Chelsea

ခ်ဲလ္ဆီး ရဲ႕ ရာသီ အဖြင့္ ပြဲစဥ္ ကေတာ့ ဂုိးျပတ္ အေရးနိမ့္ ၿပီး အဆံုးသတ္ ခဲ့ရ ပါတယ္ ။ ခ်ဲလ္ဆီး ပရိသတ္ ေတြ အတြက္ မခ်ိတင့္ကဲ ျဖစ္ေစ ခဲ့တာ ကေတာ့ ဒီလို ဂုိးျပတ္ အရွဳံးေပး ခဲ့ရတာက ခါးသီးတဲ့ ၿပဳိင္ဘက္ ျဖစ္ ေနခဲ့တာ ကိုပါ ။ နည္းျပ လမ္းပတ္ ကေတာ့ သူတို႔ ဟာ ဒီေလာက္ ဂုိးျပတ္ သြားဖို႔ မထုိက္တန္ဘူး လုိ႔ ဆုိခဲ့ သလို အမွားေတြ ကို ျမန္ျမန္ ျပင္ဆင္ ႏုိင္ဖို႔ ႀကဳိးစား သြားမယ္ လို႔ ပြဲအၿပီး မွာ ေျပာဆို သြားခဲ့ ပါတယ္ ။

အမွန္ တကယ္လည္း ခ်ဲလ္ဆီး ဟာ ၄ – ၀ ဆိုတဲ့ ရလဒ္ နဲ႔ မထုိက္တန္ ခဲ့ ပါဘူး ။ ယူႏိုက္တက္ ဟာ ခ်ဲလ္ဆီး ထက္ ေျခစြမ္း မသာခဲ့ ဘဲ ပိုမို တိက်တဲ့ အဆံုးသတ္မႈ ၊ ကံၾကမၼာ အားေကာင္းမႈ နဲ႔ ပင္နယ္တီ ေတြ ေၾကာင့္သာ အခုလုိ ဂုိးျပတ္သြား ခဲ့ရတာ ျဖစ္ ပါတယ္ ။ ဒါေပမယ့္ ခ်ဲလ္ဆီး ဘက္မွာလည္း ဒီဂိုးျပတ္ အေရးနိမ့္မႈ အတြက္ ေထာက္ျပ သင့္တဲ့ အားနည္းခ်က္ ေတြ ရွိေနခဲ့ ပါတယ္ ။

“ခ်ဲလ္ဆီး ဟာ သိပ္ကို ေပ်ာ့လြန္းခဲ့ ပါတယ္ ။ ခံစစ္ ကလည္း သိပ္သည္းမႈ မရွိခဲ့ သလို မာမာ ေက်ာေက်ာ လည္း မကစားႏုိင္ ခဲ့ ပါဘူး ။ ခံစစ္ လုိင္းေတြ ၾကားမွာ ေနရာလြတ္ေတြ သိပ္ မ်ား ေနခဲ့ ပါတယ္ ။ အစုအဖြဲ႕ ပံုစံ နဲ႔ ပိတ္ဆို႔တာေတြ လည္း မလုပ္ႏုိင္ ခဲ့ ပါဘူး”

ဒီ စကားက ေတာ့ ခ်ဲလ္ဆီး နည္းျပ ေဟာင္း ေမာ္ရင္ဟို ရဲ႕ Sky Sports က ေန ပြဲ အၿပီး တင္ဆက္ သံုးသပ္မႈ ပဲ ျဖစ္ ပါတယ္ ။ ေမာ္ရင္ဟို ေထာက္ျပ ခဲ့သလို ပဲ ခ်ဲလ္ဆီး ခံစစ္ ေၾကာင္း ဟာ တုိက္စစ္ လိုက္ပါ သြားတဲ့ ကြင္းလယ္ လူေတြ ေနာက္ ကို ကပ္ၿပီး မလုိက္ ႏုိင္ခဲ့ ပါဘူး ။ ယူႏုိက္တက္ ဘက္က တန္ျပန္ တုိက္စစ္ ဆင္လာတဲ့ အခါ မွာေတာ့ ဒီ ဟာကြက္ ဟာ ယူႏုိက္တက္ ကစား သမားေတြ နဲ႔ ခ်ဲလ္ဆီး ေနာက္တန္း ေတြ ကို တစ္ဦးခ်င္း တစ္ဦးခ်င္း ရင္ဆုိင္ေတြ႕ ေစခဲ့ ၿပီး ျပႆနာ ေတြ တက္ေစခဲ့ ပါတယ္ ။

