Auber

ေတာ့တင္ဟမ္ အသင္း နဲ႔ အဂၤလန္ ကြင္းလယ္လူေဟာင္း ဂ်ာမိန္း ဂ်ီးနပ္စ္ က နယူးကာဆယ္ အသင္း နဲ႔ ပြဲမွာ တစ္လုံးတည္းေသာ အႏုိင္ဂုိးကုိ သြင္းယူ ေပးခဲ့တဲ့ တုိက္စစ္မွဴ း အူဘာမီယန္း ဟာ ထိပ္တန္း အရည္အေသြးေတြ ရွိေၾကာင္း ထုတ္ေဖာ္ ခ်ီးက်ဴ း သြားခဲ့ပါတယ္ ။

ဂ်ီးနပ္စ္ က နယူးကာဆယ္ အသင္း နဲ႔ ပြဲမွာ အူဘာမီယန္း ရဲ႕ ေနရာယူပုံ ၊ ေရြ႕လ်ားပုံ ၊ အဆုံးသတ္ပုိင္းေတြဟာ ကမာၻ႕အဆင့္ ကစားသမား တစ္ဦး ပီသေၾကာင္း ခ်ီးက်ဴ း သြားခဲ့တာလည္း ျဖစ္ပါတယ္ ။ အူဘာမီယန္း ဟာ ပဲြခိိ်န္ ၅၈ မိနစ္မွာ မိတ္လန္ႏုိင္းလ္စ္ ရဲ႕ ျဖတ္တင္ ေပးပုိ႔မႈကုိ ညာေျခနဲ႔ အဆုံးသတ္ ကန္သြင္းယူျပီး အာဆင္နယ္ အသင္းကုိ အႏုိင္သုံးမွတ္ ရွာေဖြ ေပးႏုိင္ခဲ့ပါတယ္

Auber

အူဘာမီယန္း ဟာ သူ႔ရဲ႕ ပရီးမီးယားလိဂ္ ပြဲ ၅၀ ေျမာက္ျဖစ္တဲ့ နယူးကာဆယ္ အသင္း နဲ႔ ပြဲမွာ ၂၀၁၉-၂၀၂၀ ခုႏွစ္ အတြက္ အာဆင္နယ္ အသင္း ရဲ႕ ပရီးမီးယားလိဂ္ အဖြင့္ဂုိး ကုိ သြင္းယူ ႏုိင္ခဲ့တာလည္း ျဖစ္ပါတယ္ ။

ဂါဘြန္ လက္ေရြးစင္ တုိက္စစ္မွဴ း အူဘာမီယန္း ဟာ ပရီးမီးယားလိဂ္ ပြဲဦးထြက္ စတင္ ကစားခဲ့တဲ့ ၂၀၁၈ ခုႏွစ္၊ ေဖေဖာ္ဝါရီလက စလုိ႔ ယခုအခ်ိန္အထိ ၃၃ ဂုိးသြင္းယူထားႏုိင္ျပီး သူ႔ထက္ ဂုိးပုိသြင္းထားတဲ့ ကစားသမားဆုိလုိ႔ ဆာလက္ရွ္ ( ၃၆ ဂုိး )တစ္ဦးတည္းသာ ရွိပါတယ္ ။ အူဘာမီယန္း ဟာ ျပီးခဲ့တဲ့ ရာသီတုန္းကလည္း မာေနး ၊ ဆာလက္ရွ္ တုိ႔နဲ႔ အတူ ေရႊဖိနပ္ဆုကုိ ပူးတြဲရယူႏုိင္ခဲ့ပါတယ္ ။

ဂ်ာမိန္းဂ်ီးနပ္စ္ က BBC ရဲ႕ေဘာလုံးပြဲ ေဝဖန္ သုံးသပ္ေရး အစီအစဥ္မွာ ” ဒီေန႔ပြဲကုိ ၾကည့္လုိက္ေတာ့ အူဘာမီယန္း က တကယ့္ ကမာၻ႕အဆင့္ ကစားသမား တစ္ဦးဆုိတာ သိလုိက္ရပါတယ္ ။ လက္စ္ဆဲလက္စ္ က သူ႔ကုိ လုိက္ကပ္ဖုိ႔ ၾကိဳးစားေပမယ့္ ေနာက္မွာ ျပတ္က်န္ခဲ့ပါတယ္ ။ ”

