* မက္ဒရစ္ အေျခစိုက္ သတင္းစာေတြကေတာ့ ရီးရဲနည္းျပ လိုပီတီဂြီဟာ ဒီတစ္ပတ္မွာ ကစားမယ့္ ဂီရိုနာ အသင္းနဲ႔ ပြဲစဥ္မွာ ခ်ဲဆီးကေန ေျပာင္းေရႊ႕လာခဲ့တဲ့ ဂိုးသမား ေကာ့တြိဳက္စ္ကို စတင္ ပြဲထုတ္ ကစားလာလိမ့္မယ္လို႔ ေရးသားေဖာ္ျပလိုက္ပါတယ္။

* ဘရာဇီး တုိက္စစ္မႈးေဟာင္းၾကီး ရီဗာဒိုကေတာ့ ဗီနီစီးယပ္ဟာ စီနီယာ ကစားသမား စာရင္းမွာ ပါ၀င္ဖို႔ အသင့္ျဖစ္ေနတဲ့ အဆင့္ကို ေရာက္ရွိေနျပီ ျဖစ္တာေၾကာင့္၊ ရီးရဲမွာ ေနရင္း ကစားခြင့္ေတြ မဆံုးရႈံးဖို႔ သတိေပး ေျပာဆိုသြားခဲ့ပါတယ္။

* ဂိုးသမား ကာဆီလာက သူ႔ရဲ႕ အေနအထားဟာ တတိယ ဦးစားေပး အဆင့္ကို ေရာက္ရွိသြားခဲ့ေသာ္လဲ၊ လက္ရွိ အေျပာင္းအေရႊ႕မွာ အသင္းမေျပာင္းပဲ ဘာေနဗ်ဴးမွာ ဆက္ရွိေနလိမ့္မယ္လို႔ ဆိုပါတယ္။ သူရဲ႕ စာခ်ဳပ္သက္တမ္းဟာ ၂ ႏွစ္အထိ က်န္ရွိေသးတာပါ။

* လူငယ္တိုက္စစ္ ကစားသမား အဆန္စီယုိကေတာ့ သူ႔အေနနဲ႔ အသင္းအတြက္ လက္ရွိ အေနအထားထက္ ပိုျပီးေတာ့ အေရးပါတဲ့ ကစားသမားမ်ိဳး ျဖစ္လာဖို႔ ၾကိဳးစားသြားမယ္လို႔ GQ မဂၢဇင္းနဲ႔ အင္တာဗ်ဴးမွာ ထုတ္ေဖာ္ေျပာဆုိသြားခဲ့ပါတယ္။

* စပိန္ ေဘာလံုးအေျပာင္းအေရႊ႕ မပိတ္သိမ္းခင္အထိ ကလပ္အသင္း 9 သင္းေလာက္ဟာ ဗီနီစီးယပ္ကို အငွားနဲ႔ ေခၚယူဖုိ႔ ၾကိဳးစားေနဆဲ ျဖစ္တယ္လို႔ စပိန္သတင္းအခ်ိဳ႕က ဆိုပါတယ္။ အဲဒီ အသင္းေတြကေတာ့ ဗလက္ကာႏုိ၊ ဗယ္လာဒိုးလစ္၊ ဘက္တစ္၊ ဆုိစီဒက္၊ လီဂါနက္၊ ဂီရုိနာ၊ အက္စ္ပန္ေညာ္၊ နန္႔တက္ နဲ႔ အူးဒီးနီးစ္ အသင္းတို႔ ျဖစ္ပါတယ္။

* ရီးရဲမက္ဒရစ္နဲ႔ သတင္းေတြ ထြက္ေပၚခဲ့တဲ့ ေတာင္ပံကစားသမား ဟာဇက္ဟာ ဒီရာသီမွာေတာ့ အသင္းမွာ ဆက္ရွိသြားမွာ ျဖစ္ေၾကာင္း ခ်ဲဆီးအသင္းရဲ႕ နည္းျပ ဆာရီကိုယ္တုိင္က မေန႔ညက ထုတ္ေဖာ္ေျပာဆုိသြားခဲ့ပါတယ္။

* ဒီႏွစ္ အေျပာင္းအေရႊ႕ ရာသီမွ ရီးရဲမက္ဒရစ္အသင္းထံ ေရာက္ရွိလာခဲ့တဲ့ လူငယ္ ကစားသမား ဗီနီစီးယပ္ကေတာ့ ဒီရာသီမွာ Madrid Castilla အသင္းမွာပဲ ကစားေပးလိမ့္မယ္လို႔ သတင္းေတြက ေဖာ္ျပလိုက္ပါတယ္။ အေစာပိုင္းမွာေတာ့ ရီးရဲဟာ သူ႔ကို စီနီယာ ပြဲထြက္ကစားခြင့္ ေပးႏိုင္တဲ့ အသင္းတစ္သင္းထံ အငွားခ်ဖို႔ စီစဥ္ေနတဲ့ သတင္းေတြလဲ ထြက္ေပၚခဲ့ဖူးပါတယ္။

