ချန်​ပီယံလိဂ်​ဖလား ဆုရှင်​ လီ​ဗာပူးဟာ လာမည့်​ ကြာသာပ​တေး​နေ့ မနက်​​အ​စောပိုင်းမှာ​တော့ ယူအီးအက်​​​အေ စူပါဖလား ပွဲစဉ်​အဖြစ်​ ယူရိုပါလိဂ်​ ချန်​ပီယံ ချဲလ်​ဆီးအသင်းနဲ့ သမိုင်းဝင်​ အစ္စတန်​ဘူမှာ ဖလားလုရ​တော့မှာ ဖြစ်​ပါတယ်​။ ယာဂန်​က​လော့ ဟာ ဒီပွဲမတိုင်​မီ ယူအီးအက်​​​အေ နဲ့ သီးသန့် အင်​တာ​ဗျူး လုပ်​သွားခဲ့ပြီး ၎င်းနဲ့ ​တွေ့ဆုံ ​မေးမြန်းမှု​တွေကို ယခုလိုပဲ ​ဖော်​ပြ​ပေးလိုက်​ပါတယ်​။

ချန်​ပီယံလိဂ်​ဖလားကြီးကို ခင်​​ဗျားလက်​နဲ့ ကိုင်​​မြှောက်​ခွင့်​ ရခဲ့တဲ့ ခံစားချက်​က ဘယ်​လိုမျိုးလဲ?

ယာဂန်​က​လော့း ဒါဟာ အရမ်းကို ကြီးကြယ်​ခမ်းနား လွန်းပါတယ်​။ ဒါ​ပေမယ့်​ ဆုဖလားကို ထိ​တွေ့ခွင့်​ ရတာဟာ ဘဝမှာ တကယ်​လိုအပ်​တဲ့ အရာ မဟုတ်​ပါဘူး။ ဖလား ဆွတ်​ခူးနိုင်​ခဲ့တဲ့ အခွင့်​အ​ရေး ရတာကသာ လုံးဝကို ခြားနား သွားပါတယ်​။ ဒါ့​​ကြောင့်​ ကျွန်​​တော်​ကိုယ်​တိုင်​ ဖလားကိုင်​​မြှောက်​ ရတာထက်​ အသင်း​အောင်​မြင်​မှု ရခဲ့တာကို ကျွန်​​တော်​ ပိုပြီး ​ပျော်​ရွှင်​ပါတယ်​။

အသင်းသား​တွေ အားလုံး ဖလား ကိုင်​​မြှောက်​ ​နေတာကို ကြည့်​ရတာ အရမ်း​ကောင်းပါတယ်​။ ဘာလို့လဲဆို​တော့ အခြားသူ​တွေရဲ့ စိတ်​ခံစားချက်​​တွေကို ကိုယ်​မြင်​​နေရလို့ပါ။ ကျွန်​​တော့်​ဘဝမှာ တစ်​သက်​လုံး ​မေ့​ဖျောက်​လို့ မရ​တော့မယ့်​ လှပတဲ့ ပုံရိပ်​​တွေ ကျွန်​​တော့်​ ​ခေါင်းထဲမှာ ရှိ​နေပါတယ်​။ အမှန်​ပါပဲ။ ဒီထဲက တစ်​ခုက​တော့ ဟန်​ဒို ဖလား ကိုင်​​မြှောက်​လိုက်​တဲ့ အချိန်​မှာ ကျွန်​​တော်​တို့ အားလုံး အတူ ​အောင်​ပွဲခံခဲ့ကြတဲ့ အချိန်​ပါပဲ။

ခင်​ဗျားရဲ့ ကစားသမား​တွေကို `စိတ်​ဓာတ်​ခွန်​အား ကြီးမားသူ​တွေ´ ဆိုတဲ့ စကားလုံးကို သုံးခဲ့တယ်​​နော်​။ ဒါဟာ ဖိုင်​နယ်​မှာ အနိုင်​ရဖို့အတွက်​ အဓိက​သော့ချက်​ ဖြစ်​ခဲ့သလား? ဖလားရခဲ့တာ​ကြောင့်​ အခုကစားသမား​တွေ ဒါကို ထပ်​ပြီးလိုအပ်​မယ်​လို့ ကျွန်​​တော်​ထင်​တာပဲ။