” သူ ( အူဘာ ) က လက္စ္ ကုိ တစ္ကုိက္ေလာက္ ေနာက္ေကာက္ခ် ႏုုိင္ခဲ့တာပါ ၊ ကန္ခ်က္ အရမ္းေကာင္းခဲ့ျပီး ဂုိးရလုနီးပါးပါ ။ အူဘာမီယန္း ရဲ႕ ေရြ႕လ်ားမႈေတြက နယူးကာဆယ္ အသင္းကုိ တစ္ပြဲလုံး ဒုကၡ ေပးႏုိင္ခဲ့ပါတယ္ ။ ဂုိးသြင္းဖုိ႔ အတြက္ သူ႔ရဲ႕ ေနရာယူပုံေတြက ေျပာင္ေျမာက္လြန္းပါတယ္ ။ ”

” ပြဲ ၅၀ မွာ ၃၃ ဂုိး သြင္းထားတယ္ဆုိတာက တကယ့္ကို အလြန္႔အလြန္ ေတာ္လြန္းပါတယ္ ။ သူ႔ အတြက္လည္း ေကာင္းမြန္တဲ့ ရာသီ အဖြင့္ပြဲပါ ။ ” လုိ႔ ထုတ္ေဖာ္ ခ်ီးက်ဴ း သြားခဲ့ပါတယ္ ။ အူဘာမီယန္း ကေတာ့ အာဆင္နယ္ အသင္း ကုိ ႏုိင္ပြဲ ရရွိေအာင္ ကူညီေပးႏုိင္ခဲ့တဲ့ အတြက္ ေပ်ာ္ရႊင္မိေၾကာင္း ဆုိပါတယ္ ။

ဒါ့အျပင္ အူဘာမီယန္း က ဒီရာသီမွာေကာ ေရႊဖိနပ္ဆု ထပ္မံ ရယူဖုိ႔ ပစ္မွတ္ထားေနသလား ဆုိတဲ့ ေမးခြန္းကုိ ” ဒါက တုိက္စစ္မွဴ းတုိင္းရဲ႕ အဓိက ပစ္မွတ္ပါပဲ။ ဒါပမယ့္ အေရးၾကီးဆုံးကေတာ့ အသင္း ရလဒ္ေကာင္းဖုိ႔ပါ ။ အသင္း ႏုိင္ပြဲ ရရွိေအာင္ ဂုိးသြင္းျပီး ကူညီ ႏုိင္ခဲ့တဲ့ အတြက္ အားရ ေက်နပ္မိပါတယ္ ။ ” လုိ႔ ဖြင့္ဟ ေျပာၾကား သြားခဲ့ပါတယ္ ။

SPORTS MYANMAR

Unicode

နယူးကာဆယ် အသင်းနဲ့ ပွဲမှာ ကမ္ဘာ့အဆင့် ခြေစွမ်းပြခဲ့တဲ့ အာဆင်နယ် အသင်း ကစားသမားတစ်ဦး နာမည်ကို ထုတ်ဖော် လိုက်တဲ့ #ဂျီးနပ်စ်
============================

တော့တင်ဟမ် အသင်း နဲ့ အင်္ဂလန် ကွင်းလယ်လူဟောင်း ဂျာမိန်း ဂျီးနပ်စ် က နယူးကာဆယ် အသင်း နဲ့ ပွဲမှာ တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူ ပေးခဲ့တဲ့ တိုက်စစ်မှူ း အူဘာမီယန်း ဟာ ထိပ်တန်း အရည်အသွေးတွေ ရှိကြောင်း ထုတ်ဖော် ချီးကျူ း သွားခဲ့ပါတယ် ။

ဂျီးနပ်စ် က နယူးကာဆယ် အသင်း နဲ့ ပွဲမှာ အူဘာမီယန်း ရဲ့ နေရာယူပုံ ၊ ရွေ့လျားပုံ ၊ အဆုံးသတ်ပိုင်းတွေဟာ ကမ္ဘာ့အဆင့် ကစားသမား တစ်ဦး ပီသကြောင်း ချီးကျူ း သွားခဲ့တာလည်း ဖြစ်ပါတယ် ။ အူဘာမီယန်း ဟာ ပွဲခိိျန် ၅၈ မိနစ်မှာ မိတ်လန်နိုင်းလ်စ် ရဲ့ ဖြတ်တင် ပေးပို့မှုကို ညာခြေနဲ့ အဆုံးသတ် ကန်သွင်းယူပြီး အာဆင်နယ် အသင်းကို အနိုင်သုံးမှတ် ရှာဖွေ ပေးနိုင်ခဲ့ပါတယ် ။

