ကစားသမားဘဝတလျှောက်အကောင်းဆုံးအသင်းဖော်ကဘယ်သူလဲဆိုတာပြောပြလိုက်တဲ့ #ဒီမာရီယာ

လက်ရှိ မော်ဒန် ဘောလုံး လောက ရဲ့ အကောင်းဆုံး ကစားသမား က ဘယ်သူလဲ ဆိုတဲ့ မေးခွန်းက ဘယ်သူမှ အတိအကျ ဖြေဆိုနိုင်ခြင်း မရှိထားသေးတဲ့ အခက်ခဲဆုံး မေးခွန်း တခုအဖြစ်ရှိနေပါတယ်။

အကောင်းဆုံး ကြိုးစားသူ ရော်နယ်ဒိုနဲ့
ပါရမီရှင် မက်ဆီ တို့ဟာ ကမ္ဘာတခြမ်းစီက ပရိသတ်အင်အားထုကြီးကို ကိုယ်စီ ပိုင်ဆိုင် ထားသလို ဖြစ်နေပြီး ဒီမေးခွန်း
မေးတိုင်း အမြဲအကြိတ်အနယ်ဖြစ်နေတတ်ပါတယ်။

ဒါပေမယ့် ဘလွန်းဒီအောဆု အရေအတွက် တကြိမ်သာလွန်သွားပြီ ဖြစ်တဲ့ မက်ဆီက ပိုကောင်းတဲ့သူဖြစ်တယ်လို့ သုံးသပ်သူတွေလည်းရှိနေပါတယ်။ဘာပဲဖြစ်ဖြစ် ဒီလို ကစားသမား၂ဦးလုံးနဲ့ တွဲကစားဖူးတဲ့ သူတယောက်အတွက်ကတော့ တကယ့်ကို ကံထူးတာပါပဲ။

ဒီလို မဟာ အခွင့်အရေးမျိုးကို ပိုင်ဆိုင်ထားခဲ့ဖူးသူတဦးကတော့ လက်ရှိ PSG တောင်ပံ ကစားသမား ဒီမာရီယာပဲဖြစ်ပါတယ်။သူဟာနိုင်ငံအသင်းမှာဘမက်ဆီ၊ ရီးရဲလ်မှာရှိနေစဉ် ရော်နယ်ဒိုနဲ့
တွဲဖက်ကစားခဲ့ဖူးတာဖြစ်ပါတယ်။

ဒါပေမယ့် ဒီအာဂျင်တီးနား သားကတော့ သူ့ရဲ့ ကစားသမား ဘဝအကောင်းဆုံး အသင်းဖော် ကိုရွေးချယ်ရာမှာတော့ တနိုင်ငံတည်းသားဖြစ်သူ မက်ဆီကိုပဲ ရွေးချယ်သွားခဲ့ပါတယ်။

ကစားသမား ဘဝမှာ အာဂျင်တီးနား လက်ရွေးစင် အသင်း၊ ယူနိုက်တက်၊ ရီးရဲလ် ၊ PSG အစရှိနဲ့ ဥရောပထိပ်သီး အသင်းတွေမှာကစားခဲ့ဖူးတဲ့ ဒီမာရီယာဟာ
အကောင်းဆုံး အသင်းဖော်၅ ဦးအဖြစ် မက်ဆီ၊ ရော်နယ်ဒို၊ မိုဗစ်၊ နေမာနဲ့အမ်ဘာပေတို့ကို ရွေးချယ်ခဲ့ပါတယ်။

အကောင်းဆုံး အသင်းဖော်အဖြစ် မက်ဆီကို ရွေးချယ်ဖြစ်ခဲ့ပုံ အပေါ် ဒီမာရီယာက – ” ဒီမေးခွန်း ရဲ့ အဖြေကို မက်ဆီနဲ့ ပဲ စလိုက်ကြစို့ဗျာ။ဒီ၅ဦးထဲက အကောင်းဆုံး ကို ရွေးချယ်ပေးရတာက တကယ်ကို ခက်ခဲပါတယ်။

မက်ဆီဟာ ဘယ်လို ရှုထောင့်မျိုးကနေ ပဲ ကြည့်ကြည့် သာမန်ထက် ထူးကဲကောင်းမွန်တဲ့ ကစားသမားဖြစ်ပါတယ်။အခြား ကစားသမားကောင်း လေးဦးနဲ့ တွဲကစားခဲ့ဖူးပေမယ့် သူ့ရဲ့ အရည်အသွေးနဲ့ မတူကြပါဘူး။

မက်ဆီ ဟာ အခြားသူတွေ ရဲ့ အရည်အသွေးနဲ့ ကွာခြားမှုကိုပိုင်ဆိုင်ထား တယ်လို့ ကျွန်တော်ထင်ပါတယ်။အရိုးသားဆုံးဝန်ခံရမယ်ဆိုရင်ကျွန်တော့်အတွက်သူက အခြားသူတွေထက် အကောင်းဆုံး ဖြစ်ပါတယ် ” လို့ပြောခဲ့ပါတယ်။