ယာဂန်​က​လော့း ဒါဟာ အလုပ်​ဖြစ်​ခဲ့တယ်​ဆိုတာ သိသွားခဲ့တာဟာ ​နောက်​တစ်​ခါလည်း အလုပ်​ဖြစ်​နိုင်​အုံးမယ်​ ဆိုတဲ့ ယုံကြည်​မှုကို ရ​စေပါတယ်​။ ၁၀၀%ပါ။ ဘယ်​အရာမဆို ဖြစ်​နိုင်​တယ်​လို့ ​ကောင်​​လေး​တွေကို ကျွန်​​တော်​ ယုံကြည်​မှု ​ပေးရာမှာ ဒါဟာ အကူအညီ ဖြစ်​​စေပါတယ်​။ ဘုရားသခင်​ကို ​ကျေးဇူးတင်​ပါတယ်​။ အဝတ်​လဲခန်းထဲမှာ ဒီလို အရာ​တွေကို ယုံကြည်​တဲ့သူ ကျွန်​​တော်​ တစ်​​ယောက်​တည်း ဖြစ်​မ​နေလို့ပါ။ ဒါဟာ အများကြီး အကူအညီ ဖြစ်​စေပါတယ်​။ ကျွန်​​တော်​တို့ဟာ ထူးခြားတဲ့ အရာ​တွေ လုပ်​နိုင်​စွမ်း ရှိတယ်​ဆိုတာ ပရိတ်​သတ်​​တွေလည်း ယုံကြည်​ထားကြပါတယ်​။

စပယ်​ရှယ်​ အ​ငွေ့အသက်​ကို ဖန်​တီးဖို့အတွက်​ အခြား နည်းလမ်းမရှိပါဘူး။ ကျွန်​​တော်​တို့ ဒါကို လုပ်​ကို လုပ်​သွားရမှာပါ။ ဒါဟာ ဘယ်​လို အလုပ်​ဖြစ်​တယ်​ ဆိုတာ ကျွန်​တော်​တို့ သိပါတယ်​။ တစ်​ခါတစ်​ရံ ကျွန်​​တော်​တို့ဘက်​က စတင်​ ရသလို တစ်​ခါတစ်​ရံ ပရိတ်သတ်​​တွေ ဘက်​က စတင်​ရပါတယ်​။ ဒါဟာ အ​ရေးမကြီးပါဘူး။ အ​ရေးကြီးတာက​တော့ စပယ်​ရှယ်​ အ​ငွေ့အသက်​ကို ဖန်​တီး နိုင်​ဖို့ပါပဲ။

နောက်​တစ်​ခု​ ​ပြောရ​အောင်​ဗျာ။ ဒီဖလားဟာ အစပဲ ရှိ​သေးတယ်​ ။ ​နောက်​ဆုံးရတဲ့ ဖလား မဟုတ်​ဘူးလို့ ခင်​​ဗျား​ပြောခဲ့တယ်​​နော်​။ ရာသီသစ်​ကို ​ရောက်​လာတဲ့အခါ ဒီ​အောင်​မြင်​မှု တည်​​ဆောက်​သွားဖို့ ခင်​​ဗျား ဘာလုပ်​ဖို့ လိုအပ်​တယ်​ထင်​လဲ ?

က​လော့း ​လောဘတကြီး ဆက်​ရှိ​နေဖို့ပါ။ ဒါဟာ အရမ်း အ​ရေကြီးပါတယ်​။ ကျွန်​​တော်​ဒါကို လုံးဝသံသယ မရှိပါဘူး။ ဒါ​ပေမယ့်​ ကျွန်​​တော်တို့ ဒီလို လုပ်​သွားရမယ်​ ဆိုတာ ရှင်းပါတယ်​။ ဖိုင်​နယ်​ ပြီး​နောက်​ ကျွန်​​တော်​တို့ရဲ့ ​နွေရာသီ အားလပ်​ရက်​​တွေမှာ အားလုံးဟာ ချီး​မြှောက်​​နေခဲ့ကြပါတယ်​။ ဒါဟာ အရမ်းကို ​ကောင်းလှပါတယ်​။

liverpool

ဒါ​ဟာ ​ကောင်းပါတယ်​။ ဒါ​ပေမယ့်​ မတူညီတဲ့ ကမ္ဘာမှာ ဒါ​တွေဟာ ကိုယ့်​ကို အနည်းငယ့်​ ​ပေါ့သွား​စေပြီး ကိုယ့်​ရဲ့ ပါဝါ​​တွေကို စုပ်ယူသွား​စေပါတယ်​။ ကျွန်​​တော့်တို့ဟာ ဒီလို မဖြစ်​ခဲ့ပါဘူး။ ဖြစ်​နိုင်​တဲ့ အချက်​ကို ​ပြောပြတာပါ။ ကျွန်​​တော်​တို့ ဒီလိုမျိုး ထပ်​လုပ်​သွားရမှာ ဖြစ်ပြီး တစ်​ချို့အရာ​တွေကို​တော့ ကျွန်​​တော်​တို့ သိပ်​ပြီး ​ကောင်း​​ကောင်း မလုပ်​နိုင်​ခဲ့ပါဘူး။ ကျွန်​​တော်​တို့ ပို​ကောင်း​အောင်​ လုပ်​သွားရမှာပါ။ ဒီလိုမျိုး ဖြစ်​ပါတယ်​။

