Rashford

မေန့ ညက ယူနုိက္တက္ တုိ့ ခ်ဲလ္ဆီး ကို 4 – 0 ဆုိတဲ့ ရလဒ္ နဲ့ ဂိုးျပတ္ အနုိင္ ရယူ နုိင္ ခဲ့တဲ့ ပရီးမီးယား လိဂ္ အဖြင့္ ပြဲစဥ္ မွာ မန္ခ်က္စတာ ယူနိုက္တက္ အသင္း ရဲ့ တိုက္စစ္ မွဴး မားကပ္စ္ ရပ္ရွ္ဖုိ့ ဟာ အသင္း အတြက္ 2 ဂိုး သြင္းယူ ေပးထား နုိင္ခဲ့ ပါတယ္ ။

အဆုိပါ ပြဲစဥ္ အျပီး မွာေတာ့ Sky Sports မွာ သတင္း သံုးသပ္သူ အျဖစ္ အလုပ္ လုပ္ေန တဲ့ ယူနုိက္တက္ နည္းျပ ေဟာင္း ဟိုေဆး ေမာ္ရင္ဟို က အဂၤလန္ လက္ေရြးစင္ အေန နဲ့ အသင္း အတြက္ တာဝန္ေတြ အမ်ားၾကီး ယူဖုိ့ ၊ ဂိုးေတြ မ်ားစြာ သြင္းယူ နုိင္ဖုိ့ လိုအပ္ ေၾကာင္း ေျပာၾကား သြားခဲ့ ပါတယ္ ။

ဒါ့အျပင္ အိုးလ္ ထရပ္ဖုိ့ဒ္ မွာ ရပ္ရွ္ဖုိ့ ေအာင္ျမင္ နုိင္ေရး ဟာ ယူနိုက္တက္ နဲ့ ကစား ရမယ့္ ပြဲစဥ္ မွာ ျပိဳင္ဖက္ ကစားသမား ေတြ ပြဲစဥ္ အတြက္ ဘယ္လို ျပင္ဆင္ လာၾက မလဲ ဆုိတဲ့ အေပၚ မ်ားစြာ မူတည္ ေၾကာင္း ထုတ္ေဖာ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

ရပ္ရွ္ဖုိ့ ဟာ ျပီးခဲ့တဲ့ ေဘာလံုး ရာသီ တုန္းက ယူနုိက္တက္ အတြက္ ပရီးမီးယား လိဂ္ ပြဲစဥ္ 33 ပြဲ အထိ ပါဝင္ ကစား ေပး ထားခဲ့ ျပီး 10 ဂိုး သာ သြင္းယူ ေပးထား နုိင္ခဲ့ ပါတယ္ ။ ယူနုိက္တက္ ရဲ့ အဓိက တုိက္စစ္ ကစားသမား ျဖစ္ဖုိ့ အတြက္ အဆုိပါ ပမာဏ ဟာ မလံုေလာက္ ခဲ့ ပါဘူး ။

ဒါေပမယ့္ ဒီ ရာသီ အစ ခ်ဲလ္ဆီး နဲ့ ကစား ခဲ့တဲ့ ပြဲစဥ္ မွာပဲ 2 ဂိုး သြင္းယူ ခဲ့တဲ့ ေနာက္ ရပ္ရွ္ဖုိ့ ဟာ ရာသီ သစ္ကို ေကာင္းမြန္ စြာ စတင္ နုိင္ခဲ့ ျပီး သူ့ရဲ့ ဂိုးသြင္း စံခ်ိန္ ကို ေက်ာ္ျဖတ္ နုိင္ဖုိ႔ အလားအလာ ေကာင္းေတြ ပိုင္ဆုိင္ ထား နုိင္ခဲ့ ပါတယ္ ။

အခုေတာ့ ယူနုိက္တက္ နည္းျပ ေဟာင္း ဟိုေဆး ေမာ္ရင္ဟို ကလည္း ရပ္ရွ္ဖုိ့ အေန နဲ့ ဒီ ရာသီ မွာ ေနာက္ထပ္ တစ္ဆင့္ကို တက္ေရာက္ နုိင္ဖုိ့ အထူး လိုအပ္ ေၾကာင္း ထုတ္ေဖာ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

