တစ်လတာ အကောင်းဆုံး ကစားသမား ဆုကို ဆွတ်ခူး ခဲ့တဲ့နောက် ဝန်ခံစကား တစ်ခု ပြောကြားလိုက်တဲ့ #ဘရူနို

မန်ချက်စတာ ယူနိုက်တက် အသင်း ဆီကို ပြောင်းရွှေ့ ကစား ပေးတာ တစ်လ ကျော်သာ ရှိနေ သေးတဲ့ ကွင်းလယ် ကစားသမား သစ် ဖြစ်သူ ဘရူနို ဖာနန်ဒက်စ် ဟာ ပရီးမီးယား လိဂ်မှာ ကစား ပေးတဲ့ ပထမဆုံး လ မှာပဲ လိဂ်ရဲ့ တစ်လတာ အကောင်းဆုံး ကစားသမား ဆုကို ရယူ ဆွတ်ခူး သွားခဲ့လိုက် ပါတယ် ။

အခုလို ဖြစ်လာ နိုင်ဖို့ အတွက် သူဟာ အသင်း သစ်နဲ့ လိဂ် အသစ် မှာ အကောင်းဆုံး အထိုင်ကျ နိုင်ဖို့ ကြိုးစား အားထုတ် ခဲ့ရ ပါတယ် ။ ဒါ့အပြင် အသင်းသစ် ကို လမ်းကြောင်း အမှန် အပေါ် ပြန်လည် တည့်မတ် ပေးနိုင် ဖို့ အတွက် ပွဲစဉ် တိုင်း နီးပါး ခြေစွမ်းကောင်း ပြသရင်း ရလဒ်ကောင်း ပိုင်ဆိုင် နိုင်ဖို့ ကူညီ ပေးခဲ့ရ ပါတယ် ။အခုတော့ ဘရူနို ဖာနန်ဒက်စ် ဟာ ပရီးမီးယား လိဂ် ပြိုင်ပွဲ မှာ တစ်လတာ အကောင်းဆုံး ကစားသမား ဆုကို ရယူ ဆွတ်ခူး ထားနိုင် ခဲ့တဲ့ 20 ယောက်မြောက် မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ကစားသမား တစ်ဦး ဖြစ်သွား ခဲ့ရ ပါပြီ ။

ယခင် တုန်းက တော့ ပရီးမီးယား လိဂ် ပြိုင်ပွဲ မှာ တစ်လတာ အကောင်းဆုံး ကစားသမား ဆုကို အယောက် 20 အထိ ဆွတ်ခူး ထားနိုင် ခဲ့တဲ့ အသင်း ဟာ အာဆင်နယ် အသင်း တစ်သင်း သာ ရှိခဲ့ ပါတယ် ။ အခုတော့ ဘရူနို ကြောင့် ယူနိုက်တက် တို့ အဆိုပါ မှတ်တမ်း ကို လိုက်မီ သွားခဲ့ ပါပြီ ။ဒါ့အပြင် မန်ချက်စတာ ယူနိုက်တက် အသင်း မှ ဆာ အဲလက်စ် ဖာဂူဆန် ထွက်ခွား သွားတဲ့ နောက် ဘရူနို ဟာ တစ်လတာ အကောင်းဆုံး ကစားသမား ဆွတ်ခူး နိုင် ခဲ့တဲ့ တတိယမြောက် ကစားသမား ဖြစ်လာ ခဲ့ ပါပြီ ။ ယခင် တုန်းကတော့ အန်သိုနီ မာရှယ် ( စက်တင်ဘာ 2015 ) နဲ့ မားကပ်စ် ရပ်ရှ်ဖို့ ( ဇန်နဝါရီ ) 2019 တို့ဟာ ဒီဆုကို ဆွတ်ခူး ထားနိုင် ခဲ့ကြ ပါတယ် ။

