Pogba

အိုးထရက္ဖို႕ဒ္ မွာ ကစားသြားခဲ႔တဲ႔ ပရီးမီးယားလိဂ္ ပြဲစဥ္မွာ ယူႏိုက္တက္ အသင္းက ခ်ဲဆီးလ္ အသင္းကို ၄-၀ ဂိုးနဲ႔ အႏိုင္ရခဲ႕ပါတယ္။ဒီပြဲမွာေျခစြမ္း ျပသြားခဲ႔တာကေတာ့ ယူႏိုက္တက္ ကြင္းလယ္လူေပါ့ဘာျဖစ္ျပီး သူ႔ရဲ႕ အကြက္ျမင္ျမင္ ဖန္တီးေပးမွဳေတြကေန ရတ္ဖို႔ဒ္နဲ႔ ဒန္နီရယ္ဂ်ိန္းစ္တို႔က ဂိုးေသြင္းယူႏိုင္ခဲ႕တာျဖစ္ပါတယ္။

အသက္ ၂၆ႏွစ္အရြယ္ ဒီျပင္သစ္ စတားဟာျပီးခဲ႔ဲတဲ႕ ေႏြရာသီ အတြင္းမွာ အသင္းေျပာင္း ဖို႔ ဆႏၵရွိေနတဲ႔ အေျကာင္းကို အတိအလင္း ထုတ္ေျပာထားခဲ႔ဖူးတာျဖစ္ပါတယ္။ဒါေပမယ့္ နည္းျပျကီး ဆိုးလ္ရွားကေတာ့ ရာသီျကို ပြဲစဥ္ေတြမွာကတည္းက သူ႕ကုိပြဲတိုင္း ပြဲထုတ္ေနခဲ႔တာျဖစ္ပါတယ္။

ေပါ့ဘာဟာ ၂၀၁၆ ေႏြရာသီ ေစ်းကြက္ အတြင္းမွာ ထိုစဥ္က ကမၻာ့စံခ်ိန္တင္ေျကးနဲ႔ ယူႏိုက္တက္ အသင္းကို ေရာက္လာခဲ႔တာျဖစ္ျပီး ပရီးမီးယားလိဂ္ ၃ရာသီ ျဖတ္သန္းခဲ႔ျပီးျပီလည္းျဖစ္ပါတယ္။သူဟာျပီးခဲ႔တဲ႔ ရာသီယူႏိုက္တက္ အသင္းရဲ႕ ဂိုးအမ်ားဆံုး ကစားသမားလည္းျဖစ္ျပီး ျပိဳင္ပြဲစံုမွာ ၁၆ဂိုးအထိသြင္းယူေပးႏိုင္ခဲ႔ပါတယ္။

သူ႔ကို ေခၚယူဖို႔ အသင္းေဟာင္း ဂ်ဴဗီ နဲ႔စပိန္ ထ္ပ္သီး ရီးရဲလ္ အသင္းေတြက ေလသံ ေတြ ပစ္ေနခဲ႔ေပမယ့္ အေျပာင္းအေရႊ႕ ညွိႏွိဳင္းမွဳ အထ မေျမာက္ခဲ႔အျပီးမွာ ရာသီျကို ေလ့က်င့္ေရးအစီအစဥ္ေတြကို ပံုမွန္အတိုင္းလုပ္ေဆာင္ေနခဲ႔တာျဖစ္ပါတယ္။လတ္တေလာမွာသူ႔ကိုေခၚယူႏိုင္ဖို႕ျကိုးပမ္းေနျကဆဲျဖစ္ေပမယ့္ အစားထိုးႏိုင္မယ့္သူေခၚယူႏိုင္ျခင္းမရွိေတာ့လို႕ ျဖစ္ႏိုင္ေျခပိုမိုနည္းလာေနတာျဖစ္ပါတယ္။

ေပါ့ဘာ ကေတာ့ ရီးရဲလ္ အသင္းနဲ႔ ေကာလာဟလ ေတြထြက္ေနေပမယ့္ အိုးထရက္ဖို႔ဒ္မွာ ေဘာလံုးကစားေနရတာကို ေက်နပ္ေပ်ာ္ရႊင္ေနတယ္လို႔ဆိုသြားခဲ႔ပါတယ္။ခ်ဲဆီးလ္ အသင္းနဲ႔ ပြဲအျပီးအင္တာဗ်ဴးတခုမွာ ေပါ့ဘာက –