” 10 ဂိုး ဆုိတာ မလံုေလာက္ ပါဘူး ။ သူ့ အေန နဲ့ ဂိုးေတြ ပိုမို သြင္းယူ နုိင္ရ ပါ့မယ္ ။ အထူးသျဖင့္ လူကာကူ မရွိ ေတာ့တဲ့ အခ်ိန္ မွာ ဂိုးသြင္း တာဝန္ကို ရပ္ရွ္ဖုိ့ နဲ့ မာရွယ္ တုိ့က ဒိုင္ခံ ယူၾက ရ ပါ့မယ္ ။ ျပီးေတာ့ အလက္ဆစ္ နဲ့ ဂရင္းဝုဒ္ တုိလည္း တာဝန္ ခြဲယူ ၾကရ ပါ့မယ္ ။ အထူးသျဖင့္ ပြဲတုိင္း လိုလို ပါဝင္ ကစား ရမယ့္ ရပ္ရွ္ဖုိ့ ေပါ့ ”

” ရပ္ရွ္ဖုိ့ ဆီမွာ ပိုျပီး ေကာင္း သထက္ ေကာင္းလာ ဖုိ့ အရည္ အေသြး ေကာင္းေတြ ရွိေန တယ္လို့ က်ြန္ေတာ္ ယံုၾကည္ ပါတယ္ ။ သူဟာ စမ္းတဝါးဝါး လုပ္ေန ရမယ့္ အလားအလာ ေကာင္းတဲ့ ကေလး တစ္ေယာက္ မဟုတ္ ေတာ့ဘူး ေလ ။ သူဟာ ရည္မွန္းခ်က္ ေတြ ရွိေန တဲ့ လုပ္အား ေကာင္းတဲ့ ေကာင္ေလး တစ္ေယာက္ ျဖစ္ေန ပါျပီ ”

” ဒီ ရာသီ မွာေတာ့ သူဟာ ပိုေကာင္း တဲ့ ကစားသမား ၊ ဂိုးေတြ ပိုမို သြင္းယူ နုိင္တဲ့ ကစားသမား ျဖစ္လာ နုိင္ လိမ့္မယ္ လို့ က်ြန္ေတာ္ ယံုၾကည္ ေန ပါတယ္ ” လို့ ဟိုေဆး ေမာ္ရင္ဟို က ေျပာၾကား သြားခဲ့ ပါတယ္ ။

မေန့ က ပြဲစဥ္ မွာ ခ်ဲလ္ဆီး အသင္း ဟာ ရပ္ရွ္ဖုိ့ ကို ေနရာ လြတ္ေတြ ေပးခဲ့ ျပီး အေကာင္းဆံုး လူကပ္ ကစား ျခင္း မျပဳလုပ္ နုိင္ခဲ့ ပါဘူး ။ ဒါ့ေၾကာင့္ ပိုေကာင္း တဲ့ ခံစစ္ ကစားသမား ေတြနဲ့ ရင္ဆိုင္ ရတဲ့ အခါ ရပ္ရွ္ဖုိ့ ဟာ ရုန္းကန္ ရ လိမ့္မယ္ လို့ ေမာ္ရင္ဟို က ဆက္လက္ သံုးသပ္ သြားခဲ့ ပါတယ္ ။

ရပ္ရွ္ဖုိ့ ဟာ ယူနုိက္တက္ တုိက္စစ္ ကို ဦးေဆာင္ နုိင္လိမ့္ မလား လို့ အေမး ခံလိုက္ ရတဲ့ အခ်ိန္ …

” အဲ့တာ က ျပိဳင္ဖက္ ေတြ ဘယ္လို ခ်ဥ္းကပ္ ကစား ၾက မလဲ ဆုိတဲ့ အေပၚ မူတည္ ေန ပါတယ္ ။ သူတုိ့ ဒီေန့ ကစား ခဲ့ပံု အရ ဆုိရင္ ခ်ဲလ္ဆီး ဟာ သူတုိ့ ကစား ခ်င္တဲ့ ပံုစံ အတုိင္း ကစား ခြင့္ ျပဳခဲ့ ပါတယ္ ။ အဲ့လို အခ်ိန္ မွာ ရပ္ရွ္ဖုိ့ ဟာ အရမ္း အႏၶရာယ္ ေပးနုိင္ ပါတယ္ ”

” ပိုျပီး ပိတ္ဆုိ့ ကာကြယ္ နုိင္တဲ့ အသင္း ၊ ကာယ ၾကံ့ခိုင္ မွဳ အားေကာင္း တဲ့ အသင္း ၊ ေဘာလံုး ကိုင္ျပီး ဖိအား ေပးနုိင္ တဲ့ အသင္း ၊ အခြင့္ အေရး အနည္းငယ္ သာ ေပးတဲ့ အသင္း မ်ိဳးနဲ့ ရင္ဆုိင္ ရတဲ့ အခါ ယူနုိက္တက္ တုိ့ ပြဲစဥ္ ကို ပိုျပီး ခက္ခက္ခဲခဲ ကစား ရ လိမ့္မယ္ လို့ က်ြန္ေတာ္ ယံုၾကည္ ပါတယ္ ” လို့ ေမာ္ရင္ဟို က သံုးသပ္ သြားခဲ့ ပါတယ္ ။