အခြား တစ်ဖက် မှာတော့ ဘရူနို ဖာနန်ဒက်စ် ဟာ 2008 ခုနှစ် တုန်းက ချဲလ်ဆီး အသင်း ရဲ့ ကစားသမား ဟောင်း ဖြစ်သူ ဒေကို ရဲ့ နောက်ပိုင်း ပရီးမီးယား လိဂ်ရဲ့ တစ်လတာ အကောင်းဆုံး ကစားသမား ဆုကို ဆွတ်ခူး နိုင် ခဲ့တဲ့ ပထမဆုံး ပေါ်တူဂီ နိုင်ငံသာ လည်း ဖြစ်လာ နိုင်ခဲ့ ပါ သေးတယ် ။အခုတော့ တစ်လတာ အကောင်းဆုံး ကစားသမား ဆုကို ဆွတ်ခူးနိုင် ခဲ့တဲ့နောက် ဘရူနို ဖာနန်ဒက်စ် က မန်ချက်စတာ ယူုနိုက်တက် အသင်း အတွက် ကစား ပေးဖို့ ဆိုတာ အိပ်မက် တစ်ခု ဖြစ်ကြောင်း ၊ အသင်း နဲ့ အတူ အောင်မြင်မှု တွေကို ရယူ နိုင်ဖို့ အတွက် အခုထက် ပိုပြီး အာရုံ စူးစိုက်ဖို့ လိုအပ် သေးကြောင်း ဝန်ခံ စကား ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” ကျွန်တော့် အတွက်တော့ ကလေး ဘဝ ထဲက မန်ချက်စတာ ယူနိုက်တက် အသင်း မှာ ကစား ပေးဖို့ ဆိုတာ အိပ်မက် တစ်ခု ဖြစ်ခဲ့ ပါတယ် ။ ပြီးတော့ အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲ ရှိနေ ရဖို့ ဆိုတာ က ကျွန်တော့် ရဲ့ ကစားသမား ဘဝ အကြီးမားဆုံး အိပ်မက် တစ်ခု လည်း ဖြစ်ခဲ့ ရ ပါတယ် ”

” အခု ကျွန်တော် ဒီမှာ ရှိနေ ရတဲ့ အတွက် အထူး ပျော်ရွှင် နေရ ပါတယ် ။ ဒါဟာ ကျွန်တော့် အတွက် တော့ ဘောလုံး ကစားသမား တစ်ဦး အဖြစ် အရေး အကြီးဆုံး အရာ တစ်ခု ပါပဲ ။ ကျွန်တော် ဟာ မှန်ကန်တဲ့ အချိန် တစ်ခု မှာ မှန်ကန်တဲ့ အသင်း တစ်ခု ဆီကို ရောက်ရှိ နေခဲ့ပြီ လို့ ထင်မိ ပါတယ် ။ ကျွန်တော် တို့ဟာ ဒီထက် ပိုပြီး ကောင်းနိုင် ပါ သေးတယ် ”

” ကျွန်တော် တို့ဟာ ပြီးဆုံး ခဲ့တဲ့ ပွဲစဉ် တွေက တစ်ကယ်ပဲ အလုပ် တွေကို ကောင်းမွန်စွာ လုပ်ဆောင် ပြနိုင် ခဲ့ကြ ပါတယ် ။ ကျွန်တော် တို့ လက်ရှိ အသင်း မှာ ရှိနေ ကြတဲ့ ကစားသမား အစုအဖွဲ့ အရ ဆိုရင် ကျွန်တော် တို့ဟာ ဒီထက် အများကြီး ပိုမို ကောင်းမွန် နိုင်ပါ လိမ့် ဦးမယ် ”

” ခင်ဗျား ဟာ ကလပ် အသင်း တစ်ခု ဆီကို ပြောင်းရွှေ့ လာပြီ ဆိုရင် ဂိုးတွေ အမြဲ သွင်းယူ ချင်မှာ ပါပဲ ။ ကျွန်တော့် အတွက် ကတော့ ပထမဆုံး ဂိုးက စပါယ်ရှယ် ပါပဲ ။ ဒါပေမယ့် ကျွန်တော် တို့ အတွက် ကတော့ ဂိုးတွေ ဘယ်လောက် သွင်းယူ သလဲ ဆိုတာ က အရေး မကြီး ပါဘူး ၊ ကျွန်တော် တို့ သွင်းလိုက် ကြတဲ့ ဂိုး တွေက အဖိုးတန် ဂိုး ဖြစ်ဖို့ ပဲ လိုအပ် လှ ပါတယ် ”

” ကျွန်တော် မန်ချက်စတာ ယူနိုက်တက် အသင်း နဲ့ အတူ အခုလို စတင် နိုင် ခဲ့တဲ့ အတွက် အရမ်းပဲ ပျော်ရွှင်မိ ပါတယ် ။ ဒါပေမယ့် အခု အချိန် က စတင်ပြီး ကျွန်တော် ဟာ အသင်း အတွက် ပိုမို ပေးဆပ် ကစား ပေးဖို့ ၊ ပိုပြီး ကောင်းတဲ့ ခြေစွမ်း ပြသ နိုင်ဖို့ လိုအပ် ပါတယ် ” လို့ ဘရူနို က ဝန်ခံ စကား ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar