Heartbreaking News : ဘောလုံးလောကထဲမှာ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ စတင်ရှိလာခဲ့ပြီ

ကိုရိုနာ ဗိုင်းရပ်စ် ရဲ့ ရိုက်ခတ်မှု ဟာ ပိုမို ကြီးထွား လာတော့မှာ သေချာ ပါတယ် ။ စတင် ဖြစ်ပွား ခဲ့တဲ့ တရုတ် နိုင်ငံ မှာ သက်သာ ပျောက်ကင်းသူ အရေ အတွက် များပြား လာခဲ့ ပေမယ့် ဥရောပ ၊ အထူး သဖြင့် အီတလီ မှာ ကူးစက် သူ နဲ့ သေဆုံးသူ အရေ အတွက်တွေ ပိုမို များပြား လာခဲ့ ပါတယ် ။ အားကစား ပြိုင်ပွဲတွေ လည်း ရွှေ့ဆိုင်း လိုက် ရပြီ ဖြစ်ကာ ဘယ်တော့ ပြန်စနိုင် မလဲ မသိ တဲ့ အခြေအနေ ကို ရောက် ရှိနေ ကြပြီပဲ ဖြစ် ပါတယ် ။

ဒီလို အခြေအနေ မှာ ကိုရိုနာ ဗိုင်းရပ်စ် ကြောင့် သေဆုံး ရတဲ့ ဘောလုံး လောကသား ပေါ်ထွက် လာခဲ့တာ ဟာ ဘောလုံး အားကစား အတွက် ခြောက်ခြား စရာ သတင်း ဖြစ်စေ မှာ သေချာ ပါတယ် ။ ကိုရိုနာ ကူးစက် ခံရသူ ဘောလုံး သမား တွေ ရှိခဲ့ ပေမယ့် လက္ခဏာ ပြင်းထန်တဲ့ အဆင့် အထိ ပင် မရှိခဲ့ သေးပါဘူး ။ ဒါပေမယ့် အခုတော့ သေဆုံးသူ ရှိလာခဲ့ ပါပြီ ။

သူကတော့ ဖရန်စစ္စကို ဂါစီယာ ပါပဲ ။ အသက် ၂၁ နှစ် သာ ရှိသေးတဲ့ ဘောလုံး အသင်း နည်းပြ ( နည်းပြ အဖွဲ့ဝင် ) ဟာ စပိန် ပြည်တွင်း ကလပ် အက်သလက်တီကို ပိုတာဒါ အယ်တာ မှာ လုပ်ကိုင် နေသူ ဖြစ်ပြီး လူကီးမီးယား သွေးကင်ဆာ ဝေဒနာ လည်း ရှိနေခဲ့သူ ဖြစ်ပါတယ် ။

ဂါစီယာ ကို ကိုရိုနာ ဗိုင်းရပ်စ် ရဲ့ ပြင်းထန်တဲ့ ရောဂါ လက္ခဏာတွေ ကို ခံစားရလျှင် ရခြင်း ဆေးရုံကို အမြန် ပို့ဆောင် ခဲ့ကြ ပေမယ့် ကွယ်လွန်ခဲ့ ပါတယ် ။ ဆရာဝန်တွေ ကတော့ လူကီးမီးယား ဝေဒနာ အခံ ရှိနေခြင်းက ဂါစီယာ ရဲ့ အသက်ကို မကယ်တင်နိုင် ခဲ့တာ ဖြစ်တယ်လို့ ထောက်ပြ ပြောဆို ခဲ့တယ်လို့ သိရ ပါတယ် ။

စပိန် နိုင်ငံ ဟာ ပြီးခဲ့တဲ့ အပတ် က စတင်ပြီး နိုင်ငံ တစ်ဝှမ်း မှာ တင်းကြပ်တဲ့ ကျန်းမာရေး စစ်ဆေးမှု တွေ ကို စတင် ပြုလုပ် လိုက်ပြီး လူစု လူဝေး ပြုလုပ် မှုတွေ ကိုလည်း ပိတ်ပင် ရွှေ့ဆိုင်း စေခဲ့ ပါတယ် ။ လက်ရှိ အချိန် အထိ စပိန် မှာ ကိုရိုနာ လက္ခဏ ပြသူ ပေါင်း ၈ ထောင်ကျော် ရှိပြီး ကွယ်လွန်သူ ၃၀၀ ကျော် ခဲ့ပြီ ဖြစ်ပါတယ် ။

ဂါစီယာ ကတော့ စပိန် နိုင်ငံ အတွင်း ကိုရိုနာ ဗိုင်းရပ်စ် ကြောင့် သေဆုံးသူတွေ အထဲ မှာ အသက် အငယ်ဆုံး ( ၂၁ နှစ် ) ဖြစ်ခဲ့ပြီး မာလာဂါ ဒေသ အတွင်း မှာ ၅ ယောက်မြောက် ကွယ်လွန်သူ ဖြစ်ခဲ့ ပါတယ် ။ စပိန် သတင်းစာ El Mundo က ဂါစီယာ မှာ သွေးကင်ဆာ ဝေဒနာ ရှိနေကြောင်းကို ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ဆေးရုံ တက်ရမှသာ သိရှိ ခဲ့ရတာ ဖြစ်ပြီး အသိနောက်ကျမှုတွေက ၂၁ နှစ်သား ရဲ့ အသက်ကို မကယ်တင်နိုင်ခဲ့ ဘူးလို့ ရေးသားခဲ့ ပါတယ် ။

 

“အပြင်းဖျားလို့ ဆေးရုံ တက်ခဲ့ ရတယ်လို့ သူထင် ခဲ့တာပါ ။ ဒါပေမယ့် နောက်ဆုံးမှာတော့ သွေးကင်ဆာ လက္ခဏာတွေ ကိုပါ တွေ့ခဲ့ရ ပါတယ် ။ ဆရာဝန်တွေ က စမ်းသပ်မှုတွေ တစ်ခုပြီး တစ်ခု လုပ်ခဲ့ ကြပါတယ် ။ နောက်ဆုံး မှာတော့ သူ့မှာ ကိုရိုနာ ဗိုင်းရပ်စ် ဝင်ရောက် နေပြီလို့ အတည်ပြု ခဲ့ကြပါတယ် ။ ရက် နည်းနည်း လောက် သူ တိုက်ပွဲဝင်ခဲ့ ပေမယ့် တနင်္ဂနွေ နေ့ မှာ ကွယ်လွန်သွားခဲ့ ပါတယ်” လို့ ဂါစီယာ နဲ့ သိကျွမ်းသူ တစ်ဦး က သတင်းစာ ကို ပြောပြသွား ခဲ့ ပါတယ် ။

ကမ္ဘာ တစ်ဝှမ်း ကို ခြိမ်းခြောက် နေတဲ့ ကပ် ရောဂါဆိုးကြီး ကနေ အမြန်ဆုံး လွတ်မြောက် နိုင်ကြပါစေဗျာ . . . . .

SPORTS MYANMAR