#Sports_Myanmar

Unicode

ရပ်ရှ်ဖို့ ဘာတွေ လုပ်ဆောင်ဖို့ လိုအပ် နေလဲ ၊ သူ့ဟာ ယူနိုက်တက် တိုက်စစ်ကို ဦးဆောင် နိုင်မလား ဆိုတဲ့ အပေါ် အှတ်ချက်ပေး သွားတဲ့ #မော်ရင်ဟို

=================

မနေ့ ညက ယူနိုက်တက် တို့ ချဲလ်ဆီး ကို 4 – 0 ဆိုတဲ့ ရလဒ် နဲ့ ဂိုးပြတ် အနိုင် ရယူ နိုင် ခဲ့တဲ့ ပရီးမီးယား လိဂ် အဖွင့် ပွဲစဉ် မှာ မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ တိုက်စစ် မှူး မားကပ်စ် ရပ်ရှ်ဖို့ ဟာ အသင်း အတွက် 2 ဂိုး သွင်းယူ ပေးထား နိုင်ခဲ့ ပါတယ် ။

အဆိုပါ ပွဲစဉ် အပြီး မှာတော့ Sky Sports မှာ သတင်း သုံးသပ်သူ အဖြစ် အလုပ် လုပ်နေ တဲ့ ယူနိုက်တက် နည်းပြ ဟောင်း ဟိုဆေး မော်ရင်ဟို က အင်္ဂလန် လက်ရွေးစင် အနေ နဲ့ အသင်း အတွက် တာဝန်တွေ အများကြီး ယူဖို့ ၊ ဂိုးတွေ များစွာ သွင်းယူ နိုင်ဖို့ လိုအပ် ကြောင်း ပြောကြား သွားခဲ့ ပါတယ် ။

ဒါ့အပြင် အိုးလ် ထရပ်ဖို့ဒ် မှာ ရပ်ရှ်ဖို့ အောင်မြင် နိုင်ရေး ဟာ ယူနိုက်တက် နဲ့ ကစား ရမယ့် ပွဲစဉ် မှာ ပြိုင်ဖက် ကစားသမား တွေ ပွဲစဉ် အတွက် ဘယ်လို ပြင်ဆင် လာကြ မလဲ ဆိုတဲ့ အပေါ် များစွာ မူတည် ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ရပ်ရှ်ဖို့ ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက ယူနိုက်တက် အတွက် ပရီးမီးယား လိဂ် ပွဲစဉ် 33 ပွဲ အထိ ပါဝင် ကစား ပေး ထားခဲ့ ပြီး 10 ဂိုး သာ သွင်းယူ ပေးထား နိုင်ခဲ့ ပါတယ် ။ ယူနိုက်တက် ရဲ့ အဓိက တိုက်စစ် ကစားသမား ဖြစ်ဖို့ အတွက် အဆိုပါ ပမာဏ ဟာ မလုံလောက် ခဲ့ ပါဘူး ။

ဒါပေမယ့် ဒီ ရာသီ အစ ချဲလ်ဆီး နဲ့ ကစား ခဲ့တဲ့ ပွဲစဉ် မှာပဲ 2 ဂိုး သွင်းယူ ခဲ့တဲ့ နောက် ရပ်ရှ်ဖို့ ဟာ ရာသီ သစ်ကို ကောင်းမွန် စွာ စတင် နိုင်ခဲ့ ပြီး သူ့ရဲ့ ဂိုးသွင်း စံချိန် ကို ကျော်ဖြတ် နိုင်ဖို့ အလားအလာ ကောင်းတွေ ပိုင်ဆိုင် ထား နိုင်ခဲ့ ပါတယ် ။

