖလား နဲ့ ပရီးမီးယားလိဂ် မှာ စံချိန်တင် ရမှတ် ၉၇ မှတ်ထိ ရယူပေးနိုင်ခဲ့ပြီး PFA တစ်နှစ်တာ အကောင်းဆုံးဆု ရခဲ့တဲ့ အပြင် ဘလွန်းဒီအောဆု အတွက်လည်း ရေပန်းစား နေပါတယ်။

ဂယ်ရီနဗီး က “မက်ဂွိုင်းယားကို ကြည့်ရတာ လုံခြုံစိတ်ချရပြီး သန်မာပါတယ်။ သူ့အနီးနားကို လာတဲ့ အမြင့်ဘောတွေတိုင်းမှာ သူဟာ အသာရခဲ့ပြီး အင်္ဂလန် မှာပဲ ဖြစ်ဖြစ် လက်စတာမှာပဲ ဖြစ်ဖြစ် သူ့ရဲ့ ကစားပုံဟာ အပြောင်းအလဲ မရှိခဲ့ပါဘူး။ ကျွန်တော် ကတော့ ဒါဟာ အဓိက အရာလို့ ထင်ပါတယ်။ ကြီးမားတဲ့ ပြောင်းရွေ့ကြေးနဲ့ ဒီကိုရောက်လာကာ ယူနိုက်တက် ကစားသမား ဘဝ ပထမဦးဆုံး ပွဲကို ပွဲကြီးပွဲကောင်းနဲ့ ရင်ဆိုင် ခဲ့ရပေမယ့် သူရဲ့ ခြေစွမ်းဟာ ဘာမှ မပြောင်းလဲခဲ့ ပါဘူး။

သူဟာ တကယ့် စိတ်ဓာတ်ကောင်းကို ပိုင်ဆိုင်ထားပါတယ်။ မျှော်လင့်ထား တာကတော့ သူ့အလုပ်ကိုပဲ တာဝန်ကျေအောင် လုပ်နိုင်တာ မဟုတ်ဘဲ တစ်သင်းလုံးကို အားကောင်းသွားအောင် ကူညီပေးဖို့ပါပဲ။ ကျွန်တော် နဲ့ တွဲဖက် ကစားခဲ့ဖူးတဲ့ ကြီးကြယ်တဲ့ ဗဟိုနောက်ခံလူတွေဟာ ပွဲအတွင်းမှာ သူတို့ကိ်ုယ် သူတို့ အကောင်းဆုံး ကစားတာတင် မကပါဘူး။ အခြားသူတွေကို များစွာ အကျိုးများစေ တာပါပဲ။ ဗန်ဒို်က်ဟာ လီဗာပူးမှာ ဒီလို လုပ်ပြနေတာကို ကျွန်တော်တို့ ပြောခဲ့ကြပါတယ်။

မက်ဂွိုင်းယား ကလည်း ဗန်ဒို်က်လိုမျိုး ခြားနားမှုကို ပေးနိုင်မယ်လို့ ပြောဖို့ စောပါသေးတယ်။ ဒါပေမယ့် သူ့အတွက် အခွင့်အရေး ရှိနေပါတယ်။ မန်စီးတီးဟာ မက်ဂွိုင်းယား ကို လိုချင်ခဲ့ပြီး ယူနိုက်တက် ဟာ နောက်ဆုံးမှာ သူ့ကို ခေါ်ယူနိုင်ခဲ့ပါတယ်။ သူတို့ အတွက် အရမ်းလိုအပ်လို့ပါ။ သူဟာ ပင်ကိုယ်အရည်အသွေး ၊ ကောင်းမွန်တဲ့ စရိုက်လက္ခဏာ ၊ ခေါင်းဆောင်မှု စွမ်းရည် နဲ့ လွှမ်းမိုးနိုင်မှုတွေ ပို်င်ဆိုင်ထား ပါတယ်။ သူဟာ နောက်ထပ် ၅ နှစ် ၆ နှစ်လောက် ကလပ်ကို တည်ငြိမ်မှုတွေ ပေးသွား နို်င်မှာပါ။” လို့ သုံးသပ်လိုက်ပါတယ်။

လီဗာပူး ဂန္တဝင် နဲ့ စကိုင်းစပေါ့ရဲ့ အစီအစဉ် တင်ဆက်သူ ဂရေမီဆောင်းနက် ကလည်း ဟယ်ရီမက်ဂွိုင်းယားဟာ လီဗာပူးမှာ ဗန်ဒိုက် လုပ်ပြ ခဲ့သလိုမျိုး ယူနို်က်တက် မှာ ကြီးမားတဲ့ သက်ရောက်မှုကို ပေးစွမ်း နိုင်လိမ့်မယ်လို့ ဆိုလိုက်ပြီး မန်စီးတီးဟာ ၎င်းကို အရယူခေါ်ယူ ခဲ့သင့်တယ်လို့ ပြောသွား ပါတယ်။