အက္ဇ္ပီလီကြီတာ ၊ ဇူးမား တို႔ ဟာ မေန႔ ညက ခ်ဲလ္ဆီး ရဲ႕ ခံစစ္ အားနည္းမႈ မွာ သိသာ ျမင္သာ ေစခဲ့ ပါတယ္ ။ အသင္း ေခါင္းေဆာင္ အျဖစ္ တာ၀န္ယူ ခဲ့တဲ့ ကီြတာ ဟာ မာရွယ္ ရဲ႕ ဂုိး မွာ လူကပ္မႈ အားနည္း ခဲ့ လို ရက္ဖုိဒ့္ သြင္းယူတဲ့ ဒုတိယ ဂုိးမွာလည္း အဂၤလန္ တုိက္စစ္မႈး ရဲ႕ ေဘးကေန ပတ္ေျပး ေနကာ ဖိအားေပးမႈမ်ဳိး မလုပ္ႏုိင္ ခဲ့ ပါဘူး ။

ေနာက္ထပ္ တစ္ခ်က္ ကေတာ့ ကာယပုိင္း အားနည္းမႈ ပါ ။ ခ်ဲလ္ဆီး အသင္းသား အားလံုး နီးပါး ဟာ ယူႏုိက္တက္ ကစား သမားေတြ နဲ႔ ယွဥ္ၿပဳိင္တြန္းတိုက္တာ မ်ဳိးေတြ မလုပ္ႏုိင္ ခဲ့ ပါဘူး ။ ေမဆြန္ေမာင့္ ၊ ပက္ဒရို ၊ ကိုဗာဆစ္ တို႔ ဟာ ဘစ္ဆာကာ ၊ မက္ဂြဲယား ၊ လင္ဒီေလာ့ဖ္ တို႔ နဲ႔ ယွဥ္ရင္ လူေကာင္ေသး ေနၿပီး ယွဥ္လုတဲ့ အခါမ်ဳိးေတြ မွာ အၿမဲလုိလုိ က်န္ရစ္ ခဲ့ရ ပါတယ္ ။ တစ္ခ်ိန္တုန္းက ေနာက္တန္းေတြ ကို ဒုကၡေပးခဲ့တဲ့ ဒေရာ့ဘာ လိုမ်ဳိး Body Balance မြန္းစတား ကို ျပန္ၿပီး လြမ္းဆြတ္ မိေစခဲ့ ပါတယ္ ။

ခ်ဲလ္ဆီး ဟာ ရာသီႀကဳိ ေျခစမ္းပြဲ ေတြ မွာကတည္းက ဂုိးေတြ အမ်ားႀကီး ေပးထားခဲ့ ရတာပါ ။ ဂလာဘတ္ ၊ ရီးဒင္း တို႔လုိ အသင္းေတြ နဲ႔ ပြဲေတြ မွာလည္း ၃-၄ ဂုိးေတြ ေပးခဲ့ရတာ ေၾကာင့္ မေန႔ညက ပြဲမွာ ဂုိးေတြ အမ်ားႀကီး ေပးခဲ့ရတာ သိပ္ၿပီး အံ့ၾသစရာ ေတာ့ မျဖစ္ခဲ့ ပါဘူး ။ တုိက္စစ္္ ကို ေတာင့္ခံႏုိင္တဲ့ အသင္းနဲ႔ ေတြ႕တဲ့ အခါ မွာ ခံစစ္ ရဲ႕ အမွားေတြ က ျပန္လည္ ေပးဆပ္ ေစခဲ့ တာပါပဲ ။