အူဘာမီယန်း ဟာ သူ့ရဲ့ ပရီးမီးယားလိဂ် ပွဲ ၅၀ မြောက်ဖြစ်တဲ့ နယူးကာဆယ် အသင်း နဲ့ ပွဲမှာ ၂၀၁၉-၂၀၂၀ ခုနှစ် အတွက် အာဆင်နယ် အသင်း ရဲ့ ပရီးမီးယားလိဂ် အဖွင့်ဂိုး ကို သွင်းယူ နိုင်ခဲ့တာလည်း ဖြစ်ပါတယ် ။

ဂါဘွန် လက်ရွေးစင် တိုက်စစ်မှူ း အူဘာမီယန်း ဟာ ပရီးမီးယားလိဂ် ပွဲဦးထွက် စတင် ကစားခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလက စလို့ ယခုအချိန်အထိ ၃၃ ဂိုးသွင်းယူထားနိုင်ပြီး သူ့ထက် ဂိုးပိုသွင်းထားတဲ့ ကစားသမားဆိုလို့ ဆာလက်ရှ် ( ၃၆ ဂိုး )တစ်ဦးတည်းသာ ရှိပါတယ် ။ အူဘာမီယန်း ဟာ ပြီးခဲ့တဲ့ ရာသီတုန်းကလည်း မာနေး ၊ ဆာလက်ရှ် တို့နဲ့ အတူ ရွှေဖိနပ်ဆုကို ပူးတွဲရယူနိုင်ခဲ့ပါတယ် ။

ဂျာမိန်းဂျီးနပ်စ် က BBC ရဲ့ဘောလုံးပွဲ ဝေဖန် သုံးသပ်ရေး အစီအစဉ်မှာ ” ဒီနေ့ပွဲကို ကြည့်လိုက်တော့ အူဘာမီယန်း က တကယ့် ကမ္ဘာ့အဆင့် ကစားသမား တစ်ဦးဆိုတာ သိလိုက်ရပါတယ် ။ လက်စ်ဆဲလက်စ် က သူ့ကို လိုက်ကပ်ဖို့ ကြိုးစားပေမယ့် နောက်မှာ ပြတ်ကျန်ခဲ့ပါတယ် ။ ”

” သူ ( အူဘာ ) က လက်စ် ကို တစ်ကိုက်လောက် နောက်ကောက်ချ နုုိင်ခဲ့တာပါ ၊ ကန်ချက် အရမ်းကောင်းခဲ့ပြီး ဂိုးရလုနီးပါးပါ ။ အူဘာမီယန်း ရဲ့ ရွေ့လျားမှုတွေက နယူးကာဆယ် အသင်းကို တစ်ပွဲလုံး ဒုက္ခ ပေးနိုင်ခဲ့ပါတယ် ။ ဂိုးသွင်းဖို့ အတွက် သူ့ရဲ့ နေရာယူပုံတွေက ပြောင်မြောက်လွန်းပါတယ် ။ ”

” ပွဲ ၅၀ မှာ ၃၃ ဂိုး သွင်းထားတယ်ဆိုတာက တကယ့်ကို အလွန့်အလွန် တော်လွန်းပါတယ် ။ သူ့ အတွက်လည်း ကောင်းမွန်တဲ့ ရာသီ အဖွင့်ပွဲပါ ။ ” လို့ ထုတ်ဖော် ချီးကျူ း သွားခဲ့ပါတယ် ။ အူဘာမီယန်း ကတော့ အာဆင်နယ် အသင်း ကို နိုင်ပွဲ ရရှိအောင် ကူညီပေးနိုင်ခဲ့တဲ့ အတွက် ပျော်ရွှင်မိကြောင်း ဆိုပါတယ် ။

ဒါ့အပြင် အူဘာမီယန်း က ဒီရာသီမှာကော ရွှေဖိနပ်ဆု ထပ်မံ ရယူဖို့ ပစ်မှတ်ထားနေသလား ဆိုတဲ့ မေးခွန်းကို ” ဒါက တိုက်စစ်မှူ းတိုင်းရဲ့ အဓိက ပစ်မှတ်ပါပဲ။ ဒါပမယ့် အရေးကြီးဆုံးကတော့ အသင်း ရလဒ်ကောင်းဖို့ပါ ။ အသင်း နိုင်ပွဲ ရရှိအောင် ဂိုးသွင်းပြီး ကူညီ နိုင်ခဲ့တဲ့ အတွက် အားရ ကျေနပ်မိပါတယ် ။ ” လို့ ဖွင့်ဟ ပြောကြား သွားခဲ့ပါတယ် ။

SPORTS MYANMAR