Pulisic

မေန႕ည က ကစား သြားခဲ့တဲ့ ပရီးမီးယားလိဂ္ အဖြင့္ ပြဲစဥ္ ရဲ႕ ေနာက္ဆံုး ပြဲစဥ္ မွာ ဖရန္႕ လမ္းပတ္ ဦးေဆာင္ ေနတဲ့ ခ်ယ္လ္ဆီး အသင္း ဟာ မန္ခ်က္စတာ ယူႏိုက္တက္ အသင္း ကို အေဝးကြင္း မွာ ၄ဂိုးျပတ္ နဲ႕ အရွက္တကြဲ အေရးနိမ့္ ခဲ့ရပါတယ္ ။ ခ်ယ္လ္ဆီး အသင္း ဟာ ပထမပိုင္း အတြင္း ရက္ရွ္ဖို႕ဒ္ ရဲ႕ ပင္နယ္တီ သြင္းဂိုး ကို ခြင့္ျပဳ ခဲ့ရသလို ဒုတိယပိုင္း မိနစ္ ၆၀ ေနာက္ပိုင္း မွာလည္း ေနာက္ထပ္ ၃ဂိုး ဆက္တိုက္ ခြင့္ျပဳ ခဲ့ရျပန္ပါတယ္ ။

ထို ပြဲစဥ္ မွာ ခ်ယ္လ္ဆီး အသင္း ဟာ အေတြ႕အၾကံဳ အေတာ္ နည္းပါး တဲ့ လူငယ္ ကစားသမား ၂ဦး ျဖစ္တဲ့ တမ္မီ ေအဘရာဟမ္ နဲ႕ ေမဆင္ေမာင့္တ္ တို႕ကို ပြဲထုတ္ အသံုးျပဳ ခဲ့ေပမယ့္ ကစားသမားသစ္ ခရစ္စတီယန္ ပူလီဆစ္ ကိုေတာ့ ပြဲထုတ္ အသံုးျပဳ ခဲ့ျခင္း မရွိခဲ့တာ ကို ေတြ႕ခဲ့ ရပါတယ္ ။ ပူလီဆစ္ ဟာ ျပီးခဲ့တဲ့ ေဘာလံုး ရာသီ ဇန္နဝါရီ အေျပာင္းအေရႊ႕ ကာလ မွာ ေဒါ့မြန္ ကေန ခ်ယ္လ္ဆီး အသင္း သို႕ ေပါင္ ၅၈ သန္း နဲ႕ ေျပာင္းေရႊ႕ လာခဲ့ျပီး ရာသီကုန္ အထိ ေဒါ့မြန္ မွာပဲ အငွား ဆက္ကစား ခဲ့ပါတယ္ ။

ဂ်ပန္ မွာ ကစား ခဲ့တဲ့ ရာသီၾကိဳ ေျခစမ္း ပြဲစဥ္ ေတြကေန စတင္ျပီး ခ်ယ္လ္ဆီး အသင္း အတြက္ ပါဝင္ခြင့္ ရခဲ့တဲ့ ပူလီဆစ္ ဟာ ေျခစမ္း ခရီးစဥ္ အားလံုး ျပီးဆံုး ခဲ့သည္ အထိ ဖရန္႕ လမ္းပတ္ ရဲ႕ စိတ္ၾကိဳက္ ေတာင္ပံ ကစားသမား အျဖစ္ ကစားခြင့္ ရခဲ့ပါတယ္ ။ သို႕ေပမယ့္ လည္း ပူလီဆစ္ ဟာ မေန႕ည က ပြဲမွာေတာ့ ဒုတိယပိုင္း ေရာက္မွသာ ေရာ့စ္ ဘာကေလ အစား လူစားဝင္ ကစားခြင့္ ရခဲ့ပါတယ္ ။

ခ်ယ္လ္ဆီး ပရိသတ္ ေတြကေတာ့ ပူလီဆစ္ ကို ပြဲမထုတ္ ခဲ့တဲ့ နည္းျပ ျဖစ္သူ ဖရန္႕ လမ္းပတ္ ရဲ႕ ဆံုးျဖတ္ခ်က္ အေပၚ အံ့ၾသ ခဲ့ၾကပါတယ္ ။ မေန႕ ညက ပြဲျပီး သတင္းစာ ရွင္းလင္းပြဲ မွာေတာ့ လမ္းပတ္ က ဘာေၾကာင့္ ပူလီဆစ္ ကို ပြဲထုတ္ ခဲ့ျခင္း မရွိခဲ့တဲ့ အေၾကာင္း ကို အခုလိုပဲ ရွင္းလင္း ေျပာဆို သြားခဲ့ပါတယ္ ။