ခံစစ္ရဲ႕ အမွားေတြ ခ်ည္းေၾကာင့္ေတာ့ ဒီလို ဂုိးျပတ္ ရွဳံးနိမ့္ခဲ့တာ မဟုတ္ပါဘူး ။ ခ်ဲလ္ဆီး ရဲ႕ တုိက္စစ္ပုိင္း က ကံေခမႈ ၊ အဆံုးသတ္ အခ်ိတ္ အဆက္ အားနည္းမႈေတြ ကလည္း ယူႏုိက္တက္ ရဲ႕ ယံုၾကည္မႈ ကို တိုးတက္ လာဖို႔ ခြင့္ျပဳ ခဲ့ၿပီး အခုလို အေျခအေန ကို ေရာက္ေအာင္ တြန္းပို႔ ေပးခဲ့ တာပါပဲ ။

ပထမပိုင္း မွာ ခ်ဲလ္ဆီး တို႔ ကစားပံု တကယ္ေကာင္းခဲ့ ပါတယ္ ။ အဲ့အခ်ိန္ မွာ ၁ ဂုိး ေလာက္ ရခဲ့ မယ္ဆိုရင္ ပြဲရလဒ္ ကိ ၂ – ၁ ၊ ၂ – ၂ ေလာက္ နဲ႔ အဆံုးသတ္ ဖြယ္ ရွိ ပါတယ္ ။ တိုင္ထိ တာေတြ ကို ဖယ္လုိက္ရင္ ေတာင္ မွ ေမဆြန္ေမာင့္ လက္လြတ္ စပယ္ ကန္ခဲ့တဲ့ အလံုးေတြ ၊ ျဖတ္တင္ေဘာ ကို ၂ ေယာက္ ေလာက္ ပိတ္သြင္းဖို႔ ရွိေန လ်က္နဲ႔ ေနာက္က် ေနခဲ့တာ ေတြ က အားနည္း ေနတဲ့ ခံစစ္ သမားေတြ ကို စိတ္မသက္ မသာ ျဖစ္ေစခဲ့ မွာ အမွန္ ပါပဲ ။

အားနည္းခ်က္ ေတြ ခ်ည္းပဲ ရွိခဲ့တာလား ဆိုေတာ့ မဟုတ္ပါဘူး ။ ဖရန္႔ လမ္းပတ္ ရဲ႕ အသင္း ဟာ ခံစစ္ ကေန တိုက္စစ္ အကူး အေျပာင္း ျမန္ဆန္ ခဲ့ၿပီး ကြင္းလယ္ နဲ႔ တုိက္စစ္ အခ်ိတ္ အဆက္ ေတြ ေကာင္းမြန္ ခဲ့ ပါတယ္ ။ ယူႏုိက္တက္ ကြင္းလယ္ နဲ႔ ခံစစ္ အၾကား က ကြက္လပ္ ေတြ ကို ေကာင္းေကာင္း အသံုးခ်ၿပီး ၿပဳိင္ဘက္ အျခမ္း မွာ ေဘာလံုး ပုိင္ဆုိင္မႈ ရယူ ႏုိင္ခဲ့ ပါတယ္ ။