* ရီးရဲမက္ဒရစ္မွာ ျပန္လည္ေနရာ ရဖို႔ မျဖစ္ႏိုင္ေတာ့တဲ့ ဘယ္ေနာက္ခံလူ ကြန္ထရာအိုအတြက္ ကမ္းလွမ္းလာမယ့္ အသင္းေတြကို ဘာေနဗ်ဴးကလပ္ ေစာင့္ေမွ်ာ္လွ်က္ ရွိေနပါတယ္။ သူဟာ မၾကာေသးခင္ကမွ အသင္းထံ ျပန္လည္ ေရာက္ရွိလာခဲ့သူ ျဖစ္ျပီး၊ ေလ့က်င့္ေရး အစီအစဥ္ေတြကို တစ္ဦးတည္း လုပ္ေဆာင္ေနရသူ ျဖစ္ပါတယ္။

* ရီးရဲမက္ဒရစ္ အသင္းရဲ႕ အသက္ 28 ႏွစ္အရြယ္ ေနာက္တန္း ကစားသမား နာခ်ိဳကေတာ့ သူ႔အေနနဲ႔ ကစားသမား ဘ၀ တစ္ေလွ်ာက္လံုး ဘာေနဗ်ဴးမွာ ဆက္ရွိသြားဖို႔ ဆႏၵရွိေနတယ္လို႔ ထုတ္ေဖာ္ေျပာဆုိသြားခဲ့သလို၊ အမ်ားအျမင္မွာလဲ သူဟာ One Club Man တစ္ေယာက္အျဖစ္ သတ္မွတ္ခံရခ်င္တယ္လို႔ ဖြင့္ဟသြားခဲ့ပါတယ္။ သူဟာ လက္ရွိ အခ်ိန္ထိ ရီးရဲအတြက္ စုစုေပါင္း 161 ပြဲ ပါ၀င္ ကစားေပးထားျပီးျပီ ျဖစ္ပါတယ္။

* ဗလက္ကာႏို အသင္းဟာ ရီးရဲမက္ဒရစ္ အသင္းရဲ႕ လူငယ္ တိုက္စစ္မႈးေလး ရာအူးဒီေသာမတ္ကို တစ္ရာသီ အငွားနဲ႔ ေခၚယူထားႏို္င္ခဲ့ျပီ ျဖစ္ပါတယ္။ ဒါ့အျပင္ ရီးရဲ B အသင္းေခါင္းေဆာင္ လီယြန္ဘာနဲဟာလဲ ဗလက္ကာႏိုထံ ႏွစ္ရာသီ အငွားနဲ႔ ေျပာင္းေရႊ႕ ကစားဖို႔ သေဘာတူညီမႈ ရရွိထားျပီးျပီ ျဖစ္ပါတယ္။

ရီးရဲမက်ဒရစ် သတင်းတိုများ

* မက်ဒရစ် အခြေစိုက် သတင်းစာတွေကတော့ ရီးရဲနည်းပြ လိုပီတီဂွီဟာ ဒီတစ်ပတ်မှာ ကစားမယ့် ဂီရိုနာ အသင်းနဲ့ ပွဲစဉ်မှာ ချဲဆီးကနေ ပြောင်းရွှေ့လာခဲ့တဲ့ ဂိုးသမား ကော့တွိုက်စ်ကို စတင် ပွဲထုတ် ကစားလာလိမ့်မယ်လို့ ရေးသားဖော်ပြလိုက်ပါတယ်။

* ဘရာဇီး တိုက်စစ်မှုးဟောင်းကြီး ရီဗာဒိုကတော့ ဗီနီစီးယပ်ဟာ စီနီယာ ကစားသမား စာရင်းမှာ ပါဝင်ဖို့ အသင့်ဖြစ်နေတဲ့ အဆင့်ကို ရောက်ရှိနေပြီ ဖြစ်တာကြောင့်၊ ရီးရဲမှာ နေရင်း ကစားခွင့်တွေ မဆုံးရှုံးဖို့ သတိပေး ပြောဆိုသွားခဲ့ပါတယ်။

* ဂိုးသမား ကာဆီလာက သူ့ရဲ့ အနေအထားဟာ တတိယ ဦးစားပေး အဆင့်ကို ရောက်ရှိသွားခဲ့သော်လဲ၊ လက်ရှိ အပြောင်းအရွှေ့မှာ အသင်းမပြောင်းပဲ ဘာနေဗျူးမှာ ဆက်ရှိနေလိမ့်မယ်လို့ ဆိုပါတယ်။ သူရဲ့ စာချုပ်သက်တမ်းဟာ ၂ နှစ်အထိ ကျန်ရှိသေးတာပါ။

