Man u

မန္ခ်က္စတာ ယူနိုက္တက္ အသင္း ဟာ ပရီးမီးယား လိဂ္ အဖြင့္ ပြဲစဥ္ အျဖစ္ မေန့ ညက အိုးလ္ ထရပ္ဖုိ့ဒ္ မွာ ခ်ဲလ္ဆီး အသင္း ကို ဧည့္ခံ ကစား ခဲ့ျပီး 4 – 0 ဆုိတဲ့ ရလဒ္ နဲ့ ဂိုးျပတ္ အနုိင္ ရလဒ္ ေဖာ္ေဆာင္ သြားနုိင္ခဲ့ ပါတယ္ ။

အဆိုပါ ပြဲစဥ္ မွာေတာ့ ယူနုိက္တက္ အတြက္ သြင္းဂိုး ေတြကို တုိက္စစ္ ကစားသမား ေတြ ျဖစ္ၾက တဲ့ မားကပ္စ္ ရပ္ရွ္ဖုိ႔ ( 2 ဂိုး ) ၊ အန္သိုနီ မာရွယ္ နဲ့ ကစားသမား သစ္ ဒန္နီယယ္ ဂ်ိမ္းစ္ တုိ့က ကိုယ္စီ သြင္းယူ ေပးနိုင္ ခဲ့ၾက ပါတယ္ ။

အဆုိပါ ပြဲစဥ္ အျပီး ယူနုိက္တက္ နည္းျပ ဆုိးလ္ရွား ဟာ ေကာင္းမြန္ တဲ့ အရာ ေတြကို ထုတ္ေဖာ္ ခ်ီးက်ဴး သြားခဲ့ ေပမယ့္ အသင္း မွာ လိုအပ္ ခ်က္ေတြ အမ်ားၾကီး ရွိေန ေသးေၾကာင္း ၊ ဆက္လက္ တုိးတက္ ေကာင္းမြန္ ဖုိ့ လုိအပ္ေၾကာင္း သတိေပး စကား ေျပာၾကား သြားခဲ့ ပါတယ္ ။

ဆုိးလ္ရွား က အသင္း ဟာ ယူနုိက္တက္ ရဲ့ ရိုးရာ ပံုစံ ကို ပံုေဖာ္ ကစား ျပနုိင္ ခဲ့ေၾကာင္း ၊ ခ်ဲလ္ဆီး နဲ့ ပြဲစဥ္ အတြင္း စြန့္စား ကစား ခဲ့မွဳ ေတြ အတြက္ ထုိက္တန္ တဲ့ အက်ိဳး ေက်းဇူး ကို ျပန္လည္ ခံစား ခဲ့ ရေၾကာင္း ထုတ္ေဖာ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

” က်ြန္ေတာ္ တုိ့ ကစား ခ်င္ခဲ့ ၾကတဲ့ ပံုစံ တစ္ခု ကို ရွာေဖြ ေတြ့ရွိ ခဲ့ၾက ပါတယ္ ။ က်ြန္ေတာ္ တုိ့ ယံုၾကည္ ထားခဲ့ ၾကတဲ့ ကစား ကြက္ တစ္ခု ေပါ့ ။ က်ြန္ေတာ္ တုိ့ ကြင္းထဲ ေရာက္ရွိ တာနဲ့ တူ ညီတဲ့ အရာ ေတြကို ဆက္လက္ လုပ္ေဆာင္ ျပနုိင္ ရ ပါ့မယ္ ”

” က်ြန္ေတာ္ တုိ့ စြန့္စား မွဳေတြ ျပဳလုပ္ ခဲ့ရ ပါတယ္ ။ ဒါေပမယ့္ ပရီးမီးယား လိဂ္မွာ ေတာ့ ဒီလို ပဲ ကစား ရပါ လိမ့္မယ္ ။ က်ြန္ေတာ္ တုိ့ ဒီ အတိုင္း ဆက္သြား ရပါ လိမ့္မယ္ ။ ေဘာလံုး မွာ စြန့္စား တာနဲ့ ခ်ီးျမွင့္ ခံရတာ ဆုိျပီး ရွိ ပါတယ္ ။ က်ြန္ေတာ္ တုိ့ ဒီ ေန့ ခ်ီးျမွင့္ ခံခဲ့ ရ ပါတယ္ ”

” ဒါေပမယ့္ က်ြန္ေတာ္ တုိ့ ဆက္လက္ ၾကိဳးစား ၾကရပါ ဦးမယ္ ။ က်ြန္ေတာ္ တုိ့ေတြဟာ အေကာင္းဆံုး အေနအထား တစ္ခု ရဲ့ အနီး အနား ကိုေတာင္ မေရာက္ရွိ ၾကေသး ပါဘူး ။ က်ြန္ေတာ္ တုိ့ က႑ အမ်ားၾကီး မွာ တုိးတက္ ေကာင္းမြန္ ဖုိ့ လိုအပ္ ေနပါ ေသးတယ္ ”