ဂုိးတိုင္ ၂ ႀကိမ္ ထိခဲ့တာ ၊ ၿပဳိင္ဘက္ ဂုိး သမား က ဒီဂီယာ ျဖစ္ေန ခဲ့တာ ၊ ဂုိး ရႏုိင္တဲ့ အခြင့္ အေရး ၁ ႀကိမ္ ကို ပိတ္သြင္းမယ့္ သူေတြ ေနာက္က် ခဲ့တာ ေတြ ဟာ ခ်ဲလ္ဆီး ကို ဒီလို ရုပ္ပ်က္ဆင္းပ်က္ ရလဒ္ ထြက္ေပၚ ေစခဲ့ တာပါပဲ ။ ဒဏ္ရာ ရ ၊ ႀကံ႕ခုိင္မႈ မျပည့္လို႔ ပြဲမထြက္ ႏုိင္ခဲ့တဲ့ စီနီယာ ေတြ ျပန္ပါလာရင္ေတာ့ အခုထက္ ပိုေကာင္း လာမွာ ေသခ်ာ ပါတယ္ ။

ခ်ဲလ္ဆီး ဟာ ဗိုလ္စြဲ ႏုိင္တဲ့ ေျခစြမ္း မရွိ ေသးသလို အဆင့္ ၂-၃ လုိေနရာမ်ဳိး ရဖို႔ ေတာင္ ခက္ခဲ ႏုိင္ ပါတယ္ ။ ဒါေပမယ့္ ဖရန္႔ လမ္းပတ္ က ေတာ့ သူ ယံုၾကည္တာ ကို သူ ဆက္လုပ္ သြားမွာ ျဖစ္ၿပီး အသင္းသားေတြ ကလည္း လမ္းပတ္ ရဲ႕ ဦးေဆာင္မႈ ေနာက္ကို လုိက္္ပါဖို႔ စိတ္ပုိင္း ျဖတ္ထားၿပီးၿပီ ဆုိတာ သိျမင္ ခဲ့ရ ပါတယ္ ။ ဒါေတြ က ခ်ဲလ္ဆီး ရဲ႕ ေကာင္းကြက္ ေတြ ပါပဲ ။

လာမယ့္ ၾကားရက္ မွာ ခ်ဲလ္ဆီး တို႔ လီဗာပူး နဲ႔ ကစား ရပါဦးမယ္ ၊ အဖြင့္ပြဲ အေန အထား အရ ေတာ့ လီဗာပူး ကို ခ်ဲလ္ဆီး တို႔ ယွဥ္ႏုိင္ဖို႔ မလြယ္ ပါဘူး ။ လာမယ့္ အပတ္ ကစား ရမယ့္ လက္စတာ နဲ႔ ပြဲ ကေတာ့ လမ္းပတ္ ရဲ႕ အသင္း ကို ေသခ်ာ ျမင္ေတြ႕ ရမလား ဆုိတာ ဆက္လက္ ေစာင့္ၾကည့္ ရမွာပါ . . . . .

SPORTS MYANMAR

Unicode

ရာသီအဖွင့်ပွဲမှာ မြင်တွေ့လိုက်ရတဲ့ ချဲလ်ဆီး ရဲ့ အားနည်းချက်များ

================================================

ချဲလ်ဆီး ရဲ့ ရာသီ အဖွင့် ပွဲစဉ် ကတော့ ဂိုးပြတ် အရေးနိမ့် ပြီး အဆုံးသတ် ခဲ့ရ ပါတယ် ။ ချဲလ်ဆီး ပရိသတ် တွေ အတွက် မချိတင့်ကဲ ဖြစ်စေ ခဲ့တာ ကတော့ ဒီလို ဂိုးပြတ် အရှုံးပေး ခဲ့ရတာက ခါးသီးတဲ့ ပြိုင်ဘက် ဖြစ် နေခဲ့တာ ကိုပါ ။ နည်းပြ လမ်းပတ် ကတော့ သူတို့ ဟာ ဒီလောက် ဂိုးပြတ် သွားဖို့ မထိုက်တန်ဘူး လို့ ဆိုခဲ့ သလို အမှားတွေ ကို မြန်မြန် ပြင်ဆင် နိုင်ဖို့ ကြိုးစား သွားမယ် လို့ ပွဲအပြီး မှာ ပြောဆို သွားခဲ့ ပါတယ် ။