အခုတော့ ယူနိုက်တက် နည်းပြ ဟောင်း ဟိုဆေး မော်ရင်ဟို ကလည်း ရပ်ရှ်ဖို့ အနေ နဲ့ ဒီ ရာသီ မှာ နောက်ထပ် တစ်ဆင့်ကို တက်ရောက် နိုင်ဖို့ အထူး လိုအပ် ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” 10 ဂိုး ဆိုတာ မလုံလောက် ပါဘူး ။ သူ့ အနေ နဲ့ ဂိုးတွေ ပိုမို သွင်းယူ နိုင်ရ ပါ့မယ် ။ အထူးသဖြင့် လူကာကူ မရှိ တော့တဲ့ အချိန် မှာ ဂိုးသွင်း တာဝန်ကို ရပ်ရှ်ဖို့ နဲ့ မာရှယ် တို့က ဒိုင်ခံ ယူကြ ရ ပါ့မယ် ။ ပြီးတော့ အလက်ဆစ် နဲ့ ဂရင်းဝုဒ် တိုလည်း တာဝန် ခွဲယူ ကြရ ပါ့မယ် ။ အထူးသဖြင့် ပွဲတိုင်း လိုလို ပါဝင် ကစား ရမယ့် ရပ်ရှ်ဖို့ ပေါ့ ”

” ရပ်ရှ်ဖို့ ဆီမှာ ပိုပြီး ကောင်း သထက် ကောင်းလာ ဖို့ အရည် အသွေး ကောင်းတွေ ရှိနေ တယ်လို့ ကျွန်တော် ယုံကြည် ပါတယ် ။ သူဟာ စမ်းတဝါးဝါး လုပ်နေ ရမယ့် အလားအလာ ကောင်းတဲ့ ကလေး တစ်ယောက် မဟုတ် တော့ဘူး လေ ။ သူဟာ ရည်မှန်းချက် တွေ ရှိနေ တဲ့ လုပ်အား ကောင်းတဲ့ ကောင်လေး တစ်ယောက် ဖြစ်နေ ပါပြီ ”

” ဒီ ရာသီ မှာတော့ သူဟာ ပိုကောင်း တဲ့ ကစားသမား ၊ ဂိုးတွေ ပိုမို သွင်းယူ နိုင်တဲ့ ကစားသမား ဖြစ်လာ နိုင် လိမ့်မယ် လို့ ကျွန်တော် ယုံကြည် နေ ပါတယ် ” လို့ ဟိုဆေး မော်ရင်ဟို က ပြောကြား သွားခဲ့ ပါတယ် ။

မနေ့ က ပွဲစဉ် မှာ ချဲလ်ဆီး အသင်း ဟာ ရပ်ရှ်ဖို့ ကို နေရာ လွတ်တွေ ပေးခဲ့ ပြီး အကောင်းဆုံး လူကပ် ကစား ခြင်း မပြုလုပ် နိုင်ခဲ့ ပါဘူး ။ ဒါ့ကြောင့် ပိုကောင်း တဲ့ ခံစစ် ကစားသမား တွေနဲ့ ရင်ဆိုင် ရတဲ့ အခါ ရပ်ရှ်ဖို့ ဟာ ရုန်းကန် ရ လိမ့်မယ် လို့ မော်ရင်ဟို က ဆက်လက် သုံးသပ် သွားခဲ့ ပါတယ် ။

ရပ်ရှ်ဖို့ ဟာ ယူနိုက်တက် တိုက်စစ် ကို ဦးဆောင် နိုင်လိမ့် မလား လို့ အမေး ခံလိုက် ရတဲ့ အချိန် …

” အဲ့တာ က ပြိုင်ဖက် တွေ ဘယ်လို ချဉ်းကပ် ကစား ကြ မလဲ ဆိုတဲ့ အပေါ် မူတည် နေ ပါတယ် ။ သူတို့ ဒီနေ့ ကစား ခဲ့ပုံ အရ ဆိုရင် ချဲလ်ဆီး ဟာ သူတို့ ကစား ချင်တဲ့ ပုံစံ အတိုင်း ကစား ခွင့် ပြုခဲ့ ပါတယ် ။ အဲ့လို အချိန် မှာ ရပ်ရှ်ဖို့ ဟာ အရမ်း အန္ဓရာယ် ပေးနိုင် ပါတယ် ”

” ပိုပြီး ပိတ်ဆို့ ကာကွယ် နိုင်တဲ့ အသင်း ၊ ကာယ ကြံ့ခိုင် မှု အားကောင်း တဲ့ အသင်း ၊ ဘောလုံး ကိုင်ပြီး ဖိအား ပေးနိုင် တဲ့ အသင်း ၊ အခွင့် အရေး အနည်းငယ် သာ ပေးတဲ့ အသင်း မျိုးနဲ့ ရင်ဆိုင် ရတဲ့ အခါ ယူနိုက်တက် တို့ ပွဲစဉ် ကို ပိုပြီး ခက်ခက်ခဲခဲ ကစား ရ လိမ့်မယ် လို့ ကျွန်တော် ယုံကြည် ပါတယ် ” လို့ မော်ရင်ဟို က သုံးသပ် သွားခဲ့ ပါတယ် ။

#Sports_Myanmar