လမ္းပတ္ က ” ခရစ္စတီယန္ ဟာ ေဒါ့မြန္ ကေန ေျပာင္းေရႊ႕ လာခဲ့တဲ့ အသက္ ၂၀ အရြယ္သာ ရွိေသးတဲ့ လူငယ္ ေျခတက္ ကစားသမားေကာင္း တေယာက္ ျဖစ္ျပီး ဒီ ကလပ္ အတြက္ အံ့ၾသဖြယ္ ေကာင္းတဲ့ ၊ အနာဂတ္ မွာ အားကိုး ရမယ့္ အံ့ၾသဖြယ္ ကစားသမား တေယာက္လည္း ုျဖစ္ပါတယ္ ။ ဒီေန႕ ပြဲမွာ သူ႕ရဲ႕ လ်င္ျမန္ တဲ့ ရုန္းအား ၊ တိုးအား ကေန ၾကည့္ေကာင္းတဲ့ အခိုက္အတန္႕ တခ်ိဳ႕ ျမင္ေတြ႕ ခဲ့ရပါတယ္ ။ ”

” ဒါေပမယ့္ ကြ်န္ေတာ့ အေနနဲ႕ သူ႕ကို ကြင္းလယ္ပိုင္း မွာပဲ ပိုျပီး လႈပ္ရွား ေစဖို႕ အတြက္ အလို ရွိခဲ့သလို ကြင္းလယ္ ကေန ေဘာလံုး အထိန္းအသိမ္း နဲ႕ ဒီေန႕ပြဲ ကို ကစား ေစခ်င္ခဲ့ပါတယ္ ။ ကြ်န္ေတာ့ အေနနဲ႕ သူ႕ကို တခါတည္း တြန္းအားေပး ၊ ဖိအားေပးျပီး တိုက္စစ္ မဆင္ေစခ်င္ ေသးပါဘူး ။ ဒီ အေျခအေန တခု ေၾကာင့္ ကြ်န္ေတာ္ ဟာ ဒီေန႕ မွာ ေရာ့စ္ ဘာကေလ နဲ႕ ေမဆင္ေမာင့္တ္ တို႕ကို ကြင္းလယ္ မွာ ခ်ိတ္ျပီး အသံုးျပဳဖို႕ ၾကိဳးစား ခဲ့တာ ျဖစ္ပါတယ္ ။ ”

” သူတို႕ ၂ေယာက္လံုး ဟာ ရာသီၾကိဳ ေျခစမ္း ပြဲစဥ္ ေတြမွာ အေတာ္ေလး ေျခစြမ္း ျပခဲ့ၾကျပီး ဒုတိယပိုင္း မွာမွ ခရစ္စတီယန္ ကို ထည့္သြင္း အသံုးျပဳဖို႕ စဥ္းစား ခဲ့တာပါ ။ ကြ်န္ေတာ္ တို႕ဖက္ ကသာ အဆံုးသတ္ ေကာင္းခဲ့မယ္ ဆိုရင္ ၊ ဒါမွမဟုတ္ ပထမပိုင္း က ရလဒ္ ၁ – ၀ အတိုင္းသာ ဒုတိယပိုင္း တေလွ်ာက္လံုး မွာ ထိန္းထား ႏိုင္ခဲ့မယ္ ဆိုရင္ ျပန္လာ ႏိုင္ဖို႕ အခြင့္အေရး ေကာင္းႏိုင္ပါတယ္ ။ ”

” အဲ့လို ရလဒ္ နဲ႕သာ ဆို ခရစ္စတီယန္ အတြက္လည္း ပိုျပီး ၾကိဳးစား ကစားဖို႕ အဆင္ေျပ သြားမွာပါ ။ ဒါေပမယ့္ အခု ရလဒ္ အေနအထား က ဆိုးရြား ခဲ့လို႕ သူ႕ အတြက္ ပိုျပီး ရုန္းကန္ ခဲ့ရပါတယ္ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။ ခ်ယ္လ္ဆီး အသင္း ဟာ ယခု တပတ္ ၾကားရက္ မွာ လီဗာပူး အသင္း နဲ႕ ယူအီးအက္ဖ္ေအ စူပါဖလား ဗိုလ္လုပြဲ ကို ကစား ရမွာ ျဖစ္ပါတယ္ ။

