အာဆင္နယ္ အသင္း ဟာ ဒီေႏြရာသီ အေျပာင္းအေရႊ႕ကာလမွာ ကစားသမား ေျခာက္ဦး အထိ ေခၚယူ အင္အား ျဖည့္တင္းခဲ့ျပီး ဆာလီဘာကုိေတာ့ စိန္႔အက္တီယန္ အသင္းထံ အငွား ျပန္ခ် ထားခဲ့ပါတယ္ ။ ေမာ္ရင္ဟုိ ကေတာ့ အာဆင္နယ္ အသင္းရဲ႕ ကစားသမား ေခၚယူမႈ အေပၚ ထုတ္ေဖာ္ ခ်ီးက်ဴ း သြားခဲ့ပါတယ္ ။

ေမာ္ရင္ဟုိ က နီကုိလပ္စ္ပီပီ ၊ တီယာေနး ၊ ေဒးဗစ္လူးဝဇ္ တုိ႔ဟာ အာဆင္နယ္ အသင္းမွာ ေအာင္ျမင္မႈ ရႏုိင္မယ့္ ကစားသမားေတြ ျဖစ္ေၾကာင္း သုံးသပ္ ေျပာၾကား လုိက္ျပီး ဆီဘယ္ေလာ့ လုိ ကစားသမားမ်ဴ ိးက ဂန္းနားတုိ႔မွာ ရွိေနျပီးသား ျဖစ္ေနေၾကာင္း ဆုိပါတယ္ ။

Morinho

ေမာ္ရင္ဟုိ က Sky Sports မွာ အာဆင္နယ္ အသင္း ရဲ႕ ကစားသမား ေခၚယူမႈ နဲ႔ ပတ္သက္ျပီး ” က်ြန္ေတာ္ လုိင္လီ အသင္းပြဲ ေတာ္ေတာ္မ်ားမ်ားကုိ ၾကည့္ဖူးပါတယ္ ။ မန္ယူႏုိက္တက္ ကေန ထုတ္ခံလုိက္ရတဲ့ အခ်ိန္မွာ အဂၤလန္ က ေဘာလုံးကြင္းေတြဆီ မသြားခ်င္တာေၾကာင့္ လုိင္လီ ကုိ ခဏခဏ သြားျဖစ္ ခဲ့ပါတယ္ ။ ”

” ဒါေၾကာင့္ နီကုိလပ္စ္ ပီပီ ဟာ အရည္အေသြးေကာင္းေတြ ရွိတဲ့ ကစားသမား တစ္ေယာက္မွန္း က်ေနာ္ ေကာင္းေကာင္းသိပါတယ္ ။ ဒါေပမယ့္ ျပင္သစ္ စကားေျပာတဲ့ အာဖရိကန္ ေကာင္ေလး တစ္ေယာက္ အဂၤလန္မွာ အထုိင္က်ဖုိ႔ အခ်ိန္ ဘယ္ေလာက္အထိ ေစာင့္ဆုိင္းရမွာလဲ ဆုိတာက ေမးခြန္းထုတ္စရာပါ ။ သူက အရည္အခ်င္း ရွိတဲ့ ကေလး တစ္ေယာက္ပါ ။ အာဆင္နယ္ အသင္းအတြက္ ေကာင္းမြန္တဲ့ ေခၚယူမႈ တစ္ခုပါ ။ ”

” တီယာေနး ကေတာ့ မြန္ရီရဲလ္ အငယ္စားေလးပါပဲ ။ အသင္းအတြက္ အားကုိးရျပီး ေပါင္းသင္း ဆက္ဆံေရးလည္း ေကာင္းမယ့္ ကစားသမား တစ္ဦးပါ ၊ သူက ကုိယ့္ကုိယ္လည္း ႏွိမ့္ခ် ဆက္ဆံတတ္မယ့္ ပုံပါပဲ ။ က်ေနာ္ကေတာ့ သူ႔ပုံစံ ကုိ သေဘာက်ပါတယ္ ။ ”

