








ဘာစီလိုနာ သတင်းတိုများ

* ဘာစီလိုနာက ခေါ်ယူဖို့ ကြိုးစားနေတဲ့ PSG အသင်းရဲ့ ကွင်းလယ် ကစားသမား ရာဘီယို့စ် ကို အေစီမီလန်ကလဲ ခေါ်ယူဖို့ ကြိုးစားလျှက် ရှိနေပါတယ်။ ကာယကံရှင် ကိုယ်တိုင်ကတော့ မကြာသေးခင်ကမှ အသင်းက ကမ်းလှမ်းထားတဲ့ စာချုပ်သစ်ကို ပယ်ချထားခဲ့တာပါ။

* လာလီဂါ ဥက္ကဌ တီဗက်ကတော့ အယ်ကလက်စီကို ပွဲစဉ်ကို အမေရိကားမှာ ကစားခိုင်းမှာ မဟုတ်တော့ဘူးလို့ အတည်ပြုလိုက်ပေမယ့်၊ လာလီဂါ အသင်းတွေ ဒီထက်ပိုပြီး ဝင်ငွေကောင်းအောင်တောင့် အမေရိကား ဈေးကွက်ချဲတဲ့အနေနဲ့ လိဂ်ပွဲစဉ်တွေ သွားကစားဖို့ လိုလိမ့်မယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

* ဘာစီလိုနာ အသင်းဟာ ဘိုကာဂျူနီယာ အသင်းရဲ့ အသက် 19 နှစ်အရွယ် နောက်တန်းကစားသမားလေး လီယိုဘီလာဒီဘိုဆာ ကို ပြောင်းရွှေ့ကြေး ယူရို 4 သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့်၊ ပယ်ချခံခဲ့ရပါတယ်။ ကစားသမားလေးဟာ အခုချိန်ထိ စီနီယာ ပွဲထွက်ကစားခွင့်တော့ မရရှိသေးပါဘူး။

* “ ကျနော့်နာမည်က အာတာရို ဗီဒယ်ပါ၊ အီတလီမှာ အခက်ခဲတွေအကြားက တိုက်ခိုက်ရုန်းထွက်ရင်း ဆုဖလားတွေ အကုန်လုံး ဆွတ်ခူးနိုင်ခဲ့တော့၊ တရားရုံး တစ်ခုမှ အမှု ရင်ဆိုင်ရင်းနဲ့ ဘုရင်ကြီး အာတာ ဆိုပြီး နာမည်ပြောင် ပေးခံခဲ့ရတာလေ။ အဲဒီ တုန်းကလို အောင်မြင်မှုမျိုး ဘာစီလိုနာမှာ ထပ်ပြီး ရယူချင်ပါတယ်။ ဘာကာ ပရိသတ်တွေရဲ့ အချစ်တော်ခံ ကစားသမား တစ်ဦး အဖြစ်လဲ ရပ်တည်သွားချင်ပါတယ်” ဗီဒယ်

* ကစားသမားသစ် ဗီဒယ်ကတော့ သူ ဘာစီလိုနာကို မပြောင်းရွှေ့လာခင်က ဘာစီလိုနာရဲ့ အကြောင်းကို ဘရာဗိုဆီက မမေးပဲ ဆန်းချက်ထံကသာ မေးမြန်းခဲ့တယ်လို့ ဖွင့်ဟသွားခဲ့ပါတယ်။ ဗီဒယ်က သူနဲ့ ဘရာဗို အကြားမှာ လက်ရွေးစင် တစ်သင်းထဲ ကစားခဲ့နေသည့်တိုင်အောင် ရင်းနှီးတဲ့ ဆက်ဆံရေးမျိုး မရှိဘူးလို့ ဆိုပါတယ်။

* ဘက်တစ်အသင်းကတော့ ရာဖင်ဟာကို ခေါ်ယူဖို့ ဆွေးနွေးနေဆဲ ဖြစ်ပြီး၊ ကနဦး အငှားနဲ့ ခေါ်ယူမှာ ဖြစ်ကာ ရာသီအကုန်မှာ အငှားနဲ့ အပြီးသတ် ခေါ်ယူမယ့် ပုံစံမျိုး ဆွေးနွေးလျှက် ရှိနေပါတယ်။ သို့သော်လဲ ဘာစီလိုနာဟာ အင်တာမီလန်နဲ့ ပုံစံမျိုး ထပ်မဖြစ်အောင်တော့ စာချုပ်ကို သေသေချာချာ ချုပ်ဆိုသွားဖွယ် ရှိနေပါတယ်။

* တိုက်စစ်မှုး အယ်လ်ကာဆာအတွက် ဒေါ့မွန်နဲ့ ဘာစီလိုနာတို့ဟာ ဆွေးနွေးနေဆဲ ဖြစ်ပြီး၊ သဘောတူညီမှု ရရှိသည့် တစ်ပြိုင်နက် ကစားသမားဟာ ဂျာမန်ကို ထွက်ခွာဖို့ ပြင်ဆင်နေပါတယ်။ တစ်ဖက်မှာလဲ ဘက်တစ်နဲ့ အလာဗက် အသင်းတွေက အယ်ကာဆာကို အငှားနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲပါ။

* ဒဏ်ရာ ရရှိသွားခဲ့တဲ့ ကွင်းလယ် ကစားသမား ဆာဂီဆန်ပါကတော့ အနည်းဆုံး 10 ရက်လောက် အနားယူရဖွယ် ရှိနေတယ်လို့ သိရပါတယ်။

* အသင်းရဲ့ အရံဂိုးသမား စီလက်ဆန် ဒဏ်ရာ ရရှိသွားခဲ့တာကြောင့် ဘာစီလိုနာဟာ လူငယ်အသင်းက ဂိုးသမား အက်ဇ်ကီတာကို ခေါ်ယူပြီး အသင်းကြီးနဲ့အတူ လေ့ကျင့်လျှက် ရှိနေပါတယ်။ သူဟာ ဗယ်လာဒိုးလစ်နဲ့ ကစားမယ့် ပွဲမှာတော့ အသင်းရဲ့ ကစားသမား စာရင်းမှာ ပါဝင်လာဖွယ် ရှိနေပါတယ်။