SPORTS MYANMAR

Unicode

ယူနိုက်တက် နဲ့ ပွဲမှာ ပူလီဆစ် ကို ဘာကြောင့် ပွဲမထုတ်ခဲ့သလဲ ဆိုတာ ရှင်းလင်း ပြောဆို လိုက်တဲ့ #လမ်းပတ်

မနေ့ည က ကစား သွားခဲ့တဲ့ ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ် ရဲ့ နောက်ဆုံး ပွဲစဉ် မှာ ဖရန့် လမ်းပတ် ဦးဆောင် နေတဲ့ ချယ်လ်ဆီး အသင်း ဟာ မန်ချက်စတာ ယူနိုက်တက် အသင်း ကို အဝေးကွင်း မှာ ၄ဂိုးပြတ် နဲ့ အရှက်တကွဲ အရေးနိမ့် ခဲ့ရပါတယ် ။ ချယ်လ်ဆီး အသင်း ဟာ ပထမပိုင်း အတွင်း ရက်ရှ်ဖို့ဒ် ရဲ့ ပင်နယ်တီ သွင်းဂိုး ကို ခွင့်ပြု ခဲ့ရသလို ဒုတိယပိုင်း မိနစ် ၆၀ နောက်ပိုင်း မှာလည်း နောက်ထပ် ၃ဂိုး ဆက်တိုက် ခွင့်ပြု ခဲ့ရပြန်ပါတယ် ။

ထို ပွဲစဉ် မှာ ချယ်လ်ဆီး အသင်း ဟာ အတွေ့အကြုံ အတော် နည်းပါး တဲ့ လူငယ် ကစားသမား ၂ဦး ဖြစ်တဲ့ တမ်မီ အေဘရာဟမ် နဲ့ မေဆင်မောင့်တ် တို့ကို ပွဲထုတ် အသုံးပြု ခဲ့ပေမယ့် ကစားသမားသစ် ခရစ်စတီယန် ပူလီဆစ် ကိုတော့ ပွဲထုတ် အသုံးပြု ခဲ့ခြင်း မရှိခဲ့တာ ကို တွေ့ခဲ့ ရပါတယ် ။ ပူလီဆစ် ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ ဇန်နဝါရီ အပြောင်းအရွှေ့ ကာလ မှာ ဒေါ့မွန် ကနေ ချယ်လ်ဆီး အသင်း သို့ ပေါင် ၅၈ သန်း နဲ့ ပြောင်းရွှေ့ လာခဲ့ပြီး ရာသီကုန် အထိ ဒေါ့မွန် မှာပဲ အငှား ဆက်ကစား ခဲ့ပါတယ် ။

ဂျပန် မှာ ကစား ခဲ့တဲ့ ရာသီကြို ခြေစမ်း ပွဲစဉ် တွေကနေ စတင်ပြီး ချယ်လ်ဆီး အသင်း အတွက် ပါဝင်ခွင့် ရခဲ့တဲ့ ပူလီဆစ် ဟာ ခြေစမ်း ခရီးစဉ် အားလုံး ပြီးဆုံး ခဲ့သည် အထိ ဖရန့် လမ်းပတ် ရဲ့ စိတ်ကြိုက် တောင်ပံ ကစားသမား အဖြစ် ကစားခွင့် ရခဲ့ပါတယ် ။ သို့ပေမယ့် လည်း ပူလီဆစ် ဟာ မနေ့ည က ပွဲမှာတော့ ဒုတိယပိုင်း ရောက်မှသာ ရော့စ် ဘာကလေ အစား လူစားဝင် ကစားခွင့် ရခဲ့ပါတယ် ။