အမှန် တကယ်လည်း ချဲလ်ဆီး ဟာ ၄ – ၀ ဆိုတဲ့ ရလဒ် နဲ့ မထိုက်တန် ခဲ့ ပါဘူး ။ ယူနိုက်တက် ဟာ ချဲလ်ဆီး ထက် ခြေစွမ်း မသာခဲ့ ဘဲ ပိုမို တိကျတဲ့ အဆုံးသတ်မှု ၊ ကံကြမ္မာ အားကောင်းမှု နဲ့ ပင်နယ်တီ တွေ ကြောင့်သာ အခုလို ဂိုးပြတ်သွား ခဲ့ရတာ ဖြစ် ပါတယ် ။ ဒါပေမယ့် ချဲလ်ဆီး ဘက်မှာလည်း ဒီဂိုးပြတ် အရေးနိမ့်မှု အတွက် ထောက်ပြ သင့်တဲ့ အားနည်းချက် တွေ ရှိနေခဲ့ ပါတယ် ။

“ချဲလ်ဆီး ဟာ သိပ်ကို ပျော့လွန်းခဲ့ ပါတယ် ။ ခံစစ် ကလည်း သိပ်သည်းမှု မရှိခဲ့ သလို မာမာ ကျောကျော လည်း မကစားနိုင် ခဲ့ ပါဘူး ။ ခံစစ် လိုင်းတွေ ကြားမှာ နေရာလွတ်တွေ သိပ် များ နေခဲ့ ပါတယ် ။ အစုအဖွဲ့ ပုံစံ နဲ့ ပိတ်ဆို့တာတွေ လည်း မလုပ်နိုင် ခဲ့ ပါဘူး”

ဒီ စကားက တော့ ချဲလ်ဆီး နည်းပြ ဟောင်း မော်ရင်ဟို ရဲ့ Sky Sports က နေ ပွဲ အပြီး တင်ဆက် သုံးသပ်မှု ပဲ ဖြစ် ပါတယ် ။ မော်ရင်ဟို ထောက်ပြ ခဲ့သလို ပဲ ချဲလ်ဆီး ခံစစ် ကြောင်း ဟာ တိုက်စစ် လိုက်ပါ သွားတဲ့ ကွင်းလယ် လူတွေ နောက် ကို ကပ်ပြီး မလိုက် နိုင်ခဲ့ ပါဘူး ။ ယူနိုက်တက် ဘက်က တန်ပြန် တိုက်စစ် ဆင်လာတဲ့ အခါ မှာတော့ ဒီ ဟာကွက် ဟာ ယူနိုက်တက် ကစား သမားတွေ နဲ့ ချဲလ်ဆီး နောက်တန်း တွေ ကို တစ်ဦးချင်း တစ်ဦးချင်း ရင်ဆိုင်တွေ့ စေခဲ့ ပြီး ပြဿနာ တွေ တက်စေခဲ့ ပါတယ် ။

အက်ဇ်ပီလီကွီတာ ၊ ဇူးမား တို့ ဟာ မနေ့ ညက ချဲလ်ဆီး ရဲ့ ခံစစ် အားနည်းမှု မှာ သိသာ မြင်သာ စေခဲ့ ပါတယ် ။ အသင်း ခေါင်းဆောင် အဖြစ် တာဝန်ယူ ခဲ့တဲ့ ကွီတာ ဟာ မာရှယ် ရဲ့ ဂိုး မှာ လူကပ်မှု အားနည်း ခဲ့ လို ရက်ဖိုဒ့် သွင်းယူတဲ့ ဒုတိယ ဂိုးမှာလည်း အင်္ဂလန် တိုက်စစ်မှုး ရဲ့ ဘေးကနေ ပတ်ပြေး နေကာ ဖိအားပေးမှုမျိုး မလုပ်နိုင် ခဲ့ ပါဘူး ။