” ဆီဘယ္ေလာ့ လုိ ကစားသမားမ်ဴ ိး ကေတာ့ အာဆင္နယ္ အသင္း မွာ ရွိေနျပီးသားပါ ။ သူက ကစားသမားေကာင္းတစ္ဦး ျဖစ္ေပမယ့္ အာဆင္နယ္ အသင္းမွာ ဆီဘယ္ေလာ့ လုိ ကစားသမားမ်ဴ ိးက ရွိေနပါတယ္ ။ မီခီတာရန္း ၊ အုိေဇးလ္ ၊ ဆီဘယ္ေလာ့ တုိ႕က ကစားေပါက္ ဆင္တူၾကတဲ့သူေတြပါ ။ ”

” ေဒးဗစ္လူးဝဇ္ အေၾကာင္းကုိေတာ့ နည္းျပက ေကာင္းေကာင္း သိျပီးသားပါ ။ ေဒးဗစ္ ဘာလုပ္ႏုိင္တယ္ ၊ ဘာမလုပ္ႏုိင္ဘူး ဆုိတာ နည္းျပ သိမွာပါ ။ ေဒးဗစ္လူးဝဇ္ ရဲ႕ အရည္အခ်င္း နဲ႔ သူ အသင္းရဲ႕ဘယ္လုိ ေနရာကုိ ပုိမုိ ေကာင္းမြန္လာေအာင္ လုပ္ႏုိင္မလဲဆုိတာ သိျပီးသား ျဖစ္ၾကမွာပါ ။ ”

” သူက အမွားေတြ က်ဴ းလြန္ေလ့ေတာ့ ရွိပါတယ္ ။ သူ ပြဲအေပၚ အာရုံ စူးစုိက္မႈ နည္းတဲ့ အခ်ိန္မ်ဴ ိးမွသာ အမွား လုပ္ေလ့ ရွိတာပါ ။ အသင္းသစ္ ကုိ ေျပာင္းလာတဲ့ အခါမ်ဴ ိးမွာ သူ႔ ကုိ ေခၚယူတာ မွန္ကန္တယ္ဆုိတာ သက္ေသျပဖုိ႔ ၾကိဳးစားမွာေတာ့ အမွန္ပါပဲ ။ လူးဝဇ္ အတြက္ အခုလုိ အသက္အရြယ္မွာ ပရီးမီးယားလိဂ္မွာ ကစားခြင့္ ရေနေသးတာက တကယ့္ကုိ အခြင့္အေရးေကာင္းပါပဲ ။ ” လုိ႔ ေဝဖန္ သုံးသပ္ သြားခဲ့ပါတယ္ ။

SPORTS MYANMAR

Unicode

အာဆင်နယ် အသင်းရဲ့ နွေရာသီ ကစားသမား ခေါ်ယူမှုအပေါ် ဝေဖန် သုံးသပ်လိုက်တဲ့ #မော်ရင်ဟို
============================

အာဆင်နယ် အသင်း ဟာ ဒီနွေရာသီ အပြောင်းအရွှေ့ကာလမှာ ကစားသမား ခြောက်ဦး အထိ ခေါ်ယူ အင်အား ဖြည့်တင်းခဲ့ပြီး ဆာလီဘာကိုတော့ စိန့်အက်တီယန် အသင်းထံ အငှား ပြန်ချ ထားခဲ့ပါတယ် ။ မော်ရင်ဟို ကတော့ အာဆင်နယ် အသင်းရဲ့ ကစားသမား ခေါ်ယူမှု အပေါ် ထုတ်ဖော် ချီးကျူ း သွားခဲ့ပါတယ် ။

မော်ရင်ဟို က နီကိုလပ်စ်ပီပီ ၊ တီယာနေး ၊ ဒေးဗစ်လူးဝဇ် တို့ဟာ အာဆင်နယ် အသင်းမှာ အောင်မြင်မှု ရနိုင်မယ့် ကစားသမားတွေ ဖြစ်ကြောင်း သုံးသပ် ပြောကြား လိုက်ပြီး ဆီဘယ်လော့ လို ကစားသမားမျူ ိးက ဂန်းနားတို့မှာ ရှိနေပြီးသား ဖြစ်နေကြောင်း ဆိုပါတယ် ။