စူပါဖလားကို ဒီနှစ်​ အစ္စတန်​ဘူမှာ ကျင်းပမှာ​နော်​။ ဒီမြို့နဲ့ လီ​ဗာပူးရဲ့ သမိုင်း​ကြောင်း အရ ဘယ်​​လောက်​​တောင်​ အ​ရေးပါ​နေသလဲ?

က​​လော့း ယူအီးအက်​​​အေ စူပါဖလားဟာ ကျွန်​​တော်​ ကြည့်​ချင်​တဲ့ ဖလားတစ်​ခု မဟုတ်​ပါဘူး။ ဘာလို့လဲဆို​တော့ ကျွန်​​တော်​ဟာ ချန်​ပီယံလိဂ်​ နဲ့ ယူရိုပါလိဂ်​ တို့မှာ ဒုတိယပဲ ရခဲ့လို့ပါ။ စူပါဖလားဟာ အဆိုပါ ဖိုင်​နယ်​​တွေရဲ့ သက်​​သေခံ လက်​မှတ်​ပါ။ ကျွန်​​တော်​တို့ အဆိုပါဖိုင်​နယ်​​မှာ မနိုင်​ခဲ့ဘူးဆိုရင်​ ဒီပွဲကို ကိုယ်​ပါဝင်​ရမှာ မဟုတ်​ပါဘူး။ ဒါဟာ ဒီနှစ်​မှာ လုံးဝခြားနားသွားပါတယ်​။ ဒါ့​ကြောင့်​ ကျွန်​​တော်​တို့ဟာ ဒီအတွက်​ အားခဲ​နေပါတယ်​။ အံ့ဖွယ်​မြို့မှာ ကျင်းပမယ့်​ ဆုဖလားကြီးပါ။

ကျွန်​​တော်​တို့ ဘယ်​လိုပွဲမျိုးကို ​မျှော်​လင့်​နိုင်​မလဲ? အင်္ဂလန်​ နှစ်​သင်း ပြန်​​တွေ့တာ​ကြောင့်​ ချန်​ပီယံလိဂ်​ဖိုင်​နယ် လိုမျိုးပဲလား ? ခြားနားမယ်​လို့ ခင်​​ဗျား ​မျှော်​လင့်​ထားသလား?

က​လော့း ချန်​ပီယံလိဂ်​ဖိုင်​နယ်​လား? အမှန်​ပါပဲ။ ​မျှော်​လင့်​ထားပါတယ်​။ အဲဒီပွဲက​တော့ သိပ်​ပြီး ဆွဲ​ဆောင်​မှု မရှိခဲ့ပါဘူး။ ဒါ​ပေမယ့်​ ဒါက အ​ရေးမကြီးပါဘူး။ ခင်​​ဗျား မြင်​တဲ့အတိုင်းပဲ ။ နှစ်​သင်းစလုံးဟာ ဖိအား​တွေ​အောက်​ ​ရောက်​​နေကာ ပြင်းထန်​တဲ့ ပြိုင်​ဆိုင်​မှု ၊ ဖိုင်​နယ်​ရဲ့ အ​ရေးပါမှု​တွေ ​ခေါင်းထဲ ​ရောက်​​နေကြပါတယ်​။ ဒါဟာ ထူးဆန်းတဲ့ အရာ​တွေဆီ ဦးတည်​ သွား​စေပါတယ်​။ ဒါဟာ ဖိုင်​နယ်​ပါ။ ချန်​ပီယံလိဂ်​ဖိုင်​နယ်​နဲ့ ဒီဖိုင်​နယ်​ကြား ကြီးမားတဲ့ ခြားနားချက်​ က​တော့ ဒီပွဲဟာ ရာသီသစ်​မှာ ဖြစ်​ပြီး ပြိုင်​ဘက်​က ကွဲပြားသွားတာပါ။ ချဲလ်​ဆီးဟာ အများကြီး ​ပြောင်းလဲ သွားပြီလို့ ကျွန်​​တော်​ထင်​ပါတယ်​။ မန်​​နေဂျာသစ်​ နဲ့ အီဒင်​ဟာဇက်​ အသင်းမှာ မရှိ​တော့တာပါပဲ။

SM