နောက်ထပ် တစ်ချက် ကတော့ ကာယပိုင်း အားနည်းမှု ပါ ။ ချဲလ်ဆီး အသင်းသား အားလုံး နီးပါး ဟာ ယူနိုက်တက် ကစား သမားတွေ နဲ့ ယှဉ်ပြိုင်တွန်းတိုက်တာ မျိုးတွေ မလုပ်နိုင် ခဲ့ ပါဘူး ။ မေဆွန်မောင့် ၊ ပက်ဒရို ၊ ကိုဗာဆစ် တို့ ဟာ ဘစ်ဆာကာ ၊ မက်ဂွဲယား ၊ လင်ဒီလော့ဖ် တို့ နဲ့ ယှဉ်ရင် လူကောင်သေး နေပြီး ယှဉ်လုတဲ့ အခါမျိုးတွေ မှာ အမြဲလိုလို ကျန်ရစ် ခဲ့ရ ပါတယ် ။ တစ်ချိန်တုန်းက နောက်တန်းတွေ ကို ဒုက္ခပေးခဲ့တဲ့ ဒရော့ဘာ လိုမျိုး Body Balance မွန်းစတား ကို ပြန်ပြီး လွမ်းဆွတ် မိစေခဲ့ ပါတယ် ။

ချဲလ်ဆီး ဟာ ရာသီကြို ခြေစမ်းပွဲ တွေ မှာကတည်းက ဂိုးတွေ အများကြီး ပေးထားခဲ့ ရတာပါ ။ ဂလာဘတ် ၊ ရီးဒင်း တို့လို အသင်းတွေ နဲ့ ပွဲတွေ မှာလည်း ၃-၄ ဂိုးတွေ ပေးခဲ့ရတာ ကြောင့် မနေ့ညက ပွဲမှာ ဂိုးတွေ အများကြီး ပေးခဲ့ရတာ သိပ်ပြီး အံ့သြစရာ တော့ မဖြစ်ခဲ့ ပါဘူး ။ တိုက်စစ်် ကို တောင့်ခံနိုင်တဲ့ အသင်းနဲ့ တွေ့တဲ့ အခါ မှာ ခံစစ် ရဲ့ အမှားတွေ က ပြန်လည် ပေးဆပ် စေခဲ့ တာပါပဲ ။

ခံစစ်ရဲ့ အမှားတွေ ချည်းကြောင့်တော့ ဒီလို ဂိုးပြတ် ရှုံးနိမ့်ခဲ့တာ မဟုတ်ပါဘူး ။ ချဲလ်ဆီး ရဲ့ တိုက်စစ်ပိုင်း က ကံခေမှု ၊ အဆုံးသတ် အချိတ် အဆက် အားနည်းမှုတွေ ကလည်း ယူနိုက်တက် ရဲ့ ယုံကြည်မှု ကို တိုးတက် လာဖို့ ခွင့်ပြု ခဲ့ပြီး အခုလို အခြေအနေ ကို ရောက်အောင် တွန်းပို့ ပေးခဲ့ တာပါပဲ ။

ပထမပိုင်း မှာ ချဲလ်ဆီး တို့ ကစားပုံ တကယ်ကောင်းခဲ့ ပါတယ် ။ အဲ့အချိန် မှာ ၁ ဂိုး လောက် ရခဲ့ မယ်ဆိုရင် ပွဲရလဒ် ကိ ၂ – ၁ ၊ ၂ – ၂ လောက် နဲ့ အဆုံးသတ် ဖွယ် ရှိ ပါတယ် ။ တိုင်ထိ တာတွေ ကို ဖယ်လိုက်ရင် တောင် မှ မေဆွန်မောင့် လက်လွတ် စပယ် ကန်ခဲ့တဲ့ အလုံးတွေ ၊ ဖြတ်တင်ဘော ကို ၂ ယောက် လောက် ပိတ်သွင်းဖို့ ရှိနေ လျက်နဲ့ နောက်ကျ နေခဲ့တာ တွေ က အားနည်း နေတဲ့ ခံစစ် သမားတွေ ကို စိတ်မသက် မသာ ဖြစ်စေခဲ့ မှာ အမှန် ပါပဲ ။