* လူငယ်တိုက်စစ် ကစားသမား အဆန်စီယိုကတော့ သူ့အနေနဲ့ အသင်းအတွက် လက်ရှိ အနေအထားထက် ပိုပြီးတော့ အရေးပါတဲ့ ကစားသမားမျိုး ဖြစ်လာဖို့ ကြိုးစားသွားမယ်လို့ GQ မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

* စပိန် ဘောလုံးအပြောင်းအရွှေ့ မပိတ်သိမ်းခင်အထိ ကလပ်အသင်း 9 သင်းလောက်ဟာ ဗီနီစီးယပ်ကို အငှားနဲ့ ခေါ်ယူဖို့ ကြိုးစားနေဆဲ ဖြစ်တယ်လို့ စပိန်သတင်းအချို့က ဆိုပါတယ်။ အဲဒီ အသင်းတွေကတော့ ဗလက်ကာနို၊ ဗယ်လာဒိုးလစ်၊ ဘက်တစ်၊ ဆိုစီဒက်၊ လီဂါနက်၊ ဂီရိုနာ၊ အက်စ်ပန်ညော်၊ နန့်တက် နဲ့ အူးဒီးနီးစ် အသင်းတို့ ဖြစ်ပါတယ်။

* ရီးရဲမက်ဒရစ်နဲ့ သတင်းတွေ ထွက်ပေါ်ခဲ့တဲ့ တောင်ပံကစားသမား ဟာဇက်ဟာ ဒီရာသီမှာတော့ အသင်းမှာ ဆက်ရှိသွားမှာ ဖြစ်ကြောင်း ချဲဆီးအသင်းရဲ့ နည်းပြ ဆာရီကိုယ်တိုင်က မနေ့ညက ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

* ဒီနှစ် အပြောင်းအရွှေ့ ရာသီမှ ရီးရဲမက်ဒရစ်အသင်းထံ ရောက်ရှိလာခဲ့တဲ့ လူငယ် ကစားသမား ဗီနီစီးယပ်ကတော့ ဒီရာသီမှာ Madrid Castilla အသင်းမှာပဲ ကစားပေးလိမ့်မယ်လို့ သတင်းတွေက ဖော်ပြလိုက်ပါတယ်။ အစောပိုင်းမှာတော့ ရီးရဲဟာ သူ့ကို စီနီယာ ပွဲထွက်ကစားခွင့် ပေးနိုင်တဲ့ အသင်းတစ်သင်းထံ အငှားချဖို့ စီစဉ်နေတဲ့ သတင်းတွေလဲ ထွက်ပေါ်ခဲ့ဖူးပါတယ်။

* ရီးရဲမက်ဒရစ်မှာ ပြန်လည်နေရာ ရဖို့ မဖြစ်နိုင်တော့တဲ့ ဘယ်နောက်ခံလူ ကွန်ထရာအိုအတွက် ကမ်းလှမ်းလာမယ့် အသင်းတွေကို ဘာနေဗျူးကလပ် စောင့်မျှော်လျှက် ရှိနေပါတယ်။ သူဟာ မကြာသေးခင်ကမှ အသင်းထံ ပြန်လည် ရောက်ရှိလာခဲ့သူ ဖြစ်ပြီး၊ လေ့ကျင့်ရေး အစီအစဉ်တွေကို တစ်ဦးတည်း လုပ်ဆောင်နေရသူ ဖြစ်ပါတယ်။

* ရီးရဲမက်ဒရစ် အသင်းရဲ့ အသက် 28 နှစ်အရွယ် နောက်တန်း ကစားသမား နာချိုကတော့ သူ့အနေနဲ့ ကစားသမား ဘ၀ တစ်လျှောက်လုံး ဘာနေဗျူးမှာ ဆက်ရှိသွားဖို့ ဆန္ဒရှိနေတယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့သလို၊ အများအမြင်မှာလဲ သူဟာ One Club Man တစ်ယောက်အဖြစ် သတ်မှတ်ခံရချင်တယ်လို့ ဖွင့်ဟသွားခဲ့ပါတယ်။ သူဟာ လက်ရှိ အချိန်ထိ ရီးရဲအတွက် စုစုပေါင်း 161 ပွဲ ပါဝင် ကစားပေးထားပြီးပြီ ဖြစ်ပါတယ်။

* ဗလက်ကာနို အသင်းဟာ ရီးရဲမက်ဒရစ် အသင်းရဲ့ လူငယ် တိုက်စစ်မှုးလေး ရာအူးဒီသောမတ်ကို တစ်ရာသီ အငှားနဲ့ ခေါ်ယူထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ရီးရဲ B အသင်းခေါင်းဆောင် လီယွန်ဘာနဲဟာလဲ ဗလက်ကာနိုထံ နှစ်ရာသီ အငှားနဲ့ ပြောင်းရွှေ့ ကစားဖို့ သဘောတူညီမှု ရရှိထားပြီးပြီ ဖြစ်ပါတယ်။