မန်ယူနိုက်တက် ၊ တော့တင်ဟမ် ၊ ဘိုင်ယန်မြူးနစ် စတဲ့ အင်အားကြီး ၃သင်း ဆက်တိုက် ကို အိမ်ကွင်းမှာ ရင်ဆိုင်ရမယ့် အပေါ် မှတ်ချက်ပေးလိုက်တဲ့ #အက်ဇ်ပီလီကွီတာ

လက်ရှိ အချိန် မှာ ချယ်လ်ဆီး အသင်း ဟာ Winter break ကြောင့် အနားရနေဆဲ ဖြစ်ပြီး ၊ လာမယ့် ဖေဖော်ဝါရီ ၁၇ ရက်နေ့ ညမှာ ပရီးမီးယားလိဂ် ပွဲစဉ် ၂၆ အဖြစ် မန်ချက်စတာ ယူနိုက်တက် အသင်း ကို အိမ်ကွင်း စတမ်းဖို့ဒ် ဘရစ်ချ် မှာ လက်ခံ ကစားရမှာ ဖြစ်ပါတယ် ။
ထို ပွဲစဉ် ပြီးတာနဲ့ ၄ရက်သာ ခြားပြီး လန်ဒန် ဒါဘီ ပြိုင်ဖက် တော့တင်ဟမ် အသင်း ကို အိမ်ကွင်း မှာ ထပ်မံ ဧည့်ခံ ရဦးမှာ ဖြစ်ပါတယ် ။ ထို ပွဲစဉ် ပြီးတာနဲ့ နောက် ၄ရက် အကြာ မှာ ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ပထမ အကျော့ ပွဲစဉ် အဖြစ် ဂျာမန် အင်အားကြီး ဘိုင်ယန် မြူးနစ် အသင်း ကို အိမ်ကွင်း မှာ ထပ်မံ ယှဉ်ပြိုင် ကစားရဖို့ ရှိနေပါတယ် ။
ဒီရာသီ မှာ ချယ်လ်ဆီး အသင်း ဟာ အဝေးကွင်း ပွဲစဉ် တွေထက် အိမ်ကွင်း ပွဲစဉ် တွေမှာ ရမှတ် ပို ဆုံးရှုံးနေပြီး ၊ ဝက်စ်ဟမ်း ၊ ဆောက်သမ်တန် ၊ ဘုန်းမောက် အစရှိတဲ့ အသင်းငယ် တွေကို အရေးနိမ့်ခဲ့တဲ့ မှတ်တမ်း က စတမ်းဖို့ဒ် ဘရစ်ချ် ကို တခြား အသင်း တွေ အတွက် ယှဉ်ပြိုင်ရ လွယ်ကူတဲ့ ကွင်း အဖြစ် ထင်ဟပ် စေပါတယ် ။
ယခု Winter break အပြီးမှာ ချယ်လ်ဆီး အသင်း အနေနဲ့ ထို မှတ်တမ်းဆိုး ကို ချေဖျက်ပြဖို့ အစမ်းသပ်ခံ ပွဲကြီး ၃ပွဲ ကို စတမ်းဖို့ဒ် ဘရစ်ချ် မှာ လက်ခံ ကစားရတော့မှာ ဖြစ်ပါတယ် ။ ယင်း အနေအထား နဲ့ ပတ်သက်ပြီး ချယ်လ်ဆီး အသင်း ခေါင်းဆောင် ဆီဆာ အက်ဇ်ပီလီကွီတာ က ချယ်လ်ဆီး အသင်း ရဲ့ တရားဝင် website နဲ့ အင်တာဗျူး မှာ အခုလိုပဲ မှတ်ချက်ပြု ပြောဆိုခဲ့ပါတယ် ။
အက်ဇ်ပီလီကွီတာ က ” ကျွန်တော် တို့ဟာ ဒီနှစ် ဘောလုံး ရာသီ မှာ စတမ်းဖို့ဒ် ဘရစ်ချ် ကို မြင့်မားတဲ့ အဆင့်အတန်း တခု မှာ မထားနိုင်ခဲ့ပါဘူး ။ အခု အချိန် ဟာ အရင်လို မာကျောမှု တွေကို ပြန်လည် ပြသဖို့ အကောင်းဆုံး အချိန် ဖြစ်လာပါပြီ ။ အသင်းကြီး ၃သင်း နဲ့ ပွဲကြီးပွဲကောင်း ရင်ဆိုင်ရမှာ ဖြစ်လို့ ကျွန်တော် တို့ရဲ့ ပုံစံကောင်း ကို ထုတ်ပြဖို့ အခွင့်ကောင်း ပါပဲ ။ “