ဆောင်းနက် က “ကျွန်တေ်ာ့ အတွက်ကတော့ ယူနိုက်တက် ရဲ့ အကောင်းဆုံး ခေါ်ယူမှုပါပဲ။ သူ့ရဲ့ စရိုက်လက္ခဏာ ၊ အရည်အသွေး ၊ ပွဲကို ဖတ်ရှုနိုင်မှုတွေဟာ အားရစရာ ပါပဲ။ ဘောလုံးလောကရဲ့ အဆင့်ဆင့် ပြောင်းလဲ လာပုံအရ ယနေ့ခေတ်မှာ ဗဟိုနောက်ခံလူတွေ အနေနဲ့ ကောင်းမွန်တဲ့ ဘောလုံးပေးပို့မှု ၊ အကွက်မြင်မှုတွေ ရှိဖို့ ပိုမို အရေးကြီးလာ ပါတယ်။

ယနေ့ခေတ်မှာ အသင်းတိုင်းဟာ နောက်တန်း ကနေ ကစားကွက် စတင်လာကြပြီး ၁၀ ကြိမ်မှာ ၉ ကြိမ်လောက်က ဒီလိုမျိုး ပုံစံနဲ့ စတင်ကြတာပါ။ ဂိုးသမားတွေဟာ ဘောလုံးကို အဝေး ကန်ထုတ်တာ ရှားသွားပါပြီ။ ဒါ့ကြောင့် ဗဟို နောက်ခံလူတွေဟာ ကွင်းလယ် ဗဟို ကစားသမားတွေ လုပ်ခဲ့သလိုမျိုး လုပ်ရပါတယ်။ ဒါ့ကြောင့် ဒီကဏ္ဍ မှာ မက်ဂွိုင်းယားဟာ ယူနိုက်တက် မှာ ကြီးမားတဲ့ ခြားနားမှုကို ပေးစွမ်း နိုင်ပါလိမ့်မယ်။ သူဟာ တစ်သင်းလုံး ကို တည်ငြိမ်မှု လည်း ပေးစွမ်း နိုင်မှာပါ။

ကျွန်တော် ကတော့ လီဗာပူး မှာ ဗာဂျယ်ဗန်ဒိုက် လုပ်ပြ ခဲ့သလိုမျိုး သူ ယူနိုက်တက် မှာ ကြီးမားတဲ့ သက်ရောက်မှုကို ပေးနိုင်မယ်လို့ မျှော်လင့် ထားပါတယ်။ ကျွန်တော် ကတော့ သူဟာ ယူနိုက်တက် ရဲ့ အရမ်းကောင်းတဲ့ ကစားသမား ခေါ်ယူမှုလို့ ထင်ပါတယ်။ မန်စီးတီး အသင်း သူ့ကို ငွေကြေး များစွာ ပေးပြီး မခေါ်ယူခဲ့တာကို ကျွန်တေ်ာ အံ့သြမိပါတယ်။ ဒါပေမယ့် မက်ဂွိုင်းယား ကတော့ ထူးချွန်တဲ့သူပါ။ ကျွန်တော့် အမြင် ကတော့ သူဟာ ယနေ့ခေတ် ဗဟိုနောက်ခံလူတွေ မှာ ရှိသင့်တဲ့ အရာအားလုံးကို ပို်င်ဆိုင် ထားပါတယ်။

သူနဲ့ ပက်သက်ပြီး ကျွန်တေ်ာ ကြိုက်တဲ့ အရာကတော့ လက်စတာ အသင်း ရှံုးနေတဲ့ အခါမှာ သူဟာ ကွင်းလယ်ထိ တက်ပြီး ခြားနားမှုကို ပေးစွမ်းဖို့ ကြိုးစားတဲ့ ပုံစံပါပဲ။ လီဗာပူးမှာတော့ ဗန်ဒို်က် ဒီလို လုပ်တာ သိပ်ပြီး မြင်ရလေ့ မရှိပါဘူး။ ဗန်ဒိုက်ဟာ သူ့နေရာမှာ သူနေပြီး ခံစစ်ကြောင်းကို ကျစ်လစ်နေအောင် လုပ်ပါတယ်။ ကျွန်တော် ကတော့ မက်ဂွိုင်းယား ဟာ တကယ့် ခေါ်ယူမှုပါပဲ။” လို့ ဆိုသွား ပါတယ်။

SM