” ေဘာလံုး ကစားေနရတဲ႔ အခ်ိန္ေတြဟာ က်ြန္ေတာ့္အတြက္ အျမဲတမ္းေကာင္းပါတယ္။ က်ြန္ေတာ္ခ်စ္ျမတ္ႏိုးတ႔ဲ အရာကို လုပ္ေနတာျဖစ္ျပီး က်ြန္ေတာ့္ရဲ႕ အလုပ္လည္းျဖစ္ပါတယ္။ကြင္းအတြင္း မွာရွိေနခ်ိန္တုိင္းမွာေတာ့ က်ြန္ေတာ္က အေကာင္းဆံုးေပးဆပ္ေနမွာျဖစ္ပါတယ္။

ေျပာထားခဲ႕ဖူးတဲ႕ စကားလံုး ေတြရွိေနတာျဖစ္ျပီး အနာဂတ္က ေျပာျပသြားပါလိမ့္မယ္။ဒီလိုအေျခအေနမ်ိဳးမွာ ေမးခြန္း တခုတေလကေတာ့ရွိေနဆဲျဖစ္ပါတယ္။ဒါေပမယ့္ က်ြန္ေတာ္က မန္ခ်က္စတာမွာရွိေနတာျဖစ္ပါတယ္။အသင္းေဖာ္ေတြနဲ႔ လည္း ေပ်ာ္ေပ်ာ္ရႊင္ရႊင္ရွိေနပါတယ္။က်ြန္ေတာ္ဟာ ပဲြေတြကို အျမဲတမ္း အႏိုင္ရခ်င္ပါတယ္။ကြင္းေျမျပင္ထက္ ရွိတဲ႔အခါတိုင္းမွာလည္း က်ြန္ေတာ့္ကုိယ္က်ြန္ေတာ္ လံုးဝေပးဆပ္ျကိုးစားကစားသြားာ ျဖစ္ပါတယ္ ” လို႔ေျပာသြားခဲ႔တာျဖစ္ပါတယ္။

ယူႏိုက္တက္ အသင္းဟာ အခုပြဲစဥ္မွာရတ္ဖိုဒ့္၊ မာရွယ္၊ ဒန္နီရယ္ဂ်ိန္စ္းတို႔ရဲ႕ ဂိုးေတြနဲ႕ အႏိုင္ရခဲ႔တာျဖစ္ျပီး ၁၉၆၅ ေနာက္ပိုင္း ခ်ဲဆီးလ္ အသင္းကို အျကီးမားဆံုးဂိုးျပတ္အႏိုင္ရခဲ႔တာျဖစ္ပါတယ္။ယူႏိုက္တက္ အသင္းဟာ လာမယ့္ပြဲစဥ္မွာေတာ့ Giant Killers ဝုဗ္လ္ အသင္းနဲ႔ ရင္ဆိုင္ရမွာျဖစ္ပါတယ္။

SPORTS MYANMAR

Unicode

ချဲဆီးလ်နဲ့ပွဲမှာတောက်ပခဲ့အပြီး သူ့ရဲ့ အနာဂတ်အကြောင်းကို ထုတ်ပြောလိုက်တဲ့ ယူနိုက်တက်စတား #ပေါ့ဘာ
=================================

အိုးထရက်ဖို့ဒ် မှာ ကစားသွားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ယူနိုက်တက် အသင်းက ချဲဆီးလ် အသင်းကို ၄-၀ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ဒီပွဲမှာခြေစွမ်း ပြသွားခဲ့တာကတော့ ယူနိုက်တက် ကွင်းလယ်လူပေါ့ဘာဖြစ်ပြီး သူ့ရဲ့ အကွက်မြင်မြင် ဖန်တီးပေးမှုတွေကနေ ရတ်ဖို့ဒ်နဲ့ ဒန်နီရယ်ဂျိန်းစ်တို့က ဂိုးသွေင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

အသက် ၂၆နှစ်အရွယ် ဒီပြင်သစ် စတားဟာပြီးခဲဲ့တဲ့ နွေရာသီ အတွင်းမှာ အသင်းပြောင်း ဖို့ ဆန္ဒရှိနေတဲ့ အကြောင်းကို အတိအလင်း ထုတ်ပြောထားခဲ့ဖူးတာဖြစ်ပါတယ်။ဒါပေမယ့် နည်းပြကြီး ဆိုးလ်ရှားကတော့ ရာသီကြို ပွဲစဉ်တွေမှာကတည်းက သူ့ကိုပွဲတိုင်း ပွဲထုတ်နေခဲ့တာဖြစ်ပါတယ်။