” စတမ်းဖို့ဒ် ဘရစ်ချ် ဟာ ကစားရ ခက်ခဲတဲ့ ကွင်း အဖြစ် နဲ့ ကျွန်တော် တို့ သက်သေ ပြရမှာပါ ။ ဒီရာသီ အိမ်ကွင်း ပွဲစဉ် တချို့ မှာ ပရိသတ် တွေ အတွက် စိတ်ပျက်စရာ အခိုက်အတန့် တွေကို ကြုံစေခဲ့မိပါတယ် ။ အခုလို ပွဲကြပ် ၃ပွဲ ဆက်တိုက် ကို အိမ်ကွင်း မှာ ရင်ဆိုင်ရတဲ့ အခါ ကျွန်တော် တို့ အနေနဲ့ တခုပြီး တခု သေချာ အာရုံစိုက်ပြီး ကျော်လွှားရမှာပါ ။ “
” ကျွန်တော် တို့ ဒီ ၃ပွဲ မှာ ကျစ်လျစ်တဲ့ ပုံစံကောင်း တွေ ပြသနိုင်ဖို့ မျှော်လင့်ပါတယ် ။ ဒါဟာ ဒီရာသီ ကျွန်တော် တို့ရဲ့ အောင်မြင်မှု အတွက် သော့ချက် ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ လက်ရှိ အချိန် မှာ ချယ်လ်ဆီး အသင်း ဟာ ပရီးမီးယားလိဂ် အဆင့် ၄ နေရာ မှာ ရပ်တည်နေတယ် ဆိုပေမယ့် မန်ချက်စတာ ယူနိုက်တက် ၊ တော့တင်ဟမ် တို့နဲ့ ပွဲမှာ ရလဒ်ကောင်း တွေ စွမ်းဆောင် ပြနိုင်မှသာ အဆင့် ၄ နေရာ ကို ဆက်လက် ဆုပ်ကိုင် နိုင်မှာ ဖြစ်ပါတယ် ။
ဆက်လက်ပြီး အက်ဇ်ပီလီကွီတာ က လတ်တလော မှာ ရလဒ်ပိုင်း ၊ ခြေစွမ်းပိုင်း မတည်ငြိမ်နေတဲ့ ၎င်းတို့ အတွက် ဒီ Winter break က ရှေ့ဆက် ရလဒ်ကောင်း တွေ ပြန်လည် ရှာဖွေဖို့ အထောက်အကူ ပေးနိုင်မယ် လို့ ယုံကြည်ကြောင်း လည်း ပြောဆိုခဲ့ပါတယ် ။
အက်ဇ်ပီ က ” တခါတလေ ကျရင် ကိုယ့် အသင်း ရဲ့ စွမ်းဆောင်ရည် ၊ ရလဒ်ပိုင်း က တောက်လျှောက် ကောင်းနေရင် နားဖို့ စိတ်ကူးမျိုး မရှိတတ်ပါဘူး ။ ဘာကြောင့်လဲ ဆိုတာ အရာရာ က ရစ်သမ် မိနေလို့ပါ ။ အခု အချိန် မှာတော့ ကျွန်တော် တို့ဟာ ရလဒ်ပိုင်း ၊ ခြေစွမ်းပိုင်း တွေမှာ မတည်ငြိမ်မှု တွေ ဆက်တိုက် ကြံုတွေ့ နေရတာပါ ။ “
” ဒါကြောင့်မို့ အခုလို နားရက် အနည်းငယ် ရယူပြီး ရှေ့ဆက် လက်ကျန် ပွဲစဉ် တွေ အတွက် အဆင်သင့် ဖြစ်ဖို့ မျှော်လင့်ရပါတယ် ။ အခု အချိန် ဟာ ကျွန်တော် တို့ အတွက် အချိန်ကောင်း လား ၊ အချိန်ဆိုးလား မပြောတတ်ပါဘူး ။ ဖြစ်လာသမျှ ကိုတော့ ကျွန်တော် တို့ အနေနဲ့ မှန်ကန်တဲ့ ချဉ်းကပ်ပုံ တွေနဲ့ ထိပ်တိုက် ရင်ဆိုင်ရမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။
SPORTS MYANMAR