” က်ြန္ေတာ္ ဒီလို ပြဲစဥ္ မ်ိဳးကို အလို ရွိေန ခဲ့တာပါ ။ က်ြန္ေတာ္ တုိ့ ရာသီ ၾကိဳ ပြဲစဥ္ ေတြမွာ လုပ္ခဲ့ တာေတြ ကို ဒီေန့ လုပ္ျပ နုိင္ခဲ့ ၾက ပါတယ္ ။ ျပိဳင္ဖက္ ကို ဖိ ကစား နုိင္ခဲ့ သလို ေဘာလံုး ေတြလည္း ျပန္လည္ လုယူ နုိင္ခဲ့ ၾက ပါတယ္ ။ က်ြန္ေတာ္ တုိ့ 3 – 0 ၊ 4 – 0 ဆိုတဲ့ ရလဒ္ ထြက္ေပၚ ေနခ်ိန္ ေတာင္ ေကာင္းမြန္စြာ ဆက္လက္ ကစား နုိင္ခဲ့ ၾကတယ္ ” လို့ ဆုိးလ္ရွား က ဖြင့္ဟ သြားခဲ့ လိုက္ ပါတယ္ ။

အဲ့ဒီေနာက္ ဒီေႏြ အတြင္း အသင္း ေျပာင္းဖုိ့ သတင္း ၾကီးေန ခဲ့တဲ့ ကြင္းလယ္လူ ေပါလ္ ေပါ့ဂ္ဘာ နဲ့ ပတ္သက္ ျပီး သူ့ရဲ့ ပြဲစဥ္ အေပၚ အာရံု စူးစိုက္ မွဳ ၊ ပြဲစဥ္ အတြင္း ယံုၾကည္ စိတ္ခ် ရဖြယ္ ေျခစြမ္း ေကာင္း ျပသ နုိင္မွဳ ေတြကို ဆုိးလ္ရွား က ဆက္လက္ ခ်ီးက်ဴး သြားခဲ့ လိုက္ ပါတယ္ ။

” ေပါလ္ ဟာ ေနာက္ထပ္ အမ်ားၾကီး ၊ အမ်ားၾကီး ေတြကို လုပ္ေဆာင္ ျပနုိင္ ပါတယ္ ။ ကြင္းလယ္ ကစားသမား တစ္ဦး လုပ္ေဆာင္ နုိင္တဲ့ အရာရာ တုိင္းကို သူဟာ လုပ္ျပ နုိင္ ပါတယ္ ။ တတိယ ဂိုး အတြက္ ေဘာလံုး ေပးပို့ မွဳက ေကာင္းလြန္း ခဲ့ ပါတယ္ ။ က်ြန္ေတာ္ ကေတာ့ သူ အေကာင္းဆံုး ေရွ့ဆက္ နုိင္ဖုိ့ အလိုရွိ ေန ပါတယ္ ” လို့ ဆုိးလ္ရွား က ေျပာၾကား သြားခဲ့ ပါတယ္ ။

#Sports_Myanmar

Unicode

ဂိုးပြတ်နိုင်ပွဲ ရရှိခဲ့ပေမယ့်လည်း ကစားသမားတွေကို သတိပေးသွားခဲ့တဲ့ #ဆိုးလ်ရှား

==============

မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ပရီးမီးယား လိဂ် အဖွင့် ပွဲစဉ် အဖြစ် မနေ့ ညက အိုးလ် ထရပ်ဖို့ဒ် မှာ ချဲလ်ဆီး အသင်း ကို ဧည့်ခံ ကစား ခဲ့ပြီး 4 – 0 ဆိုတဲ့ ရလဒ် နဲ့ ဂိုးပြတ် အနိုင် ရလဒ် ဖော်ဆောင် သွားနိုင်ခဲ့ ပါတယ် ။

အဆိုပါ ပွဲစဉ် မှာတော့ ယူနိုက်တက် အတွက် သွင်းဂိုး တွေကို တိုက်စစ် ကစားသမား တွေ ဖြစ်ကြ တဲ့ မားကပ်စ် ရပ်ရှ်ဖို့ ( 2 ဂိုး ) ၊ အန်သိုနီ မာရှယ် နဲ့ ကစားသမား သစ် ဒန်နီယယ် ဂျိမ်းစ် တို့က ကိုယ်စီ သွင်းယူ ပေးနိုင် ခဲ့ကြ ပါတယ် ။

အဆိုပါ ပွဲစဉ် အပြီး ယူနိုက်တက် နည်းပြ ဆိုးလ်ရှား ဟာ ကောင်းမွန် တဲ့ အရာ တွေကို ထုတ်ဖော် ချီးကျူး သွားခဲ့ ပေမယ့် အသင်း မှာ လိုအပ် ချက်တွေ အများကြီး ရှိနေ သေးကြောင်း ၊ ဆက်လက် တိုးတက် ကောင်းမွန် ဖို့ လိုအပ်ကြောင်း သတိပေး စကား ပြောကြား သွားခဲ့ ပါတယ် ။