ချယ်လ်ဆီး ပရိသတ် တွေကတော့ ပူလီဆစ် ကို ပွဲမထုတ် ခဲ့တဲ့ နည်းပြ ဖြစ်သူ ဖရန့် လမ်းပတ် ရဲ့ ဆုံးဖြတ်ချက် အပေါ် အံ့သြ ခဲ့ကြပါတယ် ။ မနေ့ ညက ပွဲပြီး သတင်းစာ ရှင်းလင်းပွဲ မှာတော့ လမ်းပတ် က ဘာကြောင့် ပူလီဆစ် ကို ပွဲထုတ် ခဲ့ခြင်း မရှိခဲ့တဲ့ အကြောင်း ကို အခုလိုပဲ ရှင်းလင်း ပြောဆို သွားခဲ့ပါတယ် ။

လမ်းပတ် က ” ခရစ်စတီယန် ဟာ ဒေါ့မွန် ကနေ ပြောင်းရွှေ့ လာခဲ့တဲ့ အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ လူငယ် ခြေတက် ကစားသမားကောင်း တယောက် ဖြစ်ပြီး ဒီ ကလပ် အတွက် အံ့သြဖွယ် ကောင်းတဲ့ ၊ အနာဂတ် မှာ အားကိုး ရမယ့် အံ့သြဖွယ် ကစားသမား တယောက်လည်း ုဖြစ်ပါတယ် ။ ဒီနေ့ ပွဲမှာ သူ့ရဲ့ လျင်မြန် တဲ့ ရုန်းအား ၊ တိုးအား ကနေ ကြည့်ကောင်းတဲ့ အခိုက်အတန့် တချို့ မြင်တွေ့ ခဲ့ရပါတယ် ။ ”

” ဒါပေမယ့် ကျွန်တော့ အနေနဲ့ သူ့ကို ကွင်းလယ်ပိုင်း မှာပဲ ပိုပြီး လှုပ်ရှား စေဖို့ အတွက် အလို ရှိခဲ့သလို ကွင်းလယ် ကနေ ဘောလုံး အထိန်းအသိမ်း နဲ့ ဒီနေ့ပွဲ ကို ကစား စေချင်ခဲ့ပါတယ် ။ ကျွန်တော့ အနေနဲ့ သူ့ကို တခါတည်း တွန်းအားပေး ၊ ဖိအားပေးပြီး တိုက်စစ် မဆင်စေချင် သေးပါဘူး ။ ဒီ အခြေအနေ တခု ကြောင့် ကျွန်တော် ဟာ ဒီနေ့ မှာ ရော့စ် ဘာကလေ နဲ့ မေဆင်မောင့်တ် တို့ကို ကွင်းလယ် မှာ ချိတ်ပြီး အသုံးပြုဖို့ ကြိုးစား ခဲ့တာ ဖြစ်ပါတယ် ။ ”

” သူတို့ ၂ယောက်လုံး ဟာ ရာသီကြို ခြေစမ်း ပွဲစဉ် တွေမှာ အတော်လေး ခြေစွမ်း ပြခဲ့ကြပြီး ဒုတိယပိုင်း မှာမှ ခရစ်စတီယန် ကို ထည့်သွင်း အသုံးပြုဖို့ စဉ်းစား ခဲ့တာပါ ။ ကျွန်တော် တို့ဖက် ကသာ အဆုံးသတ် ကောင်းခဲ့မယ် ဆိုရင် ၊ ဒါမှမဟုတ် ပထမပိုင်း က ရလဒ် ၁ – ၀ အတိုင်းသာ ဒုတိယပိုင်း တလျှောက်လုံး မှာ ထိန်းထား နိုင်ခဲ့မယ် ဆိုရင် ပြန်လာ နိုင်ဖို့ အခွင့်အရေး ကောင်းနိုင်ပါတယ် ။ ”

” အဲ့လို ရလဒ် နဲ့သာ ဆို ခရစ်စတီယန် အတွက်လည်း ပိုပြီး ကြိုးစား ကစားဖို့ အဆင်ပြေ သွားမှာပါ ။ ဒါပေမယ့် အခု ရလဒ် အနေအထား က ဆိုးရွား ခဲ့လို့ သူ့ အတွက် ပိုပြီး ရုန်းကန် ခဲ့ရပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။ ချယ်လ်ဆီး အသင်း ဟာ ယခု တပတ် ကြားရက် မှာ လီဗာပူး အသင်း နဲ့ ယူအီးအက်ဖ်အေ စူပါဖလား ဗိုလ်လုပွဲ ကို ကစား ရမှာ ဖြစ်ပါတယ် ။

SPORTS MYANMAR