အကောင်းဆုံး အသင်းဖော်တွေထဲမှာရော်နယ်ဒိုကို ထည့်သွင်းခဲ့တဲ့ အပေါ် ဒီမာရီယာ က – ” သူဟာ အရည်အသွေး ကြယ်ဝသလို ကြံ့ခိုင်မှု အတော်လေးကောင်းပါတယ်။သူကိုယ်တိုင်ကြိုးစားလို့ ဘလွန်းဒီအောဆု ၅ခုရခဲ့တာပါ။

ကျွန်တော် က မနက်ခင်းတိုင်းမှာ ပရီးမီး ယားလိဂ်ပွဲတွေကြည့်ရှုလေ့ရှိပြီး ရူးနီ၊ ရော်နယ်ဒို တို့ကို ကြည့်ရှု အားပေးခဲ့ပါတယ်။နောက်တော့ သူတု့ိနဲ့ အတူကစားခွင့်ရခဲ့ပါတယ်။တခါမှ မတွေးထားဖူးတဲ့ အရာဖြစ်လို့ တကယ့်ကို မယုံနိုင်စရာပါပဲ ” လို့ပြောခဲ့ပါတယ်။

အကောင်းဆုံး အသင်းဖော် ၅ဦးမှာ မိုဗစ်ကို ထည့်သွင်းခဲ့တဲ့အပေါ် ဒီမာရီယာက – ” သူဟာ အရာရာတိုင်းမှာ နံပါတ် ၁ ဖြစ်ရမယ်ဆိုတဲ့ ဝင့်ကြွားမှု မျိုးရှိပါတယ်။သူဟာ အရာရာတိုင်းကို အောင်မြင်ထားသူလည်းဖြစ်ပါတယ်။တကယ့်ကစားသမားကောင်းတဦးပါ။

သူ့ရဲ့ ကွင်းအတွင်း နဲ့ ကွင်းအပြင် အောင်မြင်မှုတိုင်းက သူူ့ကြောင့် သူတဦးတည်းကြောင့်ပဲရထားခဲ့တာပါ။သူနဲ့ အတူ ပွဲတွေ အတူ ကစားခွင့်ရခဲ့ပြီး အမှတ်တရတွေ ဖန်တီးခွင့် ကျွန်တော်ရခဲ့ပါတယ်။

သေချာတဲ့ အမှန်တရားကတော့ သူနဲ့ ဆုံခွင့်ရတာကို အတော်လေးကျေနပ် ပျော်ရွှင်တယ်ဆိုတာပါပဲ။သူ့အကြောင်းကို လူတိုင်းက သိကြပြီးကျွန်တော်တို့ အနေနဲ့ ကောင်းတဲ့ ပုံစံမျိုးနဲ့ ဒါကို ယူသင့်ပါတယ် ” လို့ပြောခဲ့ပါတယ်။

နေမာကို ရွေးချယ်ခဲ့ပုံအပေါ် ဒီမာရီယာက – ” နေမာ ဟာ ဘရာဇီးလ် စတိုင် ကစားပုံရှိပြီး အရည်အသွေးကြွယ်ဝသလို
တယောက်ချင်း ကျော်ဖြတ်ရာမှာလည်း အံ့မခန်း ကောင်းမွန်ပါတယ်။သူဟာကွင်းပြင်ပမှာလည်း ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေပါတယ်။

သူပိုင်ဆိုင်ထားတဲ့ နောက်ထပ် ကောင်းတဲ့ အရာတခုကတော့ ဂိုးသွင်း အရမ်းကောင်းတာပဲ ဖြစ်ပါတယ်။ဒါကြောင့်သူဟာ ဂိုးတွေအမြဲသွင်းယူလေ့ရှိပြီး သူဟာ ူသာမန်ထက် ထူးကဲတဲ့ ကစားသမားမျိုးဖြစ်ပါတယ် ” လို့ဖြေခဲ့ပါတယ်။

PSG ကြယ်ပွင့်လေး အမ်ဘာပေကို ဒီစာရင်း ထည့်သွင်းခဲ့တဲ့ အပေါ် ဒီမာရီယာက – ” ဘလွန်းဒီအောဆု အတွက် သေချာပေါက် တိုက်ပွဲဝင် သွားမယ့် ကစားသမား တဦးဖြစ်ပါတယ်။မက်ဆီ အနားယူသွားရင်သူက ဒီဆုအတွက် ယှဉ်ပြိုင်သူဖြစ်လာမယ်ဆိုတာသေချာပါတယ်။

အမ်ဘာပေမှာ ကမ္ဘာ့အကောင်းဆုံး ကစား သမားတဦးဖြစ်လာဖို့ လိုတာတွေ အကုန်ရှိထားပါတယ်။သူမတူတဲ့ အရည်အသွေးတွေပိုင်ဆိုင်ထားပြီး အရမ်းကောင်းတဲ့ ကစားသမားမျိုးဖြစ်ပါတယ်။ဒါက တကယ်အရေးပါပါတယ် ” လို့ပြောခဲ့ပါတယ်။