ဖာဒီနန် နဲ့ ဆိုးရှား တို့ဆီက ချီးကျုးစကားတွေ ရခဲ့တဲ့ အီဟာလို

မန်ချက်စတာ ယူနိုက်တက် နည်းပြ အိုလီ ဂန်နာ ဆိုးရှား နဲ့ အသင်း ခေါင်းဆောင်ဟောင်း ရီယို ဖာဒီနန် တို့ ဟာ ယမန်နေ့ ညက ကစားခဲ့တဲ့ FA Cup ပွဲစဉ် မှာ ယူနိုက်တက် အတွက် ၂ ဂိုး သွင်းယူ ပေးခဲ့တဲ့ တိုက်စစ်မှုး အီဟာလို အပေါ် ချီးကျုး စကားတွေ အသီးသီး ပြောဆိုခဲ့ ကြပါတယ် ။ ယူနိုက်တက် ဟာ FA Cup Fifth Round ပွဲစဉ် အဖြစ် ဒါဘီ ကောင်တီ အသင်း နဲ့ ယှဉ်ပြိုင် ကစား ခဲ့ပြီး ၃ – ၀ နဲ့ အနိုင် ရခဲ့ ပါတယ် ။

အီဟာလို ဟာ ပွဲချိန် ပထမပိုင်း နဲ့ ဒုတိယ ပိုင်း တို့ မှာ ယူနိုက်တက် အတွက် တစ်ဂိုးစီ သွင်းယူ ပေးခဲ့ပြီး ကျန် တစ်ဂိုး ကတော့ လုခ်ရှော ရဲ့ အဖွင့်ဂိုးပဲ ဖြစ်ပါတယ် ။ အီဟာလို ကတော့ နောက်ဆုံး ကစား ပေးခဲ့တဲ့ ၂ ပွဲ ( ယူရိုပါလိဂ် ၊ FA Cup ) ဆက်တိုက် မှာ ဂိုးသွင်း ယူနိုင်ခဲ့တာပဲ ဖြစ် ပါတယ် ။

ရီယို ဖာဒီနန် ကတော့ သူဟာ အီဟာလို ရဲ့ ပြောင်းရွှေ့ လာမှု နဲ့ ပတ်သက်တဲ့ သူ့ရဲ့ အမြင် ကို ပြောင်းလဲ ပစ်လိုက် ပြီလို့ ပထမပိုင်း အပြီးမှာ ပြောဆိုသွား ခဲ့ ပါတယ် ။ အီဟာလို ဟာ ဇန်နဝါရီ အပြောင်း အရွှေ့ ပိတ်ခါနီး မှာမှ မန်ချက်စတာ ယူနိုက်တက် ကို ရောက်လာခဲ့ တာဖြစ်ပါတယ် ။

ယူနိုက်တက် ဟာ မားကပ် ရက်ဖိုဒ့် ဒဏ်ရာ ရရှိမှု ကြောင့် တိုက်စစ်မှုး တစ်ဦး ကို မဖြစ်မနေ ရှာဖွေ ခဲ့ရ ပေမယ့် ဈေးကွက် ပိတ်ခါနီး အထိ အဆင်မပြေ ဖြစ်နေခဲ့ ပါတယ် ။ ဦးစားပေး ပစ်မှတ်တွေ တစ်ခုပြီး တစ်ခု လက်လွှတ် ရ အပြီး မှာတော့ တရုတ် စူပါလိဂ် မှာ ကစား နေတဲ့ ဝက်ဖိုဒ့် တိုက်စစ်မှုး ဟောင်း အီဟာလို ကို ၆ လ အငှား စာချုပ် နဲ့ ခေါ်ယူနိုင် ခဲ့ ပါတယ် ။

အီဟာလို ဟာ ယူနိုက်တက် ကို အားပေးတဲ့ ပရိသတ် တစ်ဦး ဖြစ်ခဲ့ ပေမယ့် ဒီ အပြောင်း အရွှေ့ အပေါ် ကျေနပ်မှု မရှိသူတွေ များခဲ့ ပါတယ် ။ ဒီအထဲ မှာ ရီယို ဖာဒီနန် လည်း တစ်ဦး အပါအဝင် ဖြစ်ခဲ့ ပါတယ် ။ ဒါပေမယ့် ယမန်နေ့ ညက ပွဲ ရဲ့ ပထမပိုင်း အပြီးမှာတော့ ဖာဒီနန် က အီဟာလို အပေါ် အမြင်တွေ ပြောင်းလဲ ခဲ့ပြီ ဖြစ်ကြောင်း ပြောဆိုရင်း တိုက်စစ်မှုးကို ချီးကျုး စကား ဆိုသွားခဲ့ ပါတယ် ။