အားနည်းချက် တွေ ချည်းပဲ ရှိခဲ့တာလား ဆိုတော့ မဟုတ်ပါဘူး ။ ဖရန့် လမ်းပတ် ရဲ့ အသင်း ဟာ ခံစစ် ကနေ တိုက်စစ် အကူး အပြောင်း မြန်ဆန် ခဲ့ပြီး ကွင်းလယ် နဲ့ တိုက်စစ် အချိတ် အဆက် တွေ ကောင်းမွန် ခဲ့ ပါတယ် ။ ယူနိုက်တက် ကွင်းလယ် နဲ့ ခံစစ် အကြား က ကွက်လပ် တွေ ကို ကောင်းကောင်း အသုံးချပြီး ပြိုင်ဘက် အခြမ်း မှာ ဘောလုံး ပိုင်ဆိုင်မှု ရယူ နိုင်ခဲ့ ပါတယ် ။

ဂိုးတိုင် ၂ ကြိမ် ထိခဲ့တာ ၊ ပြိုင်ဘက် ဂိုး သမား က ဒီဂီယာ ဖြစ်နေ ခဲ့တာ ၊ ဂိုး ရနိုင်တဲ့ အခွင့် အရေး ၁ ကြိမ် ကို ပိတ်သွင်းမယ့် သူတွေ နောက်ကျ ခဲ့တာ တွေ ဟာ ချဲလ်ဆီး ကို ဒီလို ရုပ်ပျက်ဆင်းပျက် ရလဒ် ထွက်ပေါ် စေခဲ့ တာပါပဲ ။ ဒဏ်ရာ ရ ၊ ကြံ့ခိုင်မှု မပြည့်လို့ ပွဲမထွက် နိုင်ခဲ့တဲ့ စီနီယာ တွေ ပြန်ပါလာရင်တော့ အခုထက် ပိုကောင်း လာမှာ သေချာ ပါတယ် ။

ချဲလ်ဆီး ဟာ ဗိုလ်စွဲ နိုင်တဲ့ ခြေစွမ်း မရှိ သေးသလို အဆင့် ၂-၃ လိုနေရာမျိုး ရဖို့ တောင် ခက်ခဲ နိုင် ပါတယ် ။ ဒါပေမယ့် ဖရန့် လမ်းပတ် က တော့ သူ ယုံကြည်တာ ကို သူ ဆက်လုပ် သွားမှာ ဖြစ်ပြီး အသင်းသားတွေ ကလည်း လမ်းပတ် ရဲ့ ဦးဆောင်မှု နောက်ကို လိုက််ပါဖို့ စိတ်ပိုင်း ဖြတ်ထားပြီးပြီ ဆိုတာ သိမြင် ခဲ့ရ ပါတယ် ။ ဒါတွေ က ချဲလ်ဆီး ရဲ့ ကောင်းကွက် တွေ ပါပဲ ။

လာမယ့် ကြားရက် မှာ ချဲလ်ဆီး တို့ လီဗာပူး နဲ့ ကစား ရပါဦးမယ် ၊ အဖွင့်ပွဲ အနေ အထား အရ တော့ လီဗာပူး ကို ချဲလ်ဆီး တို့ ယှဉ်နိုင်ဖို့ မလွယ် ပါဘူး ။ လာမယ့် အပတ် ကစား ရမယ့် လက်စတာ နဲ့ ပွဲ ကတော့ လမ်းပတ် ရဲ့ အသင်း ကို သေချာ မြင်တွေ့ ရမလား ဆိုတာ ဆက်လက် စောင့်ကြည့် ရမှာပါ . . . . .

SPORTS MYANMAR