မော်ရင်ဟို က Sky Sports မှာ အာဆင်နယ် အသင်း ရဲ့ ကစားသမား ခေါ်ယူမှု နဲ့ ပတ်သက်ပြီး ” ကျွန်တော် လိုင်လီ အသင်းပွဲ တော်တော်များများကို ကြည့်ဖူးပါတယ် ။ မန်ယူနိုက်တက် ကနေ ထုတ်ခံလိုက်ရတဲ့ အချိန်မှာ အင်္ဂလန် က ဘောလုံးကွင်းတွေဆီ မသွားချင်တာကြောင့် လိုင်လီ ကို ခဏခဏ သွားဖြစ် ခဲ့ပါတယ် ။ ”

” ဒါကြောင့် နီကိုလပ်စ် ပီပီ ဟာ အရည်အသွေးကောင်းတွေ ရှိတဲ့ ကစားသမား တစ်ယောက်မှန်း ကျနော် ကောင်းကောင်းသိပါတယ် ။ ဒါပေမယ့် ပြင်သစ် စကားပြောတဲ့ အာဖရိကန် ကောင်လေး တစ်ယောက် အင်္ဂလန်မှာ အထိုင်ကျဖို့ အချိန် ဘယ်လောက်အထိ စောင့်ဆိုင်းရမှာလဲ ဆိုတာက မေးခွန်းထုတ်စရာပါ ။ သူက အရည်အချင်း ရှိတဲ့ ကလေး တစ်ယောက်ပါ ။ အာဆင်နယ် အသင်းအတွက် ကောင်းမွန်တဲ့ ခေါ်ယူမှု တစ်ခုပါ ။ ”

” တီယာနေး ကတော့ မွန်ရီရဲလ် အငယ်စားလေးပါပဲ ။ အသင်းအတွက် အားကိုးရပြီး ပေါင်းသင်း ဆက်ဆံရေးလည်း ကောင်းမယ့် ကစားသမား တစ်ဦးပါ ၊ သူက ကိုယ့်ကိုယ်လည်း နှိမ့်ချ ဆက်ဆံတတ်မယ့် ပုံပါပဲ ။ ကျနော်ကတော့ သူ့ပုံစံ ကို သဘောကျပါတယ် ။ ”

” ဆီဘယ်လော့ လို ကစားသမားမျူ ိး ကတော့ အာဆင်နယ် အသင်း မှာ ရှိနေပြီးသားပါ ။ သူက ကစားသမားကောင်းတစ်ဦး ဖြစ်ပေမယ့် အာဆင်နယ် အသင်းမှာ ဆီဘယ်လော့ လို ကစားသမားမျူ ိးက ရှိနေပါတယ် ။ မီခီတာရန်း ၊ အိုဇေးလ် ၊ ဆီဘယ်လော့ တို့က ကစားပေါက် ဆင်တူကြတဲ့သူတွေပါ ။ ”

” ဒေးဗစ်လူးဝဇ် အကြောင်းကိုတော့ နည်းပြက ကောင်းကောင်း သိပြီးသားပါ ။ ဒေးဗစ် ဘာလုပ်နိုင်တယ် ၊ ဘာမလုပ်နိုင်ဘူး ဆိုတာ နည်းပြ သိမှာပါ ။ ဒေးဗစ်လူးဝဇ် ရဲ့ အရည်အချင်း နဲ့ သူ အသင်းရဲ့ဘယ်လို နေရာကို ပိုမို ကောင်းမွန်လာအောင် လုပ်နိုင်မလဲဆိုတာ သိပြီးသား ဖြစ်ကြမှာပါ ။ ”

” သူက အမှားတွေ ကျူ းလွန်လေ့တော့ ရှိပါတယ် ။ သူ ပွဲအပေါ် အာရုံ စူးစိုက်မှု နည်းတဲ့ အချိန်မျူ ိးမှသာ အမှား လုပ်လေ့ ရှိတာပါ ။ အသင်းသစ် ကို ပြောင်းလာတဲ့ အခါမျူ ိးမှာ သူ့ ကို ခေါ်ယူတာ မှန်ကန်တယ်ဆိုတာ သက်သေပြဖို့ ကြိုးစားမှာတော့ အမှန်ပါပဲ ။ လူးဝဇ် အတွက် အခုလို အသက်အရွယ်မှာ ပရီးမီးယားလိဂ်မှာ ကစားခွင့် ရနေသေးတာက တကယ့်ကို အခွင့်အရေးကောင်းပါပဲ ။ ” လို့ ဝေဖန် သုံးသပ် သွားခဲ့ပါတယ် ။

SPORTS MYANMAR