“တကယ်လို့ ယူနိုက်တက် သာ ဇန်နဝါရီ အပြောင်း အရွှေ့ ရဲ့ အစပိုင်း မှာ လူခေါ် ခဲ့မယ် ဆိုရင် သူတို့ အီဟာလို ကို ကျိန်းသေပေါက် ရွေးချယ်မှာ မဟုတ်ပါဘူး ။ သူ ရောက်လာချိန် မှာလည်း သိပ်ပြီး မျှော်လင့် မထား ခဲ့ကြပါဘူး ။ ကျွန်တော် အပါ အဝင် ပါပဲ”

“အခုတော့ ကျွန်တာ် အပါအဝင် လူ အတော်များများ ဟာ အီဟာလို နဲ့ ပတ်သက်ပြီး အမြင်တွေ ပြောင်းလဲ ကုန်ကြ လောက်ပါပြီ ။ သူ ဟာ အသင်းအတွက် အပြည့် အ၀ အာရုံစိုက် ထားပြီး မာရှယ် နဲ့ ရက်ဖိုဒ့် တို့ ဆီက မရနိုင်တဲ့ အရာမျိုးတွေ ကိုတောင် ပေးစွမ်းနိုင်ခဲ့ ပါတယ် ။ အဲ့ဒါကတော့ ပူးပေါင်း ကစားတတ်ခြင်း ပါပဲ”

“တကယ်လို့ ရက်ဖိုဒ့် နဲ့ မာရှယ် တို့ သာ ဆိုရင် သူတို့ ဆီ ဘောလုံး ရောက်လာတာ နဲ့ ကန် ဖို့ အရင်ဆုံး စိတ်ကူး ကြပါတယ် ။ အီဟာလို ကတော့ နောက်ထပ် ရွေးချယ် နိုင်စရာ တွေ ရှိဦး မလား ဆိုတာ ကို အရင်ဆုံး အကဲခတ် ပြီးမှ ဆုံးဖြတ်ချက် ကို ချမှတ် တာပါ”

“သူ့ရဲ့ ကာယပိုင်း နဲ့ ဖိအားပေးမှု ကို ခံနိုင်စွမ်း ဟာလည်း အသင်းအတွက် အထောက် အကူ ဖြစ်စေခဲ့ ပါတယ် ။ ယူနိုက်တက် ကို သူ ယူဆောင်လာ ခဲ့တဲ့ အရာတွေ အတွက် အားလုံး ပျော်ရွှင် ကျေနပ် နေကြလိမ့်မယ် ဆိုတာ ကျွန်တော် ပြောနိုင် ပါတယ်” လို့ ဖာဒီနန် က ပြောဆို ချီးကျုး သွားခဲ့ ပါတယ် ။

ယူနိုက်တက် ဟာ အီဟာလို ရဲ့ အားထုတ်မှု နဲ့ အကူ အညီ ပေးနိုင်စွမ်းတို့ ကို သဘောကျနေ တာကြောင့် အပြီးသတ် ဝယ်ယူဖို့ အထိ ပါ စိတ်ကူးထား ကြောင်း သိရ ပါတယ် ။ အီဟာလို ဟာ တရုတ် မှာ ရရှိတဲ့ လုပ်ခ လစာ ထက် များစွာ လျော့ချပြီး ယူနိုက်တက် မှာ ကစားလိုတဲ့ သူ့ရဲ့ အိပ်မက်တွေ အကောင်အထည် ပေါ်လာ စေဖို့ ကြိုးစား ခဲ့တာလို့လည်း သိရ ပါတယ် ။

ယူနိုက်တက် ဟာ FA Cup ကွာတား ဖိုင်နယ် မှာ နောဝစ်ချ် စီးတီး အသင်း နဲ့ အဝေးကွင်း ပွဲစဉ် ကို ယှဉ်ပြိုင် ကစား ရမှာ ဖြစ်ပါတယ် ။ လာမယ့် တနင်္ဂနွေ နေ့ မှာတော့ ယူနိုက်တက် ဟာ ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် မန်ချက်စတာ စီးတီး အသင်း နဲ့ ယှဉ်ပြိုင် ကစား ရမှာပဲ ဖြစ် ပါတယ် ။

SPORTS MYANMAR