ဆိုးလ်ရှား က အသင်း ဟာ ယူနိုက်တက် ရဲ့ ရိုးရာ ပုံစံ ကို ပုံဖော် ကစား ပြနိုင် ခဲ့ကြောင်း ၊ ချဲလ်ဆီး နဲ့ ပွဲစဉ် အတွင်း စွန့်စား ကစား ခဲ့မှု တွေ အတွက် ထိုက်တန် တဲ့ အကျိုး ကျေးဇူး ကို ပြန်လည် ခံစား ခဲ့ ရကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” ကျွန်တော် တို့ ကစား ချင်ခဲ့ ကြတဲ့ ပုံစံ တစ်ခု ကို ရှာဖွေ တွေ့ရှိ ခဲ့ကြ ပါတယ် ။ ကျွန်တော် တို့ ယုံကြည် ထားခဲ့ ကြတဲ့ ကစား ကွက် တစ်ခု ပေါ့ ။ ကျွန်တော် တို့ ကွင်းထဲ ရောက်ရှိ တာနဲ့ တူ ညီတဲ့ အရာ တွေကို ဆက်လက် လုပ်ဆောင် ပြနိုင် ရ ပါ့မယ် ”

” ကျွန်တော် တို့ စွန့်စား မှုတွေ ပြုလုပ် ခဲ့ရ ပါတယ် ။ ဒါပေမယ့် ပရီးမီးယား လိဂ်မှာ တော့ ဒီလို ပဲ ကစား ရပါ လိမ့်မယ် ။ ကျွန်တော် တို့ ဒီ အတိုင်း ဆက်သွား ရပါ လိမ့်မယ် ။ ဘောလုံး မှာ စွန့်စား တာနဲ့ ချီးမြှင့် ခံရတာ ဆိုပြီး ရှိ ပါတယ် ။ ကျွန်တော် တို့ ဒီ နေ့ ချီးမြှင့် ခံခဲ့ ရ ပါတယ် ”

” ဒါပေမယ့် ကျွန်တော် တို့ ဆက်လက် ကြိုးစား ကြရပါ ဦးမယ် ။ ကျွန်တော် တို့တွေဟာ အကောင်းဆုံး အနေအထား တစ်ခု ရဲ့ အနီး အနား ကိုတောင် မရောက်ရှိ ကြသေး ပါဘူး ။ ကျွန်တော် တို့ ကဏ္ဍ အများကြီး မှာ တိုးတက် ကောင်းမွန် ဖို့ လိုအပ် နေပါ သေးတယ် ”

” ကျွန်တော် ဒီလို ပွဲစဉ် မျိုးကို အလို ရှိနေ ခဲ့တာပါ ။ ကျွန်တော် တို့ ရာသီ ကြို ပွဲစဉ် တွေမှာ လုပ်ခဲ့ တာတွေ ကို ဒီနေ့ လုပ်ပြ နိုင်ခဲ့ ကြ ပါတယ် ။ ပြိုင်ဖက် ကို ဖိ ကစား နိုင်ခဲ့ သလို ဘောလုံး တွေလည်း ပြန်လည် လုယူ နိုင်ခဲ့ ကြ ပါတယ် ။ ကျွန်တော် တို့ 3 – 0 ၊ 4 – 0 ဆိုတဲ့ ရလဒ် ထွက်ပေါ် နေချိန် တောင် ကောင်းမွန်စွာ ဆက်လက် ကစား နိုင်ခဲ့ ကြတယ် ” လို့ ဆိုးလ်ရှား က ဖွင့်ဟ သွားခဲ့ လိုက် ပါတယ် ။

အဲ့ဒီနောက် ဒီနွေ အတွင်း အသင်း ပြောင်းဖို့ သတင်း ကြီးနေ ခဲ့တဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဂ်ဘာ နဲ့ ပတ်သက် ပြီး သူ့ရဲ့ ပွဲစဉ် အပေါ် အာရုံ စူးစိုက် မှု ၊ ပွဲစဉ် အတွင်း ယုံကြည် စိတ်ချ ရဖွယ် ခြေစွမ်း ကောင်း ပြသ နိုင်မှု တွေကို ဆိုးလ်ရှား က ဆက်လက် ချီးကျူး သွားခဲ့ လိုက် ပါတယ် ။

” ပေါလ် ဟာ နောက်ထပ် အများကြီး ၊ အများကြီး တွေကို လုပ်ဆောင် ပြနိုင် ပါတယ် ။ ကွင်းလယ် ကစားသမား တစ်ဦး လုပ်ဆောင် နိုင်တဲ့ အရာရာ တိုင်းကို သူဟာ လုပ်ပြ နိုင် ပါတယ် ။ တတိယ ဂိုး အတွက် ဘောလုံး ပေးပို့ မှုက ကောင်းလွန်း ခဲ့ ပါတယ် ။ ကျွန်တော် ကတော့ သူ အကောင်းဆုံး ရှေ့ဆက် နိုင်ဖို့ အလိုရှိ နေ ပါတယ် ” လို့ ဆိုးလ်ရှား က ပြောကြား သွားခဲ့ ပါတယ် ။

#Sports_Myanmar