ပေါ့ဘာဟာ ၂၀၁၆ နွေရာသီ စျေးကွက် အတွင်းမှာ ထိုစဉ်က ကမ္ဘာ့စံချိန်တင်ကြေးနဲ့ ယူနိုက်တက် အသင်းကို ရောက်လာခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ် ၃ရာသီ ဖြတ်သန်းခဲ့ပြီးပြီလည်းဖြစ်ပါတယ်။သူဟာပြီးခဲ့တဲ့ ရာသီယူနိုက်တက် အသင်းရဲ့ ဂိုးအများဆုံး ကစားသမားလည်းဖြစ်ပြီး ပြိုင်ပွဲစုံမှာ ၁၆ဂိုးအထိသွင်းယူပေးနိုင်ခဲ့ပါတယ်။

သူ့ကို ခေါ်ယူဖို့ အသင်းဟောင်း ဂျူဗီ နဲ့စပိန် ထ်ပ်သီး ရီးရဲလ် အသင်းတွေက လေသံ တွေ ပစ်နေခဲ့ပေမယ့် အပြောင်းအရွှေ့ ညှိနှိုင်းမှု အထ မမြောက်ခဲ့အပြီးမှာ ရာသီကြို လေ့ကျင့်ရေးအစီအစဉ်တွေကို ပုံမှန်အတိုင်းလုပ်ဆောင်နေခဲ့တာဖြစ်ပါတယ်။လတ်တလောမှာသူ့ကိုခေါ်ယူနိုင်ဖို့ကြိုးပမ်းနေကြဆဲဖြစ်ပေမယ့် အစားထိုးနိုင်မယ့်သူခေါ်ယူနိုင်ခြင်းမရှိတော့လို့ ဖြစ်နိုင်ခြေပိုမိုနည်းလာနေတာဖြစ်ပါတယ်။

ပေါ့ဘာ ကတော့ ရီးရဲလ် အသင်းနဲ့ ကောလာဟလ တွေထွက်နေပေမယ့် အိုးထရက်ဖို့ဒ်မှာ ဘောလုံးကစားနေရတာကို ကျေနပ်ပျော်ရွှင်နေတယ်လို့ဆိုသွားခဲ့ပါတယ်။ချဲဆီးလ် အသင်းနဲ့ ပွဲအပြီးအင်တာဗျူးတခုမှာ ပေါ့ဘာက –

” ဘောလုံး ကစားနေရတဲ့ အချိန်တွေဟာ ကျွန်တော့်အတွက် အမြဲတမ်းကောင်းပါတယ်။ ကျွန်တော်ချစ်မြတ်နိုးတဲ့ အရာကို လုပ်နေတာဖြစ်ပြီး ကျွန်တော့်ရဲ့ အလုပ်လည်းဖြစ်ပါတယ်။ကွင်းအတွင်း မှာရှိနေချိန်တိုင်းမှာတော့ ကျွန်တော်က အကောင်းဆုံးပေးဆပ်နေမှာဖြစ်ပါတယ်။

ပြောထားခဲ့ဖူးတဲ့ စကားလုံး တွေရှိနေတာဖြစ်ပြီး အနာဂတ်က ပြောပြသွားပါလိမ့်မယ်။ဒီလိုအခြေအနေမျိုးမှာ မေးခွန်း တခုတလေကတော့ရှိနေဆဲဖြစ်ပါတယ်။ဒါပေမယ့် ကျွန်တော်က မန်ချက်စတာမှာရှိနေတာဖြစ်ပါတယ်။အသင်းဖော်တွေနဲ့ လည်း ပျော်ပျော်ရွှင်ရွှင်ရှိနေပါတယ်။ကျွန်တော်ဟာ ပွဲတွေကို အမြဲတမ်း အနိုင်ရချင်ပါတယ်။ကွင်းမြေပြင်ထက် ရှိတဲ့အခါတိုင်းမှာလည်း ကျွန်တော့်ကိုယ်ကျွန်တော် လုံးဝပေးဆပ်ကြိုးစားကစားသွားာ ဖြစ်ပါတယ် ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက် အသင်းဟာ အခုပွဲစဉ်မှာရတ်ဖိုဒ့်၊ မာရှယ်၊ ဒန်နီရယ်ဂျိန်စ်းတို့ရဲ့ ဂိုးတွေနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး ၁၉၆၅ နောက်ပိုင်း ချဲဆီးလ် အသင်းကို အကြီးမားဆုံးဂိုးပြတ်အနိုင်ရခဲ့တာဖြစ်ပါတယ်။ယူနိုက်တက် အသင်းဟာ လာမယ့်ပွဲစဉ်မှာတော့ Giant Killers ဝုဗ်လ် အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

SPORTS MYANMAR